Match Report Premier League Serie A UCL&UEL

အိုးမည်းသုတ်လို့ကောင်းဆဲ ကိုးမန်းနဲ့ ဘဲဥမကွဲဘဲ ဘင်ဖီကာကို ရှုံးပြန်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ် ကိုးမန်းအနေနဲ့ သူတို့အသင်းရဲ့ နောက်ဆုံးဆယ်စုနှစ်နှစ်စုလောက်မှာ တစ်ခါမှ မမြင်ဖူးတဲ့ ၃-၅-၂ ပုံစံနဲ့ ဒီနေ့မှာ ပွဲထွက်လာခဲ့ပြီး ပရိသတ်တွေကို ဆက်လက်စိတ်ပျက်စေခဲ့သလို ပီကေး၊ ဘူးစကွက်စ်၊ ပက်ဒရီ၊ ဆာဂျီ ရော်ဘတ်တို၊ ဒီယုံးနှစ်ဦးနဲ့ ဒီပိုင်းတို့လို ကစားသမားတွေကို လူစုံထုတ်ခဲ့ပြီး ဘင်ဖီကာကို ရင်ဆိုင်လာခဲ့ပါတယ်။

ဘင်ဖီကာကတော့ ဒါဝင် နူးညက်ဇ်၊ ရာဖာ ဆေးလ်ဗားစတဲ့ တိုက်စစ်ကစားသမားတွေကို အော့တာမန်ဒီ၊ ဗာတွန်ဂန်တို့ရဲ့ ဝါရင့်ခံစစ်နဲ့အတူ ၃-၄-၃ ပုံစံနဲ့ စနစ်တကျ ခင်းကျင်းလာခဲ့ပြီး ဘာစီလိုနာတို့ရဲ့ ဘောလုံးကိုင်ထားတာကလွဲလို့ ဘာမှမလုပ်တတ်တဲ့ ကွင်းလယ်ကို အမြန်နှုန်းနဲ့ ကျော်ဖြတ်ဖို့ ပြင်ဆင်လာခဲ့တာပါ။

ပွဲချိန် ၃ မိနစ်မှာကတည်းက အိမ်ရှင်ပေါ်တူဂီသားတွေ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပက်ဒရီ ဘောလုံးပျက်ရာကနေ ဘင်ဖီကာကွင်းလယ်လူ ဝီဂယ်လ်က ဘယ်ခြမ်းကို ကန်တင်ပေးခဲ့ရာမှာ အဲရစ် ဂါစီယာရဲ့ ခေါင်းပေါ်က ကျော်ကျလာတဲ့ ဘောလုံးကို ဒါဝင် နူးညက်ဇ်က လိုက်လံရယူပြီး အတွင်းကို ချိုးဝင်ပြီးမှ ကန်သွင်းခဲ့ရာမှာ ဂိုးသမား တာစတီဂန်ကို အနိုင်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာတော့ ဘင်ဖီကာနောက်တန်းကို ဖရင်ကီ ဒီယုံးက ဖောက်ထွက်သွားပြီး ဂိုးသမားနဲ့ အတွေ့မှာ မကန်ဘဲ အတွင်းကို ပြန်ချိုးပေးရာမှာ ဘာစီလိုနာကို မတန်မရာ ဘာလာလုပ်မှန်း မသိတဲ့ လုခ် ဒီယုံးက ဝင်အောင် မပိတ်နိုင်ခဲ့သလို နောက်က ပါလာတဲ့ ပက်ဒရီက ထပ်ပြီး ကန်သွင်းရာမှာလည်း သူ့ကိုယ်လုံးနဲ့ ထိထွက်ခဲ့ပြီး နောက်တစ်ကြိမ် ထပ်ကန်ရာမှာတော့ တိုင်ဘေးထွက်သွားခဲ့တာပါ။

ပွဲချိန် ၁၂ မိနစ်မှာတော့ ယီရမ်ချုခ်ကို အဖျက်ကြမ်းတဲ့ ပီကေး အဝါထိခဲ့သလို ဒါက သက်ညှာမှုလို့လည်း ပြောလို့ရပြီး ဒိုင်လူကြီးကသာ စိတ်မကြည်ရင် အနီကတ်ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးကနေ လွတ်မြောက်ခဲ့တာဖြစ်သလို ဒီနောက်ပိုင်းမှာတော့ ပက်ဒရီနဲ့ ဒီပိုင်းတို့ အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ကြပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာ ဖရင်ကီ ဒီယုံးရဲ့ အမြော်အမြင်ရှိတဲ့ ခေါင်းတိုက်ဖန်တီးမှုကို လုခ် ဒီယုံးက ဘေးကန်ပြီး ဘာစီလိုနာတို့ ဂိုးမရဖို့အတွက် တာဝန်ကျေခဲ့သလို ပွဲချိန် ၃၁ မိနစ်မှာတော့ ပင်နယ်တီပေးရဖို့ နီးစပ်ခဲ့တဲ့ ဆရာသမားကြီး ပီကေးကို ကွင်းထဲ ဆက်ထားဖို့ နည်းပြ ကိုးမန်း သတ္တိမရှိတော့ဘဲ လူငယ်ကွင်းလယ်လူ ဂါဗီနဲ့ လူစားလဲခဲ့ရပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ လာဇာရိုအစား လူစားဝင်လာပြီး ကွင်းထဲရောက်တာ တစ်မိနစ်သာ ရှိသေးတဲ့ နောက်ခံလူ ဂျီလ်ဘာတို ဖျက်တာ ဒီပိုင်းခြေထောက်ကို ချိတ်မိခဲ့ပြီး ဧရိယာအပြင်က ထိတာကို အတွင်းအထိ အတင်းလဲကျပြီး ပင်နယ်တီတောင်းဆိုခဲ့ပေမယ့် နာမည်ကြီးဒိုင် ဒန်နီယယ်လ် အော်ဆာတိုက ပယ်ချသွားခဲ့တာကြောင့် ပထမပိုင်းကို ဘင်ဖီကာတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘင်ဖီကာတို့ တိုက်စစ်တွေက ပိုကောင်းလာသလို ဘာစီလိုနာကို ဘောလုံးပေးကိုင်ထားတာကို မကြိုက်လို့ ကန့်ကွက်နေတဲ့ အိမ်ကွင်းပရိသတ်တွေရဲ့ တွန်းအားကြောင့် အရှိန်မြှင့်ကစားလာခဲ့ပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဒါဝင် နူးညက်ဇ်က ရှေ့တက်လာတဲ့ တာစတီဂန်ကို ကျော်ပြေးပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးတိုင်အပြင်နဲ့ ထိထွက်သွားခဲ့လို့ တစ်ဂိုးနစ်နာခဲ့ရတာပါ။

အဲရစ် ဂါစီယာကတော့ မန်စီးတီးတို့ လမ်းခွဲလိုက်တာ နာစရာမရှိဘူးလို့ပဲ တွေးနိုင်သလို သူ့ရဲ့ ခံစစ်နေရာယူပုံတွေနဲ့ ဖျက်ထုတ်ပုံတွေက တစ်ဖက်တိုက်စစ်မှူးတွေအကြိုက်ဖြစ်နေခဲ့ပြီး ဒုတိယပိုင်းကတော့ နှစ်ဖက်အသင်းသားတွေအနေနဲ့ ခပ်ကြမ်းကြမ်း ဝင်ခဲ့ထွက်ခဲ့ကြလို့ ဒိုင်လူကြီးရဲ့ အဝါကတ်တွေလည်း ပလူပျံစပြုလာခဲ့ပါတယ်။

ဘာစီလိုနာတို့အနေနဲ့ ဂိုးပြန်ရနိုင်ဖို့အတွက် ပွဲချိန် ၆၈ မိနစ်မှာ ဘူးစကွက်စ်၊ ပက်ဒရီနဲ့ လုခ် ဒီယုံးတို့အစား နီကို ဂွန်ဇာလက်ဇ်၊ ကော်တင်ညိုနဲ့ အန်ဆူ ဖာတီတို့ကို လူစားလဲခဲ့ပြီး တိုက်စစ်မြှင့်တင်ခဲ့ပေမယ့် ဂိုးရသွားသူကတော့ ဘင်ဖီကာတို့ပဲဖြစ်ခဲ့ပြီး ပွဲချိန် ၆၉ မိနစ်မှာ ဂျာအို မာရီယိုရဲ့ ကန်ချက် ပြန်ထွက်လာခဲ့တာကို ရာဖာ ဆေးလ်ဗားက လှပတဲ့ ကန်ချက်နဲ့ ပိတ်သွင်းရယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ဂျီလ်ဘာတိုရဲ့ ခေါင်းတိုက်ချက်ကို တားဆီးတဲ့ ဆာဂျင်ညို ဒက်စ် လက်ထိခဲ့တာကြောင့် ဘင်ဖီကာဘက်က ပင်နယ်တီ တောင်းဆိုခဲ့ကြရာမှာ ဒိုင်လူကြီး အော်ဆာတိုက VAR ပြန်ကြည့်ပြီး အဝါကတ်နဲ့အတူ အတည်ပြုပေးခဲ့သလို ဒီအခွင့်အရေးကိုတော့ ပွဲချိန် ၇၉ မိနစ်မှာ အဖွင့်ဂိုးရှင် တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကပဲ ဂိုးသမား တာစတီဂန် ဒိုက်ပစ်တာကို စောင့်ပြီးမှ ကန်သွင်းယူသွားခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၈၇ မိနစ်မှာတော့ တစ်ဖက်တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်ကို ဆွဲထားတဲ့ အဲရစ် ဂါစီယာ နှစ်ဝါတစ်နီနဲ့ အထုတ်ပယ်ခံခဲ့ရပြီး ဒီနေ့ပွဲမှာ အိမ်ရှင်တွေက အဝါ ၃ ကတ်နဲ့ ဧည့်သည်တွေက အဝါ ၄ ကတ်အထိ ထိခဲ့ကြသလို ဆယ်ယောက်ဖြစ်သွားတဲ့ ဘာစီလိုနာတို့ရဲ့ ကြိုးစားမှုက ဒီလောက်နဲ့ပဲ ရပ်တန့်ခဲ့ရချိန်မှာ ၂၀၀၅-၀၆ တစ်ရာသီကို ဘင်ဖီကာကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြ ကိုးမန်းအနေနဲ့ အသင်းဟောင်းကို လက်မြှောက်ခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ လူခံ စီနီယာကစားသမားတွေရဲ့ နည်းပြ ကိုးမန်းကို ယုံကြည်မှု မရှိတဲ့ ပုံစံနဲ့ သူ့စိတ်ကြိုက် ခေါ်သွင်းလာခဲ့တဲ့ ဒတ်ချ်ကစားသမားတွေနဲ့ လူငယ်တွေကိုလည်း အစေးမကပ်တဲ့ ပုံစံမျိုးရှိနေတာကြောင့် အသင်းရဲ့ အနေအထားကတော့ တော်တော်လေးပျက်ယွင်းနေခဲ့ပြီး သုံးဂိုး-ဂိုးမရှိနဲ့ အရှုံးပေးလိုက်ရတဲ့ ပွဲအပြီးမှာ တာဝန်ရှိသူတွေအနေနဲ့ သူ့ကို ထုတ်ပယ်ဖို့အတွက် ရသမျှငွေကို စုဆောင်းသွားရဖို့ပဲ ရှိနေကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းနည္းျပ ေရာ္နယ္လ္ ကိုးမန္းအေနနဲ႔ သူတို႔အသင္းရဲ႕ ေနာက္ဆုံးဆယ္စုႏွစ္ႏွစ္စုေလာက္မွာ တစ္ခါမွ မျမင္ဖူးတဲ့ ၃-၅-၂ ပုံစံနဲ႔ ဒီေန႔မွာ ပြဲထြက္လာခဲ့ၿပီး ပရိသတ္ေတြကို ဆက္လက္စိတ္ပ်က္ေစခဲ့သလို ပီေကး၊ ဘူးစကြက္စ္၊ ပက္ဒရီ၊ ဆာဂ်ီ ေရာ္ဘတ္တို၊ ဒီယုံးႏွစ္ဦးနဲ႔ ဒီပိုင္းတို႔လို ကစားသမားေတြကို လူစုံထုတ္ခဲ့ၿပီး ဘင္ဖီကာကို ရင္ဆိုင္လာခဲ့ပါတယ္။

ဘင္ဖီကာကေတာ့ ဒါဝင္ ႏူးညက္ဇ္၊ ရာဖာ ေဆးလ္ဗားစတဲ့ တိုက္စစ္ကစားသမားေတြကို ေအာ့တာမန္ဒီ၊ ဗာတြန္ဂန္တို႔ရဲ႕ ဝါရင့္ခံစစ္နဲ႔အတူ ၃-၄-၃ ပုံစံနဲ႔ စနစ္တက် ခင္းက်င္းလာခဲ့ၿပီး ဘာစီလိုနာတို႔ရဲ႕ ေဘာလုံးကိုင္ထားတာကလြဲလို႔ ဘာမွမလုပ္တတ္တဲ့ ကြင္းလယ္ကို အျမန္ႏႈန္းနဲ႔ ေက်ာ္ျဖတ္ဖို႔ ျပင္ဆင္လာခဲ့တာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက အိမ္ရွင္ေပၚတူဂီသားေတြ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ပက္ဒရီ ေဘာလုံးပ်က္ရာကေန ဘင္ဖီကာကြင္းလယ္လူ ဝီဂယ္လ္က ဘယ္ျခမ္းကို ကန္တင္ေပးခဲ့ရာမွာ အဲရစ္ ဂါစီယာရဲ႕ ေခါင္းေပၚက ေက်ာ္က်လာတဲ့ ေဘာလုံးကို ဒါဝင္ ႏူးညက္ဇ္က လိုက္လံရယူၿပီး အတြင္းကို ခ်ိဳးဝင္ၿပီးမွ ကန္သြင္းခဲ့ရာမွာ ဂိုးသမား တာစတီဂန္ကို အႏိုင္ယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ ဘင္ဖီကာေနာက္တန္းကို ဖရင္ကီ ဒီယုံးက ေဖာက္ထြက္သြားၿပီး ဂိုးသမားနဲ႔ အေတြ႕မွာ မကန္ဘဲ အတြင္းကို ျပန္ခ်ိဳးေပးရာမွာ ဘာစီလိုနာကို မတန္မရာ ဘာလာလုပ္မွန္း မသိတဲ့ လုခ္ ဒီယုံးက ဝင္ေအာင္ မပိတ္ႏိုင္ခဲ့သလို ေနာက္က ပါလာတဲ့ ပက္ဒရီက ထပ္ၿပီး ကန္သြင္းရာမွာလည္း သူ႔ကိုယ္လုံးနဲ႔ ထိထြက္ခဲ့ၿပီး ေနာက္တစ္ႀကိမ္ ထပ္ကန္ရာမွာေတာ့ တိုင္ေဘးထြက္သြားခဲ့တာပါ။

ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ ယီရမ္ခ်ဳခ္ကို အဖ်က္ၾကမ္းတဲ့ ပီေကး အဝါထိခဲ့သလို ဒါက သက္ညႇာမႈလို႔လည္း ေျပာလို႔ရၿပီး ဒိုင္လူႀကီးကသာ စိတ္မၾကည္ရင္ အနီကတ္ျဖစ္သြားႏိုင္တဲ့ အေနအထားမ်ိဳးကေန လြတ္ေျမာက္ခဲ့တာျဖစ္သလို ဒီေနာက္ပိုင္းမွာေတာ့ ပက္ဒရီနဲ႔ ဒီပိုင္းတို႔ အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာ ဖရင္ကီ ဒီယုံးရဲ႕ အေျမာ္အျမင္ရွိတဲ့ ေခါင္းတိုက္ဖန္တီးမႈကို လုခ္ ဒီယုံးက ေဘးကန္ၿပီး ဘာစီလိုနာတို႔ ဂိုးမရဖို႔အတြက္ တာဝန္ေက်ခဲ့သလို ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ပင္နယ္တီေပးရဖို႔ နီးစပ္ခဲ့တဲ့ ဆရာသမားႀကီး ပီေကးကို ကြင္းထဲ ဆက္ထားဖို႔ နည္းျပ ကိုးမန္း သတၱိမရွိေတာ့ဘဲ လူငယ္ကြင္းလယ္လူ ဂါဗီနဲ႔ လူစားလဲခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ လာဇာ႐ိုအစား လူစားဝင္လာၿပီး ကြင္းထဲေရာက္တာ တစ္မိနစ္သာ ရွိေသးတဲ့ ေနာက္ခံလူ ဂ်ီလ္ဘာတို ဖ်က္တာ ဒီပိုင္းေျခေထာက္ကို ခ်ိတ္မိခဲ့ၿပီး ဧရိယာအျပင္က ထိတာကို အတြင္းအထိ အတင္းလဲက်ၿပီး ပင္နယ္တီေတာင္းဆိုခဲ့ေပမယ့္ နာမည္ႀကီးဒိုင္ ဒန္နီယယ္လ္ ေအာ္ဆာတိုက ပယ္ခ်သြားခဲ့တာေၾကာင့္ ပထမပိုင္းကို ဘင္ဖီကာတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဘင္ဖီကာတို႔ တိုက္စစ္ေတြက ပိုေကာင္းလာသလို ဘာစီလိုနာကို ေဘာလုံးေပးကိုင္ထားတာကို မႀကိဳက္လို႔ ကန႔္ကြက္ေနတဲ့ အိမ္ကြင္းပရိသတ္ေတြရဲ႕ တြန္းအားေၾကာင့္ အရွိန္ျမႇင့္ကစားလာခဲ့ၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဒါဝင္ ႏူးညက္ဇ္က ေရွ႕တက္လာတဲ့ တာစတီဂန္ကို ေက်ာ္ေျပးၿပီး ကန္သြင္းခဲ့ေပမယ့္ ဂိုးတိုင္အျပင္နဲ႔ ထိထြက္သြားခဲ့လို႔ တစ္ဂိုးနစ္နာခဲ့ရတာပါ။

အဲရစ္ ဂါစီယာကေတာ့ မန္စီးတီးတို႔ လမ္းခြဲလိုက္တာ နာစရာမရွိဘူးလို႔ပဲ ေတြးႏိုင္သလို သူ႔ရဲ႕ ခံစစ္ေနရာယူပုံေတြနဲ႔ ဖ်က္ထုတ္ပုံေတြက တစ္ဖက္တိုက္စစ္မႉးေတြအႀကိဳက္ျဖစ္ေနခဲ့ၿပီး ဒုတိယပိုင္းကေတာ့ ႏွစ္ဖက္အသင္းသားေတြအေနနဲ႔ ခပ္ၾကမ္းၾကမ္း ဝင္ခဲ့ထြက္ခဲ့ၾကလို႔ ဒိုင္လူႀကီးရဲ႕ အဝါကတ္ေတြလည္း ပလူပ်ံစျပဳလာခဲ့ပါတယ္။

ဘာစီလိုနာတို႔အေနနဲ႔ ဂိုးျပန္ရႏိုင္ဖို႔အတြက္ ပြဲခ်ိန္ ၆၈ မိနစ္မွာ ဘူးစကြက္စ္၊ ပက္ဒရီနဲ႔ လုခ္ ဒီယုံးတို႔အစား နီကို ဂြန္ဇာလက္ဇ္၊ ေကာ္တင္ညိဳနဲ႔ အန္ဆူ ဖာတီတို႔ကို လူစားလဲခဲ့ၿပီး တိုက္စစ္ျမႇင့္တင္ခဲ့ေပမယ့္ ဂိုးရသြားသူကေတာ့ ဘင္ဖီကာတို႔ပဲျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၆၉ မိနစ္မွာ ဂ်ာအို မာရီယိုရဲ႕ ကန္ခ်က္ ျပန္ထြက္လာခဲ့တာကို ရာဖာ ေဆးလ္ဗားက လွပတဲ့ ကန္ခ်က္နဲ႔ ပိတ္သြင္းရယူသြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ဂ်ီလ္ဘာတိုရဲ႕ ေခါင္းတိုက္ခ်က္ကို တားဆီးတဲ့ ဆာဂ်င္ညိဳ ဒက္စ္ လက္ထိခဲ့တာေၾကာင့္ ဘင္ဖီကာဘက္က ပင္နယ္တီ ေတာင္းဆိုခဲ့ၾကရာမွာ ဒိုင္လူႀကီး ေအာ္ဆာတိုက VAR ျပန္ၾကည့္ၿပီး အဝါကတ္နဲ႔အတူ အတည္ျပဳေပးခဲ့သလို ဒီအခြင့္အေရးကိုေတာ့ ပြဲခ်ိန္ ၇၉ မိနစ္မွာ အဖြင့္ဂိုးရွင္ တိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္ကပဲ ဂိုးသမား တာစတီဂန္ ဒိုက္ပစ္တာကို ေစာင့္ၿပီးမွ ကန္သြင္းယူသြားခဲ့လို႔ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ တစ္ဖက္တိုက္စစ္မႉး ဂြန္ဆာလို ရာမို႔စ္ကို ဆြဲထားတဲ့ အဲရစ္ ဂါစီယာ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ပယ္ခံခဲ့ရၿပီး ဒီေန႔ပြဲမွာ အိမ္ရွင္ေတြက အဝါ ၃ ကတ္နဲ႔ ဧည့္သည္ေတြက အဝါ ၄ ကတ္အထိ ထိခဲ့ၾကသလို ဆယ္ေယာက္ျဖစ္သြားတဲ့ ဘာစီလိုနာတို႔ရဲ႕ ႀကိဳးစားမႈက ဒီေလာက္နဲ႔ပဲ ရပ္တန႔္ခဲ့ရခ်ိန္မွာ ၂၀၀၅-၀၆ တစ္ရာသီကို ဘင္ဖီကာကို ကိုင္တြယ္ခဲ့ဖူးတဲ့ နည္းျပ ကိုးမန္းအေနနဲ႔ အသင္းေဟာင္းကို လက္ေျမႇာက္ခဲ့ရတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ လူခံ စီနီယာကစားသမားေတြရဲ႕ နည္းျပ ကိုးမန္းကို ယုံၾကည္မႈ မရွိတဲ့ ပုံစံနဲ႔ သူ႔စိတ္ႀကိဳက္ ေခၚသြင္းလာခဲ့တဲ့ ဒတ္ခ်္ကစားသမားေတြနဲ႔ လူငယ္ေတြကိုလည္း အေစးမကပ္တဲ့ ပုံစံမ်ိဳးရွိေနတာေၾကာင့္ အသင္းရဲ႕ အေနအထားကေတာ့ ေတာ္ေတာ္ေလးပ်က္ယြင္းေနခဲ့ၿပီး သုံးဂိုး-ဂိုးမရွိနဲ႔ အရႈံးေပးလိုက္ရတဲ့ ပြဲအၿပီးမွာ တာဝန္ရွိသူေတြအေနနဲ႔ သူ႔ကို ထုတ္ပယ္ဖို႔အတြက္ ရသမွ်ေငြကို စုေဆာင္းသြားရဖို႔ပဲ ရွိေနေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.