Match Report Premier League

အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ ဦးဆောင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့ပွဲကို အနိုင်ရရင် ကလပ်အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးမှတ်တမ်းကို ရရှိသွားနိုင်ချိန်မှာ အသင်းကို ခံစစ်ဦးစားပေး ၃-၄-၃ ပုံစံကို ပြန်ပြောင်းခဲ့ပြီး လွန်ခဲ့တဲ့ ပွဲတွေကလို စိတ်ရှင်းရှင်းနဲ့ မကစားဘဲ အိမ်ရှင် ခရစ္စတယ်လ်ပဲလေ့စ်တို့ကို လန့်နေတဲ့ ပုံစံမျိုးနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပဲလေ့စ်နည်းပြ ပက်ထရစ် ဗီယာရာကတော့ သူတို့အိမ်ကွင်းမှာ ၄-၃-၃ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှူးသစ် အော့ဒ်ဆွန်း အေဒူယာကို ဇာဟာ၊ အာယူးတို့နဲ့ တိုက်စစ်မှာ သုံးစွဲခဲ့သလို ဂါလာဂါ၊ မီလီဗိုယေဗစ်ချ်နဲ့ မက်ကာသာတို့ရဲ့ ကွင်းလယ်ကစားအားကောင်းကို ယုံစားလာခဲ့တာပါ။

ဘရိုက်တန်တို့အနေနဲ့ ဒဏ်ရာရနေတဲ့ ကွင်းလယ်လူ ဘီဆူးမားရဲ့ လိုက်အားနဲ့ ဖျက်အားကို အစားမထိုးနိုင်ဘူးဆိုတာကို သဘောပေါက်ခဲ့လို့ ခံစစ်မှာ တစ်ယောက် ပိုထားခဲ့ချိန်မှာ တောင်ပံကိုလည်း တိုက်စစ်သန် ကစားသမားတွေ ထည့်သွင်းသင့်တာကို သိမှာဖြစ်ပေမယ့် နည်းပြ ဂရေဟမ် ပေါ့တာအနေနဲ့ ဇာဟာကို သတိထားရမှာဖြစ်လို့ အသေးလေး လမ့်ပ်တေအစား ဗဲလ်မန်းကိုပဲ ထည့်ခဲ့ရပါတယ်။

နှစ်သင်းလုံး အမှားစောင့်ကစားခဲ့ကြချိန်မှာ ဘရိုက်တန်တို့ကတော့ ဂရော့စ်နဲ့ လယ်လာနာရဲ့ နှေးကွေးတဲ့ ကွင်းလယ်အားနည်းချက်ကို ကာမိစေဖို့ ဘောလုံးပိုင်ဆိုင်မှုကို တတ်နိုင်သလောက် ရယူခဲ့ချိန်မှာ ၅၄ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး ပထမပိုင်းမှာ ပဲလေ့စ်တို့ရဲ့ ပွဲအစ တိုးအား ပြန်ကျသွားချိန်မှာ ခြိမ်းခြောက်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဂိုးရဖို့ ကံကတော့ ပဲလေ့စ့်တို့ဘက်မှာ ရှိခဲ့ပြီး နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဂါလာဂါကို ကိုယ့်အလုပ်မဟုတ်ဘဲ ဘယ်ခြမ်းအထိ နောက်ဆင်းပြီး ဂိုးဧရိယာထဲမှာ ဘော်ဒီတိုက်လိုက်တဲ့ ထရော့ဆတ်ကြောင့် ဒိုင်လူကြီး မာရင်နာက ပင်နယ်တီ သတ်မှတ်ပေးခဲ့ရာမှာ ဇာဟာက ဂိုးသမား ရောဘတ် ဆန်ချက်ဇ်ကို လှည့်စားကန်သွင်းပြီး ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အိမ်ရှင်တွေ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာ ဘရိုက်တန်တို့ ချေပဂိုးပြန်ရဖို့ ဖိကစားခဲ့ပေမယ့် ပဲလေ့စ်ဂိုးသမား ဂွိုင်တာကလည်း ကောင်းနေခဲ့သလို အိမ်ရှင်တွေရဲ့ တန်ပြန် တိုက်စစ်နဲ့ ဧည့်သည်တွေရဲ့ ဖိကစားမှု အားပြိုင်ခဲ့ရပြီး တစ်ဖက်နောက်တန်းရဲ့ အမှားတွေကြောင့်ရတဲ့ အခွင့်အရေးတွေကို အေဒူယာ၊ ဇာဟာနဲ့ အာယူးတို့ အသုံးမချနိုင်ခဲ့လို့ ပွဲက ဂိုးပြတ်မသွားဘဲဖြစ်နေခဲ့ပါတယ်။

နည်းပြ ပေါ့တာအနေနဲ့ သူ့ရဲ့ ၃-၄-၃ ကစားကွက်ကို ဒုတိယပိုင်းမှာ ပြောင်းလဲပြင်ဆင်သွားခဲ့သလို နောက်ခံလူ အရှည်ကြီး ဒန်ဘန်းကို ထုတ်ပြီး ပိုလန်ကွင်းလယ်လူ မိုဒါ၊ အိုင်ယာလန်တောင်ပံကစားသမား ကွန်နိုလီတို့နဲ့ တိုက်စစ်မြှင့်လာခဲ့ချိန်မှာ ပဲလေ့စ်ကတော့ ခံစစ်သန်ကွင်းလယ်လူတွေကို ထည့်သွင်းပြီး တိုက်စစ်မှာတော့ ခြေစွမ်းမပြနိုင်တဲ့ အေဒူယာအစား ဘန်တီကီကို ထည့်သွင်းခဲ့ပါတယ်။

မိနစ် ၉၀ ပြည့်ချိန်အထိ တစ်ဂိုး-ဂိုးမရှိနဲ့ပဲလေ့စ်တို့ ဦးဆောင်နေခဲ့လို့ သူတို့အတွက် နိုင်ပွဲတစ်ပွဲ ထပ်တိုးပြီလို့ ထင်မြင်နေတုန်းမှာပဲ နာကျင် အချိန်ပို ၅ မိနစ်မှာတော့ ကွင်းလယ်က ကန်တင်လိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး မော်ပေက နောက်ခံလူ သုံးယောက်ကြားက ပြေးထွက်ပြီး တစ်ချိန်လုံး အမှားမရှိတဲ့
ဂိုးသမား ဂွိုင်တာရဲ့ ခေါင်းပေါ်က ကျော်ကန်ပြီး ချေပသွားခဲ့သလို ဒီဂိုးကတော့ သူ့ရဲ့ Goal Kick ကနေ စတင်ခဲ့တာလည်းဖြစ်လို့ မခံချင်စရာပါ ဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ M23 ဒါဘီရဲ့ အသင်းနှစ်သင်းကြား တစ်မှတ်စီ ခွဲယူခဲ့ရပြီး ဗီယာရာအနေနဲ့ ဇယားအလယ်ကို တက်ရောက်ဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရသလို ပေါ့တာနဲ့ စင်ရော်တွေအနေနဲ့လည်း အသင်းသမိုင်းတစ်လျှောက်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ပထမဆုံးအကြိမ် ဦးဆောင်နိုင်ခွင့်ကို လက်လွှတ်ခဲ့ရပြီး ဦးဆောင်သူ လီဗာပူးလ်နောက်က ၁၃ မှတ်စီ ရယူထားနိုင်တဲ့ အသင်း ၅ သင်းကြားမှာ ဂိုးကွာခြားချက် အနည်းဆုံးနဲ့ အဆင့် ၆ မှာ ရပ်တည်သွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ိုက္တန္အသင္းအေနနဲ႔ ဒီေန႔ပြဲကို အႏိုင္ရရင္ ကလပ္အသင္းသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးမွတ္တမ္းကို ရရွိသြားႏိုင္ခ်ိန္မွာ အသင္းကို ခံစစ္ဦးစားေပး ၃-၄-၃ ပုံစံကို ျပန္ေျပာင္းခဲ့ၿပီး လြန္ခဲ့တဲ့ ပြဲေတြကလို စိတ္ရွင္းရွင္းနဲ႔ မကစားဘဲ အိမ္ရွင္ ခရစၥတယ္လ္ပဲေလ့စ္တို႔ကို လန႔္ေနတဲ့ ပုံစံမ်ိဳးနဲ႔ ပြဲထြက္လာခဲ့ပါတယ္။

ပဲေလ့စ္နည္းျပ ပက္ထရစ္ ဗီယာရာကေတာ့ သူတို႔အိမ္ကြင္းမွာ ၄-၃-၃ ကစားကြက္နဲ႔ပဲ ပြဲထြက္လာခဲ့ၿပီး တိုက္စစ္မႉးသစ္ ေအာ့ဒ္ဆြန္း ေအဒူယာကို ဇာဟာ၊ အာယူးတို႔နဲ႔ တိုက္စစ္မွာ သုံးစြဲခဲ့သလို ဂါလာဂါ၊ မီလီဗိုေယဗစ္ခ်္နဲ႔ မက္ကာသာတို႔ရဲ႕ ကြင္းလယ္ကစားအားေကာင္းကို ယုံစားလာခဲ့တာပါ။

ဘ႐ိုက္တန္တို႔အေနနဲ႔ ဒဏ္ရာရေနတဲ့ ကြင္းလယ္လူ ဘီဆူးမားရဲ႕ လိုက္အားနဲ႔ ဖ်က္အားကို အစားမထိုးႏိုင္ဘူးဆိုတာကို သေဘာေပါက္ခဲ့လို႔ ခံစစ္မွာ တစ္ေယာက္ ပိုထားခဲ့ခ်ိန္မွာ ေတာင္ပံကိုလည္း တိုက္စစ္သန္ ကစားသမားေတြ ထည့္သြင္းသင့္တာကို သိမွာျဖစ္ေပမယ့္ နည္းျပ ဂေရဟမ္ ေပါ့တာအေနနဲ႔ ဇာဟာကို သတိထားရမွာျဖစ္လို႔ အေသးေလး လမ့္ပ္ေတအစား ဗဲလ္မန္းကိုပဲ ထည့္ခဲ့ရပါတယ္။

ႏွစ္သင္းလုံး အမွားေစာင့္ကစားခဲ့ၾကခ်ိန္မွာ ဘ႐ိုက္တန္တို႔ကေတာ့ ဂေရာ့စ္နဲ႔ လယ္လာနာရဲ႕ ေႏွးေကြးတဲ့ ကြင္းလယ္အားနည္းခ်က္ကို ကာမိေစဖို႔ ေဘာလုံးပိုင္ဆိုင္မႈကို တတ္ႏိုင္သေလာက္ ရယူခဲ့ခ်ိန္မွာ ၅၄ ရာခိုင္ႏႈန္းအထိ ရရွိခဲ့ၿပီး ပထမပိုင္းမွာ ပဲေလ့စ္တို႔ရဲ႕ ပြဲအစ တိုးအား ျပန္က်သြားခ်ိန္မွာ ၿခိမ္းေျခာက္မႈေတြလည္း ဆက္တိုက္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ဂိုးရဖို႔ ကံကေတာ့ ပဲေလ့စ့္တို႔ဘက္မွာ ရွိခဲ့ၿပီး နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ဂါလာဂါကို ကိုယ့္အလုပ္မဟုတ္ဘဲ ဘယ္ျခမ္းအထိ ေနာက္ဆင္းၿပီး ဂိုးဧရိယာထဲမွာ ေဘာ္ဒီတိုက္လိုက္တဲ့ ထေရာ့ဆတ္ေၾကာင့္ ဒိုင္လူႀကီး မာရင္နာက ပင္နယ္တီ သတ္မွတ္ေပးခဲ့ရာမွာ ဇာဟာက ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္ကို လွည့္စားကန္သြင္းၿပီး ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ အိမ္ရွင္ေတြ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းမွာ ဘ႐ိုက္တန္တို႔ ေခ်ပဂိုးျပန္ရဖို႔ ဖိကစားခဲ့ေပမယ့္ ပဲေလ့စ္ဂိုးသမား ဂြိဳင္တာကလည္း ေကာင္းေနခဲ့သလို အိမ္ရွင္ေတြရဲ႕ တန္ျပန္ တိုက္စစ္နဲ႔ ဧည့္သည္ေတြရဲ႕ ဖိကစားမႈ အားၿပိဳင္ခဲ့ရၿပီး တစ္ဖက္ေနာက္တန္းရဲ႕ အမွားေတြေၾကာင့္ရတဲ့ အခြင့္အေရးေတြကို ေအဒူယာ၊ ဇာဟာနဲ႔ အာယူးတို႔ အသုံးမခ်ႏိုင္ခဲ့လို႔ ပြဲက ဂိုးျပတ္မသြားဘဲျဖစ္ေနခဲ့ပါတယ္။

နည္းျပ ေပါ့တာအေနနဲ႔ သူ႔ရဲ႕ ၃-၄-၃ ကစားကြက္ကို ဒုတိယပိုင္းမွာ ေျပာင္းလဲျပင္ဆင္သြားခဲ့သလို ေနာက္ခံလူ အရွည္ႀကီး ဒန္ဘန္းကို ထုတ္ၿပီး ပိုလန္ကြင္းလယ္လူ မိုဒါ၊ အိုင္ယာလန္ေတာင္ပံကစားသမား ကြန္ႏိုလီတို႔နဲ႔ တိုက္စစ္ျမႇင့္လာခဲ့ခ်ိန္မွာ ပဲေလ့စ္ကေတာ့ ခံစစ္သန္ကြင္းလယ္လူေတြကို ထည့္သြင္းၿပီး တိုက္စစ္မွာေတာ့ ေျခစြမ္းမျပႏိုင္တဲ့ ေအဒူယာအစား ဘန္တီကီကို ထည့္သြင္းခဲ့ပါတယ္။

မိနစ္ ၉၀ ျပည့္ခ်ိန္အထိ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲေလ့စ္တို႔ ဦးေဆာင္ေနခဲ့လို႔ သူတို႔အတြက္ ႏိုင္ပြဲတစ္ပြဲ ထပ္တိုးၿပီလို႔ ထင္ျမင္ေနတုန္းမွာပဲ နာက်င္ အခ်ိန္ပို ၅ မိနစ္မွာေတာ့ ကြင္းလယ္က ကန္တင္လိုက္တဲ့ ေဘာလုံးကို တိုက္စစ္မႉး ေမာ္ေပက ေနာက္ခံလူ သုံးေယာက္ၾကားက ေျပးထြက္ၿပီး တစ္ခ်ိန္လုံး အမွားမရွိတဲ့
ဂိုးသမား ဂြိဳင္တာရဲ႕ ေခါင္းေပၚက ေက်ာ္ကန္ၿပီး ေခ်ပသြားခဲ့သလို ဒီဂိုးကေတာ့ သူ႔ရဲ႕ Goal Kick ကေန စတင္ခဲ့တာလည္းျဖစ္လို႔ မခံခ်င္စရာပါ ျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ M23 ဒါဘီရဲ႕ အသင္းႏွစ္သင္းၾကား တစ္မွတ္စီ ခြဲယူခဲ့ရၿပီး ဗီယာရာအေနနဲ႔ ဇယားအလယ္ကို တက္ေရာက္ဖို႔ အခြင့္အေရး ဆုံးရႈံးခဲ့ရသလို ေပါ့တာနဲ႔ စင္ေရာ္ေတြအေနနဲ႔လည္း အသင္းသမိုင္းတစ္ေလွ်ာက္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ပထမဆုံးအႀကိမ္ ဦးေဆာင္ႏိုင္ခြင့္ကို လက္လႊတ္ခဲ့ရၿပီး ဦးေဆာင္သူ လီဗာပူးလ္ေနာက္က ၁၃ မွတ္စီ ရယူထားႏိုင္တဲ့ အသင္း ၅ သင္းၾကားမွာ ဂိုးကြာျခားခ်က္ အနည္းဆုံးနဲ႔ အဆင့္ ၆ မွာ ရပ္တည္သြားခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.