Premier League

စပါးက အာဆင်နယ်ရဲ့ငယ်နိုင်မို့ ထူးပြီး မပျော်မိဘူးဆိုတဲ့ အွန်နရီ

အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက မြောက်လန်ဒန်ဒါဘီပွဲစဉ်တွေမှာ ပရိသတ်အဖြစ် ကြည့်ရှုချိန်မှသာ အာဆင်နယ်ရှပ်ကို ဝတ်ဆင်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟောင်းဟာ ၎င်းရဲ့ ကစားသမားဘဝတစ်လျှောက်လုံး စပါးအသင်းကို ၅ ဂိုး သွင်းယူခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းက မြောက်လန်ဒန်ပြိုင်ဘက် စပါးကို ၃-၁ နဲ့ အမ်းမရိတ်စ်မှာ အနိုင်ယူခဲ့တဲ့ပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

အွန်နရီဟာ ဆွီဒင်လူမျိုး ဘီလျံနာ Spotify စီအီးအိုနဲ့အတူ တက်ရောက်ကြည့်ရှုခဲ့တာကို မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေဟာ အာဆင်နယ်ဂျာစီအဟောင်းနဲ့ ပွဲလာရောက်ကြည့်ရှုခဲ့တဲ့ ဂန္တဝင်တိုက်စစ်မှူးကို မြင်တွေ့ခဲ့ရတာကြောင့် ပျော်ရွှင်ခဲ့ကြတာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ သီယာရီ အွန်နရီက မြောက်လန်ဒန်ဒါဘီပွဲစဉ်ဟာ ၎င်းအနေနဲ့ အာဆင်နယ်ရှပ်ဝတ်ဆင်ပြီး အားပေးထောက်ခံကြောင်းကို ပြသတဲ့ တစ်ခုတည်းသော ပွဲစဉ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ခင်ဗျား ပျော်ရွှင်နိုင်ဖို့အတွက် အနိုင်ရမှဖြစ်မှာဖြစ်ပြီး ကျွန်တော်တို့ အနိုင်ရရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အာဆင်နယ်ဂျာစီနဲ့အတူ ပွဲသွားကြည့်တဲ့ တစ်ခုတည်းသော အချိန်လည်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ထူးခြားတဲ့အရာတစ်ခုမို့လို့ပါ။ ဟုတ်ပါတယ်။ အဲဒါက ပျော်ရွှင်စရာပဲ။ အထူးသဖြင့် ကျွန်တော့်သားနဲ့အတူ ပျော်ရွှင်ခဲ့ရပါတယ်”

အာဆင်နယ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ပထမပိုင်းမှာပဲ တိုက်စစ်ဆင်ကစားပြီး ဂိုးပြတ် ဦးဆောင်နိုင်ခဲ့တာက အွန်နရီအတွက် စိတ်ပျော်ရွှင်စွာ ကြည့်ခဲ့ရတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပြီး ယခုရာသီ အစောပိုင်းက ဆိုးရွားတဲ့ စွမ်းဆောင်ရည်နဲ့ အတော်လေး ကွဲပြားခြားနားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အွန်နရီက အာတီတာရဲ့ အာဆင်နယ်ဟာ ဒီလိုမျိုး စွမ်းဆောင်ရည် ပြန်လည်ပြသနိုင်တာကို မြင်ရတာက အံ့အားသင့်စရာမဟုတ်ခဲ့ဘဲ ဒီပွဲစဉ်ရဲ့ ကြီးမားမှုနဲ့ အရေးပါမှုကြောင့်ဖြစ်တယ်လို့ ယူဆနေတာဖြစ်ပါတယ်။ “ကျွန်တော် အရင်တုန်းကလည်း မြင်ဖူးခဲ့ပါတယ်”‘

“ကျွန်တော်တို့ တော့တင်ဟမ်ကို အရင်တုန်းကလည်း ဒီလို လုပ်ခဲ့ဖူးပါတယ်။ ကျွန်တော် ဒါကို မအံ့သြပါဘူး။ ဘာလို့လဲဆိုတော့ မနှစ်ကလည်း ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ အဲဒီနှစ်မတိုင်မီတုန်းကလည်း ကျွန်တော်တို့ လုပ်နိုင်ခဲ့ပေမယ့် အဲဒါက စိတ်ပျော်ရွှင်စရာ ညနေခင်းလို့ပဲ ပြောရမှာပါ။ အဆုံးမှာ နည်းနည်း စိတ်လှုပ်ရှားရပေမယ့် ကျွန်တော် မအံ့သြမိခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ဂႏၲဝင္တိုက္စစ္မႉး သီယာရီ အြန္နရီက ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ေတြမွာ ပရိသတ္အျဖစ္ ၾကည့္ရႈခ်ိန္မွသာ အာဆင္နယ္ရွပ္ကို ဝတ္ဆင္ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္လက္ေရြးစင္တိုက္စစ္မႉးေဟာင္းဟာ ၎ရဲ့ ကစားသမားဘဝတစ္ေလၽွာက္လုံး စပါးအသင္းကို ၅ ဂိုး သြင္းယူခဲ့သူျဖစ္ၿပီး အာဆင္နယ္အသင္းက ေျမာက္လန္ဒန္ၿပိဳင္ဘက္ စပါးကို ၃-၁ နဲ႔ အမ္းမရိတ္စ္မွာ အနိုင္ယူခဲ့တဲ့ပြဲစဥ္ကို တက္ေရာက္ၾကည့္ရႈခဲ့တာျဖစ္ပါတယ္။

အြန္နရီဟာ ဆြီဒင္လူမ်ိဳး ဘီလ်ံနာ Spotify စီအီးအိုနဲ႔အတူ တက္ေရာက္ၾကည့္ရႈခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ပရိသတ္ေတြဟာ အာဆင္နယ္ဂ်ာစီအေဟာင္းနဲ႔ ပြဲလာေရာက္ၾကည့္ရႈခဲ့တဲ့ ဂႏၲဝင္တိုက္စစ္မႉးကို ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ေပ်ာ္ရႊင္ခဲ့ၾကတာျဖစ္ပါတယ္။ အာဆင္နယ္ရဲ့တသက္တာထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ သီယာရီ အြန္နရီက ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ဟာ ၎အေနနဲ႔ အာဆင္နယ္ရွပ္ဝတ္ဆင္ၿပီး အားေပးေထာက္ခံေၾကာင္းကို ျပသတဲ့ တစ္ခုတည္းေသာ ပြဲစဥ္ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ခင္ဗ်ား ေပ်ာ္ရႊင္နိုင္ဖို႔အတြက္ အနိုင္ရမွျဖစ္မွာျဖစ္ၿပီး ကၽြန္ေတာ္တို႔ အနိုင္ရရွိခဲ့ပါတယ္။ ကၽြန္ေတာ့္ရဲ့ အာဆင္နယ္ဂ်ာစီနဲ႔အတူ ပြဲသြားၾကည့္တဲ့ တစ္ခုတည္းေသာ အခ်ိန္လည္းျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက ထူးျခားတဲ့အရာတစ္ခုမို႔လို႔ပါ။ ဟုတ္ပါတယ္။ အဲဒါက ေပ်ာ္ရႊင္စရာပဲ။ အထူးသျဖင့္ ကၽြန္ေတာ့္သားနဲ႔အတူ ေပ်ာ္ရႊင္ခဲ့ရပါတယ္”

အာဆင္နယ္အသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို ပထမပိုင္းမွာပဲ တိုက္စစ္ဆင္ကစားၿပီး ဂိုးျပတ္ ဦးေဆာင္နိုင္ခဲ့တာက အြန္နရီအတြက္ စိတ္ေပ်ာ္ရႊင္စြာ ၾကည့္ခဲ့ရတဲ့ ပြဲစဥ္တစ္ပြဲ ျဖစ္ခဲ့ၿပီး ယခုရာသီ အေစာပိုင္းက ဆိုးရြားတဲ့ စြမ္းေဆာင္ရည္နဲ႔ အေတာ္ေလး ကြဲျပားျခားနားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အြန္နရီက အာတီတာရဲ့ အာဆင္နယ္ဟာ ဒီလိုမ်ိဳး စြမ္းေဆာင္ရည္ ျပန္လည္ျပသနိုင္တာကို ျမင္ရတာက အံ့အားသင့္စရာမဟုတ္ခဲ့ဘဲ ဒီပြဲစဥ္ရဲ့ ႀကီးမားမႈနဲ႔ အေရးပါမႈေၾကာင့္ျဖစ္တယ္လို႔ ယူဆေနတာျဖစ္ပါတယ္။ “ကၽြန္ေတာ္ အရင္တုန္းကလည္း ျမင္ဖူးခဲ့ပါတယ္”‘

“ကၽြန္ေတာ္တို႔ ေတာ့တင္ဟမ္ကို အရင္တုန္းကလည္း ဒီလို လုပ္ခဲ့ဖူးပါတယ္။ ကၽြန္ေတာ္ ဒါကို မအံ့ၾသပါဘူး။ ဘာလို႔လဲဆိုေတာ့ မႏွစ္ကလည္း ကၽြန္ေတာ္တို႔ လုပ္နိုင္ခဲ့ပါတယ္။ အဲဒီႏွစ္မတိုင္မီတုန္းကလည္း ကၽြန္ေတာ္တို႔ လုပ္နိုင္ခဲ့ေပမယ့္ အဲဒါက စိတ္ေပ်ာ္ရႊင္စရာ ညေနခင္းလို႔ပဲ ေျပာရမွာပါ။ အဆုံးမွာ နည္းနည္း စိတ္လႈပ္ရွားရေပမယ့္ ကၽြန္ေတာ္ မအံ့ၾသမိခဲ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.