Analysis Premier League

ဘရိုက်တန်ရဲ့ ဇယားထိပ်က ဦးဆောင်ခွင့်ကို M23 ဒါဘီမှာ ပဲလေ့စ်တို့ တားဆီးသွားမှာလား

ဒီတစ်ပတ်ကတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းကြီးတွေ အမှတ်လျော့ချိန်မှာ ၅ ပွဲကစားပြီး ၄ ပွဲနိုင် ၁၂ မှတ်ရထားတဲ့ တောင်ပိုင်းကမ်းခြေက ဘရိုက်တန်တို့အနေနဲ့ လန်ဒန်မှာ နိုင်ပွဲယူပြီး ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁ နေရာကို လီဗာပူးလ်အသင်းဆီက လုယူနိုင်မလားဆိုတာ တနင်္လာနေ့ညပွဲကျန်နဲ့ စိတ်ဝင်စားစရာဖြစ်ခဲ့တာပါ။

၅ ပွဲမှာ ၅ မှတ်သာ ရသေးပြီး နိုင်ပွဲတစ်ပွဲသာ ပိုင်ဆိုင်ထားတဲ့ ခရစ္စတယ်လ်ပဲလေ့စ်တို့အတွက်တော့ ဒီနေ့ပွဲဟာ တန်းဆင်းဇုန်အနီးကနေ ရုန်းထွက်ဖို့ ပါဝါတူအသင်းချင်း တွေ့ဆုံမှုမှာ အခွင့်အရေးယူဖို့ အကောင်းဆုံးအချိန်ဖြစ်ပြီး စပါးစ်ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူထားဖူးပေမယ့် လီဗာပူးလ်ကို သုံးဂိုး-ဂိုးမရှိနဲ့ပဲ ပြန်အရှုံးပေးထားခဲ့ရပြီး ဒီနေ့ပွဲကတော့ သူတို့အတွက် တတိယမြောက် အိမ်ကွင်းပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။

ဘရိုက်တန်တို့ကတော့ အိမ်ကွင်းပွဲစဉ်တစ်ပွဲကိုသာ အဲဗာတန်ဆီ ရှုံးနိမ့်ထားခဲ့သလို အဝေးကွင်းမှာတော့ ဘန်လေလို မာကျောတဲ့ အသင်းမျိုးနဲ့ ဘရန့်ဖို့ဒ်လို မာယာများတဲ့ အသင်းမျိုးတွေကိုတောင် အနိုင်ရရှိထားခဲ့လို့ ပရီးမီးယားလိဂ်ကို ဒီရာသီမှာမှ ခြေပြန်ချတဲ့ ပဲလေ့စ်နည်းပြ ပက်ထရစ် ဗီယာရာကို သူမသိသေးတဲ့ အကွက်တွေနဲ့ ဂရေဟမ် ပေါ့တာက အလဲထိုးနိုင်မလား စောင့်ကြည့်ရမှာပါ။

အိမ်ရှင် ပဲလေ့စ်မှာ ကွင်းလယ်လူ ဂါလာဂါ ခြေစွမ်းပြနေပြီး ဇာဟာက ပိုမိုအရေးပါတဲ့ ကစားသမားဖြစ်လာသလို ဘန်တီကို တိုးခိုင်းပြီး ကျချိန်မှ အေဒူယာကို လူစားဝင်ခိုင်းတဲ့ ပုံစံမျိုးကိုပဲ ဗီယာရာအနေနဲ့ သုံးစွဲဦးမယ်လို့ ယူဆရပြီး ၄-၂-၃-၁ ပုံစံနဲ့ တိုက်စစ်ပြောင်းကစားနေတဲ့ စင်ရော်တွေအတွက် အချိန်ကောင်းမှာ အစွမ်းပြနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

ဘရိုက်တန်အတွက်တော့ တိုက်စစ်မှူး မော်ပေနဲ့ ဝဲလ်ဘက်တို့က ဒီရာသီမှာ အဓိက ဇာတ်ဆောင်ဖြစ်နေသလို တိုက်စစ်တောင်ပံတွေကို အသုံးပြုလာတဲ့ ကစားကွက်မှာ ဘယ်လ်ဂျီယမ်သား ထရော့ဆတ်ကလည်း နေရာရမှုနဲ့ ခြေစွမ်းတိုးတက်လာနေပြီး ဘယ်နောက်ခံလူ ကူကူရဲလားရဲ့ တိုက်စစ်လိုက်ပါမှုနဲ့ အနီးအဝေးပေးပို့မှုတွေကတော့ သူတို့ကို ဒီရာသီမှာ အဆင့် ၁ ကို စိန်ခေါ်နိုင်စွမ်းရှိလာတဲ့ အချက်တွေလည်းဖြစ်ပါတယ်။

ဘီဘီစီရဲ့ မာ့ခ် လော်ရင်ဆန်ကတော့ M23 ဒါဘီမှာ ပဲလေ့စ်တို့ ဗျာများသွားရနိုင်ပြီး ဗီယာရာအနေနဲ့ သူ့ရဲ့ ပထမဆုံး ဒါဘီတွေ့ဆုံမှုမှာ သာမန်အဆင့်သာရှိတဲ့ အသင်းရဲ့ ခြေစွမ်းကို တိုးတက်အောင် မလုပ်နိုင်ရင် ၅ ပွဲမှာ ၄ ပွဲနိုင်ပြီး ပုံစံကောင်းရနေတဲ့အပြင် ကံကောင်းနေတဲ့ ဘရိုက်တန်ကို အနည်းဆုံး တစ်မှတ်တော့ ပေးရနိုင်တယ်လို့ ခန့်မှန်းထားပြီး တစ်ဂိုးစီ သရေလို့ ဆိုထားခဲ့ပါတယ်။

စကိုင်းစပို့စ်ရဲ့ ပေါလ် မာဆန်ကတော့ ဒီပွဲမှာ ဂိုးများမယ်လို့ ထင်နေပြီး ဗီယာရာအနေနဲ့ သူ့ရဲ့ အရည်အသွေးကို ပြသထားနိုင်ချိန်မှာ ဇာဟာနဲ့ ဘန်တီကီတို့ဟာ ဂိုးရှာမယ့်သူတွေဖြစ်လာနိုင်ပြီး အလယ်အလတ်အသင်းတွေကြားမှာ ခေါင်းတစ်လုံးသာကြောင်း သက်သေပြရဖို့ ရှိနေသလို ဂယ်လာဂါကလည်း ပဲလေ့စ်အတွက် အင်အားတစ်ခုလို့ ဆိုလိုက်ပါတယ်။

ဒါပေမယ့် ဘရိုက်တန်ရဲ့ အရင်ရာသီတွေနဲ့ ထူးခြားနေသလို ကွဲပြားခြားနားနေတဲ့ ပုံစံကောင်းအရတော့ နှစ်ဂိုးစီ သရေကျနိုင်မယ်လို့ အာဆင်နယ်ကွင်းလယ်လူဟောင်းကြီးက ယူဆနေသလို ဆဲလ်ဟာ့စ်ပါ့ခ်မှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ပွဲကိုတော့ တွေ့ကြုံရနိုင်ကြောင်း ခန့်မှန်းထားတာပါ။

ခန့်မှန်းရင် တစ်လွဲတွေ ဖြစ်တတ်တယ်လို့ ဆိုနေပေမယ့် ဒီရာသီမှာ တိုးတက်လာပြီး ဒီတစ်ပတ် တနင်္ဂနွေပွဲတွေအပြီးမှာ Focus သုံးပွဲအထိ မှန်ခဲ့တဲ့ မိုက်ကယ် အိုဝင်ကတော့ တစ်ဂိုးစီသရေလို့ ခန့်မှန်းထားတာကြောင့် ပုံမှန်အားဖြင့် အိပ်ရေးပျက်ခံပြီး စောင့်ကြည့်ချင်စရာမရှိတဲ့ ဒီနှစ်သင်းရဲ့ တွေ့ဆုံမှာဟာ ဒီညမှာ တစ်ခုခုများ ထူးခြားသွားမလား၊ ဒါမှမဟုတ် အရင်လိုပဲ မဲပြာပုဆိုးပုံစံနဲ့ပဲ ပြီးဆုံးသွားမလားဆိုတာကတော့ အဖြူအမဲသည်းကွဲဖို့ ရှိလာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီတစ္ပတ္ကေတာ့ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ အသင္းႀကီးေတြ အမွတ္ေလ်ာ့ခ်ိန္မွာ ၅ ပြဲကစားၿပီး ၄ ပြဲႏိုင္ ၁၂ မွတ္ရထားတဲ့ ေတာင္ပိုင္းကမ္းေျခက ဘ႐ိုက္တန္တို႔အေနနဲ႔ လန္ဒန္မွာ ႏိုင္ပြဲယူၿပီး ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၁ ေနရာကို လီဗာပူးလ္အသင္းဆီက လုယူႏိုင္မလားဆိုတာ တနလၤာေန႔ညပြဲက်န္နဲ႔ စိတ္ဝင္စားစရာျဖစ္ခဲ့တာပါ။

၅ ပြဲမွာ ၅ မွတ္သာ ရေသးၿပီး ႏိုင္ပြဲတစ္ပြဲသာ ပိုင္ဆိုင္ထားတဲ့ ခရစၥတယ္လ္ပဲေလ့စ္တို႔အတြက္ေတာ့ ဒီေန႔ပြဲဟာ တန္းဆင္းဇုန္အနီးကေန ႐ုန္းထြက္ဖို႔ ပါဝါတူအသင္းခ်င္း ေတြ႕ဆုံမႈမွာ အခြင့္အေရးယူဖို႔ အေကာင္းဆုံးအခ်ိန္ျဖစ္ၿပီး စပါးစ္ကို သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူထားဖူးေပမယ့္ လီဗာပူးလ္ကို သုံးဂိုး-ဂိုးမရွိနဲ႔ပဲ ျပန္အရႈံးေပးထားခဲ့ရၿပီး ဒီေန႔ပြဲကေတာ့ သူတို႔အတြက္ တတိယေျမာက္ အိမ္ကြင္းပြဲစဥ္ကို ကစားရမွာျဖစ္ပါတယ္။

ဘ႐ိုက္တန္တို႔ကေတာ့ အိမ္ကြင္းပြဲစဥ္တစ္ပြဲကိုသာ အဲဗာတန္ဆီ ရႈံးနိမ့္ထားခဲ့သလို အေဝးကြင္းမွာေတာ့ ဘန္ေလလို မာေက်ာတဲ့ အသင္းမ်ိဳးနဲ႔ ဘရန႔္ဖို႔ဒ္လို မာယာမ်ားတဲ့ အသင္းမ်ိဳးေတြကိုေတာင္ အႏိုင္ရရွိထားခဲ့လို႔ ပရီးမီးယားလိဂ္ကို ဒီရာသီမွာမွ ေျချပန္ခ်တဲ့ ပဲေလ့စ္နည္းျပ ပက္ထရစ္ ဗီယာရာကို သူမသိေသးတဲ့ အကြက္ေတြနဲ႔ ဂေရဟမ္ ေပါ့တာက အလဲထိုးႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

အိမ္ရွင္ ပဲေလ့စ္မွာ ကြင္းလယ္လူ ဂါလာဂါ ေျခစြမ္းျပေနၿပီး ဇာဟာက ပိုမိုအေရးပါတဲ့ ကစားသမားျဖစ္လာသလို ဘန္တီကို တိုးခိုင္းၿပီး က်ခ်ိန္မွ ေအဒူယာကို လူစားဝင္ခိုင္းတဲ့ ပုံစံမ်ိဳးကိုပဲ ဗီယာရာအေနနဲ႔ သုံးစြဲဦးမယ္လို႔ ယူဆရၿပီး ၄-၂-၃-၁ ပုံစံနဲ႔ တိုက္စစ္ေျပာင္းကစားေနတဲ့ စင္ေရာ္ေတြအတြက္ အခ်ိန္ေကာင္းမွာ အစြမ္းျပႏိုင္မလားဆိုတာကေတာ့ စိတ္ဝင္စားစရာျဖစ္ေနပါတယ္။

ဘ႐ိုက္တန္အတြက္ေတာ့ တိုက္စစ္မႉး ေမာ္ေပနဲ႔ ဝဲလ္ဘက္တို႔က ဒီရာသီမွာ အဓိက ဇာတ္ေဆာင္ျဖစ္ေနသလို တိုက္စစ္ေတာင္ပံေတြကို အသုံးျပဳလာတဲ့ ကစားကြက္မွာ ဘယ္လ္ဂ်ီယမ္သား ထေရာ့ဆတ္ကလည္း ေနရာရမႈနဲ႔ ေျခစြမ္းတိုးတက္လာေနၿပီး ဘယ္ေနာက္ခံလူ ကူကူရဲလားရဲ႕ တိုက္စစ္လိုက္ပါမႈနဲ႔ အနီးအေဝးေပးပို႔မႈေတြကေတာ့ သူတို႔ကို ဒီရာသီမွာ အဆင့္ ၁ ကို စိန္ေခၚႏိုင္စြမ္းရွိလာတဲ့ အခ်က္ေတြလည္းျဖစ္ပါတယ္။

ဘီဘီစီရဲ႕ မာ့ခ္ ေလာ္ရင္ဆန္ကေတာ့ M23 ဒါဘီမွာ ပဲေလ့စ္တို႔ ဗ်ာမ်ားသြားရႏိုင္ၿပီး ဗီယာရာအေနနဲ႔ သူ႔ရဲ႕ ပထမဆုံး ဒါဘီေတြ႕ဆုံမႈမွာ သာမန္အဆင့္သာရွိတဲ့ အသင္းရဲ႕ ေျခစြမ္းကို တိုးတက္ေအာင္ မလုပ္ႏိုင္ရင္ ၅ ပြဲမွာ ၄ ပြဲႏိုင္ၿပီး ပုံစံေကာင္းရေနတဲ့အျပင္ ကံေကာင္းေနတဲ့ ဘ႐ိုက္တန္ကို အနည္းဆုံး တစ္မွတ္ေတာ့ ေပးရႏိုင္တယ္လို႔ ခန႔္မွန္းထားၿပီး တစ္ဂိုးစီ သေရလို႔ ဆိုထားခဲ့ပါတယ္။

စကိုင္းစပို႔စ္ရဲ႕ ေပါလ္ မာဆန္ကေတာ့ ဒီပြဲမွာ ဂိုးမ်ားမယ္လို႔ ထင္ေနၿပီး ဗီယာရာအေနနဲ႔ သူ႔ရဲ႕ အရည္အေသြးကို ျပသထားႏိုင္ခ်ိန္မွာ ဇာဟာနဲ႔ ဘန္တီကီတို႔ဟာ ဂိုးရွာမယ့္သူေတြျဖစ္လာႏိုင္ၿပီး အလယ္အလတ္အသင္းေတြၾကားမွာ ေခါင္းတစ္လုံးသာေၾကာင္း သက္ေသျပရဖို႔ ရွိေနသလို ဂယ္လာဂါကလည္း ပဲေလ့စ္အတြက္ အင္အားတစ္ခုလို႔ ဆိုလိုက္ပါတယ္။

ဒါေပမယ့္ ဘ႐ိုက္တန္ရဲ႕ အရင္ရာသီေတြနဲ႔ ထူးျခားေနသလို ကြဲျပားျခားနားေနတဲ့ ပုံစံေကာင္းအရေတာ့ ႏွစ္ဂိုးစီ သေရက်ႏိုင္မယ္လို႔ အာဆင္နယ္ကြင္းလယ္လူေဟာင္းႀကီးက ယူဆေနသလို ဆဲလ္ဟာ့စ္ပါ့ခ္မွာ ျပင္းထန္တဲ့ တိုက္ပြဲတစ္ပြဲကိုေတာ့ ေတြ႕ႀကဳံရႏိုင္ေၾကာင္း ခန႔္မွန္းထားတာပါ။

ခန႔္မွန္းရင္ တစ္လြဲေတြ ျဖစ္တတ္တယ္လို႔ ဆိုေနေပမယ့္ ဒီရာသီမွာ တိုးတက္လာၿပီး ဒီတစ္ပတ္ တနဂၤေႏြပြဲေတြအၿပီးမွာ Focus သုံးပြဲအထိ မွန္ခဲ့တဲ့ မိုက္ကယ္ အိုဝင္ကေတာ့ တစ္ဂိုးစီသေရလို႔ ခန႔္မွန္းထားတာေၾကာင့္ ပုံမွန္အားျဖင့္ အိပ္ေရးပ်က္ခံၿပီး ေစာင့္ၾကည့္ခ်င္စရာမရွိတဲ့ ဒီႏွစ္သင္းရဲ႕ ေတြ႕ဆုံမွာဟာ ဒီညမွာ တစ္ခုခုမ်ား ထူးျခားသြားမလား၊ ဒါမွမဟုတ္ အရင္လိုပဲ မဲျပာပုဆိုးပုံစံနဲ႔ပဲ ၿပီးဆုံးသြားမလားဆိုတာကေတာ့ အျဖဴအမဲသည္းကြဲဖို႔ ရွိလာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.