Premier League

မဖြစ်နိုင်တဲ့ ကာကွယ်မှုကို လုပ်ပြပြီး တစ်ကွင်းလုံးကို တုန်လှုပ်စေခဲ့တဲ့ ရမ်းစ်ဒေးလ်

အာရွန် ရမ်းစ်ဒေးလ်ဟာ အာဆင်နယ်အသင်းက တော့တင်ဟမ်ဟော့စပါးအသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း တစ်စုံတစ်ရာ ပူးကပ်ခြင်းခံထားရတဲ့သူတစ်ယောက်လို ကစားပြခဲ့ပါတယ်။

ဘန်းဒ် လီနို ရှိနေပေမယ့်လည်း အင်္ဂလိပ်ဂိုးသမားအတွက် ပေါင် ၂၅.၂၀ သန်း သုံးစွဲဖို့ အာဆင်နယ်အသင်းက ဆုံးဖြတ်ခဲ့တဲ့အချိန်မှာ အားလုံး အံ့အားသင့်ခဲ့ကြပြီး ဒါ့အပြင် ရမ်းစ်ဒေးလ်ဟာ အရင်တုန်းက ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရတဲ့ ဘုန်းမောက်၊ ရှက်ဖီးတို့နဲ့အတူ ပရီးမီးယားလိဂ်မှာ ၂ ရာသီသာ ကစားဖူးခဲ့တာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ဟာ ရှက်ဖီးယူနိုက်တက်အသင်းက အမှတ်ပေးဇယားအောက်ခြေမှာ ရာသီပြီးဆုံးခဲ့ရပေမယ့်လည်း ဘရမ်းမောလိန်းက အရာအားလုံးကို ပြောင်းလဲပေးနိုင်ခဲ့သူဖြစ်ပြီး အသင်းမှာ ကစားပေးခဲ့တဲ့ အစောပိုင်းကာလတွေမှာတော့ လက်စွမ်းမတည်ငြိမ်ခဲ့ဘူးလို့ သတ်မှတ်ခံခဲ့ရတာကတော့ ငြင်းစရာမရှိပါဘူး။

ဒါပေမယ့် အဲဒါတွေ အားလုံးကို အာဆင်နယ် ဂျာစီ ဝတ်ဆင်ခဲ့တဲ့အချိန်ကတည်းက မေ့ပျောက်သွားအောင် လုပ်နိုင်ခဲ့ပြီး လက်ရှိမှာတော့ အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ပထမဆုံး ၄ ပွဲမှာ ၁ ဂိုးသာ ခွင့်ပြုထားရတဲ့ စံချိန်ကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ရမ်းစ်ဒေးဟာ နောဝစ်ချ် စီးတီး၊ ဘန်လေ၊ ကရာဘောင်ဖလားပြိုင်ပွဲမှာ ဝက်စ် ဘရွန်းဝစ်ချ်၊ ယခုအပတ် မြောက်လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ ပွဲစဉ်တို့မှာ ပြိုင်ဘက်အသင်းတွေကို ဂိုးမသွင်းယူနိုင်အောင် လက်စွမ်း ပြသခဲ့ပြီး ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတာက ၎င်းရဲ့ ပထမဆုံးခွင့်ပြုခဲ့ရတဲ့ ဂိုးဖြစ်ခဲ့ပေမယ့်လည်း အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့တာကြောင့် ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆုနဲ့ ထိုက်တန်ခဲ့တယ်ဆိုတာ ငြင်းချက်ထုတ်စရာမရှိတာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ဟာ နာကျင်အချိန်ပို ၉၁ မိနစ်မှာ လူးကပ်စ် မော်ရာရဲ့ ဂိုးညာဘက် အပေါ်ထောင့်ကို ကန်သွင်းမှုကို ကြောက်မက်ဖွယ် တားဆီးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီတာ အကောင်းဆုံး ကာကွယ်မှုကို ပြုလုပ်သွားခဲ့ပါတယ်။ သူ့အနေနဲ့ အားလုံး ပါးစပ်ဟောင်းလောင်း အံ့အားသင့်စေမယ့် ကာကွယ်မှုကို ပြုလုပ်နိုင်ခဲ့ရုံတင်မကဘဲ ဂိုးကာကွယ်နိုင်ခဲ့ပြီးနောက် အောင်ပွဲခံခဲ့ခြင်းမရှိဘဲ ခံစစ်ကစားသမားတွေကို ခံစစ်ကစားပုံ ပိုမိုတိုးတက်အောင်လုပ်ဖို့ အားနဲ့မာန်နဲ့ အော်ဟစ်တောင်းဆိုခဲ့တဲ့ တုံ့ပြန်မှုကြောင့် ပရိသတ်တွေရဲ့ အထူးချီးကျူးခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။

ဒါ့အပြင် ပွဲအပြီး ဝီစီမှုတ်ချိန်မှာ ရမ်းစ်ဒေးလ်က ကွင်းအတွင်း အသင်းဖော်တွေနဲ့ ပြိုင်ဘက်ကစားသမားတွေကို နှုတ်ဆက်ရာမှာ တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဘူကာယို ဆာကာကို ‘ငါ့ နံပါတ် ၇ ကွ’လို့ ဂုဏ်ယူစွာနဲ့ ချီးကျူးခဲ့ပါသေးတယ်။ အာဆင်နယ် ပရိသတ်တွေဟာ ရမ်းစ်ဒေးရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်က အကောင်းဆုံးစွမ်းဆောင်ရည်ကို အလွန်နှစ်သက်ခဲ့ကြပြီး တွစ်တာ လူမှုကွန်ရက်မှာ ချီးကျူးပြောဆိုမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

“ကိုယ့်နောက်ခံကစားသမားတွေရဲ့ မျက်နှာကို သေချာကြည့်ပြီး အော်ဟစ်နေတဲ့ ရမ်းစ်ဒေးလ်ကို အရမ်းချစ်သွားပြီ”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး အခြားတွစ်တာအသုံးပြုသူတစ်ဦးကလည်း “ရမ်းစ်ဒေးလ်ရဲ့ ပုံစံကို ကြိုက်သွားပြီ။ သူနဲ့ပတ်သက်ပြီး ငါ ၁၀၀ ရာခိုင်နှုန်း မှားယွင်းခဲ့တယ်။ အင်္ဂလန်ရဲ့အနာဂတ် ကျောနံပါတ် ၁ ပဲ”လို့ ချီးကျူးပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာ႐ြန္ ရမ္းစ္ေဒးလ္ဟာ အာဆင္နယ္အသင္းက ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း တစ္စုံတစ္ရာ ပူးကပ္ျခင္းခံထားရတဲ့သူတစ္ေယာက္လို ကစားျပခဲ့ပါတယ္။

ဘန္းဒ္ လီႏို ရွိေနေပမယ့္လည္း အဂၤလိပ္ဂိုးသမားအတြက္ ေပါင္ ၂၅.၂၀ သန္း သုံးစြဲဖို႔ အာဆင္နယ္အသင္းက ဆုံးျဖတ္ခဲ့တဲ့အခ်ိန္မွာ အားလုံး အံ့အားသင့္ခဲ့ၾကၿပီး ဒါ့အျပင္ ရမ္းစ္ေဒးလ္ဟာ အရင္တုန္းက ခ်န္ပီယံရွစ္ကို တန္းဆင္းခဲ့ရတဲ့ ဘုန္းေမာက္၊ ရွက္ဖီးတို႔နဲ႔အတူ ပရီးမီးယားလိဂ္မွာ ၂ ရာသီသာ ကစားဖူးခဲ့တာျဖစ္ပါတယ္။ ရမ္းစ္ေဒးလ္ဟာ ရွက္ဖီးယူႏိုက္တက္အသင္းက အမွတ္ေပးဇယားေအာက္ေျခမွာ ရာသီၿပီးဆုံးခဲ့ရေပမယ့္လည္း ဘရမ္းေမာလိန္းက အရာအားလုံးကို ေျပာင္းလဲေပးႏိုင္ခဲ့သူျဖစ္ၿပီး အသင္းမွာ ကစားေပးခဲ့တဲ့ အေစာပိုင္းကာလေတြမွာေတာ့ လက္စြမ္းမတည္ၿငိမ္ခဲ့ဘူးလို႔ သတ္မွတ္ခံခဲ့ရတာကေတာ့ ျငင္းစရာမရွိပါဘူး။

ဒါေပမယ့္ အဲဒါေတြ အားလုံးကို အာဆင္နယ္ ဂ်ာစီ ဝတ္ဆင္ခဲ့တဲ့အခ်ိန္ကတည္းက ေမ့ေပ်ာက္သြားေအာင္ လုပ္ႏိုင္ခဲ့ၿပီး လက္ရွိမွာေတာ့ အသင္းအတြက္ ပါဝင္ကစားေပးခဲ့တဲ့ ပထမဆုံး ၄ ပြဲမွာ ၁ ဂိုးသာ ခြင့္ျပဳထားရတဲ့ စံခ်ိန္ကို ပိုင္ဆိုင္ေနၿပီျဖစ္ပါတယ္။ ရမ္းစ္ေဒးဟာ ေနာဝစ္ခ်္ စီးတီး၊ ဘန္ေလ၊ ကရာေဘာင္ဖလားၿပိဳင္ပြဲမွာ ဝက္စ္ ဘ႐ြန္းဝစ္ခ်္၊ ယခုအပတ္ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ျဖစ္တဲ့ စပါးအသင္းနဲ႔ ပြဲစဥ္တို႔မွာ ၿပိဳင္ဘက္အသင္းေတြကို ဂိုးမသြင္းယူႏိုင္ေအာင္ လက္စြမ္း ျပသခဲ့ၿပီး ဆြန္ေဟာင္မင္ရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့ရတာက ၎ရဲ႕ ပထမဆုံးခြင့္ျပဳခဲ့ရတဲ့ ဂိုးျဖစ္ခဲ့ေပမယ့္လည္း အေကာင္းဆုံးစြမ္းေဆာင္ရည္ျပသႏိုင္ခဲ့တာေၾကာင့္ ပြဲစဥ္တေလွ်ာက္အေကာင္းဆုံးကစားသမားဆုနဲ႔ ထိုက္တန္ခဲ့တယ္ဆိုတာ ျငင္းခ်က္ထုတ္စရာမရွိတာျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္ဟာ နာက်င္အခ်ိန္ပို ၉၁ မိနစ္မွာ လူးကပ္စ္ ေမာ္ရာရဲ႕ ဂိုးညာဘက္ အေပၚေထာင့္ကို ကန္သြင္းမႈကို ေၾကာက္မက္ဖြယ္ တားဆီးႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ တစ္ရာသီတာ အေကာင္းဆုံး ကာကြယ္မႈကို ျပဳလုပ္သြားခဲ့ပါတယ္။ သူ႔အေနနဲ႔ အားလုံး ပါးစပ္ေဟာင္းေလာင္း အံ့အားသင့္ေစမယ့္ ကာကြယ္မႈကို ျပဳလုပ္ႏိုင္ခဲ့႐ုံတင္မကဘဲ ဂိုးကာကြယ္ႏိုင္ခဲ့ၿပီးေနာက္ ေအာင္ပြဲခံခဲ့ျခင္းမရွိဘဲ ခံစစ္ကစားသမားေတြကို ခံစစ္ကစားပုံ ပိုမိုတိုးတက္ေအာင္လုပ္ဖို႔ အားနဲ႔မာန္နဲ႔ ေအာ္ဟစ္ေတာင္းဆိုခဲ့တဲ့ တုံ႔ျပန္မႈေၾကာင့္ ပရိသတ္ေတြရဲ႕ အထူးခ်ီးက်ဴးျခင္းကိုလည္း ခံခဲ့ရပါေသးတယ္။

ဒါ့အျပင္ ပြဲအၿပီး ဝီစီမႈတ္ခ်ိန္မွာ ရမ္းစ္ေဒးလ္က ကြင္းအတြင္း အသင္းေဖာ္ေတြနဲ႔ ၿပိဳင္ဘက္ကစားသမားေတြကို ႏႈတ္ဆက္ရာမွာ တတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တဲ့ ဘူကာယို ဆာကာကို ‘ငါ့ နံပါတ္ ၇ ကြ’လို႔ ဂုဏ္ယူစြာနဲ႔ ခ်ီးက်ဴးခဲ့ပါေသးတယ္။ အာဆင္နယ္ ပရိသတ္ေတြဟာ ရမ္းစ္ေဒးရဲ႕ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္က အေကာင္းဆုံးစြမ္းေဆာင္ရည္ကို အလြန္ႏွစ္သက္ခဲ့ၾကၿပီး တြစ္တာ လူမႈကြန္ရက္မွာ ခ်ီးက်ဴးေျပာဆိုမႈေတြလည္း ျပဳလုပ္ခဲ့ၾကပါတယ္။

“ကိုယ့္ေနာက္ခံကစားသမားေတြရဲ႕ မ်က္ႏွာကို ေသခ်ာၾကည့္ၿပီး ေအာ္ဟစ္ေနတဲ့ ရမ္းစ္ေဒးလ္ကို အရမ္းခ်စ္သြားၿပီ”လို႔ ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး အျခားတြစ္တာအသုံးျပဳသူတစ္ဦးကလည္း “ရမ္းစ္ေဒးလ္ရဲ႕ ပုံစံကို ႀကိဳက္သြားၿပီ။ သူနဲ႔ပတ္သက္ၿပီး ငါ ၁၀၀ ရာခိုင္ႏႈန္း မွားယြင္းခဲ့တယ္။ အဂၤလန္ရဲ႕အနာဂတ္ ေက်ာနံပါတ္ ၁ ပဲ”လို႔ ခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.