La Liga Premier League Transfer News

ဆီမီဒိုနဲ႔ ကန္ဆယ္လို၊ ဘာစီလိုနာနဲ႔ မန္စီးတီးတုိ႔ရဲ႕ အလဲအထပ္ ပိုမိုေသခ်ာလာ

ကိုဗစ္-၁၉ ေၾကာင့္ ေငြေၾကး ရွားပါးလာမွဳေတြမွာ ဥေရာပတစ္ခြင္က ေဘာလုံးအသင္းေတြအကုန္လုံး ဘဏၰာေရးထိခိုက္တဲ့ ျပႆနာနဲ႔ ရင္ဆုိင္ေနရၿပီး အေျပာင္းအေရႊ႕ေဈးကြက္မွာ အေရာင္းအဝယ္ထက္ အလဲအထပ္ကို အဓိက ထားရမယ့္အခ်ိန္မွာ မန္ခ်က္စတာစီးတီးအသင္းကေတာ့ သူတုိ႔ရဲ႕ ညာေနာက္ခံလူ ဂ်ဳိအာအို ကန္ဆယ္လိုကို ဘာစီလိုနာရဲ႕ နယ္လ္ဆင္ ဆီမီဒိုနဲ႔ လဲလွယ္သြားေတာ့မွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြအတြင္းကေတာ့ သူတုိ႔ႏွစ္ဦးကုိ လဲလွယ္ဖို႔ ကိစၥက အဆိုျပဳထားတဲ့ မေရမရာကိစၥအျဖစ္သာ ရွိခဲ့တာျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ကစားသမားႏွစ္ဦးရဲ႕ အသင္းသစ္ေတြမွာ ပုိမိုအံဝင္ႏုိင္တဲ့ အေနအထားေၾကာင့္ ပိုၿပီး ေသခ်ာလာခဲ့တာလည္းျဖစ္ပါတယ္။

ဘာစီလိုနာအသင္းမွာ ေနာက္ဆုံးဖန္တီးမွဳေတြ သိပ္မေကာင္းဘဲ ညာေတာင္ပံကေန ေရွ႕ကို ေရာက္ရင္ ဖန္တီးမွဳနည္းလို႔ ေဝဖန္ခံေနရတဲ့ ဆီမီဒုိအေနနဲ႔ အစ္တီဟတ္မွာေတာ့ Inverted Full Back အျဖစ္ အံဝင္ႏုိင္ဖို႔ ရွိေနၿပီး ဂြါဒီယိုလာရဲ႕ ဦးစားေပး အသက္ ၃၀ အရြယ္ ခိုင္လ္ ေဝၚလ္ကာရဲ႕ ေရရွည္အစားထိုးမွဳလည္း ျဖစ္လာႏုိင္တာပါ။

ဒါ့အျပင္ ဗလန္စီယာကစားသမားေဟာင္း ကန္ဆယ္လိုကလည္း ဒန္နီယယ္လ္ အဲလ္ဗက္စ္ေနာက္ပုိင္းမွာ ဘာစီလိုနာရဲ႕ ေတာင္ပံကစားသမားတစ္ျဖစ္လဲ ညာေနာက္ခံလူ အခန္းက႑ကို ျဖည့္ဆည္းေပးႏုိင္မယ့္ နည္းစနစ္ ေက်ညက္ၿပီး ကၽြမ္းက်င္မွဳပုိင္းေကာင္းတဲ့ ကစားသမားအျဖစ္ ႏူးကမ့္မွာ ေတာက္ပလာႏုိင္တဲ့ အရည္အေသြးကိုလည္း ပုိင္ဆိုင္ေနတာျဖစ္ပါတယ္။

သူတုိ႔ႏွစ္ဦးအတြက္ေတာ့ ဘာစီလိုနာနဲ႔ မန္စီးတီးတုိ႔ရဲ႕ အလဲအထပ္ဟာ ႏွစ္ဖက္စလုံးကို အက်ဳိးရွိေစမယ့္ Win-Win Situation ျဖစ္လာဖို႔ ေသခ်ာသေလာက္ရွိေနၿပီး ကစားသမားေတြရဲ႕ ပုဂၢဳိလ္ေရးအခ်က္အလက္ေတြ ညႇိႏွဳိင္းမွဳ စတင္ဖို႔ရွိေနသလို သတ္မွတ္တန္ေၾကးေတြကလည္း ကြာဟမွဳ နည္းပါးတာေၾကာင့္ အျမန္ဆုံးသေဘာတူညီႏုိင္မယ္လုိ႔ ခန္႔မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကိုဗစ်-၁၉ ကြောင့် ငွေကြေး ရှားပါးလာမှုတွေမှာ ဥရောပတစ်ခွင်က ဘောလုံးအသင်းတွေအကုန်လုံး ဘဏ္ဏာရေးထိခိုက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီး အပြောင်းအရွှေ့ဈေးကွက်မှာ အရောင်းအဝယ်ထက် အလဲအထပ်ကို အဓိက ထားရမယ့်အချိန်မှာ မန်ချက်စတာစီးတီးအသင်းကတော့ သူတို့ရဲ့ ညာနောက်ခံလူ ဂျိုအာအို ကန်ဆယ်လိုကို ဘာစီလိုနာရဲ့ နယ်လ်ဆင် ဆီမီဒိုနဲ့ လဲလှယ်သွားတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းကတော့ သူတို့နှစ်ဦးကို လဲလှယ်ဖို့ ကိစ္စက အဆိုပြုထားတဲ့ မရေမရာကိစ္စအဖြစ်သာ ရှိခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ ကစားသမားနှစ်ဦးရဲ့ အသင်းသစ်တွေမှာ ပိုမိုအံဝင်နိုင်တဲ့ အနေအထားကြောင့် ပိုပြီး သေချာလာခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှာ နောက်ဆုံးဖန်တီးမှုတွေ သိပ်မကောင်းဘဲ ညာတောင်ပံကနေ ရှေ့ကို ရောက်ရင် ဖန်တီးမှုနည်းလို့ ဝေဖန်ခံနေရတဲ့ ဆီမီဒိုအနေနဲ့ အစ်တီဟတ်မှာတော့ Inverted Full Back အဖြစ် အံဝင်နိုင်ဖို့ ရှိနေပြီး ဂွါဒီယိုလာရဲ့ ဦးစားပေး အသက် ၃၀ အရွယ် ခိုင်လ် ဝေါ်လ်ကာရဲ့ ရေရှည်အစားထိုးမှုလည်း ဖြစ်လာနိုင်တာပါ။

ဒါ့အပြင် ဗလန်စီယာကစားသမားဟောင်း ကန်ဆယ်လိုကလည်း ဒန်နီယယ်လ် အဲလ်ဗက်စ်နောက်ပိုင်းမှာ ဘာစီလိုနာရဲ့ တောင်ပံကစားသမားတစ်ဖြစ်လဲ ညာနောက်ခံလူ အခန်းကဏ္ဍကို ဖြည့်ဆည်းပေးနိုင်မယ့် နည်းစနစ် ကျေညက်ပြီး ကျွမ်းကျင်မှုပိုင်းကောင်းတဲ့ ကစားသမားအဖြစ် နူးကမ့်မှာ တောက်ပလာနိုင်တဲ့ အရည်အသွေးကိုလည်း ပိုင်ဆိုင်နေတာဖြစ်ပါတယ်။

သူတို့နှစ်ဦးအတွက်တော့ ဘာစီလိုနာနဲ့ မန်စီးတီးတို့ရဲ့ အလဲအထပ်ဟာ နှစ်ဖက်စလုံးကို အကျိုးရှိစေမယ့် Win-Win Situation ဖြစ်လာဖို့ သေချာသလောက်ရှိနေပြီး ကစားသမားတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ညှိနှိုင်းမှု စတင်ဖို့ရှိနေသလို သတ်မှတ်တန်ကြေးတွေကလည်း ကွာဟမှု နည်းပါးတာကြောင့် အမြန်ဆုံးသဘောတူညီနိုင်မယ်လို့ ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.