Match Report Premier League UCL&UEL

ပေါ်တိုကို အဝေးကွင်းမှာ ချေမှုန်းပြီး ဖလား ၆ လုံးပါဝါကို ပြသလိုက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ သုံးစွဲနေကျ ဆာလား၊ ဂျိုတာ၊ မာနေးတိုက်စစ်အတွဲကိုပဲ ထုတ်သုံးလာခဲ့ပြီး MSF ကတော့ JMS ကို ပြောင်းလဲနေချိန်မှာ ဘရန့်ဖို့ဒ်ကို သရေကျခဲ့ရတဲ့ ပွဲက မကျေနပ်ချက်တွေကို နောက်ထပ်အဝေးကွင်းတစ်ပွဲမှာ ပေါက်ကွဲခဲ့သလို ချန်ပီယံလိဂ်ဖလား ၆ လုံးကို ရယူခဲ့တဲ့ အသင်းရဲ့ အစဉ်အလာကို ပြသခဲ့တာလည်းဖြစ်ပါတယ်။

အဝေးကွင်းဖြစ်ပေမယ့် လီဗာပူးလ်တို့ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းအထိ ရခဲ့သလို ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့ ကားတစ်ဂျုံးစ်တို့ရဲ့ ကွင်းလယ်ကစားအားနဲ့ လုပ်အားနှုန်းကလည်း ပြောစရာမရှိခဲ့ဘဲ ပေါ်တိုကို အသာစီးရယူ ထိန်းချုပ်ထားနိုင်ခဲ့သလို တစ်ချက်တစ်လေ ထိုးဖောက်မှုမျိုးလောက်နဲ့ပဲ ရင်ဆိုင်ခဲ့ရတာပါ။

ပွဲချိန် ၁၈ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုးရရှိခဲ့ပြီး ဘယ်ခြမ်းက ကားတစ်ဂျုံးစ်ရဲ့ တစ်ကိုယ်တော်ထိုးဖောက်ကန်သွင်းမှုကို ပေါ်တိုဂိုးသမား ပုတ်ထုတ်ခဲ့ရာနေ ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်ခံလူ ဆာနူဆီ ရှင်းထုတ်ဖို့အလုပ်မှာ အနီးကပ်ရှိနေတဲ့ ဆာလားက လုယူခဲ့ချိန်မှာ ဘောလုံးက ဂိုးထဲကို ဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာတော့ ရောဘတ်ဆန်ပေးတာကို ဂျိုတာ အသုံးမချနိုင်ခဲ့သလို ပေါ်တိုတို့ကတော့ ခံစစ်ကို ပိတ်ဆို့ကစားနေခဲ့ပြီး ကောင်တာတစ်ချက်တစ်ချက်မှ ပြန်ဖောက်ခဲ့သလို ပွဲချိန် ၄၃ မိနစ်မှာတော့ ဟန်ဒါဆန်ရဲ့ လှပတဲ့ ဖရီးကစ်ကို ဂိုးသမား ဒီယိုဂို ကော်စတာ ပုတ်ထုတ်သွားနိုင်ခဲ့လို့ လီဗာပူးလ်တို့ ဂိုးထပ်ရဖို့ နှောင့်နှေးခဲ့ရပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာတော့ ဖာဘင်ညို ပေးတဲ့ ဘောလုံးကို ညာနောက်ခံလူအဖြစ် ကစားနေတဲ့ မီလ်နာက ပေါ်တိုခံစစ်ကို အန္တရာယ်ကြီးမားစေတဲ့ ဖြတ်တင်ဘောပြုလုပ်ခဲ့ရာမှာ တိုင်မင်အောက်နေတဲ့ ဂိုးသမားနဲ့ နောက်တန်းကြားက ထွက်လာတဲ့ ဘောလုံးကို မာနေးက အနီးကပ်ပိတ်သွင်းပြီး ဒုတိယဂိုး ရယူသွားခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ လီဗာပူးလ်တို့ ဦးဆောင်ခဲ့ကြတာပါ။

ဂျိုတာကတော့ ဒီနေ့ပွဲမှာ ဇာတိမြေက ကလပ်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ရာမှာ Goal Luck ပျောက်ဆုံးနေပြီး အဆုံးသတ်ပုံတွေ ညံ့ဖျင်းခဲ့သလို အခွင့်အရေးတွေကို ဖြုန်းတီးပစ်နေခဲ့သလို ဒုတိယပိုင်းပြန်စအပြီးမှာ အသုံးချတတ်ရင် ဂိုးရမယ့် အနေအထားနှစ်ကြိမ်လောက်ကို အလဟဿ ဖြစ်စေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ကွင်းလယ်ဘယ်ခြမ်းမှာ ဆရာကြီးဖြစ်နေတဲ့ ကားတစ်ဂျုံးစ် တန်ပြန်တိုက်စစ်ကနေ ဆွဲပြေးလာခဲ့ပြီး ဖရိုဖရဲဖြစ်နေတဲ့ ပေါ်တိုခံစစ်ရဲ့ ညာခြမ်း Half Space မှာ တစ်ယောက်တည်း လွတ်နေခဲ့တဲ့ ဆာလားဆီ ကွက်တိခင်းပေးခဲ့ရာမှာ အီဂျစ်သားအတွက်တော့ ငှက်ပျောသီး အခွံနွှာစားတာထက် လွယ်ကူခဲ့ပြီး ဒီညအတွက် သူ့ရဲ့ ဒုတိယဂိုးနဲ့ လီဗာပူးလ်တို့အတွက် တတိယဂိုးဖြစ်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ညာနောက်ခံမှာ နည်းနည်းပျော့နေတဲ့ မီလ်နာအစား ဂျိုးဂိုမက်ဇ်၊ ပွဲဆက်များနေတဲ့ ဆာလားနဲ့ မာနေးအစား မီနာမီနိုနဲ့ ဖာမီနိုတို့ကို ထည့်သွင်းခဲ့ပြီး ဂိုးမရသေးတဲ့ ဂျိုတာကိုတော့ ဆက်ကစားခိုင်းခဲ့သလို အသင်းရဲ့ အရှိန်အဟုန်ကို မကျစေဖို့ နည်းပြ ယာဂန် ကလော့ပ်က အပြောင်းအလဲလုပ်ပြီး ဟန်ဒါဆန်ကိုလည်း ချိမ်ဘာလိန်နဲ့လဲပြီး အနားပေးခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ ဆက်တိုက်ထိုးဖောက်နေတဲ့ ပေါ်တိုတိုက်စစ်ကို အယ်လစ်ဆန် Clean Sheet ရစေဖို့ မတတ်နိုင်တော့ဘဲ ညာတောင်ပံက ဖာဘီယို ဗီယာရာရဲ့ ဖြတ်တင်ဘောကို အီရန်တိုက်စစ်မှူး တာရီမီက ဂျိုးဂိုမက်ဇ်ရှေ့ကနေ ခေါင်းဝင်တိုက်ပြီး အိမ်ရှင်တွေအတွက် နှစ်သိမ့်ချေပဂိုးကို ရယူပေးသွားခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ ဒီထိုးနှက်ချက်ကို လီဗာပူးလ်တို့ တုံ့ပြန်နိုင်ခဲ့ပြီး ကွင်းလယ်ဘယ်ခြမ်းမှာ ဖိုက်တာဆန်ဆန်ကစားနေတဲ့ ကားတစ်ဂျုံးစ်ရဲ့ ပေးပို့မှုကိုပဲ လူစားဝင်တိုက်စစ်မှူး ဖာမီနိုက တစ်ဖက်နောက်ခံလူနဲ့ ယှဉ်လုရာမှာ ခြေဦးခဲ့ပြီး တက်လာတဲ့ ဂိုးသမားရဲ့ ဘေးကနေ ကန်သွင်းချက်က ပျော့ခဲ့ပေမယ့် ဂိုးဝင်ဖို့တော့ လုံလောက်မှုရှိခဲ့လို့ လေးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာ ဖာမီနိုကပဲ ဒုတိယဂိုးနဲ့ လီဗာပူးလ်တို့ကို ငါးဂိုးမြောက် ဦးဆောင်စေခဲ့ပြီး ဒီဂိုးကိုတော့ လုပ်လိုက်ကိုင်လိုက်တိုင်း ရွှေဖြစ်နေတဲ့ ကားတစ်ဂျုံးစ်ရဲ့ ကန်ချက်က နောက်တန်းနဲ့ထိပြီး သူ့ဆီရောက်လာတာကို ဘရာဇီးလ်သားက ဂိုးသမားကို အနိုင်ယူခဲ့တာဖြစ်ပြီး ဒီဂိုးအတွက် လူကျွံသလားဆိုပြီး VAR ပြန်ကြည့်ခဲ့ရာမှာ မကျွံသလို ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်မယ့် ပေါ်တိုကစားသမားရဲ့ လက်ထိဘောဆန်ဆန်ပါဖြစ်နေခဲ့တာကြောင့် ဂိုးအဖြစ် အတည်ပြုပေးခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပေါ်တူဂီမြေမှာ ဘယ်လိုမှ လုပ်စားမရတဲ့ ဂျိုတာအစား အိုရီဂီကို သွင်းခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ ငါးဂိုး-တစ်ဂိုးနဲ့ ပေါ်တိုကို အဝေးကွင်းမှာ ချေမှုန်းနိုင်ခဲ့သလို အုပ်စု(B)ကို ထိပ်ဆုံးက ဦးဆောင်ခဲ့ပြီး Group of Death လို့ ခေါ်နေကြတဲ့ ပြိုင်ဘက်အစုအဖွဲ့ဟာ သူတို့အတွက် ဘာမှ မဟုတ်ကြောင်းကို ပြသနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ သုံးစြဲေနက် ဆာလား၊ ဂ်ိဳတာ၊ မာေနးတိုက္စစ္အတြဲကိုပဲ ထုတ္သုံးလာခဲ့ၿပီး MSF ကေတာ့ JMS ကို ေျပာင္းလဲေနခ်ိန္မွာ ဘရန႔္ဖို႔ဒ္ကို သေရက်ခဲ့ရတဲ့ ပြဲက မေက်နပ္ခ်က္ေတြကို ေနာက္ထပ္အေဝးကြင္းတစ္ပြဲမွာ ေပါက္ကြဲခဲ့သလို ခ်န္ပီယံလိဂ္ဖလား ၆ လုံးကို ရယူခဲ့တဲ့ အသင္းရဲ႕ အစဥ္အလာကို ျပသခဲ့တာလည္းျဖစ္ပါတယ္။

အေဝးကြင္းျဖစ္ေပမယ့္ လီဗာပူးလ္တို႔ ေဘာလုံးပိုင္ဆိုင္မႈ ၆၇ ရာခိုင္ႏႈန္းအထိ ရခဲ့သလို ဟန္ဒါဆန္၊ ဖာဘင္ညိဳနဲ႔ ကားတစ္ဂ်ဳံးစ္တို႔ရဲ႕ ကြင္းလယ္ကစားအားနဲ႔ လုပ္အားႏႈန္းကလည္း ေျပာစရာမရွိခဲ့ဘဲ ေပၚတိုကို အသာစီးရယူ ထိန္းခ်ဳပ္ထားႏိုင္ခဲ့သလို တစ္ခ်က္တစ္ေလ ထိုးေဖာက္မႈမ်ိဳးေလာက္နဲ႔ပဲ ရင္ဆိုင္ခဲ့ရတာပါ။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုးရရွိခဲ့ၿပီး ဘယ္ျခမ္းက ကားတစ္ဂ်ဳံးစ္ရဲ႕ တစ္ကိုယ္ေတာ္ထိုးေဖာက္ကန္သြင္းမႈကို ေပၚတိုဂိုးသမား ပုတ္ထုတ္ခဲ့ရာေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ေနာက္ခံလူ ဆာႏူဆီ ရွင္းထုတ္ဖို႔အလုပ္မွာ အနီးကပ္ရွိေနတဲ့ ဆာလားက လုယူခဲ့ခ်ိန္မွာ ေဘာလုံးက ဂိုးထဲကို ဝင္သြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ေရာဘတ္ဆန္ေပးတာကို ဂ်ိဳတာ အသုံးမခ်ႏိုင္ခဲ့သလို ေပၚတိုတို႔ကေတာ့ ခံစစ္ကို ပိတ္ဆို႔ကစားေနခဲ့ၿပီး ေကာင္တာတစ္ခ်က္တစ္ခ်က္မွ ျပန္ေဖာက္ခဲ့သလို ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ဟန္ဒါဆန္ရဲ႕ လွပတဲ့ ဖရီးကစ္ကို ဂိုးသမား ဒီယိုဂို ေကာ္စတာ ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ ဂိုးထပ္ရဖို႔ ေႏွာင့္ေႏွးခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ဖာဘင္ညိဳ ေပးတဲ့ ေဘာလုံးကို ညာေနာက္ခံလူအျဖစ္ ကစားေနတဲ့ မီလ္နာက ေပၚတိုခံစစ္ကို အႏၲရာယ္ႀကီးမားေစတဲ့ ျဖတ္တင္ေဘာျပဳလုပ္ခဲ့ရာမွာ တိုင္မင္ေအာက္ေနတဲ့ ဂိုးသမားနဲ႔ ေနာက္တန္းၾကားက ထြက္လာတဲ့ ေဘာလုံးကို မာေနးက အနီးကပ္ပိတ္သြင္းၿပီး ဒုတိယဂိုး ရယူသြားခဲ့လို႔ ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ လီဗာပူးလ္တို႔ ဦးေဆာင္ခဲ့ၾကတာပါ။

ဂ်ိဳတာကေတာ့ ဒီေန႔ပြဲမွာ ဇာတိေျမက ကလပ္အသင္းနဲ႔ ျပန္လည္ရင္ဆိုင္ရာမွာ Goal Luck ေပ်ာက္ဆုံးေနၿပီး အဆုံးသတ္ပုံေတြ ညံ့ဖ်င္းခဲ့သလို အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ေနခဲ့သလို ဒုတိယပိုင္းျပန္စအၿပီးမွာ အသုံးခ်တတ္ရင္ ဂိုးရမယ့္ အေနအထားႏွစ္ႀကိမ္ေလာက္ကို အလဟႆ ျဖစ္ေစခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ကြင္းလယ္ဘယ္ျခမ္းမွာ ဆရာႀကီးျဖစ္ေနတဲ့ ကားတစ္ဂ်ဳံးစ္ တန္ျပန္တိုက္စစ္ကေန ဆြဲေျပးလာခဲ့ၿပီး ဖ႐ိုဖရဲျဖစ္ေနတဲ့ ေပၚတိုခံစစ္ရဲ႕ ညာျခမ္း Half Space မွာ တစ္ေယာက္တည္း လြတ္ေနခဲ့တဲ့ ဆာလားဆီ ကြက္တိခင္းေပးခဲ့ရာမွာ အီဂ်စ္သားအတြက္ေတာ့ ငွက္ေပ်ာသီး အခြံႏႊာစားတာထက္ လြယ္ကူခဲ့ၿပီး ဒီညအတြက္ သူ႔ရဲ႕ ဒုတိယဂိုးနဲ႔ လီဗာပူးလ္တို႔အတြက္ တတိယဂိုးျဖစ္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ညာေနာက္ခံမွာ နည္းနည္းေပ်ာ့ေနတဲ့ မီလ္နာအစား ဂ်ိဳးဂိုမက္ဇ္၊ ပြဲဆက္မ်ားေနတဲ့ ဆာလားနဲ႔ မာေနးအစား မီနာမီႏိုနဲ႔ ဖာမီႏိုတို႔ကို ထည့္သြင္းခဲ့ၿပီး ဂိုးမရေသးတဲ့ ဂ်ိဳတာကိုေတာ့ ဆက္ကစားခိုင္းခဲ့သလို အသင္းရဲ႕ အရွိန္အဟုန္ကို မက်ေစဖို႔ နည္းျပ ယာဂန္ ကေလာ့ပ္က အေျပာင္းအလဲလုပ္ၿပီး ဟန္ဒါဆန္ကိုလည္း ခ်ိမ္ဘာလိန္နဲ႔လဲၿပီး အနားေပးခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ဆက္တိုက္ထိုးေဖာက္ေနတဲ့ ေပၚတိုတိုက္စစ္ကို အယ္လစ္ဆန္ Clean Sheet ရေစဖို႔ မတတ္ႏိုင္ေတာ့ဘဲ ညာေတာင္ပံက ဖာဘီယို ဗီယာရာရဲ႕ ျဖတ္တင္ေဘာကို အီရန္တိုက္စစ္မႉး တာရီမီက ဂ်ိဳးဂိုမက္ဇ္ေရွ႕ကေန ေခါင္းဝင္တိုက္ၿပီး အိမ္ရွင္ေတြအတြက္ ႏွစ္သိမ့္ေခ်ပဂိုးကို ရယူေပးသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ဒီထိုးႏွက္ခ်က္ကို လီဗာပူးလ္တို႔ တုံ႔ျပန္ႏိုင္ခဲ့ၿပီး ကြင္းလယ္ဘယ္ျခမ္းမွာ ဖိုက္တာဆန္ဆန္ကစားေနတဲ့ ကားတစ္ဂ်ဳံးစ္ရဲ႕ ေပးပို႔မႈကိုပဲ လူစားဝင္တိုက္စစ္မႉး ဖာမီႏိုက တစ္ဖက္ေနာက္ခံလူနဲ႔ ယွဥ္လုရာမွာ ေျခဦးခဲ့ၿပီး တက္လာတဲ့ ဂိုးသမားရဲ႕ ေဘးကေန ကန္သြင္းခ်က္က ေပ်ာ့ခဲ့ေပမယ့္ ဂိုးဝင္ဖို႔ေတာ့ လုံေလာက္မႈရွိခဲ့လို႔ ေလးဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာ ဖာမီႏိုကပဲ ဒုတိယဂိုးနဲ႔ လီဗာပူးလ္တို႔ကို ငါးဂိုးေျမာက္ ဦးေဆာင္ေစခဲ့ၿပီး ဒီဂိုးကိုေတာ့ လုပ္လိုက္ကိုင္လိုက္တိုင္း ေ႐ႊျဖစ္ေနတဲ့ ကားတစ္ဂ်ဳံးစ္ရဲ႕ ကန္ခ်က္က ေနာက္တန္းနဲ႔ထိၿပီး သူ႔ဆီေရာက္လာတာကို ဘရာဇီးလ္သားက ဂိုးသမားကို အႏိုင္ယူခဲ့တာျဖစ္ၿပီး ဒီဂိုးအတြက္ လူကြၽံသလားဆိုၿပီး VAR ျပန္ၾကည့္ခဲ့ရာမွာ မကြၽံသလို ေညာင္ျမစ္တူးရင္ ပုတ္သင္ဥေပၚမယ့္ ေပၚတိုကစားသမားရဲ႕ လက္ထိေဘာဆန္ဆန္ပါျဖစ္ေနခဲ့တာေၾကာင့္ ဂိုးအျဖစ္ အတည္ျပဳေပးခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေပၚတူဂီေျမမွာ ဘယ္လိုမွ လုပ္စားမရတဲ့ ဂ်ိဳတာအစား အိုရီဂီကို သြင္းခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔ ငါးဂိုး-တစ္ဂိုးနဲ႔ ေပၚတိုကို အေဝးကြင္းမွာ ေခ်မႈန္းႏိုင္ခဲ့သလို အုပ္စု(B)ကို ထိပ္ဆုံးက ဦးေဆာင္ခဲ့ၿပီး Group of Death လို႔ ေခၚေနၾကတဲ့ ၿပိဳင္ဘက္အစုအဖြဲ႕ဟာ သူတို႔အတြက္ ဘာမွ မဟုတ္ေၾကာင္းကို ျပသႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.