Premier League

သရဲနီကြီးကိုယ်တိုင် ဒီရာသီလည်း ဖလားမရဘူးလို့ ပြောတာခံခဲ့ရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်း ဂယ်ရီ နဗီးက ယူနိုက်တက်ဟာ အမှတ်ပေးဇယားထိပ်ပိုင်းက အခြားအသင်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အသင်းအဖွဲ့အနေနဲ့ ကောင်းသင့်သလောက် ကောင်းအောင် မကစားနိုင်တာကြောင့် ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ မျှော်လင့်ချက် နည်းနည်းလေးပဲ ရှိတယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီအဖွင့်ကို ကောင်းစွာ စတင်နိုင်ခဲ့ပြီးနောက် ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ ရှုံးနိမ့်ထားပြီး မကြာသေးတဲ့ စနေနေ့ကလည်း ပရီးမီးယားလိဂ်မှာ အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ကော့တ်နေး ဟောက်စ်ရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် အက်စ်တွန်ဗီလာက ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်ဟာ နာကျင်အချိန်ပိုမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို လွဲချော်ခဲ့တာကြောင့် ဆိုးလ်ရှားအတွက် စိတ်ပျက်စရာ ညနေခင်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ညမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ရမှတ် ၁ မှတ်သာ ကွာဟနေတာဖြစ်ပေမယ့်လည်း နဗီးက ယူနိုက်တက်ဟာ ကြီးမားတဲ့ နွေရာသီကစားသမား ခေါ်ယူမှု ၃ ခုရဲ့ အကူအညီမရတဲ့အပြင် အသင်းအဖွဲ့အနေနဲ့ ညီညွတ်မှုမရှိခြင်းကြောင့် ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိနိုင်မှာမဟုတ်ဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။

“သူတို့တွေ အနိုင်ရရှိနေတုန်းမှာတောင်၊ ရော်နယ်ဒို ဂိုးသွင်းနေတဲ့အချိန်မှာတောင် ကျွန်တော် အဲဒီစကားကို ပြောခဲ့ပါတယ်။ ကျွန်တော့်အမြင်မှာ သူတို့တွေ ဒီလိဂ်ဖလားကို အနိုင်ရရှိဖို့အတွက် အသင်းအဖွဲ့အနေနဲ့ ကောင်းသင့်သလောက် ကောင်းအောင် ကစားနိုင်ဘူးလို့ ပြောခဲ့ပါတယ်”

“ခင်ဗျားမှာ ဘောလုံးပိုင်ဆိုင်မှု ရတာ၊ မရတာကို တန်ဖိုးသတ်မှတ်ထားရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ခင်ဗျားက ဘောလုံးရတဲ့အခိုက်အတံ့လေးမှာပဲ တခုခုလုပ်နိုင်တဲ့အခါကျရင် အဲဒီအခိုက်အတံ့လေးတွေက ခင်ဗျားကို ပွဲစဉ်တွေကို အနိုင်ရရှိစေမှာ မဟုတ်ပါဘူး။ ခင်ဗျားမှာ ကစားတဲ့ပုံစံတစ်ခု လိုတယ်။ ကစားနည်းလိုတယ်”

“အခု ဒီစကားပြောနေတဲ့ အချိန်မှာ တစ်ဦးချင်းစီ အချို့ပုံစံ၊ စုဖွဲ့မှုတွေနဲ့ အုပ်စုဖွဲ့ပြီး ကစားနေတာကို ကျွန်တော် မြင်နေရသေးတယ်။ အသင်းက ကစားသမားသစ်တွေ အတူတူကစားနေတဲ့အသင်းဖြစ်နေသေးပေမယ့် သူတို့တွေအနေနဲ့ အသင်းအဖွဲ့အဖြစ် အတူတူကစားပြီး ကစားဟန်တစ်ခုကို စတင်သတ်မှတ်ရပါမယ်။ ပြီးရင်တော့ ခင်ဗျား ကောင်းကောင်းမကစားနိုင်တဲ့အချိန်ကျရင်လည်း ရလဒ်ကောင်းတွေ စတင်ရမှာပါ”

ဂယ်ရီ နဗီးက အသင်းထဲမှာ ရှိနေတဲ့ ပါရမီရှင်ကစားသမားတွေကို ရောသမမွှေဖို့ တာဝန်က ဆိုးလ်ရှားလက်ထဲမှာ ရှိနေပေမယ့် ယခုရာသီ ချဲလ်ဆီး၊ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကို လိုက်မီနိုင်မယ်လို့ မမြင်ဘူးလို့ ပြောကြားပါတယ်။

“ကျွန်တော် သူတို့ကို ထူးဆန်းတဲ့အုပ်စုလို့ ခေါ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့ကို ကြည့်ပြီး သူတို့တွေက အခိုက်အတံ့တစ်ခုမှာ ပွဲစဉ်တွေကို အနိုင်ရတဲ့အသင်းအဖြစ် ထင်မြင်နေသေးလို့ပါ။ ကျွန်တော် ချဲလ်ဆီး၊ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကို ကြည့်လိုက်တော့ သူတို့က အစုအဖွဲ့ပဲ။ သူတို့တွေက အသင်းလိုက်စွမ်းဆောင်ရည်ကို စိုက်ထုတ်ကြတယ်။ ယူနိုက်တက်က အဲဒီလို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးလို့ ပြောတာတော့မဟုတ်ပေမယ့် အိုလေအနေနဲ့ အခုအချိန်မှာ ယူနိုက်တက်ကို အသင်းအဖွဲ့ဖြစ်အောင် လုပ်ရတော့မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ေနာက္ခံကစားသမားေဟာင္း ဂယ္ရီ နဗီးက ယူနိုက္တက္ဟာ အမွတ္ေပးဇယားထိပ္ပိုင္းက အျခားအသင္းေတြနဲ႔ ႏွိုင္းယွဥ္မယ္ဆိုရင္ အသင္းအဖြဲ႕အေနနဲ႔ ေကာင္းသင့္သေလာက္ ေကာင္းေအာင္ မကစားနိုင္တာေၾကာင့္ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို ရရွိဖို႔ ေမၽွာ္လင့္ခ်က္ နည္းနည္းေလးပဲ ရွိတယ္လို႔ ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ရာသီအဖြင့္ကို ေကာင္းစြာ စတင္နိုင္ခဲ့ၿပီးေနာက္ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၄ ပြဲမွာ ၃ ပြဲ ရႈံးနိမ့္ထားၿပီး မၾကာေသးတဲ့ စေနေန႔ကလည္း ပရီးမီးယားလိဂ္မွာ အက္စ္တြန္ဗီလာကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ေကာ့တ္ေနး ေဟာက္စ္ရဲ့ ေခါင္းတိုက္သြင္းဂိုးေၾကာင့္ အက္စ္တြန္ဗီလာက ၁-၀ နဲ႔ အနိုင္ရရွိခဲ့တာျဖစ္ၿပီး ဘ႐ူနို ဖာနန္ဒက္စ္ဟာ နာက်င္အခ်ိန္ပိုမွာ ရရွိခဲ့တဲ့ ပင္နယ္တီကို လြဲေခ်ာ္ခဲ့တာေၾကာင့္ ဆိုးလ္ရွားအတြက္ စိတ္ပ်က္စရာ ညေနခင္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

တနဂၤေႏြေန႔ညမွာေတာ့ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးေနရာနဲ႔ ရမွတ္ ၁ မွတ္သာ ကြာဟေနတာျဖစ္ေပမယ့္လည္း နဗီးက ယူနိုက္တက္ဟာ ႀကီးမားတဲ့ ေႏြရာသီကစားသမား ေခၚယူမႈ ၃ ခုရဲ့ အကူအညီမရတဲ့အျပင္ အသင္းအဖြဲ႕အေနနဲ႔ ညီညြတ္မႈမရွိျခင္းေၾကာင့္ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို အနိုင္ရရွိနိုင္မွာမဟုတ္ဘူးလို႔ ခံစားေနရတာျဖစ္ပါတယ္။

“သူတို႔ေတြ အနိုင္ရရွိေနတုန္းမွာေတာင္၊ ေရာ္နယ္ဒို ဂိုးသြင္းေနတဲ့အခ်ိန္မွာေတာင္ ကၽြန္ေတာ္ အဲဒီစကားကို ေျပာခဲ့ပါတယ္။ ကၽြန္ေတာ့္အျမင္မွာ သူတို႔ေတြ ဒီလိဂ္ဖလားကို အနိုင္ရရွိဖို႔အတြက္ အသင္းအဖြဲ႕အေနနဲ႔ ေကာင္းသင့္သေလာက္ ေကာင္းေအာင္ ကစားနိုင္ဘူးလို႔ ေျပာခဲ့ပါတယ္”

“ခင္ဗ်ားမွာ ေဘာလုံးပိုင္ဆိုင္မႈ ရတာ၊ မရတာကို တန္ဖိုးသတ္မွတ္ထားရမယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ခင္ဗ်ားက ေဘာလုံးရတဲ့အခိုက္အတံ့ေလးမွာပဲ တခုခုလုပ္နိုင္တဲ့အခါက်ရင္ အဲဒီအခိုက္အတံ့ေလးေတြက ခင္ဗ်ားကို ပြဲစဥ္ေတြကို အနိုင္ရရွိေစမွာ မဟုတ္ပါဘူး။ ခင္ဗ်ားမွာ ကစားတဲ့ပုံစံတစ္ခု လိုတယ္။ ကစားနည္းလိုတယ္”

“အခု ဒီစကားေျပာေနတဲ့ အခ်ိန္မွာ တစ္ဦးခ်င္းစီ အခ်ိဳ႕ပုံစံ၊ စုဖြဲ႕မႈေတြနဲ႔ အုပ္စုဖြဲ႕ၿပီး ကစားေနတာကို ကၽြန္ေတာ္ ျမင္ေနရေသးတယ္။ အသင္းက ကစားသမားသစ္ေတြ အတူတူကစားေနတဲ့အသင္းျဖစ္ေနေသးေပမယ့္ သူတို႔ေတြအေနနဲ႔ အသင္းအဖြဲ႕အျဖစ္ အတူတူကစားၿပီး ကစားဟန္တစ္ခုကို စတင္သတ္မွတ္ရပါမယ္။ ၿပီးရင္ေတာ့ ခင္ဗ်ား ေကာင္းေကာင္းမကစားနိုင္တဲ့အခ်ိန္က်ရင္လည္း ရလဒ္ေကာင္းေတြ စတင္ရမွာပါ”

ဂယ္ရီ နဗီးက အသင္းထဲမွာ ရွိေနတဲ့ ပါရမီရွင္ကစားသမားေတြကို ေရာသမေမႊဖို႔ တာဝန္က ဆိုးလ္ရွားလက္ထဲမွာ ရွိေနေပမယ့္ ယခုရာသီ ခ်ဲလ္ဆီး၊ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ကို လိုက္မီနိုင္မယ္လို႔ မျမင္ဘူးလို႔ ေျပာၾကားပါတယ္။

“ကၽြန္ေတာ္ သူတို႔ကို ထူးဆန္းတဲ့အုပ္စုလို႔ ေခၚခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ကို ၾကည့္ၿပီး သူတို႔ေတြက အခိုက္အတံ့တစ္ခုမွာ ပြဲစဥ္ေတြကို အနိုင္ရတဲ့အသင္းအျဖစ္ ထင္ျမင္ေနေသးလို႔ပါ။ ကၽြန္ေတာ္ ခ်ဲလ္ဆီး၊ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ကို ၾကည့္လိုက္ေတာ့ သူတို႔က အစုအဖြဲ႕ပဲ။ သူတို႔ေတြက အသင္းလိုက္စြမ္းေဆာင္ရည္ကို စိုက္ထုတ္ၾကတယ္။ ယူနိုက္တက္က အဲဒီလို ဘယ္တုန္းကမွ မလုပ္ခဲ့ဖူးလို႔ ေျပာတာေတာ့မဟုတ္ေပမယ့္ အိုေလအေနနဲ႔ အခုအခ်ိန္မွာ ယူနိုက္တက္ကို အသင္းအဖြဲ႕ျဖစ္ေအာင္ လုပ္ရေတာ့မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.