La Liga Match Report Premier League UCL&UEL

ဒဟေးယားနဲ့ CR7 ကြောင့် အရှုံးနဲ့မတွေ့ဘဲ ဗီလာရီးရဲလ်ကို အနိုင်ရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ မက်ဂွိုင်းယားရဲ့ ဒဏ်ရာကြောင့် ဗာရွန်းနဲ့ လင်ဒီလော့ဖ်ကို ခံစစ်ဗဟိုမှာ တွဲပေးခဲ့ရသလို လုခ်ရှော မပါဝင်နိုင်ချိန်မှာ အဲလက်စ် တဲလက်စ် ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာ မက်တော်မီနေး တစ်ယောက်တည်းကို သုံးခဲ့ချိန်မှာ တိုက်စစ်ကိုတော့ ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ ဆန်ချို၊ ဂရင်းဝုဒ်၊ ရော်နယ်လ်ဒိုတို့နဲ့ ခင်းကျင်းလာခဲ့ပါတယ်။

ဗီလာရီးရဲလ်ကလည်း အယ်လ်ကာဆာ၊ ဒန်ဂျူးမား၊ ပီနိုတို့နဲ့ လူစုံထုတ်ကစားခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ်မှာလည်း အဓိက ကစားသမားတွေ ပါဝင်ခဲ့သလို ဒဟေးယားကို အသည်းခွဲခဲ့တဲ့ ရူလီက ဂိုးသမားနေရာမှာ ပါဝင်လာခဲ့ပြီး အူနိုင်း အမ်မရီအနေနဲ့ ပြိုင်ဘက်ဟောင်း ဆိုးလ်ရှားကို ရဲရဲရင့်ရင့် တုံ့ပြန်ကစားခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဒန်ဂျူးမား ကန်သွင်းချက်ကို ဒဟေးယား ကာကွယ်ခဲ့ရပြီး ပွဲချိန် ၁၀ မိနစ်မှာလည်း သူ့ရဲ့ ကန်သွင်းချက် ကောင်းခဲ့ပေမယ့် လိုရာမရောက်အောင် စပိန်သားကြီးက တားဆီးသွားနိုင်ခဲ့သလို သူ့ရဲ့ ခံစစ်သမားတွေကိုတော့ အားမရတဲ့ ပုံစံနဲ့ အော်ဟစ်နေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဝန်ဘစ်ဆာကာ ပွဲပယ်ခံထားရချိန်မှာ ဝင်ကစားတဲ့ ဒါလော့ကတော့ ဒန်ဂျူးမားကို မထိန်းနိုင်ခဲ့ဘဲ မကြာခဏ ပေါက်ထွက်နေခဲ့ပြီး ပွဲချိန် ၁၇ မိနစ်မှာ သူ့ရဲ့ ဖြတ်တင်ဘောကို တိုက်စစ်မှူး အယ်လ်ကာဆာရဲ့ အနီးကပ် ခေါင်းတိုက်ချက်ကိုလည်း ဒဟေးယားကပဲ ကာကွယ်ခဲ့ရသလို တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ နဲ့ ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့ပြီး ပြိုင်ဘက်နည်းပြ အမ်မရီကိုပါ အံ့အားသင့်စေခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဗီလာရီးရဲလ်ကွင်းလယ်က ကန်တင်လိုက်တော့ ဘောလုံးကို တားဆီးရာမှာ ဗာရွန်းရဲ့ လွဲချော်မှုက ဆိုးရွားခဲ့ပြီး လွတ်ထွက်သွားတဲ့ အယ်လ်ကာဆာရဲ့ ကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့လို့ ယူနိုက်တက်တို့ သက်သာခဲ့ရသလို ပြင်သစ်သားအတွက်တော့ အဆင်သင့် စောင့်ကြိုနေတဲ့ သံသယတွေကလည်း အသက်ဝင်လာခဲ့ပါတယ်။

ဒဟေးယားအတွက်တော့ လင်ဒီလော့ဖ်နဲ့ ဗာရွန်းဟာ နှလုံးရောဂါရအောင် တတ်နိုင်သူတွေပဲဖြစ်ကြပြီး အမှားတွေ တစ်လှေကြီးနဲ့ ပြိုင်ဘက် တိုက်စစ်မှူးတွေကို အခွင့်အရေးများစွာ ပေးခဲ့ကြလို ဗီလာရီးရဲလ်ဘက်မှာ ဂျရတ် မိုရီနိုလို ဂိုးသွင်းသေချာသူ မပါခဲ့လို့သာ ဒုက္ခကြီးကြီးမားမား မတွေ့ခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းပြီးခါနီးမှာတော့ ဗီလာရီးရဲလ်ဘက်က ပက်ဒရာဇာ မပါနိုင်လို့ ဝင်ကစားတဲ့ လီဗာပူးလ်နောက်ခံလူဟောင်း အဲလ်ဘတ်တို မိုရီနိုရဲ့ ဖျက်ထုတ်မှုက ကိုယ့်ဂိုးကိုယ်သွင်းမိမလိုဖြစ်ခဲ့ပေမယ့် ကံကောင်းလို့ တိုင်ဘေးက ထွက်သွားခဲ့ပြီး ပီနိုရဲ့ ၄၅ မိနစ် ကန်ချက်ကိုတော့ ဒဟေးယား ဒိုင်ဗင်ပစ် ကာကွယ်နိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေရလဒ်ပဲ ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စတင်ချိန်မှာလည်း ဗီလာရီးရဲလ်တို့ကပဲ အန္တရာယ်များတဲ့ တိုက်စစ်ဆင်မှုတွေကို ပြုလုပ်နေခဲ့ပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက ဒန်ဂျူးမားက ဒါလော့ကို ကျော်ပြေးပြီး ချိုးပေးတာကို အယ်လ်ကာဆာက အနီးကပ်ပိတ်သွင်းရာမှာ ဒီတစ်ကြိမ်ကိုတော့ ဒဟေးယား မကာကွယ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ဂိုးစပေးခဲ့ရပါတယ်။

အသင်းခေါင်းဆောင်လက်ပတ်ကြီးနဲ့ ဘရူနို ဖာနန်ဒက်စ်ကတော့ လွဲချော်မှုတွေများနေခဲ့ပေမယ့် ပွဲချိန် မိနစ် ၆၀ မှာတော့ ယူနိုက်တက်တို့ ချေပဂိုးအတွက် အထောက်အကူပြုနိုင်ခဲ့သလို သူပေးတဲ့ ဖရီးကစ်ကို အဲလက် တဲလက်စ်က ပိတ်ဆို့ဖို့ ပေါ့လျော့နေတဲ့ ဗီလာရီးရဲလ်နောက်ခံလူတွေကြားက မြေမကျကန်သွင်းခဲ့ရာမှာ တိုင်ခြေကို တိတိကျကျ ဝင်သွားခဲ့လို့ ဂိုးသမား ရူလီ အရှုံးပေးခဲ့ရတာပါ။

ပွဲချိန် ၆၂ မိနစ်မှာတော့ အခွင့်အရေးကောင်းကို ဆန်ချို တုံ့နှေးနေလို့ လွဲချော်ခဲ့ရပြီး ချေပဂိုးနဲ့ စိတ်ဓာတ်တက်နေတဲ့ ယူနိုက်တက်တို့ကတော့ အနိုင်ဂိုးရဖို့ ဖိကစားနေခဲ့သလို အမ်မရီကတော့ ကွင်းလယ်လူ ထရီဟေးရို့စ်ကို ထုတ်ပြီး နောက်ခံလူ အက်စတူပီညန်နဲ့ လဲခဲ့သလို ၅-၄-၁ ပုံစံနဲ့ သရေတစ်မှတ်ရဖို့ ကြိုးစားလာခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ မွာဂိုမက်ဇ်ရဲ့ ကန်ချက်ကို ဒဟေးယား ကာကွယ်နိုင်ခဲ့ပေမယ့် နောက်ကနေ ပိတ်သွင်းခဲ့တဲ့ ဘူလာယေး ဒီယားရဲ့ ကန်သွင်းမှုကိုပါ ဆက်တိုက်ပုတ်ထုတ်ခဲ့ရပြီး နောက်တစ်ကြိမ် ကြိုးစားမှုကိုတော့ အဲလက်စ် တဲလက်စ်က ပိတ်ဆို့ခဲ့ရာမှာကြားက ဗာရွန်းနဲ့ ဆောင့်မိခဲ့လို့ စပိန်ဂိုးသမားကို ထိခိုက်မိခဲ့ပြီး ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ပေမယ့် ဆက်ကစားနိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပိုအထိ နှစ်သင်းကြား အဖြေမပေါ်ဘဲ ဖြစ်နေခဲ့ပေမယ့် နောက်ဆုံးအချိန်မှာ အဖြေရှာတွေ့သွားသူက မန်ချက်စတာယူနိုက်တက်တို့ ဖြစ်ခဲ့ပြီး ဗီလာရီးရဲလ်တို့ ဘောလုံးပျက်ရာကနေ တန်ပြန်တိုက်စစ်ဆင်ခဲ့ရာမှာ ဖရက်ဒ်ရဲ့ ဖြတ်တင်ဘောကို ရော်နယ်လ်ဒို ခေါင်းတိုက်ချပေးရာမှာ လင်ဂတ် ပိတ်သွင်းဖို့ လုပ်ရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ရော်နယ်လ်ဒိုကပဲ ထောင့်ကျဉ်းအနေအထားက ကန်သွင်းခဲ့ရာမှာ ရူလီ မကာကွယ်နိုင်ခဲ့ဘဲ အနိုင်ဂိုး ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အုပ်စု(F)မှာ ယူနိုက်တက်တို့ လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်လာခဲ့ပြီး ရမှတ် ၃ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေသူ အတ္တလန်တာနဲ့ တစ်မှတ်အကွာမှာ ရပ်တည်နိုင်ခဲ့တာပါ။ ဒီနေ့မှာ ဒါလော့၊ လင်ဒီလော့ဖ်၊ ဗာရွန်းနဲ့ အဲလက်စ် တဲလက်စ်တို့ရဲ့ နောက်တန်းကတော့ ပရိသတ်တွေကို နှလုံးရောဂါရစေနိုင်ခဲ့ပြီး နည်းပြ ဆိုးလ်ရှားအနေနဲ့တော့ ဆိုးရွားလွန်းတဲ့ ခံစစ်ကြောင်းကြောင့် ရှုံးနိမ့်မလို ဖြစ်ခဲ့ရတာကို ကာကွယ်ပေးခဲ့တဲ့ ဒဟေးယားကို အနိုင်ဂိုးရှင် ရော်နယ်လ်ဒိုထက်အရင် ကျေးဇူးတင်ရမှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ မက္ဂြိဳင္းယားရဲ႕ ဒဏ္ရာေၾကာင့္ ဗာ႐ြန္းနဲ႔ လင္ဒီေလာ့ဖ္ကို ခံစစ္ဗဟိုမွာ တြဲေပးခဲ့ရသလို လုခ္ေရွာ မပါဝင္ႏိုင္ခ်ိန္မွာ အဲလက္စ္ တဲလက္စ္ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာ မက္ေတာ္မီေနး တစ္ေယာက္တည္းကို သုံးခဲ့ခ်ိန္မွာ တိုက္စစ္ကိုေတာ့ ေပါ့ဘာ၊ ဖာနန္ဒက္စ္၊ ဆန္ခ်ိဳ၊ ဂရင္းဝုဒ္၊ ေရာ္နယ္လ္ဒိုတို႔နဲ႔ ခင္းက်င္းလာခဲ့ပါတယ္။

ဗီလာရီးရဲလ္ကလည္း အယ္လ္ကာဆာ၊ ဒန္ဂ်ဴးမား၊ ပီႏိုတို႔နဲ႔ လူစုံထုတ္ကစားခဲ့ၿပီး ကြင္းလယ္နဲ႔ ခံစစ္မွာလည္း အဓိက ကစားသမားေတြ ပါဝင္ခဲ့သလို ဒေဟးယားကို အသည္းခြဲခဲ့တဲ့ ႐ူလီက ဂိုးသမားေနရာမွာ ပါဝင္လာခဲ့ၿပီး အူႏိုင္း အမ္မရီအေနနဲ႔ ၿပိဳင္ဘက္ေဟာင္း ဆိုးလ္ရွားကို ရဲရဲရင့္ရင့္ တုံ႔ျပန္ကစားခဲ့တာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဒန္ဂ်ဴးမား ကန္သြင္းခ်က္ကို ဒေဟးယား ကာကြယ္ခဲ့ရၿပီး ပြဲခ်ိန္ ၁၀ မိနစ္မွာလည္း သူ႔ရဲ႕ ကန္သြင္းခ်က္ ေကာင္းခဲ့ေပမယ့္ လိုရာမေရာက္ေအာင္ စပိန္သားႀကီးက တားဆီးသြားႏိုင္ခဲ့သလို သူ႔ရဲ႕ ခံစစ္သမားေတြကိုေတာ့ အားမရတဲ့ ပုံစံနဲ႔ ေအာ္ဟစ္ေနခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဝန္ဘစ္ဆာကာ ပြဲပယ္ခံထားရခ်ိန္မွာ ဝင္ကစားတဲ့ ဒါေလာ့ကေတာ့ ဒန္ဂ်ဴးမားကို မထိန္းႏိုင္ခဲ့ဘဲ မၾကာခဏ ေပါက္ထြက္ေနခဲ့ၿပီး ပြဲခ်ိန္ ၁၇ မိနစ္မွာ သူ႔ရဲ႕ ျဖတ္တင္ေဘာကို တိုက္စစ္မႉး အယ္လ္ကာဆာရဲ႕ အနီးကပ္ ေခါင္းတိုက္ခ်က္ကိုလည္း ဒေဟးယားကပဲ ကာကြယ္ခဲ့ရသလို တစ္ပတ္လုပ္ခ ေပါင္ ၃၇၅၀၀၀ နဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပႏိုင္ခဲ့ၿပီး ၿပိဳင္ဘက္နည္းျပ အမ္မရီကိုပါ အံ့အားသင့္ေစခဲ့တာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဗီလာရီးရဲလ္ကြင္းလယ္က ကန္တင္လိုက္ေတာ့ ေဘာလုံးကို တားဆီးရာမွာ ဗာ႐ြန္းရဲ႕ လြဲေခ်ာ္မႈက ဆိုး႐ြားခဲ့ၿပီး လြတ္ထြက္သြားတဲ့ အယ္လ္ကာဆာရဲ႕ ကန္ခ်က္က တိုင္ေဘးက ထြက္သြားခဲ့လို႔ ယူႏိုက္တက္တို႔ သက္သာခဲ့ရသလို ျပင္သစ္သားအတြက္ေတာ့ အဆင္သင့္ ေစာင့္ႀကိဳေနတဲ့ သံသယေတြကလည္း အသက္ဝင္လာခဲ့ပါတယ္။

ဒေဟးယားအတြက္ေတာ့ လင္ဒီေလာ့ဖ္နဲ႔ ဗာ႐ြန္းဟာ ႏွလုံးေရာဂါရေအာင္ တတ္ႏိုင္သူေတြပဲျဖစ္ၾကၿပီး အမွားေတြ တစ္ေလွႀကီးနဲ႔ ၿပိဳင္ဘက္ တိုက္စစ္မႉးေတြကို အခြင့္အေရးမ်ားစြာ ေပးခဲ့ၾကလို ဗီလာရီးရဲလ္ဘက္မွာ ဂ်ရတ္ မိုရီႏိုလို ဂိုးသြင္းေသခ်ာသူ မပါခဲ့လို႔သာ ဒုကၡႀကီးႀကီးမားမား မေတြ႕ခဲ့တာလည္းျဖစ္ပါတယ္။

ပထမပိုင္းၿပီးခါနီးမွာေတာ့ ဗီလာရီးရဲလ္ဘက္က ပက္ဒရာဇာ မပါႏိုင္လို႔ ဝင္ကစားတဲ့ လီဗာပူးလ္ေနာက္ခံလူေဟာင္း အဲလ္ဘတ္တို မိုရီႏိုရဲ႕ ဖ်က္ထုတ္မႈက ကိုယ့္ဂိုးကိုယ္သြင္းမိမလိုျဖစ္ခဲ့ေပမယ့္ ကံေကာင္းလို႔ တိုင္ေဘးက ထြက္သြားခဲ့ၿပီး ပီႏိုရဲ႕ ၄၅ မိနစ္ ကန္ခ်က္ကိုေတာ့ ဒေဟးယား ဒိုင္ဗင္ပစ္ ကာကြယ္ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရရလဒ္ပဲ ထြက္ေပၚေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စတင္ခ်ိန္မွာလည္း ဗီလာရီးရဲလ္တို႔ကပဲ အႏၲရာယ္မ်ားတဲ့ တိုက္စစ္ဆင္မႈေတြကို ျပဳလုပ္ေနခဲ့ၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းက ဒန္ဂ်ဴးမားက ဒါေလာ့ကို ေက်ာ္ေျပးၿပီး ခ်ိဳးေပးတာကို အယ္လ္ကာဆာက အနီးကပ္ပိတ္သြင္းရာမွာ ဒီတစ္ႀကိမ္ကိုေတာ့ ဒေဟးယား မကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ ဂိုးစေပးခဲ့ရပါတယ္။

အသင္းေခါင္းေဆာင္လက္ပတ္ႀကီးနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ လြဲေခ်ာ္မႈေတြမ်ားေနခဲ့ေပမယ့္ ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ယူႏိုက္တက္တို႔ ေခ်ပဂိုးအတြက္ အေထာက္အကူျပဳႏိုင္ခဲ့သလို သူေပးတဲ့ ဖရီးကစ္ကို အဲလက္ တဲလက္စ္က ပိတ္ဆို႔ဖို႔ ေပါ့ေလ်ာ့ေနတဲ့ ဗီလာရီးရဲလ္ေနာက္ခံလူေတြၾကားက ေျမမက်ကန္သြင္းခဲ့ရာမွာ တိုင္ေျခကို တိတိက်က် ဝင္သြားခဲ့လို႔ ဂိုးသမား ႐ူလီ အရႈံးေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ အခြင့္အေရးေကာင္းကို ဆန္ခ်ိဳ တုံ႔ေႏွးေနလို႔ လြဲေခ်ာ္ခဲ့ရၿပီး ေခ်ပဂိုးနဲ႔ စိတ္ဓာတ္တက္ေနတဲ့ ယူႏိုက္တက္တို႔ကေတာ့ အႏိုင္ဂိုးရဖို႔ ဖိကစားေနခဲ့သလို အမ္မရီကေတာ့ ကြင္းလယ္လူ ထရီေဟး႐ို႕စ္ကို ထုတ္ၿပီး ေနာက္ခံလူ အက္စတူပီညန္နဲ႔ လဲခဲ့သလို ၅-၄-၁ ပုံစံနဲ႔ သေရတစ္မွတ္ရဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ မြာဂိုမက္ဇ္ရဲ႕ ကန္ခ်က္ကို ဒေဟးယား ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေနာက္ကေန ပိတ္သြင္းခဲ့တဲ့ ဘူလာေယး ဒီယားရဲ႕ ကန္သြင္းမႈကိုပါ ဆက္တိုက္ပုတ္ထုတ္ခဲ့ရၿပီး ေနာက္တစ္ႀကိမ္ ႀကိဳးစားမႈကိုေတာ့ အဲလက္စ္ တဲလက္စ္က ပိတ္ဆို႔ခဲ့ရာမွာၾကားက ဗာ႐ြန္းနဲ႔ ေဆာင့္မိခဲ့လို႔ စပိန္ဂိုးသမားကို ထိခိုက္မိခဲ့ၿပီး ဒဏ္ရာအနည္းငယ္ရရွိသြားခဲ့ေပမယ့္ ဆက္ကစားႏိုင္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုအထိ ႏွစ္သင္းၾကား အေျဖမေပၚဘဲ ျဖစ္ေနခဲ့ေပမယ့္ ေနာက္ဆုံးအခ်ိန္မွာ အေျဖရွာေတြ႕သြားသူက မန္ခ်က္စတာယူႏိုက္တက္တို႔ ျဖစ္ခဲ့ၿပီး ဗီလာရီးရဲလ္တို႔ ေဘာလုံးပ်က္ရာကေန တန္ျပန္တိုက္စစ္ဆင္ခဲ့ရာမွာ ဖရက္ဒ္ရဲ႕ ျဖတ္တင္ေဘာကို ေရာ္နယ္လ္ဒို ေခါင္းတိုက္ခ်ေပးရာမွာ လင္ဂတ္ ပိတ္သြင္းဖို႔ လုပ္ရာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ေရာ္နယ္လ္ဒိုကပဲ ေထာင့္က်ဥ္းအေနအထားက ကန္သြင္းခဲ့ရာမွာ ႐ူလီ မကာကြယ္ႏိုင္ခဲ့ဘဲ အႏိုင္ဂိုး ခြင့္ျပဳေပးခဲ့ရတာျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ အုပ္စု(F)မွာ ယူႏိုက္တက္တို႔ လမ္းေၾကာင္းမွန္ေပၚကို ျပန္ေရာက္လာခဲ့ၿပီး ရမွတ္ ၃ မွတ္နဲ႔ ထိပ္ဆုံးက ဦးေဆာင္ေနသူ အတၱလန္တာနဲ႔ တစ္မွတ္အကြာမွာ ရပ္တည္ႏိုင္ခဲ့တာပါ။ ဒီေန႔မွာ ဒါေလာ့၊ လင္ဒီေလာ့ဖ္၊ ဗာ႐ြန္းနဲ႔ အဲလက္စ္ တဲလက္စ္တို႔ရဲ႕ ေနာက္တန္းကေတာ့ ပရိသတ္ေတြကို ႏွလုံးေရာဂါရေစႏိုင္ခဲ့ၿပီး နည္းျပ ဆိုးလ္ရွားအေနနဲ႔ေတာ့ ဆိုး႐ြားလြန္းတဲ့ ခံစစ္ေၾကာင္းေၾကာင့္ ရႈံးနိမ့္မလို ျဖစ္ခဲ့ရတာကို ကာကြယ္ေပးခဲ့တဲ့ ဒေဟးယားကို အႏိုင္ဂိုးရွင္ ေရာ္နယ္လ္ဒိုထက္အရင္ ေက်းဇူးတင္ရမွာျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.