Premier League

ဆာေနးအတြက္ အစားထိုးမွဳအျဖစ္ ထရာအုိေရးကို ေစာင့္ၾကည့္ေနတဲ့ မန္စီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးကို လက္လႊတ္ရဖို႔ မ်ားေနၿပီး ဘုိင္ယန္ျမဴးနစ္ရဲ႕ ဆြဲေဆာင္မွဳကို မတြန္းလွန္ႏုိင္ေတာ့ခ်ိန္မွာ ျပန္လည္အစားထိုးဖို႔ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္ေတာင္ပံကစားသမား အဒါမာ ထရာအုိေရးကို စိတ္ဝင္စားေနပါတယ္။

ဘာစီလိုနာရဲ႕ လာမာစီယာအကယ္ဒမီထြက္ ကစားသမားဟာ အေစာပုိင္းမွာေတာ့ စပိန္အသားက် နည္းစနစ္ပုိင္း ေက်ညက္တဲ့ ကစားသမားမ်ဳိး မဟုတ္လို႔ အက္စတန္ဗီလာ၊ မစ္ဒယ္ဘေရာ့တုိ႔လို အသင္းငယ္ေတြမွာ က်င္လည္ခဲ့ရၿပီး ေနာက္ပုိင္းမွာ ေျပာင္းလဲလာၿပီး ထိေရာက္တဲ့ ကစားပုံနဲ႔အတူ ဝုလ္ဗ္စ္နည္းျပ ႏူႏို ဆန္တုိရဲ႕ လက္ေအာက္ကို ေရာက္ရွိလာခဲ့တာပါ။

၂၀၁၈ ခုႏွစ္မွာ အသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၈ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ အသက္ ၂၄ ႏွစ္အရြယ္ မာလီႏြယ္ဖြား စပိန္ကစားသမားဟာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ အႏၲရာယ္အမ်ားဆုံး ေတာင္ပံကစားသမားတစ္ဦးျဖစ္ေနၿပီး ဒီရာသီမွာ ဝုလ္ဗ္စ္တုိ႔အတြက္ ၄၃ ပြဲ ကစားထားရာမွာ ၇ ဂိုးသြင္း၊ ၁၀ ဂိုး ဖန္တီးေပးထားႏုိင္ခဲ့ၿပီလည္းျဖစ္ပါတယ္။

မန္စီးတီးနဲ႔ ရင္ဆုိင္ေတြ႕ခဲ့တဲ့ ႏွစ္ပြဲစလုံးမွာ ေကာင္းေကာင္းဒုကၡေပးသြားခဲ့တဲ့ သူ႕ကို နည္းျပ ပက္ပ္ ဂြါဒီယိုလာက ခ်ီးက်ဴးထားခဲ့ၿပီး သူဟာ လူတစ္ေယာက္ မဟုတ္ဘဲ ဆုိင္ကယ္တစ္စီးျဖစ္လို႔ သူ႕အျမန္ႏွဳန္းကို တားဆီးဖို႔ ဘယ္သူမွ ေကာင္းေကာင္းကိုင္တြယ္ႏုိင္မွာ မဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။

လက္ေရြးစင္ကစားသမားဘဝကို ေမြးဖြားရာ စပိန္ႏုိင္ငံကိုပဲ ေရြးခ်ယ္ဖို႔ ရွိေနတဲ့ ထရာအိုေရးဟာ မန္စီးတီးအသင္းအတြက္ေတာ့ ေရရွည္အားကိုးရႏုိင္တဲ့ ကစားသမားလည္းျဖစ္လာႏုိင္ၿပီး အသင္းကေန ထြက္ခြာဖို႔ ရွိေနႏုိင္တဲ့ ဆာေနးအျပင္ မာရက္ဇ္၊ စတာလင္တို႔ရဲ႕ ေနရာကို အေကာင္းဆုံး ျဖည့္ဆည္းသြားႏုိင္မွာျဖစ္လုိ႔ ေခၚယူဖို႔ ေစာင့္ၾကည့္ေနတာျဖစ္ၿပီး ေပါင္သန္း ၃၀ အထက္မွာ ေပးေခ်ရႏုိင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးကို လက်လွှတ်ရဖို့ များနေပြီး ဘိုင်ယန်မြူးနစ်ရဲ့ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်တော့ချိန်မှာ ပြန်လည်အစားထိုးဖို့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို စိတ်ဝင်စားနေပါတယ်။

ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီထွက် ကစားသမားဟာ အစောပိုင်းမှာတော့ စပိန်အသားကျ နည်းစနစ်ပိုင်း ကျေညက်တဲ့ ကစားသမားမျိုး မဟုတ်လို့ အက်စတန်ဗီလာ၊ မစ်ဒယ်ဘရော့တို့လို အသင်းငယ်တွေမှာ ကျင်လည်ခဲ့ရပြီး နောက်ပိုင်းမှာ ပြောင်းလဲလာပြီး ထိရောက်တဲ့ ကစားပုံနဲ့အတူ ဝုလ်ဗ်စ်နည်းပြ နူနို ဆန်တိုရဲ့ လက်အောက်ကို ရောက်ရှိလာခဲ့တာပါ။

၂၀၁၈ ခုနှစ်မှာ အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် မာလီနွယ်ဖွား စပိန်ကစားသမားဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ အန္တရာယ်အများဆုံး တောင်ပံကစားသမားတစ်ဦးဖြစ်နေပြီး ဒီရာသီမှာ ဝုလ်ဗ်စ်တို့အတွက် ၄၃ ပွဲ ကစားထားရာမှာ ၇ ဂိုးသွင်း၊ ၁၀ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

မန်စီးတီးနဲ့ ရင်ဆိုင်တွေ့ခဲ့တဲ့ နှစ်ပွဲစလုံးမှာ ကောင်းကောင်းဒုက္ခပေးသွားခဲ့တဲ့ သူ့ကို နည်းပြ ပက်ပ် ဂွါဒီယိုလာက ချီးကျူးထားခဲ့ပြီး သူဟာ လူတစ်ယောက် မဟုတ်ဘဲ ဆိုင်ကယ်တစ်စီးဖြစ်လို့ သူ့အမြန်နှုန်းကို တားဆီးဖို့ ဘယ်သူမှ ကောင်းကောင်းကိုင်တွယ်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

လက်ရွေးစင်ကစားသမားဘဝကို မွေးဖွားရာ စပိန်နိုင်ငံကိုပဲ ရွေးချယ်ဖို့ ရှိနေတဲ့ ထရာအိုရေးဟာ မန်စီးတီးအသင်းအတွက်တော့ ရေရှည်အားကိုးရနိုင်တဲ့ ကစားသမားလည်းဖြစ်လာနိုင်ပြီး အသင်းကနေ ထွက်ခွာဖို့ ရှိနေနိုင်တဲ့ ဆာနေးအပြင် မာရက်ဇ်၊ စတာလင်တို့ရဲ့ နေရာကို အကောင်းဆုံး ဖြည့်ဆည်းသွားနိုင်မှာဖြစ်လို့ ခေါ်ယူဖို့ စောင့်ကြည့်နေတာဖြစ်ပြီး ပေါင်သန်း ၃၀ အထက်မှာ ပေးချေရနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.