Premier League

နယူးဘဲလင့္စ္ဝတ္စုံနဲ႔ပဲ ပရီးမီးယားလိဂ္ကို ရယူဖို႔ ရွိတဲ့ လီဗာပူးလ္

လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔ အဖြဲ႕ဟာ လက္က်န္ပရီးမီးယားလိဂ္ကို ဆက္ကစားၿပီး ဗိုလ္စြဲတဲ့အခါမွာ လက္ရွိ ဝတ္ဆင္ထားတဲ့ နယူးဘဲလင့္စ္က ထုတ္လုပ္တဲ့ အသင္းဝတ္စုံနဲ႔ပဲ ေအာင္ပြဲခံၾကမွာျဖစ္တယ္လို႔ သုံးဦးသုံးဖလွယ္ ညႇိႏွဳိင္းခဲ့တဲ့ အသင္းနဲ႔ ဝတ္စုံ စပြန္ဆာ ႏွစ္ခုရဲ႕ ေဆြးေႏြးပြဲအရ သိရပါတယ္။

နယူးဘဲလင့္စ္နဲ႔ လီဗာပူးလ္တို႔ရဲ႕ ငါးႏွစ္တာစာခ်ဳပ္ဟာ ပုံမွန္အားျဖင့္ ဥေရာပေဘာလုံးရာသီေတြနဲ႔ ပရီးမီးယားလိဂ္ရဲ႕ အဆုံးသတ္ခ်ိန္ျဖစ္တဲ့ ေမလ ၃၁ ရက္ေန႔အထိသာ ရွိေပမယ့္ ကိုဗစ္-၁၉ ေၾကာင့္ ပြဲေတြကို ေရႊ႕ဆုိင္းခဲ့ရခ်ိန္မွာ စဥ္းစားစရာနဲ႔ ညႇိႏွဳိင္းစရာလည္းျဖစ္လာခဲ့တာပါ။

လီဗာပူးလ္တုိ႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ခြင့္ကို နယူးဘဲလင့္စ္တုိ႔အေနနဲ႔ လက္လြတ္မခံခ်င္စရာလည္းျဖစ္ေနခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ အေမရိကန္ အေျခစိုက္ နီေကကုမၸဏီက လိုက္ေလ်ာေပးခဲ့သလို ၂၀၂၀-၂၁ ရာသီမွာမွ သူတုိ႔ရဲ႕ ဝတ္စုံကို စတင္ဝတ္ဆင္ေစဖို႔ သေဘာတူညီေပးလုိက္တာျဖစ္ပါတယ္။

နီေကနဲ႔ လီဗာပူးလ္တုိ႔ရဲ႕ သေဘာတူညီမွဳအရ မာေဆးဆိုက္ဒ္အသင္းအေနနဲ႔ တစ္ႏွစ္ကို ဝတ္စုံအသုံးျပဳမွဳအတြက္ ေပါင္သန္း ၇၀ နီးပါး ရရွိမွာျဖစ္ၿပီး နယူးဘဲလင့္စ္ရဲ႕ အသင္းနဲ႔ ဆက္လက္ လက္တြဲသြားခ်င္တဲ့ ဆႏၵကို ျငင္းပယ္ခဲ့တဲ့အတြက္လည္း မႏွစ္က အျငင္းပြားစရာေတြနဲ႔ တရား႐ုံးအထိ ေရာက္ခဲ့ရေသးတယ္လို႔လည္း သိရပါတယ္။

လီဗာပူးလ္ရဲ႕ ဝတ္စုံစပြန္ဆာသမုိင္းမွာေတာ့ နယူးဘဲလင့္စ္ဟာ အမ်ားဆုံးေရာင္းခ်ရတဲ့သူလည္းျဖစ္လာခဲ့ၿပီး ၁၉၇၃ ကစလို႔ စပြန္ဆာကုမၸဏီ ေတြနဲ႔ လက္တြဲခဲ့တဲ့ အသင္းဟာ လက္ရွိအခ်ိန္အထိ အမ္ဘ႐ို(၁၉၇၃-၈၅)၊ အက္ဒီးဒတ္စ္(၁၉၈၅-၉၆)၊ ရီးေဘာ့ခ္(၁၉၉၆-၂၀၀၆)၊ အက္ဒီးဒတ္စ္(၂၀၀၆-၁၂)၊ ဝယ္ရီယာစပုိ႔စ္(၂၀၁၂-၁၅)၊ နယူးဘဲလင့္စ္(၂၀၁၅-၂၀)နဲ႔ နီေက(၂၀၂၀-)တို႔ကို ဝတ္ဆင္ထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်နဲ့ အဖွဲ့ဟာ လက်ကျန်ပရီးမီးယားလိဂ်ကို ဆက်ကစားပြီး ဗိုလ်စွဲတဲ့အခါမှာ လက်ရှိ ဝတ်ဆင်ထားတဲ့ နယူးဘဲလင့်စ်က ထုတ်လုပ်တဲ့ အသင်းဝတ်စုံနဲ့ပဲ အောင်ပွဲခံကြမှာဖြစ်တယ်လို့ သုံးဦးသုံးဖလှယ် ညှိနှိုင်းခဲ့တဲ့ အသင်းနဲ့ ဝတ်စုံ စပွန်ဆာ နှစ်ခုရဲ့ ဆွေးနွေးပွဲအရ သိရပါတယ်။

နယူးဘဲလင့်စ်နဲ့ လီဗာပူးလ်တို့ရဲ့ ငါးနှစ်တာစာချုပ်ဟာ ပုံမှန်အားဖြင့် ဥရောပဘောလုံးရာသီတွေနဲ့ ပရီးမီးယားလိဂ်ရဲ့ အဆုံးသတ်ချိန်ဖြစ်တဲ့ မေလ ၃၁ ရက်နေ့အထိသာ ရှိပေမယ့် ကိုဗစ်-၁၉ ကြောင့် ပွဲတွေကို ရွှေ့ဆိုင်းခဲ့ရချိန်မှာ စဉ်းစားစရာနဲ့ ညှိနှိုင်းစရာလည်းဖြစ်လာခဲ့တာပါ။

လီဗာပူးလ်တို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ကို နယူးဘဲလင့်စ်တို့အနေနဲ့ လက်လွတ်မခံချင်စရာလည်းဖြစ်နေခဲ့ပြီး နောက်ဆုံးမှာတော့ အမေရိကန် အခြေစိုက် နီကေကုမ္ပဏီက လိုက်လျောပေးခဲ့သလို ၂၀၂၀-၂၁ ရာသီမှာမှ သူတို့ရဲ့ ဝတ်စုံကို စတင်ဝတ်ဆင်စေဖို့ သဘောတူညီပေးလိုက်တာဖြစ်ပါတယ်။

နီကေနဲ့ လီဗာပူးလ်တို့ရဲ့ သဘောတူညီမှုအရ မာဆေးဆိုက်ဒ်အသင်းအနေနဲ့ တစ်နှစ်ကို ဝတ်စုံအသုံးပြုမှုအတွက် ပေါင်သန်း ၇၀ နီးပါး ရရှိမှာဖြစ်ပြီး နယူးဘဲလင့်စ်ရဲ့ အသင်းနဲ့ ဆက်လက် လက်တွဲသွားချင်တဲ့ ဆန္ဒကို ငြင်းပယ်ခဲ့တဲ့အတွက်လည်း မနှစ်က အငြင်းပွားစရာတွေနဲ့ တရားရုံးအထိ ရောက်ခဲ့ရသေးတယ်လို့လည်း သိရပါတယ်။

လီဗာပူးလ်ရဲ့ ဝတ်စုံစပွန်ဆာသမိုင်းမှာတော့ နယူးဘဲလင့်စ်ဟာ အများဆုံးရောင်းချရတဲ့သူလည်းဖြစ်လာခဲ့ပြီး ၁၉၇၃ ကစလို့ စပွန်ဆာကုမ္ပဏီ တွေနဲ့ လက်တွဲခဲ့တဲ့ အသင်းဟာ လက်ရှိအချိန်အထိ အမ်ဘရို(၁၉၇၃-၈၅)၊ အက်ဒီးဒတ်စ်(၁၉၈၅-၉၆)၊ ရီးဘော့ခ်(၁၉၉၆-၂၀၀၆)၊ အက်ဒီးဒတ်စ်(၂၀၀၆-၁၂)၊ ဝယ်ရီယာစပို့စ်(၂၀၁၂-၁၅)၊ နယူးဘဲလင့်စ်(၂၀၁၅-၂၀)နဲ့ နီကေ(၂၀၂၀-)တို့ကို ဝတ်ဆင်ထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.