Premier League

နွားနို့ရောင်းနေရတဲ့ ရော်နယ်ဒိုရဲ့ ယူနိုက်တက်အသင်းဖော်ဟောင်း

“မနက်ခင်းတိုင်းမှာ သင့်ကို တစုံတရာက နိုးထစေပြီး ခွန်အားတွေ ပေးနေသေးတယ်ဆိုရင် အဲဒါက လုံလောက်ပါပြီ”ဆိုတဲ့ စကားက ရောင့်ရဲတင်းတိမ်တာလား၊ စိတ်လျှော့လိုက်တာလား မသိနိုင်ပါဘူး။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတွေထဲက တစ်သင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာပြီး ကမ္ဘာ့အကောင်းဆုံးလူစာရင်းထဲမှာ ပါဝင်ခဲ့ဖူးပြီးမှ စိတ်လျှော့လိုက်တဲ့ လူတစ်ယောက်ရှိခဲ့ဖူးပါတယ်။

အဲဒီလူက ယူနိုက်တက်ညာနောက်ခံလူဟောင်း ရစ်ချတ် အက်ကာစလေဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပွဲဦးထွက်ကို အိပ်မက်ပြဇာတ်ရုံလို့ ကျော်ကြားတဲ့ အိုးထရက်ဖို့ဒ်မှာ စတင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ယူအေရဲ့ ပထမဆုံး ပလတ်စတစ်အိတ်လုံးဝအသုံးပြုခြင်းရှိတဲ့ အစားအစာအရောင်းဆိုင်ကို ချစ်စဖွယ်ကောင်းတဲ့ တော့တ်နက်စ် စျေးမြို့လေးမှာ ဖွင့်လှစ်ရောင်းချရင်း အသက်မွေးဝမ်းကျောင်းနေပါတယ်။

“ကျွန်တော် ဘောလုံးကို အားကစားတစ်ခုလောက်ပဲဆိုတာ သိလိုက်ရတဲ့အချိန်မှာ အချို့အခြေအနေမှာ ဒါကပဲ အရေးကြီးတာမဟုတ်ဘူးဆိုတာ သိခဲ့ပါတယ်။ ဘောလုံးအတွက် ကျွန်တော့်ရဲ့ စိတ်ဆန္ဒပြင်းပြမှုက နည်းနည်းတော့ သေဆုံးသွားခဲ့ပါတယ်။ ကျွန်တော် ဘောလုံးလောကကို စွန့်ခွာခဲ့တဲ့အချိန်မှာ စွန့်ခွာဖို့ ၁၀၀ ရာခိုင်နှုန်း အဆင်သင့်ဖြစ်နေခဲ့တယ်။ အချိန်ကျခဲ့လို့ ထင်ပါတယ်။ ကျွန်တော် အိပ်မက်တွေ ဒီထက်ဆက်ပြီး မမက်ချင်တော့ပါဘူး”

ဆဲလ်ဖို့ဒ်မှာ မွေးဖွားပြီး အသက် ၇ နှစ်အရွယ်မှာ မန်ချက်စတာယူနိုက်တက်အကယ်ဒမီကို ရောက်ရှိခဲ့တဲ့ အက်ကာစလေဟာ ဘဝအစကတည်းက ဘောလုံးအားကစားဟာ အသွေးအသားထဲ အမြစ်တွယ်နေခဲ့တာဖြစ်ပါတယ်။ ၂၀၀၈-၂၀၀၉ ရာသီ အသက် ၁၉ နှစ်အရွယ်မှာ ယူနိုက်တက် စပါးအသင်းကို အနိုင်ရရှိခဲ့တဲ့အက်ဖ်အေဖလားပွဲစဉ်မှာ စီနီယာကစားသမားဘဝ ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ယူနိုက်တက်က ပရီးမီးယားလိဂ်နဲ့ လိဂ်ဖလားတို့ကိုပါ ရရှိခဲ့ပြီးဖြစ်တာကြောင့် ရာသီသိမ်းခါနီး နောက်ထပ် ၃ ပွဲကို ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

နည်းပြ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ပထမအသင်းမှာ ပါဝင်ကစားခွင့် ရရှိခဲ့ပေမယ့်လည်း အက်ကာစလေဟာ အဲဒီနွေရာသီမှာပဲ ဘန်လေအသင်းကို ပြောင်းရွှေ့ဖို့အတွက် အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ ရွေးချယ်ခဲ့ပါတယ်။ “အဲဒီကနေစပြီး အခြေအနေတွေက စပြီး ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့တယ် ထင်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ခင်ဗျားရဲ့ ပွဲဦးထွက် ပါဝင်ကစားခွင့်ရရှိခဲ့တယ်။ ဘယ်သူမှ လုပ်မှာမဟုတ်တဲ့အလုပ်ဖြစ်တဲ့ ယူနိုက်တက်ကို ကျွန်တော် စွန့်ခွာခဲ့တယ်။ ဒါပေမယ့် ကျွန်တော် အတွေ့အကြုံတွေနဲ့ နေရာသစ်က မတူညီတဲ့အရာတွေကို ကြုံတွေ့ချင်ခဲ့ရုံပါ”

“ကျွန်တော်က ဘယ်တုန်းကမှ ဝိန်း ရူနီမဖြစ်ခဲ့ဘူး။ ရော်နယ်ဒိုလည်း မဖြစ်ခဲ့ဘူး။ ဘယ်လို ကြီးမားတဲ့ကစားသမားမျိုးမှ မဖြစ်ခဲ့ပေမယ့် သူတို့နဲ့ တကယ်ကို ကစားခဲ့ရပြီး အံ့အားသင့်စရာ အသင်းမှာ ပါဝင်ကစားခွင့်ရခဲ့တယ်”

အက်ကာစလေရဲ့ ဘန်လေအသင်းက ၂ နှစ်ခွဲကာလဟာ ဖလားပွဲလေးတွေသာ ပါဝင်ကစားပေးခဲ့ရပြီး ပလိုင်းမောက်၊ ဘရက်ဒ်ဖို့ဒ်နဲ့ ဘူရီတို့ကို အငှားထွက်ကစားတော့လည်း အလားတူသာ ဖြစ်ခဲ့သလို ကွင်းပြင်ပမှာလည်း အဆင်မပြေမှုတွေ ရှိနေခဲ့ပါတယ်။ “ကျွန်တော့်မှာ အိမ်ကောင်းကောင်းနဲ့ ကားကောင်းကောင်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော် အထီးကျန်နေတယ်။ နီကိုလာ(ဇနီးဖြစ်သူ)ကလည်း အဲဒီတုန်းက တက္ကသိုလ်တက်နေတုန်းပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီမှာ ကျွန်တော် တွေးမိတာက အခု ငါဘာလုပ်နိုင်မလဲဆိုတာပါပဲ”

“ဘောလုံးက ကျွန်တော့်အတွက် အဲဒီအချိန်မှာ အရမ်းကြီး ကောင်းမနေခဲ့ပါဘူး။ တကယ်တော့ ကျွန်တော် တော်တော်လေး အထီးကျန်ဆန်နေခဲ့တာပါ”

အဲဒီဖြစ်ရပ်တွေကြောင့် အက်ကာစလေဟာ မေဂျာလိဂ်ကို သွားရောက်ပြီး တိုရွန်တိုနဲ့ နယူးယောက် ရက်ဘူးလ်တို့အတွက် ကစားပေးခဲ့ပြီး ငွေကြေးရရှိမှုလည်း စတင် လျော့ကျလာခဲ့ပါတော့တယ်။ “ကျွန်တော် မြောက်အမေရိကကို သွားခဲ့တဲ့အချိန်မှာ အဲဒီက ဘောလုံးသမားတွေ နေထိုင်တဲ့ပုံကို မြင်ခဲ့ပြီး ကျွန်တော် ပြောင်းလဲသွားခဲ့ပါတယ်။ သူတို့တွေက သူတို့ပိုက်ဆံကို အရမ်းနှမြောကြတယ်။ သူတို့ ဝတ်တဲ့အဝတ်နဲ့ စီးတဲ့ဖိနပ်က ဘာလဲဆိုတာ အရေးမစိုက်ဘူး။ အဲဒါက ကျွန်တော့်ကို ခပ်ဆတ်ဆတ် လှုပ်နိုးသလိုဖြစ်ခဲ့ပါတယ်”

“ကျွန်တော် နယူးယောက်မှာ ကစားနေခဲ့တဲ့အချိန်မှာ တကယ်ကို ဘောလုံးကစားရတာကို စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် စပြီး မှတ်တမ်းရုပ်ရှင်တွေအများကြီးနဲ့ စာအုပ်တွေအများကြီး ဖတ်ပါတယ်။ အဲဒါက ကျွန်တော့်ကို ရိုးရိုးသားသားပြောရရင် အမြင်ကျယ်သွားစေခဲ့ပါတယ်”

အက်ကာစလေဟာ အမေရိကားကနေ ပြန်လာခဲ့ပြီးနောက် ဆွင်ဒန်၊ အိုးဒ်ဟန်းတို့အတွက် ကစားပေးခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အိုးဒ်ဟန်းမှာ အဆုံးသတ်ခဲ့ပါတယ်။ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပြီးနောက် အက်ကာစလေဟာ ဇနီးဖြစ်သူရယ်၊ ၈ ပတ်သမီး ဝီလ်လိုးနဲ့အတူ ပလတ်စတစ်အိတ်အသုံးမပြုတဲ့ အစားအစာဆိုင်ဖွင့်ဖို့ တော့တ်နက်စ် စျေးမြို့လေးကို ပြောင်းရွှေ့ခဲ့ပါတော့တယ်။ အက်ကာစလေက ၎င်းရဲ့ဆိုင်မှာ နို့ထွက်ပစ္စည်းတွေကိုလည်း ရောင်းချနေတာကြောင့် နွားနို့ဆိုင် ပိုင်ရှင်ကြီးပေါ့ဗျာလို့ အရွှန်းဖောက်ခဲ့ပြီး ပလတ်စတစ်အိတ်အသုံးမပြုတဲ့ဆိုင်ဆိုတာဟာ စျေးဝယ်သူတွေက ကိုယ်ပိုင် အိုးခွက်၊ အိတ်၊ ဗူးနဲ့ သေတ္တာတွေကို ယူလာပြီး ထုပ်ပိုးထားခြင်းမရှိတဲ့ ကုန်ကြမ်းတွေကို ဝယ်ယူရတာဖြစ်ပါတယ်။

စျေးမြို့လေးမှာ စျေးဆိုင်ဖွင့်ထားတဲ့ အက်ကာစလေအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးကာလ ၆ လတာမှာ တစ်စိတ်တပိုင်းအဖြစ် ပါဝင်ကစားပေးခဲ့တာကို ဒီနေ့ခေတ် လူမှုကွန်ရက်မှာ ဂုဏ်ဖော်ပြီး ရောင်းအားကောင်းအောင် လုပ်နိုင်ပေမယ့် အက်ကာစလေရဲ့ အစီအစဉ်ကတော့ အဲဒီလို မဟုတ်ပါဘူး။

“ကျွန်တော်တို့ သိုသိုသိပ်သိပ်ပဲ နေချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဆိုင်ကို လူတွေ တရုန်းရုန်းဖြစ်မနေစေချင်လို့ပါ။ ဆိုင်က သူ့ဘာသာ နာမည်လေးရတာမျိုးပဲ လိုချင်ပါတယ်။ ကျွန်တော်တို့မှာ နည်းဗျူဟာလေး နည်းနည်းတော့ရှိတယ်။ တစ်စုံတယောက်က တကယ်လို့ ကျွန်တော်တို့ရဲ့ အရင်ကအကြောင်းမေးလာခဲ့ရင် ကျွန်တော့် ဇနီးက သူက ဆရာမဟောင်းဖြစ်တဲ့အကြောင်း၊ သူ စာသင်ခဲ့တဲ့အကြောင်းတွေကို စီကာပတ်ကုံးလျှောက်ပြောနေရင် လူတွေက ကျွန်တော့်အကြောင်း မေးဖို့ မေ့သွားလောက်မယ်လို့ မျှော်လင့်ပါတယ်”

“၆ လအကြာမှာ အဲဒီလိုမျိုး ဖြစ်လာခဲ့တဲ့အတွက် ကျွန်တော် ဝမ်းသာမိတယ်။ ဘာလို့လဲဆိုတော့ တော့တ်နက်စ်မြို့က လူတွေက ပုံမှန်အားဖြင့် ကျွန်တော့်ကို ကိုယ့်ကိုကိုယ်ဘယ်သူလဲဆိုတာ မသိတဲ့လူအဖြစ် မြင်သွားခဲ့ကြလို့ပါ”

အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဝိန်း ရူနီ၊ ရော်နယ်ဒို၊ ပေါလ် စခိုး၊ ရိုင်ယန် ဂစ် ဒါမှမဟုတ် ကားလို့စ် တီဗက်ဇ်တို့ထဲက ဘယ်သူများ ဆိုင်ကို လာလည်ဖူးလဲလို့ မေးမြန်းခဲ့ရာမှာ “ဟင့်အင်း၊ မလာပါဘူး(ရယ်လျက်)။ တစ်နေ့နေ့တစ်ချိန်ချိန်တော့ သူတို့တွေထဲက တစ်ယောက်လောက်တော့ ဆိုင်ထဲ ပေါ်လာကောင်းပါရဲ့ဗျာ”လို့ ပြောပြီး အက်ကာစလေတစ်ယောက် စျေးဆိုင်ထဲက ဇနီးဖြစ်သူအော်ခေါ်သံကြောင့် နှုတ်ဆက်ပြီး ကျောခိုင်းသွားပါတော့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:”မနက္ခင္းတိုင္းမွာ သင့္ကို တစုံတရာက နိုးထေစၿပီး ခြန္အားေတြ ေပးေနေသးတယ္ဆိုရင္ အဲဒါက လုံေလာက္ပါၿပီ”ဆိုတဲ့ စကားက ေရာင့္ရဲတင္းတိမ္တာလား၊ စိတ္ေလၽွာ့လိုက္တာလား မသိနိုင္ပါဘူး။ ဒါေပမယ့္ ကမၻာ့အေကာင္းဆုံးကလပ္အသင္းေတြထဲက တစ္သင္းရဲ့ အကယ္ဒမီကေန ထြက္ေပၚလာၿပီး ကမၻာ့အေကာင္းဆုံးလူစာရင္းထဲမွာ ပါဝင္ခဲ့ဖူးၿပီးမွ စိတ္ေလၽွာ့လိုက္တဲ့ လူတစ္ေယာက္ရွိခဲ့ဖူးပါတယ္။

အဲဒီလူက ယူနိုက္တက္ညာေနာက္ခံလူေဟာင္း ရစ္ခ်တ္ အက္ကာစေလျဖစ္ၿပီး ၂၀၀၇ ခုႏွစ္မွာ သူ႔ရဲ့ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ ပြဲဦးထြက္ကို အိပ္မက္ျပဇာတ္႐ုံလို႔ ေက်ာ္ၾကားတဲ့ အိုးထရက္ဖို႔ဒ္မွာ စတင္ခဲ့ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ယူေအရဲ့ ပထမဆုံး ပလတ္စတစ္အိတ္လုံးဝအသုံးျပဳျခင္းရွိတဲ့ အစားအစာအေရာင္းဆိုင္ကို ခ်စ္စဖြယ္ေကာင္းတဲ့ ေတာ့တ္နက္စ္ ေစ်းၿမိဳ႕ေလးမွာ ဖြင့္လွစ္ေရာင္းခ်ရင္း အသက္ေမြးဝမ္းေက်ာင္းေနပါတယ္။

“ကၽြန္ေတာ္ ေဘာလုံးကို အားကစားတစ္ခုေလာက္ပဲဆိုတာ သိလိုက္ရတဲ့အခ်ိန္မွာ အခ်ိဳ႕အေျခအေနမွာ ဒါကပဲ အေရးႀကီးတာမဟုတ္ဘူးဆိုတာ သိခဲ့ပါတယ္။ ေဘာလုံးအတြက္ ကၽြန္ေတာ့္ရဲ့ စိတ္ဆႏၵျပင္းျပမႈက နည္းနည္းေတာ့ ေသဆုံးသြားခဲ့ပါတယ္။ ကၽြန္ေတာ္ ေဘာလုံးေလာကကို စြန႔္ခြာခဲ့တဲ့အခ်ိန္မွာ စြန႔္ခြာဖို႔ ၁၀၀ ရာခိုင္ႏႈန္း အဆင္သင့္ျဖစ္ေနခဲ့တယ္။ အခ်ိန္က်ခဲ့လို႔ ထင္ပါတယ္။ ကၽြန္ေတာ္ အိပ္မက္ေတြ ဒီထက္ဆက္ၿပီး မမက္ခ်င္ေတာ့ပါဘူး”

ဆဲလ္ဖို႔ဒ္မွာ ေမြးဖြားၿပီး အသက္ ၇ ႏွစ္အရြယ္မွာ မန္ခ်က္စတာယူနိုက္တက္အကယ္ဒမီကို ေရာက္ရွိခဲ့တဲ့ အက္ကာစေလဟာ ဘဝအစကတည္းက ေဘာလုံးအားကစားဟာ အေသြးအသားထဲ အျမစ္တြယ္ေနခဲ့တာျဖစ္ပါတယ္။ ၂၀၀၈-၂၀၀၉ ရာသီ အသက္ ၁၉ ႏွစ္အရြယ္မွာ ယူနိုက္တက္ စပါးအသင္းကို အနိုင္ရရွိခဲ့တဲ့အက္ဖ္ေအဖလားပြဲစဥ္မွာ စီနီယာကစားသမားဘဝ ပြဲဦးထြက္ပါဝင္ကစားခြင့္ရရွိခဲ့ၿပီး ယူနိုက္တက္က ပရီးမီးယားလိဂ္နဲ႔ လိဂ္ဖလားတို႔ကိုပါ ရရွိခဲ့ၿပီးျဖစ္တာေၾကာင့္ ရာသီသိမ္းခါနီး ေနာက္ထပ္ ၃ ပြဲကို ပါဝင္ကစားခြင့္ ရရွိခဲ့ပါတယ္။

နည္းၿပ ဆာအဲလက္စ္ ဖာဂူဆန္ရဲ့ ပထမအသင္းမွာ ပါဝင္ကစားခြင့္ ရရွိခဲ့ေပမယ့္လည္း အက္ကာစေလဟာ အဲဒီေႏြရာသီမွာပဲ ဘန္ေလအသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာဖို႔ ေရြးခ်ယ္ခဲ့ပါတယ္။ “အဲဒီကေနစၿပီး အေျခအေနေတြက စၿပီး ေဇာက္ထိုးမိုးေမၽွာ္ျဖစ္ခဲ့တယ္ ထင္ပါတယ္။ အိုးထရက္ဖို႔ဒ္မွာ ခင္ဗ်ားရဲ့ ပြဲဦးထြက္ ပါဝင္ကစားခြင့္ရရွိခဲ့တယ္။ ဘယ္သူမွ လုပ္မွာမဟုတ္တဲ့အလုပ္ျဖစ္တဲ့ ယူနိုက္တက္ကို ကၽြန္ေတာ္ စြန႔္ခြာခဲ့တယ္။ ဒါေပမယ့္ ကၽြန္ေတာ္ အေတြ႕အၾကဳံေတြနဲ႔ ေနရာသစ္က မတူညီတဲ့အရာေတြကို ၾကဳံေတြ႕ခ်င္ခဲ့႐ုံပါ”

“ကၽြန္ေတာ္က ဘယ္တုန္းကမွ ဝိန္း ႐ူနီမျဖစ္ခဲ့ဘူး။ ေရာ္နယ္ဒိုလည္း မျဖစ္ခဲ့ဘူး။ ဘယ္လို ႀကီးမားတဲ့ကစားသမားမ်ိဳးမွ မျဖစ္ခဲ့ေပမယ့္ သူတို႔နဲ႔ တကယ္ကို ကစားခဲ့ရၿပီး အံ့အားသင့္စရာ အသင္းမွာ ပါဝင္ကစားခြင့္ရခဲ့တယ္”

အက္ကာစေလရဲ့ ဘန္ေလအသင္းက ၂ ႏွစ္ခြဲကာလဟာ ဖလားပြဲေလးေတြသာ ပါဝင္ကစားေပးခဲ့ရၿပီး ပလိုင္းေမာက္၊ ဘရက္ဒ္ဖို႔ဒ္နဲ႔ ဘူရီတို႔ကို အငွားထြက္ကစားေတာ့လည္း အလားတူသာ ျဖစ္ခဲ့သလို ကြင္းျပင္ပမွာလည္း အဆင္မေျပမႈေတြ ရွိေနခဲ့ပါတယ္။ “ကၽြန္ေတာ့္မွာ အိမ္ေကာင္းေကာင္းနဲ႔ ကားေကာင္းေကာင္းရွိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ အထီးက်န္ေနတယ္။ နီကိုလာ(ဇနီးျဖစ္သူ)ကလည္း အဲဒီတုန္းက တကၠသိုလ္တက္ေနတုန္းပဲ ျဖစ္ပါလိမ့္မယ္။ အဲဒီမွာ ကၽြန္ေတာ္ ေတြးမိတာက အခု ငါဘာလုပ္နိုင္မလဲဆိုတာပါပဲ”

“ေဘာလုံးက ကၽြန္ေတာ့္အတြက္ အဲဒီအခ်ိန္မွာ အရမ္းႀကီး ေကာင္းမေနခဲ့ပါဘူး။ တကယ္ေတာ့ ကၽြန္ေတာ္ ေတာ္ေတာ္ေလး အထီးက်န္ဆန္ေနခဲ့တာပါ”

အဲဒီျဖစ္ရပ္ေတြေၾကာင့္ အက္ကာစေလဟာ ေမဂ်ာလိဂ္ကို သြားေရာက္ၿပီး တိုရြန္တိုနဲ႔ နယူးေယာက္ ရက္ဘူးလ္တို႔အတြက္ ကစားေပးခဲ့ၿပီး ေငြေၾကးရရွိမႈလည္း စတင္ ေလ်ာ့က်လာခဲ့ပါေတာ့တယ္။ “ကၽြန္ေတာ္ ေျမာက္အေမရိကကို သြားခဲ့တဲ့အခ်ိန္မွာ အဲဒီက ေဘာလုံးသမားေတြ ေနထိုင္တဲ့ပုံကို ျမင္ခဲ့ၿပီး ကၽြန္ေတာ္ ေျပာင္းလဲသြားခဲ့ပါတယ္။ သူတို႔ေတြက သူတို႔ပိုက္ဆံကို အရမ္းႏွေျမာၾကတယ္။ သူတို႔ ဝတ္တဲ့အဝတ္နဲ႔ စီးတဲ့ဖိနပ္က ဘာလဲဆိုတာ အေရးမစိုက္ဘူး။ အဲဒါက ကၽြန္ေတာ့္ကို ခပ္ဆတ္ဆတ္ လႈပ္နိုးသလိုျဖစ္ခဲ့ပါတယ္”

“ကၽြန္ေတာ္ နယူးေယာက္မွာ ကစားေနခဲ့တဲ့အခ်ိန္မွာ တကယ္ကို ေဘာလုံးကစားရတာကို စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္ စၿပီး မွတ္တမ္း႐ုပ္ရွင္ေတြအမ်ားႀကီးနဲ႔ စာအုပ္ေတြအမ်ားႀကီး ဖတ္ပါတယ္။ အဲဒါက ကၽြန္ေတာ့္ကို ရိုးရိုးသားသားေျပာရရင္ အျမင္က်ယ္သြားေစခဲ့ပါတယ္”

အက္ကာစေလဟာ အေမရိကားကေန ျပန္လာခဲ့ၿပီးေနာက္ ဆြင္ဒန္၊ အိုးဒ္ဟန္းတို႔အတြက္ ကစားေပးခဲ့ၿပီး ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာမွာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို အိုးဒ္ဟန္းမွာ အဆုံးသတ္ခဲ့ပါတယ္။ ေဘာလုံးသမားဘဝကေန အနားယူခဲ့ၿပီးေနာက္ အက္ကာစေလဟာ ဇနီးျဖစ္သူရယ္၊ ၈ ပတ္သမီး ဝီလ္လိုးနဲ႔အတူ ပလတ္စတစ္အိတ္အသုံးမျပဳတဲ့ အစားအစာဆိုင္ဖြင့္ဖို႔ ေတာ့တ္နက္စ္ ေစ်းၿမိဳ႕ေလးကို ေျပာင္းေရႊ႕ခဲ့ပါေတာ့တယ္။ အက္ကာစေလက ၎ရဲ့ဆိုင္မွာ နို႔ထြက္ပစၥည္းေတြကိုလည္း ေရာင္းခ်ေနတာေၾကာင့္ ႏြားနို႔ဆိုင္ ပိုင္ရွင္ႀကီးေပါ့ဗ်ာလို႔ အရႊန္းေဖာက္ခဲ့ၿပီး ပလတ္စတစ္အိတ္အသုံးမျပဳတဲ့ဆိုင္ဆိုတာဟာ ေစ်းဝယ္သူေတြက ကိုယ္ပိုင္ အိုးခြက္၊ အိတ္၊ ဗူးနဲ႔ ေသတၱာေတြကို ယူလာၿပီး ထုပ္ပိုးထားျခင္းမရွိတဲ့ ကုန္ၾကမ္းေတြကို ဝယ္ယူရတာျဖစ္ပါတယ္။

ေစ်းၿမိဳ႕ေလးမွာ ေစ်းဆိုင္ဖြင့္ထားတဲ့ အက္ကာစေလအတြက္ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ အေကာင္းဆုံးကာလ ၆ လတာမွာ တစ္စိတ္တပိုင္းအျဖစ္ ပါဝင္ကစားေပးခဲ့တာကို ဒီေန႔ေခတ္ လူမႈကြန္ရက္မွာ ဂုဏ္ေဖာ္ၿပီး ေရာင္းအားေကာင္းေအာင္ လုပ္နိုင္ေပမယ့္ အက္ကာစေလရဲ့ အစီအစဥ္ကေတာ့ အဲဒီလို မဟုတ္ပါဘူး။

“ကၽြန္ေတာ္တို႔ သိုသိုသိပ္သိပ္ပဲ ေနခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ ဆိုင္ကို လူေတြ တ႐ုန္း႐ုန္းျဖစ္မေနေစခ်င္လို႔ပါ။ ဆိုင္က သူ႔ဘာသာ နာမည္ေလးရတာမ်ိဳးပဲ လိုခ်င္ပါတယ္။ ကၽြန္ေတာ္တို႔မွာ နည္းဗ်ဴဟာေလး နည္းနည္းေတာ့ရွိတယ္။ တစ္စုံတေယာက္က တကယ္လို႔ ကၽြန္ေတာ္တို႔ရဲ့ အရင္ကအေၾကာင္းေမးလာခဲ့ရင္ ကၽြန္ေတာ့္ ဇနီးက သူက ဆရာမေဟာင္းျဖစ္တဲ့အေၾကာင္း၊ သူ စာသင္ခဲ့တဲ့အေၾကာင္းေတြကို စီကာပတ္ကုံးေလၽွာက္ေျပာေနရင္ လူေတြက ကၽြန္ေတာ့္အေၾကာင္း ေမးဖို႔ ေမ့သြားေလာက္မယ္လို႔ ေမၽွာ္လင့္ပါတယ္”

“၆ လအၾကာမွာ အဲဒီလိုမ်ိဳး ျဖစ္လာခဲ့တဲ့အတြက္ ကၽြန္ေတာ္ ဝမ္းသာမိတယ္။ ဘာလို႔လဲဆိုေတာ့ ေတာ့တ္နက္စ္ၿမိဳ႕က လူေတြက ပုံမွန္အားျဖင့္ ကၽြန္ေတာ့္ကို ကိုယ့္ကိုကိုယ္ဘယ္သူလဲဆိုတာ မသိတဲ့လူအျဖစ္ ျမင္သြားခဲ့ၾကလို႔ပါ”

အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ ဝိန္း ႐ူနီ၊ ေရာ္နယ္ဒို၊ ေပါလ္ စခိုး၊ ရိုင္ယန္ ဂစ္ ဒါမွမဟုတ္ ကားလို႔စ္ တီဗက္ဇ္တို႔ထဲက ဘယ္သူမ်ား ဆိုင္ကို လာလည္ဖူးလဲလို႔ ေမးျမန္းခဲ့ရာမွာ “ဟင့္အင္း၊ မလာပါဘူး(ရယ္လ်က္)။ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ေတာ့ သူတို႔ေတြထဲက တစ္ေယာက္ေလာက္ေတာ့ ဆိုင္ထဲ ေပၚလာေကာင္းပါရဲ့ဗ်ာ”လို႔ ေျပာၿပီး အက္ကာစေလတစ္ေယာက္ ေစ်းဆိုင္ထဲက ဇနီးျဖစ္သူေအာ္ေခၚသံေၾကာင့္ ႏႈတ္ဆက္ၿပီး ေက်ာခိုင္းသြားပါေတာ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.