Premier League

ပရီးမီးယားလိဂ္ ျပန္မစခင္ ဂ်ီ႐ူးနဲ႔ ကာဘယ္လာ႐ိုကို တစ္ႏွစ္သက္တမ္းတုိးလုိက္တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းရဲ႕ ပရီးမီးယားလိဂ္ ျပန္လည္စတင္ေရး လုပ္ေဆာင္မွဳမွာ ပထမဆုံး ေဆာင္ရြက္လိုက္တာကေတာ့ ကစားသမားေတြကို စာခ်ဳပ္သက္တမ္းတုိးျမႇင့္ဖို႔ လုပ္ေဆာင္ေနတာျဖစ္ၿပီး ဒီထဲက တုိက္စစ္မွဴး အိုလီဗီးေယး ဂ်ီ႐ူးနဲ႔ ဂိုးသမား ဝီလီ ကာဘယ္လာ႐ိုတုိ႔ကို စာခ်ဳပ္သက္တမ္း တုိးျမႇင့္ႏုိင္ခဲ့ၿပီလို႔ သိရပါတယ္။

ဒီဝါရင့္ကစားသမားႏွစ္ဦးစလုံးဟာ ခ်ဲလ္ဆီးအသင္းဘက္က စာခ်ဳပ္သက္တမ္းတုိးဖို႔ စဥ္းစားခံထားရတဲ့သူေတြလည္းျဖစ္ၿပီး ဇြန္လ ၃၀ မွာ ကုန္ဆုံးမယ့္ သူတုိ႔ရဲ႕ စာခ်ဳပ္ေတြကို တစ္ႏွစ္စီ တုိးျမႇင့္ခဲ့တာျဖစ္သလို တခ်ဳိ႕ကစားသမားေတြကိုလည္း ကာလတုိ သက္တမ္းတုိးဖို႔ အသင္းအေနနဲ႔ စဥ္းစားေနခဲ့ပါတယ္။

ဇြန္လကုန္မွာ အသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးမယ့္အထဲမွာ ေတာင္ပံကစားသမားေတြျဖစ္ၾကတဲ့ ဘရာဇီးလ္သား ဝီလီယန္နဲ႔ စပိန္သား ပက္ဒ႐ိုတုိ႔ကေတာ့ ဒီရာသီမွာ အသင္းအတြက္ အေရးပါသူေတြျဖစ္ဆဲျဖစ္ၿပီး သူတုိ႔ကိုေတာ့ ရာသီၿပီးဆုံးတဲ့အထိ ကာလတုိစာခ်ဳပ္ေတြနဲ႔ ထပ္မံခ်ဳပ္ဆုိသြားမယ္လုိ႔လည္း ခန္႔မွန္းေနၾကပါတယ္။

ကစားသမားႏွစ္ဦးစလုံးအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတုိးႏုိင္ခဲ့လို႔ ဝမ္းသာေၾကာင္း ေျပာၾကားသြားခဲ့ၿပီး နည္းျပ ဖရန္႔ လမ္းပတ္ကေတာ့ သူတုိ႔ေတြ႕ရဲ႕ ျမင့္မားတဲ့ အေတြ႕အႀကဳံေတြဟာ အသင္းကို လာမယ့္ရာသီမွာလည္း အေကာင္းဆုံး ကူညီအက်ဳိးျပဳသြားႏုိင္မွာျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

ဂိုးသမားႀကီး ကာဘယ္လာ႐ိုဟာ ဒီရာသီမွာ ခ်ဲလ္ဆီးအသင္းအတြက္ ဂိုးသမား ကီပါရဲ႕ ေနာက္ကေန ၄ ပြဲ ပါဝင္ကစားေပးထားသလို တုိက္စစ္မွဴး ဂ်ီ႐ူးကေတာ့ လူငယ္တုိက္စစ္မွဴး တမ္မီ ေအဘရာဟမ္ရဲ႕ အရန္အျဖစ္ ၁၃ ပြဲအထိ ကစားေပးထားခဲ့ၿပီး လမ္းပတ္ကို စိတ္သက္သာရာ ရေစခဲ့သူေတြလည္း ျဖစ္ၾကေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ပြန်လည်စတင်ရေး လုပ်ဆောင်မှုမှာ ပထမဆုံး ဆောင်ရွက်လိုက်တာကတော့ ကစားသမားတွေကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီထဲက တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးနဲ့ ဂိုးသမား ဝီလီ ကာဘယ်လာရိုတို့ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့ပြီလို့ သိရပါတယ်။

ဒီဝါရင့်ကစားသမားနှစ်ဦးစလုံးဟာ ချဲလ်ဆီးအသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ စဉ်းစားခံထားရတဲ့သူတွေလည်းဖြစ်ပြီး ဇွန်လ ၃၀ မှာ ကုန်ဆုံးမယ့် သူတို့ရဲ့ စာချုပ်တွေကို တစ်နှစ်စီ တိုးမြှင့်ခဲ့တာဖြစ်သလို တချို့ကစားသမားတွေကိုလည်း ကာလတို သက်တမ်းတိုးဖို့ အသင်းအနေနဲ့ စဉ်းစားနေခဲ့ပါတယ်။

ဇွန်လကုန်မှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့်အထဲမှာ တောင်ပံကစားသမားတွေဖြစ်ကြတဲ့ ဘရာဇီးလ်သား ဝီလီယန်နဲ့ စပိန်သား ပက်ဒရိုတို့ကတော့ ဒီရာသီမှာ အသင်းအတွက် အရေးပါသူတွေဖြစ်ဆဲဖြစ်ပြီး သူတို့ကိုတော့ ရာသီပြီးဆုံးတဲ့အထိ ကာလတိုစာချုပ်တွေနဲ့ ထပ်မံချုပ်ဆိုသွားမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

ကစားသမားနှစ်ဦးစလုံးအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့လို့ ဝမ်းသာကြောင်း ပြောကြားသွားခဲ့ပြီး နည်းပြ ဖရန့် လမ်းပတ်ကတော့ သူတို့တွေ့ရဲ့ မြင့်မားတဲ့ အတွေ့အကြုံတွေဟာ အသင်းကို လာမယ့်ရာသီမှာလည်း အကောင်းဆုံး ကူညီအကျိုးပြုသွားနိုင်မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဂိုးသမားကြီး ကာဘယ်လာရိုဟာ ဒီရာသီမှာ ချဲလ်ဆီးအသင်းအတွက် ဂိုးသမား ကီပါရဲ့ နောက်ကနေ ၄ ပွဲ ပါဝင်ကစားပေးထားသလို တိုက်စစ်မှူး ဂျီရူးကတော့ လူငယ်တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ရဲ့ အရန်အဖြစ် ၁၃ ပွဲအထိ ကစားပေးထားခဲ့ပြီး လမ်းပတ်ကို စိတ်သက်သာရာ ရစေခဲ့သူတွေလည်း ဖြစ်ကြကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.