Premier League

လူကာကူ ရုန်းကန်နေရတာ တစ်ဦးချင်း ပြဿနာမဟုတ်ဘူးလို့ တူဟယ် ဝန်ခံ

ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူဟာ စနေနေ့က မန်ချက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တစ်ယောက်တည်း ထီးထီးကြီးဖြစ်နေခဲ့ပြီး သောမတ်စ် တူဟယ်အနေနဲ့ ဘယ်လို ဆက်လုပ်ရမလဲဆိုတာကို မီးမောင်းထိုးပြနေခဲ့ပါတယ်။

လူကာကူရဲ့ စနေနေ့က မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်အတွင်း ကိန်းဂဏန်းတွေအရ ဘောလုံး ၂၁ ကြိမ်ထိ၊ ဘောလုံးပေးပို့မှု ၃၃ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းနိုင်မှု မရှိခဲ့တာကို တွေ့ရပါတယ်။ ပေါင် ၉၈ သန်းနဲ့ အနောက်လန်ဒန်ကို ရောက်ရှိလာခဲ့တဲ့ လူကာကူအတွက် စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ဂွါဒီယိုလာရဲ့ နည်းဗျူဟာအစီအစဉ်က အလုပ်ဖြစ်ခဲ့ပြီး ချဲလ်ဆီးအသင်းအနေနဲ့ ဘယ်လိုမှ လှုပ်မရ ဖြစ်နေခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအတွက် ၁-၀ နဲ့ အနိုင်ရရှိမှုက ပြီးခဲ့တဲ့ရာသီ သောမတ်စ် တူဟယ်ကို ၃ ကြိမ် ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ဂွါဒီယိုလာအတွက် အသေးစား လက်စားချေမှု ရရှိခဲ့တာဖြစ်ပြီး တူဟယ်အတွက်ကတော့ ဘာကြောင့် ပြီးခဲ့တဲ့အပတ် စပါးနဲ့ပွဲစဉ်မှာ အလုပ်ကောင်းကောင်းဖြစ်ခဲ့တဲ့ ၃-၅-၂ ကစားကွက်က ၆ ရက်အကြာမှာ မအောင်မြင်ခဲ့လဲဆိုတာဖြစ်ပါတယ်။ လူကာကူဟာ တိုက်စစ်မှာ တီမို ဗာနာနဲ့အတူ ပွဲထွက်ကစားခဲ့ပြီး တူဟယ်ဟာ ဂျာမန်တိုက်စစ်မှူးရဲ့ မြန်နှုန်းနဲ့ မန်စီးတီး ခံစစ်ကို ဆွဲဆန့်ပြီးတော့ လူကာကူ ထိုးဖောက်ဝင်ရောက်ဖို့ နေရာလွတ် ဖန်တီးနိုင်မယ်လို့ တွက်ဆထားခဲ့တာ ရှင်းလင်းနေခဲ့ပါတယ်။

ဒါပေမယ့်လည်း လူကာကူနဲ့ တီမို ဗာနာတို့နောက်က ချိတ်ဆက်ထားသူတွေက ခံစစ်အားသန်တဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တာကြောင့် အိမ်ရှင် ချဲလ်ဆီးအသင်းဟာ တိုက်စစ်လမ်းကြောင်း ရှာဖွေဖို့နဲ့ တိုက်စစ်ကစားသမား ၂ ဦးအတွက် အခွင့်အရေးဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

“ဒီနေ့ လူကာကူရဲ့ ရုန်းကန်ရမှုနဲ့ပတ်သက်ပြီး ပြောဖို့တောင် လိုမယ် မထင်ပါဘူး။ ကျွန်တော်တို့ လူကာကူဆီကို ရောက်တဲ့အခါမှာ တိုက်စစ်က တစ်ဝက်ကျော်နေခဲ့ပြီးဖြစ်တာကြောင့် လူမလောက်တော့ပါဘူး။ လုံလောက်တဲ့ ယုံကြည်မှုနဲ့ အချိတ်အဆက် မရှိတော့ပါဘူး”

“အဲဒီတော့ ဒီဟာက အသင်းရဲ့ ပြဿနာပါ။ တစ်ဦးတစ်ယောက်ချင်းရဲ့ ပြဿနာ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

လူကာကူဟာ ရိုဒရီ၊ လာပို့တ်၊ ရူဘင် ဒီယက်စ်တို့ကြားမှာ ပိတ်မိနေခဲ့ပြီး တကယ်လို့သာ ဂျာမန်တိုက်စစ်မှူးအနေနဲ့ ဆန်စီရိုတုန်းက ကွန်တီရဲ့ ၃-၅-၂ ကစားကွက်မှာ မာတီနက်ဇ် ကစားခဲ့သလိုမျိုး အင်တာမီလန်တိုက်စစ်မှူးဟောင်းနဲ့ ချိတ်ဆက်ကစားခဲ့မယ်ဆိုရင် ၎င်းအတွက် ထွက်စရာလမ်းအချို့ ရှိနေမှာဖြစ်ပါတယ်။

ဒါပေမယ့် အကြီးမားဆုံး ပြဿနာက ကွင်းလယ်နဲ့ တိုက်စစ်ကို အကျိုးသက်ရောက်မှုရှိရှိနဲ့ ချိတ်ဆက်ကစားပေးနိုင်မယ့် ကျောနံပါတ် ၁၀ မပါဝင်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး မေဆန် မောင့်ဟာ အသေးစားဒဏ်ရာကြောင့် စတန်းဖို့ဒ် ဘရစ်ဂျ်က ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ရဲ့ လွှမ်းမိုးနိုင်မှုဟာ သိသိသာသာ ပျောက်ဆုံးနေခဲ့ပြီး တိုက်စစ်မှာ အခွင့်အရေးတွေ ဖန်တီး၊ အဆုံးသတ်နေချိန်မှာ မေဆန် မောင့်ရဲ့ ခံစစ်ပိုင်းကိုပါ ဆင်းကူနိုင်တဲ့ အနေအထားမျိုးကို ချဲလ်ဆီးအသင်း လိုအပ်နေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘယ္လ္ဂ်ီယံလက္ေရြးစင္တိုက္စစ္မႉး လူကာကူဟာ စေနေန႔က မန္ခ်က္စတာစီးတီးအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ တစ္ေယာက္တည္း ထီးထီးႀကီးျဖစ္ေနခဲ့ၿပီး ေသာမတ္စ္ တူဟယ္အေနနဲ႔ ဘယ္လို ဆက္လုပ္ရမလဲဆိုတာကို မီးေမာင္းထိုးျပေနခဲ့ပါတယ္။

လူကာကူရဲ့ စေနေန႔က မန္ခ်က္စတာစီးတီးအသင္းနဲ႔ပြဲစဥ္အတြင္း ကိန္းဂဏန္းေတြအရ ေဘာလုံး ၂၁ ႀကိမ္ထိ၊ ေဘာလုံးေပးပို႔မႈ ၃၃ ရာခိုင္ႏႈန္း ေအာင္ျမင္ခဲ့ၿပီး ဂိုးေပါက္ ကန္သြင္းနိုင္မႈ မရွိခဲ့တာကို ေတြ႕ရပါတယ္။ ေပါင္ ၉၈ သန္းနဲ႔ အေနာက္လန္ဒန္ကို ေရာက္ရွိလာခဲ့တဲ့ လူကာကူအတြက္ စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ဂြါဒီယိုလာရဲ့ နည္းဗ်ဴဟာအစီအစဥ္က အလုပ္ျဖစ္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဘယ္လိုမွ လႈပ္မရ ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအတြက္ ၁-၀ နဲ႔ အနိုင္ရရွိမႈက ၿပီးခဲ့တဲ့ရာသီ ေသာမတ္စ္ တူဟယ္ကို ၃ ႀကိမ္ ဆက္တိုက္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဂြါဒီယိုလာအတြက္ အေသးစား လက္စားေခ်မႈ ရရွိခဲ့တာျဖစ္ၿပီး တူဟယ္အတြက္ကေတာ့ ဘာေၾကာင့္ ၿပီးခဲ့တဲ့အပတ္ စပါးနဲ႔ပြဲစဥ္မွာ အလုပ္ေကာင္းေကာင္းျဖစ္ခဲ့တဲ့ ၃-၅-၂ ကစားကြက္က ၆ ရက္အၾကာမွာ မေအာင္ျမင္ခဲ့လဲဆိုတာျဖစ္ပါတယ္။ လူကာကူဟာ တိုက္စစ္မွာ တီမို ဗာနာနဲ႔အတူ ပြဲထြက္ကစားခဲ့ၿပီး တူဟယ္ဟာ ဂ်ာမန္တိုက္စစ္မႉးရဲ့ ျမန္ႏႈန္းနဲ႔ မန္စီးတီး ခံစစ္ကို ဆြဲဆန႔္ၿပီးေတာ့ လူကာကူ ထိုးေဖာက္ဝင္ေရာက္ဖို႔ ေနရာလြတ္ ဖန္တီးနိုင္မယ္လို႔ တြက္ဆထားခဲ့တာ ရွင္းလင္းေနခဲ့ပါတယ္။

ဒါေပမယ့္လည္း လူကာကူနဲ႔ တီမို ဗာနာတို႔ေနာက္က ခ်ိတ္ဆက္ထားသူေတြက ခံစစ္အားသန္တဲ့ ကြင္းလယ္ကစားသမားေတြျဖစ္တာေၾကာင့္ အိမ္ရွင္ ခ်ဲလ္ဆီးအသင္းဟာ တိုက္စစ္လမ္းေၾကာင္း ရွာေဖြဖို႔နဲ႔ တိုက္စစ္ကစားသမား ၂ ဦးအတြက္ အခြင့္အေရးဖန္တီးနိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

“ဒီေန႔ လူကာကူရဲ့ ႐ုန္းကန္ရမႈနဲ႔ပတ္သက္ၿပီး ေျပာဖို႔ေတာင္ လိုမယ္ မထင္ပါဘူး။ ကၽြန္ေတာ္တို႔ လူကာကူဆီကို ေရာက္တဲ့အခါမွာ တိုက္စစ္က တစ္ဝက္ေက်ာ္ေနခဲ့ၿပီးျဖစ္တာေၾကာင့္ လူမေလာက္ေတာ့ပါဘူး။ လုံေလာက္တဲ့ ယုံၾကည္မႈနဲ႔ အခ်ိတ္အဆက္ မရွိေတာ့ပါဘူး”

“အဲဒီေတာ့ ဒီဟာက အသင္းရဲ့ ျပႆနာပါ။ တစ္ဦးတစ္ေယာက္ခ်င္းရဲ့ ျပႆနာ မဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

လူကာကူဟာ ရိုဒရီ၊ လာပို႔တ္၊ ႐ူဘင္ ဒီယက္စ္တို႔ၾကားမွာ ပိတ္မိေနခဲ့ၿပီး တကယ္လို႔သာ ဂ်ာမန္တိုက္စစ္မႉးအေနနဲ႔ ဆန္စီရိုတုန္းက ကြန္တီရဲ့ ၃-၅-၂ ကစားကြက္မွာ မာတီနက္ဇ္ ကစားခဲ့သလိုမ်ိဳး အင္တာမီလန္တိုက္စစ္မႉးေဟာင္းနဲ႔ ခ်ိတ္ဆက္ကစားခဲ့မယ္ဆိုရင္ ၎အတြက္ ထြက္စရာလမ္းအခ်ိဳ႕ ရွိေနမွာျဖစ္ပါတယ္။

ဒါေပမယ့္ အႀကီးမားဆုံး ျပႆနာက ကြင္းလယ္နဲ႔ တိုက္စစ္ကို အက်ိဳးသက္ေရာက္မႈရွိရွိနဲ႔ ခ်ိတ္ဆက္ကစားေပးနိုင္မယ့္ ေက်ာနံပါတ္ ၁၀ မပါဝင္ခဲ့ျခင္း ျဖစ္ေကာင္းျဖစ္နိုင္ၿပီး ေမဆန္ ေမာင့္ဟာ အေသးစားဒဏ္ရာေၾကာင့္ စတန္းဖို႔ဒ္ ဘရစ္ဂ်္က ပြဲစဥ္မွာ ပါဝင္ကစားေပးနိုင္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ရဲ့ လႊမ္းမိုးနိုင္မႈဟာ သိသိသာသာ ေပ်ာက္ဆုံးေနခဲ့ၿပီး တိုက္စစ္မွာ အခြင့္အေရးေတြ ဖန္တီး၊ အဆုံးသတ္ေနခ်ိန္မွာ ေမဆန္ ေမာင့္ရဲ့ ခံစစ္ပိုင္းကိုပါ ဆင္းကူနိုင္တဲ့ အေနအထားမ်ိဳးကို ခ်ဲလ္ဆီးအသင္း လိုအပ္ေနခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.