Premier League

ေလ့က်င့္ေရးကြင္းဟာ စိတ္မခ်ရရင္ လာေတာင္မေနဘူးလုိ႔ တုံ႔ျပန္လုိက္တဲ့ ဟန္ဒါဆန္

ပရီးမီးယားလိဂ္ရဲ႕ ျပန္လည္စတင္ဖို႔ လုပ္ေဆာင္ေနမွဳရဲ႕ ပထမေျခလွမ္းအျဖစ္ ၿပဳိင္ပြဲဝင္အသင္းေတြအေနနဲ႔ သက္ဆုိင္ရာ ထရိန္နင္စင္တာေတြမွာ ျပန္လည္ေလ့က်င့္ခဲ့ၾကၿပီး မေန႔က မန္ခ်က္စတာယူႏုိက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားရဲ႕ ေဘးကင္းေၾကာင္းစကားကို ၾကားခဲ့ရသလို ဒီေန႔မွာလည္း လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္က ေျပာၾကားလုိက္ပါတယ္။

ဟန္ဒါဆန္က သူ႕အေနနဲ႔ အသင္းရဲ႕ ေလ့က်င့္ေရးကြင္းဟာ စိတ္မခ်ရဘဲ အႏၲရာယ္ရွိတယ္ထင္ရင္ ဘာျဖစ္လုိ႔ လာေနမွာလဲဆုိတဲ့ စကားကို ေျပာၾကားလိုက္ၿပီး ထရိန္နင္ဆင္းဖုိ႔ ေၾကာက္ရြံ႕ေနတဲ့ တျခားပရီးမီးယားလိဂ္ ေဘာလုံးသမားေတြကို မက္ေဆ့ေပးလိုက္သလို သူတုိ႔တစ္ဦးခ်င္းစီရဲ႕ ခံစားခ်က္ကိုေတာ့ နားလည္ေၾကာင္းလည္း ဆုိပါတယ္။

“စစၿပီး စစ္ေဆးမွဳေတြဗ်ာ… ၿပီးေတာ့ ကိုယ္ပူခ်ိန္တုိင္းမယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ခြာထားတဲ့ Social Distancing ေတြ၊ ေနရာတုိင္းကို ပုိးသတ္ေနတဲ့ လုပ္ေဆာင္မွဳေတြ၊ က်န္းမာေရးအတြက္ ေဆာင္ရြက္မွဳေတြက ကၽြန္ေတာ္တုိ႔ ျပန္လာကတည္းက ေတာ္ေတာ္ေလး ျမင့္မားတဲ့ ပုံစံမွာ ရွိတယ္။ တာဝန္ရွိသူေတြအားလုံးက အတတ္ႏုိင္ဆုံး ေဘးကင္းေအာင္ လုပ္ေပးေနၾကတယ္ေလဗ်ာ”လို႔ ဟန္ဒါဆန္က ဆုိပါတယ္။

“ၿပီးေတာ့ ကၽြန္ေတာ္တုိ႔အားလုံး ေလ့က်င့္ေရးကြင္းမွာ သက္ေတာင့္သက္သာနဲ႔ အဆင္ေျပေျပရွိၾကတယ္။ ဒါေၾကာင့္လည္း ထရိန္နင္ လာဆင္းတာေပါ့ဗ်။ ေလ့က်င့္ေရးကြင္းမွာ အလြန္ လုံၿခဳံစိတ္ခ်ရၿပီး ေဘးကင္းတယ္လုိ႔ ထင္ပါတယ္… ႏုိ႔မို႔ရင္ ကၽြန္ေတာ္ ဘယ္လာမွာလဲ”လို႔လည္း လီဗာပူးလ္အသင္းေခါင္းေဆာင္က ဆုိပါတယ္။

လက္ရွိမွာေတာ့ လီဗာပူးလ္အသင္းအေနနဲ႔ ပထမအဆင့္ ႀကံ့ခိုင္ေရးလုပ္ငန္းစဥ္ေတြကို ေဆာင္ရြက္ေနတာျဖစ္ၿပီး ဟန္ဒါဆန္ကေတာ့ မၾကာခင္ အခ်ိန္အတြင္းမွာ ဒုတိယအဆင့္ျဖစ္တဲ့ ကစားသမားခ်င္း ထိေတြ႕ေလ့က်င့္မွဳေတြကို ပရီးမီးယားလိဂ္က ခ်မွတ္ထားတဲ့ အစီအစဥ္အတုိင္း ေဘးကင္းကင္းနဲ႔ ေဆာင္ရြက္ႏုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနေၾကင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ရဲ့ ပြန်လည်စတင်ဖို့ လုပ်ဆောင်နေမှုရဲ့ ပထမခြေလှမ်းအဖြစ် ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ သက်ဆိုင်ရာ ထရိန်နင်စင်တာတွေမှာ ပြန်လည်လေ့ကျင့်ခဲ့ကြပြီး မနေ့က မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားရဲ့ ဘေးကင်းကြောင်းစကားကို ကြားခဲ့ရသလို ဒီနေ့မှာလည်း လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ပြောကြားလိုက်ပါတယ်။

ဟန်ဒါဆန်က သူ့အနေနဲ့ အသင်းရဲ့ လေ့ကျင့်ရေးကွင်းဟာ စိတ်မချရဘဲ အန္တရာယ်ရှိတယ်ထင်ရင် ဘာဖြစ်လို့ လာနေမှာလဲဆိုတဲ့ စကားကို ပြောကြားလိုက်ပြီး ထရိန်နင်ဆင်းဖို့ ကြောက်ရွံ့နေတဲ့ တခြားပရီးမီးယားလိဂ် ဘောလုံးသမားတွေကို မက်ဆေ့ပေးလိုက်သလို သူတို့တစ်ဦးချင်းစီရဲ့ ခံစားချက်ကိုတော့ နားလည်ကြောင်းလည်း ဆိုပါတယ်။

“စစပြီး စစ်ဆေးမှုတွေဗျာ… ပြီးတော့ ကိုယ်ပူချိန်တိုင်းမယ်။ တစ်ယောက်နဲ့ တစ်ယောက် ခွာထားတဲ့ Social Distancing တွေ၊ နေရာတိုင်းကို ပိုးသတ်နေတဲ့ လုပ်ဆောင်မှုတွေ၊ ကျန်းမာရေးအတွက် ဆောင်ရွက်မှုတွေက ကျွန်တော်တို့ ပြန်လာကတည်းက တော်တော်လေး မြင့်မားတဲ့ ပုံစံမှာ ရှိတယ်။ တာဝန်ရှိသူတွေအားလုံးက အတတ်နိုင်ဆုံး ဘေးကင်းအောင် လုပ်ပေးနေကြတယ်လေဗျာ”လို့ ဟန်ဒါဆန်က ဆိုပါတယ်။

“ပြီးတော့ ကျွန်တော်တို့အားလုံး လေ့ကျင့်ရေးကွင်းမှာ သက်တောင့်သက်သာနဲ့ အဆင်ပြေပြေရှိကြတယ်။ ဒါကြောင့်လည်း ထရိန်နင် လာဆင်းတာပေါ့ဗျ။ လေ့ကျင့်ရေးကွင်းမှာ အလွန် လုံခြုံစိတ်ချရပြီး ဘေးကင်းတယ်လို့ ထင်ပါတယ်… နို့မို့ရင် ကျွန်တော် ဘယ်လာမှာလဲ”လို့လည်း လီဗာပူးလ်အသင်းခေါင်းဆောင်က ဆိုပါတယ်။

လက်ရှိမှာတော့ လီဗာပူးလ်အသင်းအနေနဲ့ ပထမအဆင့် ကြံ့ခိုင်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတာဖြစ်ပြီး ဟန်ဒါဆန်ကတော့ မကြာခင် အချိန်အတွင်းမှာ ဒုတိယအဆင့်ဖြစ်တဲ့ ကစားသမားချင်း ထိတွေ့လေ့ကျင့်မှုတွေကို ပရီးမီးယားလိဂ်က ချမှတ်ထားတဲ့ အစီအစဉ်အတိုင်း ဘေးကင်းကင်းနဲ့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြေင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.