La Liga

လိုသုံးလို နင်းခြေခဲ့တဲ့ ဘာစီလိုနာ ဝဋ်လိုက်တော့မှာပါဆိုတဲ့ ဆွာရက်ဇ်

ဥရုရွေးလက်ရွေးစင်တိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဇ်က အက်သလက်တီကို မက်ဒရစ်နဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီ ဝဋ်ဆိုတာကို ယုံကြည်တယ်လို့ ကြေညာခဲ့ပါတယ်။

လူးဝစ္စ ဆွာရက်ဇ်က နူးကမ့်မှာ နောက်ဆုံးရှိနေခဲ့တဲ့ ကာလအတွင်း ၎င်းကို တစ်ဦးတည်း လေ့ကျင့်ရေးပြုလုပ်စေခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ လုပ်ရပ်ကို မေ့ဖျောက်လို့ မရနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ၂၀၁၄ ခုနှစ်မှာ လီဗာပူးလ်ကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လာလီဂါဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်ရရှိခဲ့တဲ့ အသင်းသမိုင်းတလျှောက် အအောင်မြင်ဆုံးကာလတွေထဲက တစ်ခုမှာ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းအတွက် ၂၈၃ ပွဲမှာ ၁၉၅ ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပေမယ့် အသက် ၃၀ ကျော်လွန်ခဲ့ပြီးနောက် အကောင်းဆုံးခြေစွမ်းကို ကျော်လွန်ခဲ့ပြီလို့ ယုံကြည်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ် နွေရာသီမှာ ဘာစီလိုနာအသင်းက ဆွာရက်ဇ်ကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဆွာရက်ဇ်ကို ယူရို ၆ သန်းတည်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ဥရုဂွေးတိုက်စစ်မှူးဟာ ၎င်းရဲ့ ပထမဆုံးရာသီမှာပဲ အသင်းကို လာလီဂါဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လူးဝစ္စ ဆွာရက်ဇ်က ဘာစီလိုနာအသင်းက ၎င်းကို ဆက်ဆံခဲ့တဲ့ စက်ဆုပ်ဖွယ် အပြုအမူအတွက် မကျေမချမ်း ဖြစ်နေဆဲဖြစ်ကြောင်း ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီ RTVE ကို ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော် ဝဋ်ဆိုတာကို ယုံပါတယ်။ ဝဋ်ကြွေး၊ ကံကြမ္မာက ခင်ဗျားကို ပြက်ရယ်ပြုနေမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ပြီးခဲ့တဲ့နှစ် ရာသီကြိုကာလမှာ ကျွန်တော့်ကို တစ်ယောက်တည်း ကိုယ့်ဘာသာ လေ့ကျင့်ရေးဆင်းဖို့ စေလွှတ်ပြီး ဒေါသထွက်အောင် လုပ်ခဲ့တာကို မေ့လို့မရလို့ပါ။ ကျွန်တော်က ပရော်ဖက်ရှင်နယ်ဖြစ်ပေမယ့်လည်း အဲဒီလိုပဲ လုပ်ရမယ်လို့ နည်းပြက ပြောခဲ့တယ်”

“ကျွန်တော်က ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဖြစ်ပြီး ငြူစူမနေဘဲ နေ့တိုင်း ကျွန်တော် လေ့ကျင့်မှာပါ။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော် လုပ်ရမယ့်အလုပ်ဖြစ်နေလို့ပါ။ ကျွန်တော် အဲဒီလို လုပ်ရတာကို နှစ်သက်လို့ပါ။ ကံတရားက သူ့ဘာသာ စီရင်သွားပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘင်ဖီကာအသင်းကို ၃-၀ နဲ့ အံ့အားသင့်ဖွယ် ထပ်မံရှုံးနိမ့်ခဲ့တဲ့အတွက် နည်းပြ ရော်နယ် ကိုးမန်းအတွက် ဖိအားတွေ ပိုမိုများပြားလာခဲ့ပြီဖြစ်ပြီး ဘာစီလိုနာဂန္တဝင် ဇာဗီက အစားထိုးခန့်အပ်ဖွယ်ရှိတဲ့ နည်းပြတွေထဲမှာ တစ်ဦးအဖြစ် ပါဝင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဥ႐ုေရြးလက္ေရြးစင္တိုက္စစ္မႉး လူးဝစၥ ဆြာရက္ဇ္က အက္သလက္တီကို မက္ဒရစ္နဲ႔ အသင္းေဟာင္း ဘာစီလိုနာအသင္းတို႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မတိုင္မီ ဝဋ္ဆိုတာကို ယုံၾကည္တယ္လို႔ ေၾကညာခဲ့ပါတယ္။

လူးဝစၥ ဆြာရက္ဇ္က ႏူးကမ့္မွာ ေနာက္ဆုံးရွိေနခဲ့တဲ့ ကာလအတြင္း ၎ကို တစ္ဦးတည္း ေလ့က်င့္ေရးျပဳလုပ္ေစခဲ့တဲ့ ဘာစီလိုနာအသင္းရဲ့ လုပ္ရပ္ကို ေမ့ေဖ်ာက္လို႔ မရနိုင္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ ၂၀၁၄ ခုႏွစ္မွာ လီဗာပူးလ္ကေန ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး လာလီဂါဖလား ၄ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္ရရွိခဲ့တဲ့ အသင္းသမိုင္းတေလၽွာက္ အေအာင္ျမင္ဆုံးကာလေတြထဲက တစ္ခုမွာ အဓိကအစိတ္အပိုင္းအျဖစ္ ပါဝင္ကစားေပးခဲ့သူျဖစ္ပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာ ဘာစီလိုနာအသင္းအတြက္ ၂၈၃ ပြဲမွာ ၁၉၅ ဂိုးအထိ သြင္းယူေပးခဲ့သူျဖစ္ေပမယ့္ အသက္ ၃၀ ေက်ာ္လြန္ခဲ့ၿပီးေနာက္ အေကာင္းဆုံးေျခစြမ္းကို ေက်ာ္လြန္ခဲ့ၿပီလို႔ ယုံၾကည္ခဲ့တာေၾကာင့္ ၂၀၁၉ ခုႏွစ္ ေႏြရာသီမွာ ဘာစီလိုနာအသင္းက ဆြာရက္ဇ္ကို အသင္းကေန ထြက္ခြာခြင့္ျပဳဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းဟာ ဆြာရက္ဇ္ကို ယူရို ၆ သန္းတည္းနဲ႔ ေခၚယူနိုင္ခဲ့ၿပီး ဥ႐ုေဂြးတိုက္စစ္မႉးဟာ ၎ရဲ့ ပထမဆုံးရာသီမွာပဲ အသင္းကို လာလီဂါဖလား ရရွိေအာင္ ကူညီေပးနိုင္ခဲ့တာျဖစ္ပါတယ္။ လူးဝစၥ ဆြာရက္ဇ္က ဘာစီလိုနာအသင္းက ၎ကို ဆက္ဆံခဲ့တဲ့ စက္ဆုပ္ဖြယ္ အျပဳအမူအတြက္ မေက်မခ်မ္း ျဖစ္ေနဆဲျဖစ္ေၾကာင္း ဘာစီလိုနာအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မတိုင္မီ RTVE ကို ေျပာၾကားသြားခဲ့ပါတယ္။

“ကၽြန္ေတာ္ ဝဋ္ဆိုတာကို ယုံပါတယ္။ ဝဋ္ေႂကြး၊ ကံၾကမၼာက ခင္ဗ်ားကို ျပက္ရယ္ျပဳေနမွာပါ။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ ၿပီးခဲ့တဲ့ႏွစ္ ရာသီႀကိဳကာလမွာ ကၽြန္ေတာ့္ကို တစ္ေယာက္တည္း ကိုယ့္ဘာသာ ေလ့က်င့္ေရးဆင္းဖို႔ ေစလႊတ္ၿပီး ေဒါသထြက္ေအာင္ လုပ္ခဲ့တာကို ေမ့လို႔မရလို႔ပါ။ ကၽြန္ေတာ္က ပေရာ္ဖက္ရွင္နယ္ျဖစ္ေပမယ့္လည္း အဲဒီလိုပဲ လုပ္ရမယ္လို႔ နည္းျပက ေျပာခဲ့တယ္”

“ကၽြန္ေတာ္က ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ေယာက္ျဖစ္ၿပီး ျငဴစူမေနဘဲ ေန႔တိုင္း ကၽြန္ေတာ္ ေလ့က်င့္မွာပါ။ ဘာလို႔လဲဆိုေတာ့ အဲဒါက ကၽြန္ေတာ္ လုပ္ရမယ့္အလုပ္ျဖစ္ေနလို႔ပါ။ ကၽြန္ေတာ္ အဲဒီလို လုပ္ရတာကို ႏွစ္သက္လို႔ပါ။ ကံတရားက သူ႔ဘာသာ စီရင္သြားပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ဗုဒၶဟူးေန႔ညက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘင္ဖီကာအသင္းကို ၃-၀ နဲ႔ အံ့အားသင့္ဖြယ္ ထပ္မံရႈံးနိမ့္ခဲ့တဲ့အတြက္ နည္းၿပ ေရာ္နယ္ ကိုးမန္းအတြက္ ဖိအားေတြ ပိုမိုမ်ားျပားလာခဲ့ၿပီျဖစ္ၿပီး ဘာစီလိုနာဂႏၲဝင္ ဇာဗီက အစားထိုးခန႔္အပ္ဖြယ္ရွိတဲ့ နည္းျပေတြထဲမွာ တစ္ဦးအျဖစ္ ပါဝင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.