La Liga UCL&UEL

ဥရောပပြိုင်ပွဲမှာ အံ့အားသင့်ဖွယ် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ဘာကာ

ဘာစီလိုနာအသင်းရဲ့ ၂၀၂၁-၂၀၂၂ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ အဆိုးရွားဆုံးစတင်မှု ဖြစ်ခဲ့ပြီး အုပ်စုအဖွင့်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့သလို ဘင်ဖီကာကိုလည်း အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ချန်ပီယံလိဂ်ပထမဆုံးပွဲစဉ်ဟာ ၂၀၁၉ ချန်ပီယံဟောင်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး အိမ်ကွင်း နူးကမ့်မှာ ဂျာမန်အသင်းရဲ့ ၃-၀ နဲ့ အပြတ်အသတ် ချေမှုန်းခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဘင်ဖီကာအသင်းအိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရတဲ့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညနေက ပွဲစဉ်မှာ နိုင်ပွဲ ပြန်လည်ရယူနိုင်လိမ့်မယ်လို့ မျှော်မှန်းခဲ့ကြပေမယ့် နောက်ထပ်တစ်ကြိမ် ၃-၀ နဲ့ အံ့အားသင့်ဖွယ် ရလဒ်နဲ့ ဒုတိယမြောက် ချန်ပီယံလိဂ် ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲစလုံးကို ရှုံးနိမ့်ခဲ့ပြီဖြစ်တဲ့အတွက် ယူရိုပါလိဂ်ကို ဆင်းကစားရဖို့ တော်တော်များလာခဲ့ပြီဖြစ်ပြီး အထူးသဖြင့် ဘိုင်ယန်မြူးနစ်အသင်းအိမ်ကွင်းကို သွားရောက်ကစားဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။

FiveThirtyEight က စူပါကွန်ပျူတာဟာ ဘာစီလိုနာအသင်းအနေနဲ့ ဥရောပဒုတိယတန်းပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်မှာ ယခုရာသီ ကစားရလိမ့်မယ်လို့ အလေးအနက်ယုံကြည်နေပြီး အဲဒါကြောင့်ပဲ လက်ရှိမှာ ယူရိုပါလိဂ်ဖလားကို ရရှိဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ယူရိုပါလိဂ်မှာ အောင်မြင်နိုင်ခြေ ၉ ရာခိုင်နှုန်းကြောင့် နာပိုလီ(၈ ရာခိုင်နှုန်း)၊ ရီးရဲလ် ဆိုစီဒက်(၆ ရာခိုင်နှုန်း)၊ လေဗာကူဆင်(၆ ရာခိုင်နှုန်း)၊ ရီးရဲလ် ဘက်တစ်(၅ ရာခိုင်နှုန်း)၊နဲ့ ဝက်စ်ဟမ်းယူနိုက်တက်(၅ ရာခိုင်နှုန်း)တို့ရဲ့အထက်မှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဒုတိယရာခိုင်နှုန်းအမြင့်မားဆုံးအသင်းတွေထဲမှာ လက်ရှိ ချန်ပီယံလိဂ်မှာကစားနေတဲ့ လိုက်ပ်ဇစ်က ၅ ရာခိုင်နှုန်း၊ ပေါ်တိုနဲ့ အက်သလက်တီကို မက်ဒရစ်တို့က ပူးတွဲ ၃ ရာခိုင်နှုန်းနဲ့ ရပ်တည်နေကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေက ဘာစီလိုနာအသင်းရဲ့ ကွင်းတွင်း၊ ကွင်းပြင်ပ ရုန်းကန်နေရမှုတွေကြောင့် ယူရိုပါလိဂ်ဖလားကို ရရှိခြင်းက တော်တော်လေး ကောင်းမွန်နေပြီလို့ သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ချန်ပီယံလိဂ်မှာ လွှမ်းမိုးနိုင်ခဲ့ပေမယ့်လည်း လက်ရှိအသင်းဟာ အဲဒီလို စွမ်းဆောင်ရည်နဲ့ အလှမ်းကွာတဲ့ အနေအထားမှာရှိနေတာကတော့ ပရိသတ်တွေအတွက် ရင်နာစရာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေအနေနဲ့ ဘာစီလိုနာအသင်းဟာ ယူရိုပါလိဂ်လောက်သာ ယှဉ်ပြိုင်နိုင်စွမ်းရှိတော့တဲ့အသင်းဆိုတာကို လက်ခံပြီး ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ကိုပဲ အကောင်းဘက်နေ မျှော်လင့်ရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာအသင္းရဲ့ ၂၀၂၁-၂၀၂၂ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဟာ အဆိုးရြားဆုံးစတင္မႈ ျဖစ္ခဲ့ၿပီး အုပ္စုအဖြင့္ပြဲစဥ္မွာ ဘိုင္ယန္ျမဴးနစ္ကို အိမ္ကြင္္းမွာ ရႈံးနိမ့္ခဲ့သလို ဘင္ဖီကာကိုလည္း အေဝးကြင္းမွာ ရႈံးနိမ့္ခဲ့ပါတယ္။

ဘာစီလိုနာအသင္းရဲ့ ခ်န္ပီယံလိဂ္ပထမဆုံးပြဲစဥ္ဟာ ၂၀၁၉ ခ်န္ပီယံေဟာင္း ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရတာျဖစ္ၿပီး အိမ္ကြင္း ႏူးကမ့္မွာ ဂ်ာမန္အသင္းရဲ့ ၃-၀ နဲ႔ အျပတ္အသတ္ ေခ်မႈန္းျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းအေနနဲ႔ အုပ္စုအဖြင့္ပြဲစဥ္မွာ ရႈံးနိမ့္ခဲ့ေပမယ့္လည္း ဘင္ဖီကာအသင္းအိမ္ကြင္းမွာ သြားေရာက္ကစားခဲ့ရတဲ့ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔ညေနက ပြဲစဥ္မွာ နိုင္ပြဲ ျပန္လည္ရယူနိုင္လိမ့္မယ္လို႔ ေမၽွာ္မွန္းခဲ့ၾကေပမယ့္ ေနာက္ထပ္တစ္ႀကိမ္ ၃-၀ နဲ႔ အံ့အားသင့္ဖြယ္ ရလဒ္နဲ႔ ဒုတိယေျမာက္ ခ်န္ပီယံလိဂ္ ရႈံးပြဲကို ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္ ၂ ပြဲစလုံးကို ရႈံးနိမ့္ခဲ့ၿပီျဖစ္တဲ့အတြက္ ယူရိုပါလိဂ္ကို ဆင္းကစားရဖို႔ ေတာ္ေတာ္မ်ားလာခဲ့ၿပီျဖစ္ၿပီး အထူးသျဖင့္ ဘိုင္ယန္ျမဴးနစ္အသင္းအိမ္ကြင္းကို သြားေရာက္ကစားဖို႔ က်န္ရွိေနေသးတာျဖစ္ပါတယ္။

FiveThirtyEight က စူပါကြန္ပ်ဴတာဟာ ဘာစီလိုနာအသင္းအေနနဲ႔ ဥေရာပဒုတိယတန္းၿပိဳင္ပြဲျဖစ္တဲ့ ယူရိုပါလိဂ္မွာ ယခုရာသီ ကစားရလိမ့္မယ္လို႔ အေလးအနက္ယုံၾကည္ေနၿပီး အဲဒါေၾကာင့္ပဲ လက္ရွိမွာ ယူရိုပါလိဂ္ဖလားကို ရရွိဖို႔ ေရပန္းအစားဆုံးအသင္းျဖစ္ေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းရဲ့ ယူရိုပါလိဂ္မွာ ေအာင္ျမင္နိုင္ေၿခ ၉ ရာခိုင္ႏႈန္းေၾကာင့္ နာပိုလီ(၈ ရာခိုင္ႏႈန္း)၊ ရီးရဲလ္ ဆိုစီဒက္(၆ ရာခိုင္ႏႈန္း)၊ ေလဗာကူဆင္(၆ ရာခိုင္ႏႈန္း)၊ ရီးရဲလ္ ဘက္တစ္(၅ ရာခိုင္ႏႈန္း)၊နဲ႔ ဝက္စ္ဟမ္းယူနိုက္တက္(၅ ရာခိုင္ႏႈန္း)တို႔ရဲ့အထက္မွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ဒုတိယရာခိုင္ႏႈန္းအျမင့္မားဆုံးအသင္းေတြထဲမွာ လက္ရွိ ခ်န္ပီယံလိဂ္မွာကစားေနတဲ့ လိုက္ပ္ဇစ္က ၅ ရာခိုင္ႏႈန္း၊ ေပၚတိုနဲ႔ အက္သလက္တီကို မက္ဒရစ္တို႔က ပူးတြဲ ၃ ရာခိုင္ႏႈန္းနဲ႔ ရပ္တည္ေနၾကတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လေတြက ဘာစီလိုနာအသင္းရဲ့ ကြင္းတြင္း၊ ကြင္းျပင္ပ ႐ုန္းကန္ေနရမႈေတြေၾကာင့္ ယူရိုပါလိဂ္ဖလားကို ရရွိျခင္းက ေတာ္ေတာ္ေလး ေကာင္းမြန္ေနၿပီလို႔ သတ္မွတ္ျခင္းခံထားရတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ လြန္ခဲ့တဲ့ဆယ္စုႏွစ္အတြင္း ခ်န္ပီယံလိဂ္မွာ လႊမ္းမိုးနိုင္ခဲ့ေပမယ့္လည္း လက္ရွိအသင္းဟာ အဲဒီလို စြမ္းေဆာင္ရည္နဲ႔ အလွမ္းကြာတဲ့ အေနအထားမွာရွိေနတာကေတာ့ ပရိသတ္ေတြအတြက္ ရင္နာစရာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပရိသတ္ေတြအေနနဲ႔ ဘာစီလိုနာအသင္းဟာ ယူရိုပါလိဂ္ေလာက္သာ ယွဥ္ၿပိဳင္နိုင္စြမ္းရွိေတာ့တဲ့အသင္းဆိုတာကို လက္ခံၿပီး ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ကိုပဲ အေကာင္းဘက္ေန ေမၽွာ္လင့္ရေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.