La Liga Match Report UCL&UEL

ကျေးဇူးရှင် ဒဟေးယားနဲ့ မန်ယူနိုက်တက် 2-1 ဗီလာရီးရဲလ် ပွဲအပြီး ပြောစရာ 7 ချက်

အသားတစ်ပေါင် ပြန်လှီးယူလိုက်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အနေနဲ့ ဗီလာရီးရဲလ်ဆီမှာ ပေးထားတဲ့ အကြွေးကို ပြန်တောင်းခဲ့တာဖြစ်ပြီး “ဗင်းနစ်မြို့မှ ကုန်သည်ကြီး”ဆိုတဲ့ ရှိတ်စပီးယား ပြဇာတ်ထဲကလို အသားကိုမှ ပြန်လှီးခဲ့ပြီလို့ ဆိုခဲ့ကြတာပါ။ ပြဇာတ်ထဲမှာ တကယ်မလှီးဖြစ်ခဲ့ပေမယ့် အပြင်မှာတော့ ယူနိုက်တက်တို့က ပွဲချိန် ၉၅ မိနစ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဆိုတဲ့ ဓားနဲ့ ကြိတ်လှီးခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ဖိုင်နယ်မှာ ပင်နယ်တီနဲ့ ရှုံးထားခဲ့တာကို အကောင်းဆုံး တုံ့ပြန်သွားနိုင်ခဲ့သလို အုပ်စုတက်ရေး လမ်းကြောင်းပေါ်ကိုလည်း ပြန်လည်ရောက်ရှိလာနိုင်ခဲ့တာဖြစ်ပါတယ်။

စွဲစွဲမြဲမြဲ သိတတ်နေရတော့မယ့် ကျေးဇူးရှင် ဒဟေးယား
ပထမပိုင်းမှာ ဗီလာရီးရဲလ်ရဲ့ တိုက်စစ်က ကောင်းလွန်းတာထက် ဗာရွန်းနဲ့ ဒါလော့တို့ရဲ့ ယူနိုက်တက်ညာခြမ်းခံစစ်ကတော့ စုတ်ပြတ်သတ်နေပြီး တစ်ဖက်ရှေ့တန်းတွေနဲ့ “ပြိုင်လာလျှင် အရှုံးပေး၊ နှလုံးအေးတဲ့ဆေး”လုပ်ပြနေတာပါ။ ဒီအချိန်မှာ မက်တော်မီနေးရဲ့ အတွေ့အကြုံ လိုအပ်သေးမှုကြောင့်လည်း တစ်ဖက်တိုက်စစ်မှူးတွေနဲ့ ဒဟေးယားတို့ မကြာခဏ ဖောင်းဒိုင်းဖြစ်ခဲ့ရပြီး စပိန်သားရဲ့ ရွှေချထားဖို့ကောင်းတဲ့ လက်ကြောင့် ပွဲတစ်ဝက်မကျိုးခင် ၅ ဂိုးလောက် မပြတ်ခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းအစမှာ တစ်ဂိုးပေးခဲ့ရပေမယ့် နောက်ထပ် နှစ်ကြိမ်လောက် ထပ်မံကာကွယ်သွားပြီး ရော်နယ်လ်ဒိုရဲ့ ဂိုးကြောင့် အနိုင်ရခဲ့တာဖြစ်ပေမယ့် သူမပါရင် ဖြစ်လာနိုင်မှာ မဟုတ်တာပါ။

အဝါရောင် ရေငုပ်သင်္ဘောကို ဖောက်ခွဲခဲ့တဲ့ CR7 တော်ပီဒို
ပေါ်တူဂီသားကြီးကတော့ ဒီနေ့ပွဲမှာ ကစားပုံမကောင်းပေမယ့် လိုချင်တဲ့ ရလဒ်ကို ရယူရာမှာတော့ နောက်ဆုံးအချိန်အထိ စောင့်ခဲ့ပြီးမှ ဗီလာရီးရဲလ်အသင်းကို ထိုးနှက်သွားနိုင်ခဲ့တာပါ။ အဝါရောင် ရေငုပ်သင်္ဘောတွေအတွက်တော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဆိုတဲ့ တော်ပီဒိုတစ်လုံးရဲ့ ပစ်ချက်က ကြမ်းတမ်းသွားခဲ့ပြီး ယူရိုပါလိဂ်ဖိုင်နယ်မှာ အကြွေးတင်ခဲ့တာကိုလည်း ပြန်တောင်းခဲ့သလို နောက်ဆုံးမိနစ်တွေအထိ ထက်မြက်ဆဲဆိုတာလည်း ပြသသွားနိုင်ခဲ့ပါတယ်။ တစ်ဖက်ဂိုးသမားအနေနဲ့ မကန်လောက်တော့ဘူးလို့ ထင်တဲ့ ထောင့်ကျဉ်းထဲကို ကန်ချသွားခဲ့တဲ့ သူ့ကို နည်းပြ ဆိုးလ်ရှားကတော့ ပေါ်တူဂီမှာ အိုင်ယာလန်ဘက်ကို သွင်းခဲ့တဲ့ ဂိုးတွေနဲ့လည်း နှိုင်းယှဉ်ချီးကျူးသွားခဲ့ဖြစ်ပါတယ်။

ဝန်ဘစ်ဆာကာ မရှိချိန်မှာ အစားမဝင်နိုင်တဲ့ ညာခြမ်း
ဝန်ဘစ်ဆာကာရဲ့ ပွဲပယ်ပြစ်ဒဏ်က သုံးပွဲအထိ ကျခံရတော့မယ့်အချိန် ယူနိုက်တက်တို့အနေနဲ့ နောက်ထပ်နှစ်ပွဲကိုတော့ အတ္တလန်တာနဲ့ အိမ်ကွင်း အဝေးကွင်း ကစားရတော့မှာဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားအနေနဲ့ တိုက်စစ်အားသန်တဲ့ အီတလီသားတွေနဲ့ ရင်ဆိုင်ရာမှာ ညာခြမ်းမှာ ဘယ်သူ့ကို သုံးစွဲမလဲဆိုတာ တွေ့သမျှလူကို လိုက်မေးဖို့ လိုအပ်နေပြီး တစ်ယောက်တည်း အင်အားနဲ့ စဉ်းစားဖို့တောင် ခက်နေမှာပါ။ ဒါလော့ကတော့ ဒန်ဂျူးမားရဲ့ နှိပ်စက်သမျှကို ခါးစည်းခံခဲ့ရပြီး မက်ဂွိုင်းယား မပါချိန်မှာ ဖရိုဖရဲဖြစ်နေတဲ့ ခံစစ်ကို ဗာရွန်းကလည်း ဉီးမဆောင်နိုင်ဘဲ တစ်သက်လုံး ကစားလာတဲ့ ဗီလာရီးရဲလ်လိုအသင်းကိုတောင် ကောင်းကောင်း မတုံ့ပြန်နိုင်ခဲ့တာဆိုတော့ ဖာဂူဆန်တောင် ဝင်ပါရတော့မလို ဖြစ်နေပါပြီ။

သာမန်ထက် ပိုခဲ့ပြီး အမှတ်ပေးလို့ရတဲ့ တဲလက်စ်
အဲလက်စ် တဲလက်စ်ကတော့ မကစားရတာကြာလို့ ပွဲကြောင်နေတဲ့ ပုံစံကို အဲဗာတန်နဲ့ ပွဲမှာ ပြသခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ တိုက်စစ်နဲ့ ခံစစ်ကို ညီမျှအောင် ကစားနိုင်ခဲ့သလို အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကိုလည်း လှပတဲ့ ဘယ်ခြေကန်ချက်နဲ့ သွင်းယူခဲ့တာပါ။ ဘရာဇီးလ်သားအနေနဲ့ ခံစစ်ပိုင်းမှာ အနည်းငယ် အားနည်းခဲ့ပေမယ့် တိုက်စစ်ပိုင်းမှာတော့ အရေးကြီးတဲ့ ပေးပို့မှုတွေ၊ တည်ကန်ဘောတွေကိုလည်း ပြုလုပ်နိုင်ခဲ့ပြီး လုခ်ရှော ဒဏ်ရာရနေချိန်မှာ သူ့ကို အားကိုးနိုင်သလို ညာခြမ်းမှာ ကစားတဲ့ ဒါလော့နဲ့ နှိုင်းယှဉ်ရင်တော့ သူ့ရဲ့ ခြေစွမ်းက အနက်ခံပေါ်က အဖြူစက်လို ထင်ရှားခဲ့တာ ဖြစ်ပါတယ်။

အခွင့်အရေးမယူနိုင်ခဲ့လို့ တိုင်ပတ်နိုင်တဲ့ ဆန်ချို
ဒီနေ့ပွဲမှာ ဂျေဆန် ဆန်ချိုအနေနဲ့ ဘယ်တောင်ပံမှာ ပွဲထွက်ခဲ့ရပေမယ့် အသင်းအတွက် လောက်လောက်လားလား လုပ်မပြနိုင်ခဲ့သလို ရှုံးပွဲကနေ နိုင်ပွဲဆီ သွားရာလမ်းမှာလည်း မပါဝင်ခဲ့ဘဲ မာတစ်ချ်နဲ့တောင် လူစားလဲခံခဲ့ရသေးတာပါ။ နည်းပြ ဆိုးလ်ရှားရဲ့ လူစာရင်းမှာ ဘယ်တောင်ပံဆိုတာ နေရာ ချထားရမယ့်သူတွေ များနေတဲ့ တစ်နေရာလည်းဖြစ်ပြီး ပေါ့ဘာကိုလည်း ကွင်းလယ်တောင့်တင်းစေချင်တဲ့ ပွဲတွေမှာ ရှေ့ပို့ရသလို ဒဏ်ရာကနေ ပြန်ပြီး ကောင်းလာတဲ့ ရက်ရှ်ဖို့ဒ်ကလည်း ဒီနေရာဝင်ဖို့ တာစူနေတာဖြစ်ပါတယ်။ လင်ဂတ်ကိုပါ ဟိုတောင်ပံလိုလို ဒီတောင်ပံလိုလို သုံးနေရတဲ့ အချိန်မှာ အခွင့်အရေးကို ပေးတိုင်း မယူနိုင်ခဲ့တဲ့ ဆန်ချိုအတွက်တော့ ဘယ်လိုလို ညာလိုလိုနဲ့ သူ့ရဲ့ ပွဲထွက်ခွင့်က ခက်ခဲလာဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

ဘုန်းမောက်သားဟောင်းလေးရဲ့ တောက်ပမှု
လီဗာပူးလ်က စိတ်ဝင်စားခဲ့ဖူးပြီး ဘုန်းမောက်ကနေ ဗီလာရီးရဲလ်တို့ ယူရိုသန်း ၂၀ ပေးခေါ်ခဲ့စဉ်က တန်ရဲ့လားလို့ တွေးခဲ့ကြဖူးတဲ့ နိုင်ဂျီးရီးယား နွယ်ဖွား ဒတ်ချ်တောင်ပံကစားသမား အာနော့ ဒန်ဂျူးမားကို လူတွေက လျှော့တွက်ထားခဲ့ကြတာပါ။ ဒန်ဂျူးမားအနေနဲ့ ချန်ပီယံရှစ်ကလပ်အသင်းကနေ ဥရောပအဆင့်မှာ ခြေစွမ်းပြနေနိုင်ခဲ့ပြီး လာလီဂါသွင်းဂိုး ၂ ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၁ ဂိုး ရရှိထားချိန်မှာ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံရာမှာတော့ ဘယ်ခြမ်းကနေ ပြိုင်ဘက်နောက်ခံလူ ဒီယိုဂို ဒါလော့ကို တန်ဖိုးတစ်ပြားမှ မရှိအောင် လုပ်ပြသွားခဲ့တာလည်းဖြစ်ပြီး ဆရာကြီး ဒဟေးယားကသာ သူ့ကို မရပ်တန့်နိုင်ခဲ့ရင် အိမ်ရှင်တွေ ဒူးနဲ့ မျက်ရည်သုတ်သွားရနိုင်တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အသားတစ္ေပါင္ ျပန္လွီးယူလိုက္တဲ့ ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဗီလာရီးရဲလ္ဆီမွာ ေပးထားတဲ့ အေႂကြးကို ျပန္ေတာင္းခဲ့တာျဖစ္ၿပီး “ဗင္းနစ္ၿမိဳ႕မွ ကုန္သည္ႀကီး”ဆိုတဲ့ ရွိတ္စပီးယား ျပဇာတ္ထဲကလို အသားကိုမွ ျပန္လွီးခဲ့ၿပီလို႔ ဆိုခဲ့ၾကတာပါ။ ျပဇာတ္ထဲမွာ တကယ္မလွီးျဖစ္ခဲ့ေပမယ့္ အျပင္မွာေတာ့ ယူႏိုက္တက္တို႔က ပြဲခ်ိန္ ၉၅ မိနစ္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဆိုတဲ့ ဓားနဲ႔ ႀကိတ္လွီးခဲ့တာျဖစ္ၿပီး ယူ႐ိုပါလိဂ္ဖိုင္နယ္မွာ ပင္နယ္တီနဲ႔ ရႈံးထားခဲ့တာကို အေကာင္းဆုံး တုံ႔ျပန္သြားႏိုင္ခဲ့သလို အုပ္စုတက္ေရး လမ္းေၾကာင္းေပၚကိုလည္း ျပန္လည္ေရာက္ရွိလာႏိုင္ခဲ့တာျဖစ္ပါတယ္။

စြဲစြဲၿမဲၿမဲ သိတတ္ေနရေတာ့မယ့္ ေက်းဇူးရွင္ ဒေဟးယား
ပထမပိုင္းမွာ ဗီလာရီးရဲလ္ရဲ႕ တိုက္စစ္က ေကာင္းလြန္းတာထက္ ဗာ႐ြန္းနဲ႔ ဒါေလာ့တို႔ရဲ႕ ယူႏိုက္တက္ညာျခမ္းခံစစ္ကေတာ့ စုတ္ျပတ္သတ္ေနၿပီး တစ္ဖက္ေရွ႕တန္းေတြနဲ႔ “ၿပိဳင္လာလွ်င္ အရႈံးေပး၊ ႏွလုံးေအးတဲ့ေဆး”လုပ္ျပေနတာပါ။ ဒီအခ်ိန္မွာ မက္ေတာ္မီေနးရဲ႕ အေတြ႕အႀကဳံ လိုအပ္ေသးမႈေၾကာင့္လည္း တစ္ဖက္တိုက္စစ္မႉးေတြနဲ႔ ဒေဟးယားတို႔ မၾကာခဏ ေဖာင္းဒိုင္းျဖစ္ခဲ့ရၿပီး စပိန္သားရဲ႕ ေ႐ႊခ်ထားဖို႔ေကာင္းတဲ့ လက္ေၾကာင့္ ပြဲတစ္ဝက္မက်ိဳးခင္ ၅ ဂိုးေလာက္ မျပတ္ခဲ့ရတာျဖစ္ပါတယ္။ ဒုတိယပိုင္းအစမွာ တစ္ဂိုးေပးခဲ့ရေပမယ့္ ေနာက္ထပ္ ႏွစ္ႀကိမ္ေလာက္ ထပ္မံကာကြယ္သြားၿပီး ေရာ္နယ္လ္ဒိုရဲ႕ ဂိုးေၾကာင့္ အႏိုင္ရခဲ့တာျဖစ္ေပမယ့္ သူမပါရင္ ျဖစ္လာႏိုင္မွာ မဟုတ္တာပါ။

အဝါေရာင္ ေရငုပ္သေဘၤာကို ေဖာက္ခြဲခဲ့တဲ့ CR7 ေတာ္ပီဒို
ေပၚတူဂီသားႀကီးကေတာ့ ဒီေန႔ပြဲမွာ ကစားပုံမေကာင္းေပမယ့္ လိုခ်င္တဲ့ ရလဒ္ကို ရယူရာမွာေတာ့ ေနာက္ဆုံးအခ်ိန္အထိ ေစာင့္ခဲ့ၿပီးမွ ဗီလာရီးရဲလ္အသင္းကို ထိုးႏွက္သြားႏိုင္ခဲ့တာပါ။ အဝါေရာင္ ေရငုပ္သေဘၤာေတြအတြက္ေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဆိုတဲ့ ေတာ္ပီဒိုတစ္လုံးရဲ႕ ပစ္ခ်က္က ၾကမ္းတမ္းသြားခဲ့ၿပီး ယူ႐ိုပါလိဂ္ဖိုင္နယ္မွာ အေႂကြးတင္ခဲ့တာကိုလည္း ျပန္ေတာင္းခဲ့သလို ေနာက္ဆုံးမိနစ္ေတြအထိ ထက္ျမက္ဆဲဆိုတာလည္း ျပသသြားႏိုင္ခဲ့ပါတယ္။ တစ္ဖက္ဂိုးသမားအေနနဲ႔ မကန္ေလာက္ေတာ့ဘူးလို႔ ထင္တဲ့ ေထာင့္က်ဥ္းထဲကို ကန္ခ်သြားခဲ့တဲ့ သူ႔ကို နည္းျပ ဆိုးလ္ရွားကေတာ့ ေပၚတူဂီမွာ အိုင္ယာလန္ဘက္ကို သြင္းခဲ့တဲ့ ဂိုးေတြနဲ႔လည္း ႏႈိင္းယွဥ္ခ်ီးက်ဴးသြားခဲ့ျဖစ္ပါတယ္။

ဝန္ဘစ္ဆာကာ မရွိခ်ိန္မွာ အစားမဝင္ႏိုင္တဲ့ ညာျခမ္း
ဝန္ဘစ္ဆာကာရဲ႕ ပြဲပယ္ျပစ္ဒဏ္က သုံးပြဲအထိ က်ခံရေတာ့မယ့္အခ်ိန္ ယူႏိုက္တက္တို႔အေနနဲ႔ ေနာက္ထပ္ႏွစ္ပြဲကိုေတာ့ အတၱလန္တာနဲ႔ အိမ္ကြင္း အေဝးကြင္း ကစားရေတာ့မွာျဖစ္ပါတယ္။ နည္းျပ ဆိုးလ္ရွားအေနနဲ႔ တိုက္စစ္အားသန္တဲ့ အီတလီသားေတြနဲ႔ ရင္ဆိုင္ရာမွာ ညာျခမ္းမွာ ဘယ္သူ႔ကို သုံးစြဲမလဲဆိုတာ ေတြ႕သမွ်လူကို လိုက္ေမးဖို႔ လိုအပ္ေနၿပီး တစ္ေယာက္တည္း အင္အားနဲ႔ စဥ္းစားဖို႔ေတာင္ ခက္ေနမွာပါ။ ဒါေလာ့ကေတာ့ ဒန္ဂ်ဴးမားရဲ႕ ႏွိပ္စက္သမွ်ကို ခါးစည္းခံခဲ့ရၿပီး မက္ဂြိဳင္းယား မပါခ်ိန္မွာ ဖ႐ိုဖရဲျဖစ္ေနတဲ့ ခံစစ္ကို ဗာ႐ြန္းကလည္း ဉီးမေဆာင္ႏိုင္ဘဲ တစ္သက္လုံး ကစားလာတဲ့ ဗီလာရီးရဲလ္လိုအသင္းကိုေတာင္ ေကာင္းေကာင္း မတုံ႔ျပန္ႏိုင္ခဲ့တာဆိုေတာ့ ဖာဂူဆန္ေတာင္ ဝင္ပါရေတာ့မလို ျဖစ္ေနပါၿပီ။

သာမန္ထက္ ပိုခဲ့ၿပီး အမွတ္ေပးလို႔ရတဲ့ တဲလက္စ္
အဲလက္စ္ တဲလက္စ္ကေတာ့ မကစားရတာၾကာလို႔ ပြဲေၾကာင္ေနတဲ့ ပုံစံကို အဲဗာတန္နဲ႔ ပြဲမွာ ျပသခဲ့ေပမယ့္ ဒီေန႔ပြဲမွာေတာ့ တိုက္စစ္နဲ႔ ခံစစ္ကို ညီမွ်ေအာင္ ကစားႏိုင္ခဲ့သလို အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုးကိုလည္း လွပတဲ့ ဘယ္ေျခကန္ခ်က္နဲ႔ သြင္းယူခဲ့တာပါ။ ဘရာဇီးလ္သားအေနနဲ႔ ခံစစ္ပိုင္းမွာ အနည္းငယ္ အားနည္းခဲ့ေပမယ့္ တိုက္စစ္ပိုင္းမွာေတာ့ အေရးႀကီးတဲ့ ေပးပို႔မႈေတြ၊ တည္ကန္ေဘာေတြကိုလည္း ျပဳလုပ္ႏိုင္ခဲ့ၿပီး လုခ္ေရွာ ဒဏ္ရာရေနခ်ိန္မွာ သူ႔ကို အားကိုးႏိုင္သလို ညာျခမ္းမွာ ကစားတဲ့ ဒါေလာ့နဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ သူ႔ရဲ႕ ေျခစြမ္းက အနက္ခံေပၚက အျဖဴစက္လို ထင္ရွားခဲ့တာ ျဖစ္ပါတယ္။

အခြင့္အေရးမယူႏိုင္ခဲ့လို႔ တိုင္ပတ္ႏိုင္တဲ့ ဆန္ခ်ိဳ
ဒီေန႔ပြဲမွာ ေဂ်ဆန္ ဆန္ခ်ိဳအေနနဲ႔ ဘယ္ေတာင္ပံမွာ ပြဲထြက္ခဲ့ရေပမယ့္ အသင္းအတြက္ ေလာက္ေလာက္လားလား လုပ္မျပႏိုင္ခဲ့သလို ရႈံးပြဲကေန ႏိုင္ပြဲဆီ သြားရာလမ္းမွာလည္း မပါဝင္ခဲ့ဘဲ မာတစ္ခ်္နဲ႔ေတာင္ လူစားလဲခံခဲ့ရေသးတာပါ။ နည္းျပ ဆိုးလ္ရွားရဲ႕ လူစာရင္းမွာ ဘယ္ေတာင္ပံဆိုတာ ေနရာ ခ်ထားရမယ့္သူေတြ မ်ားေနတဲ့ တစ္ေနရာလည္းျဖစ္ၿပီး ေပါ့ဘာကိုလည္း ကြင္းလယ္ေတာင့္တင္းေစခ်င္တဲ့ ပြဲေတြမွာ ေရွ႕ပို႔ရသလို ဒဏ္ရာကေန ျပန္ၿပီး ေကာင္းလာတဲ့ ရက္ရွ္ဖို႔ဒ္ကလည္း ဒီေနရာဝင္ဖို႔ တာစူေနတာျဖစ္ပါတယ္။ လင္ဂတ္ကိုပါ ဟိုေတာင္ပံလိုလို ဒီေတာင္ပံလိုလို သုံးေနရတဲ့ အခ်ိန္မွာ အခြင့္အေရးကို ေပးတိုင္း မယူႏိုင္ခဲ့တဲ့ ဆန္ခ်ိဳအတြက္ေတာ့ ဘယ္လိုလို ညာလိုလိုနဲ႔ သူ႔ရဲ႕ ပြဲထြက္ခြင့္က ခက္ခဲလာဖို႔ ရွိေနတာလည္းျဖစ္ပါတယ္။

ဘုန္းေမာက္သားေဟာင္းေလးရဲ႕ ေတာက္ပမႈ
လီဗာပူးလ္က စိတ္ဝင္စားခဲ့ဖူးၿပီး ဘုန္းေမာက္ကေန ဗီလာရီးရဲလ္တို႔ ယူ႐ိုသန္း ၂၀ ေပးေခၚခဲ့စဥ္က တန္ရဲ႕လားလို႔ ေတြးခဲ့ၾကဖူးတဲ့ ႏိုင္ဂ်ီးရီးယား ႏြယ္ဖြား ဒတ္ခ်္ေတာင္ပံကစားသမား အာေနာ့ ဒန္ဂ်ဴးမားကို လူေတြက ေလွ်ာ့တြက္ထားခဲ့ၾကတာပါ။ ဒန္ဂ်ဴးမားအေနနဲ႔ ခ်န္ပီယံရွစ္ကလပ္အသင္းကေန ဥေရာပအဆင့္မွာ ေျခစြမ္းျပေနႏိုင္ခဲ့ၿပီး လာလီဂါသြင္းဂိုး ၂ ဂိုးနဲ႔ ခ်န္ပီယံလိဂ္သြင္းဂိုး ၁ ဂိုး ရရွိထားခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႕ဆုံရာမွာေတာ့ ဘယ္ျခမ္းကေန ၿပိဳင္ဘက္ေနာက္ခံလူ ဒီယိုဂို ဒါေလာ့ကို တန္ဖိုးတစ္ျပားမွ မရွိေအာင္ လုပ္ျပသြားခဲ့တာလည္းျဖစ္ၿပီး ဆရာႀကီး ဒေဟးယားကသာ သူ႔ကို မရပ္တန႔္ႏိုင္ခဲ့ရင္ အိမ္ရွင္ေတြ ဒူးနဲ႔ မ်က္ရည္သုတ္သြားရႏိုင္တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.