Premier League

ဂွါဒီယိုလာ ပြောခဲ့ဖူးတဲ့စကားကြောင့် ဖိအားတွေဝင်နေပြီဖြစ်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ သရေကျခဲ့ပြီးနောက် နောက်ထပ် ကြီးမားတဲ့ ရက်သတ္တပတ်ကို ရင်ဆိုင်ရဖို့ ရှိနေပြီး ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပေါ်တိုကို မထွက်ခွာမီ အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် တိုက်ပွဲဝင်ရဦးမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ မန်ချက်စတာစီးတီးအသင်းကို အန်းဖီးမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ချဲလ်ဆီးအသင်းကို စနေနေ့က ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ အနိုင်ယူပြထားတဲ့ စီးတီးကြောင့် လီဗာပူးလ်အသင်းအနေနဲ့ အရေးကြီးတဲ့ရက်သတ္တပတ်မတိုင်မီ အသင်းရဲ့အရည်အသွေးကို ပြန်လည်ဆန်းစစ်ရတော့မှာဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ပြိုင်ပွဲအတွက် ပွဲကြီးပွဲကောင်း မနွှဲခင် ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်သွားရဖို့ ရှိနေပြီး ပြီးခဲ့တဲ့ရာသီက မန်စီးတီးဟာ လီဗာပူးလ်အသင်းအိမ်ကွင်းမှာ ၄-၁ နဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက အန်းဖီးကွင်းကို နောက်ထပ်တစ်ကြိမ် သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်ကို စောင့်မျှော်နေပြီး ပိုမိုပြီး ခက်ခဲလာနိုင်တယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောကြားခဲ့ပါတယ်။

“နောက်တစ်ကြိမ်ကျရင် ကျွန်တော်တို့ လာရောက်ကြည့်ရှုသူတွေရှိနေတဲ့ အန်းဖီးမှာ တူညီတဲ့စွမ်းဆောင်ရည်မျိုး ပြသနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ပရိသတ်တွေရှိတဲ့ အန်းဖီးနဲ့ ပရိသတ်တွေမရှိတဲ့အန်းဖီးက လုံးဝကို ကွဲပြားခြားနားပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့စနေနေ့က ဘရန့်ဖို့ဒ်အသင်းနဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ခံစစ်ပိုင်းမှာ ပြဿနာရှိနေခဲ့ပြီး အဝေးဘောတွေကို ဖြေရှင်းနိုင်ခဲ့ခြင်းမရှိဘူးလို့ ကလော့ပ်က ပွဲအပြီးမှာ ဝန်ခံပြောကြားခဲ့ပါတယ်။

“သူတို့တွေ ကစားတဲ့ပုံစံနဲ့ ၃ ဂိုး ရတာက ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ အဝေးဘောတွေကို မဖြေရှင်းနိုင်ခဲ့တာ သိသာပေမယ့် ဒီထက်တော့ ဂိုးတွေ ပိုပြီး သွင်းယူနိုင်ခဲ့သင့်ပါတယ်။ ခင်ဗျား သူတို့ကို အများကြီး ပိုကောင်းကောင်း ထိန်းချုပ်နိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး”

“ကျွန်တော်တို့ ရှင်းလင်းပြတ်သားတဲ့ အခွင့်အရေး အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းအရ သူတို့ကို မကိုင်တွယ်နိုင်ခဲ့ပါဘူး။ ဒီလိုအရာတွေက ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ ဂိုးတွေ ပိုသွင်းယူနိုင်ခဲ့သင့်တယ်။ ကျွန်တော်တို့ ၃-၂ ဒါမှမဟုတ် ၄-၃ နဲ့ အနိုင်ရခဲ့တယ်ဆိုရင်တောင် ခံစစ်ပိုင်းမှာ ရုန်းကန်နေရမှုတွေ ရှိနေပါသေးတယ်။ တိုနီနဲ့ မူမိုတို့က တကယ်ကို ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်”

“သူတို့တွေက သရေ ၁ မှတ်နဲ့လည်း ထိုက်တန်ခဲ့တာပဲ။ ဘာလို့လဲဆိုတော့ သူတို့တွေ အမှန်အကန်တိုက်ပွဲဝင်ခဲ့လို့ပါ။ အဲဒါကို ကျွန်တော် အများကြီး လေးစားပါတယ်။ အဆုံးမှာတော့ ကျွန်တော်တို့ ပိုကောင်းအောင်လုပ်နိုင်ခဲ့သင့်တယ်ဆိုတဲ့ အခြေအနေတွေရှိနေပြီး အဲဒီလိုသာ လုပ်နိုင်ခဲ့ရင် လုံးဝကို မတူတဲ့ပွဲဖြစ်ခဲ့ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ ဘရန္႔ဖို႔ဒ္အသင္းနဲ႔ သေရက်ခဲ့ၿပီးေနာက္ ေနာက္ထပ္ ႀကီးမားတဲ့ ရက္သတၱပတ္ကို ရင္ဆုိင္ရဖို႔ ရွိေနၿပီး ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ ေပၚတုိကို မထြက္ခြာမီ အမွတ္ေပးဇယားထိပ္ဆံုးေနရာအတြက္ တုိက္ပြဲဝင္ရဦးမွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ လာမယ့္ တနဂၤေႏြေန႔မွာ မန္ခ်က္စတာစီးတီးအသင္းကို အန္းဖီးမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကုိ စေနေန႔က ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္နဲ႔ အႏုိင္ယူျပထားတဲ့ စီးတီးေၾကာင့္ လီဗာပူးလ္အသင္းအေနနဲ႔ အေရးႀကီးတဲ့ရက္သတၱပတ္မတုိင္မီ အသင္းရဲ႕အရည္အေသြးကို ျပန္လည္ဆန္းစစ္ရေတာ့မွာျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ လီဗာပူးလ္အသင္းနဲ႔ ပရီးမီးယားလိဂ္ဖလား ၿပိဳင္ပြဲအတြက္ ပြဲႀကီးပြဲေကာင္း မႏႊဲခင္ ၾကားရက္မွာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ပီအက္စ္ဂ်ီအသင္းနဲ႔ ရင္ဆုိင္သြားရဖို႔ ရွိေနၿပီး ၿပီးခဲ့တဲ့ရာသီက မန္စီးတီးဟာ လီဗာပူးလ္အသင္းအိမ္ကြင္းမွာ ၄-၁ နဲ႔ ျပတ္ျပတ္သားသား အႏုိင္ရရွိခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက အန္းဖီးကြင္းကို ေနာက္ထပ္တစ္ႀကိမ္ သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္ကို ေစာင့္ေမွ်ာ္ေနၿပီး ပိုမိုၿပီး ခက္ခဲလာႏိုင္တယ္လုိ႔ ၿပီးခဲ့တဲ့ႏွစ္က ေျပာၾကားခဲ့ပါတယ္။

“ေနာက္တစ္ႀကိမ္က်ရင္ ကၽြန္ေတာ္တုိ႔ လာေရာက္ၾကည့္ရႈသူေတြရွိေနတဲ့ အန္းဖီးမွာ တူညီတဲ့စြမ္းေဆာင္ရည္မ်ိဳး ျပသႏုိင္မယ္လုိ႔ ေမွ်ာ္လင့္မိပါတယ္။ ပရိသတ္ေတြရွိတဲ့ အန္းဖီးနဲ႔ ပရိသတ္ေတြမရွိတဲ့အန္းဖီးက လံုးဝကို ကြဲျပားျခားနားပါတယ္”လုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့စေနေန႔က ဘရန္႔ဖို႔ဒ္အသင္းနဲ႔ တစ္ဖက္ ၃ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ခံစစ္ပိုင္းမွာ ျပႆနာရွိေနခဲ့ၿပီး အေဝးေဘာေတြကို ေျဖရွင္းႏုိင္ခဲ့ျခင္းမရွိဘူးလို႔ ကေလာ့ပ္က ပြဲအၿပီးမွာ ဝန္ခံေျပာၾကားခဲ့ပါတယ္။

“သူတို႔ေတြ ကစားတဲ့ပံုစံနဲ႔ ၃ ဂိုး ရတာက ထုိက္တန္ပါတယ္။ ကၽြန္ေတာ္တို႔ ဒီေန႔ အေဝးေဘာေတြကို မေျဖရွင္းႏုိင္ခဲ့တာ သိသာေပမယ့္ ဒီထက္ေတာ့ ဂိုးေတြ ပိုၿပီး သြင္းယူႏုိင္ခဲ့သင့္ပါတယ္။ ခင္ဗ်ား သူတို႔ကို အမ်ားႀကီး ပိုေကာင္းေကာင္း ထိန္းခ်ဳပ္ႏုိင္မယ္လုိ႔ ကၽြန္ေတာ္ မထင္ပါဘူး”

“ကၽြန္ေတာ္တုိ႔ ရွင္းလင္းျပတ္သားတဲ့ အခြင့္အေရး အမ်ားႀကီး ဖန္တီးႏုိင္ခဲ့ေပမယ့္ ခံစစ္ပိုင္းအရ သူတို႔ကို မကိုင္တြယ္ႏုိင္ခဲ့ပါဘူး။ ဒီလိုအရာေတြက ျဖစ္တတ္ပါတယ္။ ကၽြန္ေတာ္တုိ႔ ဂိုးေတြ ပိုသြင္းယူႏုိင္ခဲ့သင့္တယ္။ ကၽြန္ေတာ္တို႔ ၃-၂ ဒါမွမဟုတ္ ၄-၃ နဲ႔ အႏုိင္ရခဲ့တယ္ဆုိရင္ေတာင္ ခံစစ္ပိုင္းမွာ ရုန္းကန္ေနရမႈေတြ ရွိေနပါေသးတယ္။ တိုနီနဲ႔ မူမိုတို႔က တကယ္ကို ေကာင္းေကာင္းကစားႏုိင္ခဲ့ပါတယ္”

“သူတို႔ေတြက သေရ ၁ မွတ္နဲ႔လည္း ထိုက္တန္ခဲ့တာပဲ။ ဘာလို႔လဲဆုိေတာ့ သူတို႔ေတြ အမွန္အကန္တုိက္ပြဲဝင္ခဲ့လုိ႔ပါ။ အဲဒါကို ကၽြန္ေတာ္ အမ်ားႀကီး ေလးစားပါတယ္။ အဆံုးမွာေတာ့ ကၽြန္ေတာ္တုိ႔ ပိုေကာင္းေအာင္လုပ္ႏုိင္ခဲ့သင့္တယ္ဆုိတဲ့ အေျခအေနေတြရွိေနၿပီး အဲဒီလိုသာ လုပ္ႏုိင္ခဲ့ရင္ လံုးဝကို မတူတဲ့ပြဲျဖစ္ခဲ့ပါလိမ့္မယ္”လုိ့ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.