Premier League

စပါးစ်ကစားသမားလို မဖြစ်ရအောင် ဆာကာကို ကြိုသတိပေးလိုက်တဲ့ G.Nev

လူမှုမီဒီယာတွေနဲ့ တွစ်တာမှာ G.Nev လို့ လူသိများတဲ့ စကိုင်းစပို့စ်တင်ဆက်သူ ဂယ်ရီ နဗီးလ်က အာဆင်နယ်လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာအနေနဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ဘယ်တော့မှ မလျှော့ချဘဲ မြို့ခံပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးစ်အသင်းက စီနီယာ အင်္ဂလန်ကွင်းလယ်လူ ဘာဖြစ်သွားသလဲဆိုတာ သင်ခန်းစာယူတတ်ရမှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

စပါးစ်အသင်းနဲ့ မြောက်လန်ဒန်ဒါဘီမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ဆာကာဟာ ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ပရိသတ်တွေက သတ်မှတ်ခဲ့ပြီး ပရီးမီးယားလိဂ်ကတော့ တူညီတဲ့ စွမ်းဆောင်ရည်နဲ့ အသင်းဖော် အီမီးလ် စမစ်ရိုးကို ရွေးချယ်ခဲ့တာပါ။ ဘောလုံးပရိသတ်တချို့ သိကြတဲ့ Fantasy Premier League မှာတော့ ဆာကာက ပေးမှတ်အများဆုံးရခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားတွေအနေနဲ့ ဒီပွဲမှာ စွမ်းဆောင်ရည်မြင့်မားခဲ့ကြချိန်မှာ တစ်ဖက်အသင်းမှာတော့ ခြေစွမ်းတော်တော်ဆိုးရွားခဲ့သလို ကွင်းလယ်ကစားကွက်ကို လိုက်ဖျက်နေတဲ့ ကွင်းလယ်အဖျက်ကစားသမားလို့ လှောင်ပြောင်ခံခဲ့ရသူကတော့ ဒယ်လီ အယ်လီဖြစ်ပြီး နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုလက်ထက်က ခြေစွမ်းပြခဲ့သူအတွက်တော့ မိုးထဲရေထဲရောက်နေခဲ့တာလည်းဖြစ်ပါတယ်။

အယ်လီသာ ကွင်းထဲ ဆက်ရှိနေခဲ့ရင် ဒုတိယပိုင်းမှာ စပါးစ်တို့ တစ်ဂိုးပြန်သွင်းနိုင်ဖို့ မပြောနဲ့ ပထမပိုင်းက ရလဒ် သုံးဂိုး-ဂိုးမရှိကို နှစ်ဆပွားသွားနိုင်တယ်လို့ ဆိုခဲ့ကြသလို အာဆင်နယ်ပရိသတ်တွေကတော့ သူ့ကို လူစားလဲလိုက်တာကို အားမလို အားမရဖြစ်ခဲ့ကြနိုင်ပြီး ဒီလိုဘဝမျိုးကို ရောက်မသွားဖို့ နဗီးလ်က သတိပေးခဲ့တာပါ။

“သူတို့အနေနဲ့ ချီးကျူးမှုတွေ ရရှိနေတဲ့ ဆာကာအတွက် သတိပေးဆိုင်းဘုတ်ကို ကြည့်ချင်တယ်ဆိုရင်တော့ အယ်လီက အဆင်သင့်ပါပဲ။ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရတဲ့အထိ သူ့အနေနဲ့ ဘယ်လောက်ကောင်းခဲ့တယ်ဆိုတာကို သတိရမိပါသေးတယ်။ သူက ဂိုးတွေ သွင်းနိုင်တယ်၊ ဖျက်နိုင်တယ်၊ ခေါင်းတိုက်ကောင်းတယ်။ အခုတော့ ကြည့်စမ်းပါ… သူက လူစင်စစ်မဟုတ်ဘဲ တစ္ဆေလာခြောက်နေတာလားလို့ မေးယူရမယ့် ပုံစံပါပဲ”လို့ နဗီးလ်က ပြောလိုက်ပါတယ်။

နဗီးလ်က အယ်လီကိုလည်း လက်ရှိအနေအထားကနေ အမြန်ဆုံး ကြိုးစားရုန်းထွက်ဖို့ တိုက်တွန်းလိုက်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း မော်ရင်ညိုလက်ထက်မှာတုန်းက ဒီလိုအခြေအနေမျိုး ကြုံခဲ့ပေမယ့် သူ့အနေနဲ့ မပြင်ဆင်နိုင်ခဲ့ဘူးလို့ ဝမ်းနည်းစကားဆိုခဲ့သလို ဆာကာကိုလည်း ခုလိုမျိုး အောင်မြင်လာတဲ့ လူငယ်တစ်ယောက်အဖြစ်ကနေ လမ်းချော်မသွားဖို့ စေတနာနဲ့ သတိပေးခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကို မြောက်လန်ဒန်ဒါဘီမှာ စမစ်ရိုးနဲ့ ဆာကာတို့ ဦးဆောင်ခဲ့ရတဲ့ ပုံစံအတွက်ကိုတော့ အသင်းကပ္ပတိန်ဟောင်း တိုနီ အက်ဒမ်စ်ကတော့ သူတို့တွေရဲ့ တောက်ပမှုအတွက် ချီးကျူးခဲ့ပေမယ့် ကလေးနှစ်ယောက်က လူကြီးတွေကို ခေါင်းဆောင်နေရတာတော့ မဖြစ်သင့်ကြောင်းနဲ့ ဝါရင့်တွေအနေနဲ့ ပိုကြိုးစားဖို့ လိုနေတယ်လို့ ဝေဖန်သွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လူမႈမီဒီယာေတြနဲ႔ တြစ္တာမွာ G.Nev လို႔ လူသိမ်ားတဲ့ စကိုင္းစပို႔စ္တင္ဆက္သူ ဂယ္ရီ နဗီးလ္က အာဆင္နယ္လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာအေနနဲ႔ သူ႔ရဲ႕ ႀကိဳးစားအားထုတ္မႈေတြကို ဘယ္ေတာ့မွ မေလွ်ာ့ခ်ဘဲ ၿမိဳ႕ခံၿပိဳင္ဘက္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းက စီနီယာ အဂၤလန္ကြင္းလယ္လူ ဘာျဖစ္သြားသလဲဆိုတာ သင္ခန္းစာယူတတ္ရမွာျဖစ္ေၾကာင္း သတိေပးလိုက္ပါတယ္။

စပါးစ္အသင္းနဲ႔ ေျမာက္လန္ဒန္ဒါဘီမွာ တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးေပးခဲ့တဲ့ ဆာကာဟာ ဒီေန႔ပြဲရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ပရိသတ္ေတြက သတ္မွတ္ခဲ့ၿပီး ပရီးမီးယားလိဂ္ကေတာ့ တူညီတဲ့ စြမ္းေဆာင္ရည္နဲ႔ အသင္းေဖာ္ အီမီးလ္ စမစ္႐ိုးကို ေ႐ြးခ်ယ္ခဲ့တာပါ။ ေဘာလုံးပရိသတ္တခ်ိဳ႕ သိၾကတဲ့ Fantasy Premier League မွာေတာ့ ဆာကာက ေပးမွတ္အမ်ားဆုံးရခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္ကစားသမားေတြအေနနဲ႔ ဒီပြဲမွာ စြမ္းေဆာင္ရည္ျမင့္မားခဲ့ၾကခ်ိန္မွာ တစ္ဖက္အသင္းမွာေတာ့ ေျခစြမ္းေတာ္ေတာ္ဆိုး႐ြားခဲ့သလို ကြင္းလယ္ကစားကြက္ကို လိုက္ဖ်က္ေနတဲ့ ကြင္းလယ္အဖ်က္ကစားသမားလို႔ ေလွာင္ေျပာင္ခံခဲ့ရသူကေတာ့ ဒယ္လီ အယ္လီျဖစ္ၿပီး နည္းျပေဟာင္း ေမာ္ရီစီယို ပိုခ်က္တီႏိုလက္ထက္က ေျခစြမ္းျပခဲ့သူအတြက္ေတာ့ မိုးထဲေရထဲေရာက္ေနခဲ့တာလည္းျဖစ္ပါတယ္။

အယ္လီသာ ကြင္းထဲ ဆက္ရွိေနခဲ့ရင္ ဒုတိယပိုင္းမွာ စပါးစ္တို႔ တစ္ဂိုးျပန္သြင္းႏိုင္ဖို႔ မေျပာနဲ႔ ပထမပိုင္းက ရလဒ္ သုံးဂိုး-ဂိုးမရွိကို ႏွစ္ဆပြားသြားႏိုင္တယ္လို႔ ဆိုခဲ့ၾကသလို အာဆင္နယ္ပရိသတ္ေတြကေတာ့ သူ႔ကို လူစားလဲလိုက္တာကို အားမလို အားမရျဖစ္ခဲ့ၾကႏိုင္ၿပီး ဒီလိုဘဝမ်ိဳးကို ေရာက္မသြားဖို႔ နဗီးလ္က သတိေပးခဲ့တာပါ။

“သူတို႔အေနနဲ႔ ခ်ီးက်ဴးမႈေတြ ရရွိေနတဲ့ ဆာကာအတြက္ သတိေပးဆိုင္းဘုတ္ကို ၾကည့္ခ်င္တယ္ဆိုရင္ေတာ့ အယ္လီက အဆင္သင့္ပါပဲ။ အဂၤလန္လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံရတဲ့အထိ သူ႔အေနနဲ႔ ဘယ္ေလာက္ေကာင္းခဲ့တယ္ဆိုတာကို သတိရမိပါေသးတယ္။ သူက ဂိုးေတြ သြင္းႏိုင္တယ္၊ ဖ်က္ႏိုင္တယ္၊ ေခါင္းတိုက္ေကာင္းတယ္။ အခုေတာ့ ၾကည့္စမ္းပါ… သူက လူစင္စစ္မဟုတ္ဘဲ တေစၦလာေျခာက္ေနတာလားလို႔ ေမးယူရမယ့္ ပုံစံပါပဲ”လို႔ နဗီးလ္က ေျပာလိုက္ပါတယ္။

နဗီးလ္က အယ္လီကိုလည္း လက္ရွိအေနအထားကေန အျမန္ဆုံး ႀကိဳးစား႐ုန္းထြက္ဖို႔ တိုက္တြန္းလိုက္ၿပီး ၿပီးခဲ့တဲ့ႏွစ္ကလည္း ေမာ္ရင္ညိဳလက္ထက္မွာတုန္းက ဒီလိုအေျခအေနမ်ိဳး ႀကဳံခဲ့ေပမယ့္ သူ႔အေနနဲ႔ မျပင္ဆင္ႏိုင္ခဲ့ဘူးလို႔ ဝမ္းနည္းစကားဆိုခဲ့သလို ဆာကာကိုလည္း ခုလိုမ်ိဳး ေအာင္ျမင္လာတဲ့ လူငယ္တစ္ေယာက္အျဖစ္ကေန လမ္းေခ်ာ္မသြားဖို႔ ေစတနာနဲ႔ သတိေပးခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ကို ေျမာက္လန္ဒန္ဒါဘီမွာ စမစ္႐ိုးနဲ႔ ဆာကာတို႔ ဦးေဆာင္ခဲ့ရတဲ့ ပုံစံအတြက္ကိုေတာ့ အသင္းကပၸတိန္ေဟာင္း တိုနီ အက္ဒမ္စ္ကေတာ့ သူတို႔ေတြရဲ႕ ေတာက္ပမႈအတြက္ ခ်ီးက်ဴးခဲ့ေပမယ့္ ကေလးႏွစ္ေယာက္က လူႀကီးေတြကို ေခါင္းေဆာင္ေနရတာေတာ့ မျဖစ္သင့္ေၾကာင္းနဲ႔ ဝါရင့္ေတြအေနနဲ႔ ပိုႀကိဳးစားဖို႔ လိုေနတယ္လို႔ ေဝဖန္သြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.