Analysis Premier League

ဆာကာ၊ စမစ်ရိုး၊ ရမ်းစ်ဒေးလ်နဲ့ အာဆင်နယ် 3-1 စပါးစ် ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ပရိသတ်တွေကို ပြန်စည်းရုံးနိုင်ခဲ့တဲ့ အာတီတာ
အာဆင်နယ်အသင်းရဲ့ ဒီနေ့နိုင်ပွဲဟာ သာမန်နိုင်ပွဲတစ်ပွဲမဟုတ်ဘဲ အသင်းကြီးတစ်သင်း၊ ဒါ့အပြင် ခါးသီးတဲ့ မြောက်လန်ဒန်ဒါဘီပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးစ်ဖြစ်နေတာကြောင့် နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူ့ကို ဆန့်ကျင်ခဲ့တဲ့ ပရိသတ်တွေကို အနည်းနဲ့ အများတော့ ပြန်လည် စည်းရုံးနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ အသင်းရဲ့ ကစားဟန်နဲ့ လူငယ်တွေရဲ့ သွင်းဂိုး၊ အူဘာမီယန်းရဲ့ ဂိုးပေါက်ပြန်ရှာတွေ့နေမှုတွေမှာ နည်းပြတစ်ယောက်ထက် ကစားသမားတစ်ယောက်ရဲ့ ပုံစံမျိုးနဲ့ စိတ်လှုပ်ရှားတက်ကြွနေတဲ့ ပုံစံလည်း သူ့ရဲ့ အမှတ်အသားလိုဖြစ်နေပြီး နိုင်ပွဲက သူ့အတွက် အကျိုးများခဲ့တာပါ။

ကွင်းလယ်ရဲ့ ဟန်ချက်ညီမှု
ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေနဲ့ သာမန်ကစားသမားတွေကို သုံးပြီး ရလဒ်ဆိုးခဲ့တာကို ကာကွယ်နိုင်ဖို့ ဒီရာသီမှာတော့ အာတီတာအနေနဲ့ သောမတ်စ် ပါတေးရဲ့ အကောင်းဆုံးပုံစံကို တောင်းဆိုထားခဲ့သလို ဒီနေ့မှာလည်း သူနဲ့ ချာကာတို့ရဲ့ ကွင်းလယ်ကို စိုးမိုးနိုင်မှုနဲ့ လုပ်အားနှုန်းတွေက အော်ဒီဂွါဒ်နဲ့ စမစ်ရိုးတို့ရဲ့ လှုပ်ရှားမှုတွေကို နေရာလွတ်တွေနဲ့ ထောက်ပံ့ပေးနိုင်ခဲ့တာပါ။ ဒီနေ့ကွင်းလယ်မှာ အကျိုးအရှိဆုံး ကစားသမားကတော့ ခရွိုင်ဒန် ဒီဘရိုင်းနား ESR ပဲဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးမှာလည်း အော်ဒီဂွါဒ်၊ ဆာကာတို့ရဲ့ တွဲလုံးတွေနဲ့ ပံ့ပိုးမှုတွေက ပရိသတ်တွေကို ကျေနပ်အားရစေခဲ့တာဖြစ်ပါတယ်။

နေရာပေးခံရမှုနဲ့ တောက်ပခဲ့တဲ့ ရမ်းစ်ဒေးလ်
နည်းပြ အာတီတာအနေနဲ့ မြောက်လန်ဒန်ဒါဘီမှာ သူ့ကို နှစ်ဆင့်နေရာပေးခဲ့တာပါ။ (၁) သူ့ကို ပွဲထုတ်ခြင်းအားဖြင့် ပိုမိုဦးစားပေးထားတယ်လို့ သိသာစေပြီး (၂) အမှားမလုပ်ဘဲ လက်စွမ်းပြခဲ့ရင် အပိုင်ယူတော့ဆိုပြီး ပွဲထွက်ဂိုးသမားနေရာမှာ ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။ တစ်ပွဲလုံး ကစားပုံက ကောင်းမွန်ခဲ့ပြီး ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးမှာတော့ ခံစစ်တွေ ပေါ့လျော့တာကို ကြိုးစားကာကွယ်ပေးခဲ့သေးပေမယ့် သူ့ရဲ့ လက်နဲ့ထိပြီးမှ ဂိုးထဲကို ဝင်သွားခဲ့တာကတော့ ဒီနေ့ပွဲမှာ Clean Sheet နဲ့ လွဲချော်စေဖို့ ကံပါလာခဲ့လို့ပဲလို့ ပြောရမှာပါ။ ဂိုးသမား လီနိုအတွက်တော့ စိတ်မကောင်းစရာဖြစ်ခဲ့ပြီး သူ့ကို လာကြည့်တဲ့ ဂျာမနီနည်းပြ ဟန်ဆီ ဖလစ်ကတော့ ဘယ်အသင်းမှာ ဘယ်သူတွေ ကစားခွင့်ရနေလဲဆိုတာတောင် မသိဘူးလားလို့ မေးရအောင် ဂွမ်းခဲ့သေးတာလည်းဖြစ်ပါတယ်။

ဆန်းချက်ဇ်နဲ့ ဒိုင်ယာကို နူနို ဆန်တို ဖျက်ဆီးထားတာလား
ဒီနေ့ပွဲမှာ အာဆင်နယ်တို့ရဲ့ တိုက်စစ်ကို ကြိုးစားခုခံကာကွယ်ရမယ့်အစား လွယ်လွယ်လေး ကစားသွားခဲ့တဲ့ စပါးစ်ခံစစ်ရဲ့ ပထမပိုင်း စွမ်းဆောင်ရည်ကတော့ စိတ်ပျက်စရာအတိနဲ့ပါ။ ဒေဗင်ဆန် ဆန်းချက်ဇ်နဲ့ အဲရစ် ဒိုင်ယာတို့ကြားမှာ နားလည်မှုက ပျောက်ဆုံးနေသလို တန်ဂန်ဂါရဲ့ အိုးနင်းခွက်နင်း ပုံစံနဲ့ အင်အားပေါင်းစည်းလိုက်ချိန်မှာတော့ ၂၂ မိနစ်အတွင်း ၃ ဂိုးပေးလိုက်ရတာလည်းဖြစ်ပါတယ်။ ဒါဟာ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲမှာ လန်ဒန်ကလပ်ချင်း တွေ့ဆုံမှုတွေမှာ သုံးပွဲဆက်တိုက် သုံးဂိုးစီ ပေးခဲ့ရတာဖြစ်ပြီး ခံစစ်ရော တိုက်စစ်ပါ သုံးစားမရရင်တော့ အသင်းကို ဖျက်ဆီးထားတဲ့ နူနို ဆန်တိုရဲ့ ထိုင်ခုံပျောက်သွားဖို့ ရှိနေပါတယ်။

အနာဂတ်အတွက် ရွှေရောင်အတွဲအဖက် ဆာကာနဲ့ စမစ်ရိုး
အာဆင်နယ်အသင်းရဲ့ လူငယ်ကွင်းလယ်တိုက်စစ်အတွဲဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ အီမီးလ် စမစ်ရိုးတို့ဟာ ဒီနေ့ပွဲအထိ တစ်ယောက်ကို တစ်ယောက် ၅ ကြိမ်စီ အပြန်အလှန် ဖန်တီးပေးထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အသက် ၂၁ နှစ်အောက် ကစားသမားတွေကြားမှာ အကောင်းဆုံး မှတ်တမ်းတစ်ခုလည်း ဖြစ်ခဲ့သလို ရော်နယ်လ်ဒိုနဲ့ ရွန်နီတို့ရဲ့ ၈ ကြိမ်စီ ဖန်တီးပေးခဲ့ကြတဲ့ စံချိန်ကို လိုက်မီဖို့ ကြိုးစားသွားရဖို့တော့ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ဦးရဲ့ အကယ်ဒမီထွက် ကစားသမားအချင်းချင်း စည်းလုံးနားလည်မှုနဲ့ အသင်းစိတ်ဓာတ်က လာမယ့် ဆယ်စုနှစ်တစ်ခုလောက် တည်တံ့နိုင်ပြီး ဂန်းနားပရိသတ်တွေအတွက် ရွှေရောင်အနာဂတ်လည်းဖြစ်နေကြမှာပါ။

ဂိုးပေါက်ပျောက်ဆဲ ကိန်းနဲ့ အာဆင်နယ်ကို ဝမ်းနည်းစေတဲ့ အယ်လီ
ဒီရာသီမှာ ပရီးမီးယားလိဂ် ၅ ပွဲ ကစားပြီးပြီဖြစ်တဲ့ တိုက်စစ်မှူး ဟာရီကိန်းကတော့ ဒီနေ့အထိ တစ်ဂိုးမှ ရှာဖွေထားနိုင်ခြင်း မရှိသေးဘဲ ကာရာဘောင်းဖလားမှာသာ ဂိုးရခဲ့တာဖြစ်ပါတယ်။ “ရှင် ကျွန်မကို အတင်းအဓမ္မ သိမ်းပိုက်ချင်ရင် ခန္ဓာကိုယ်ပဲ ရလိမ့်မယ်”ဆိုတဲ့ ဝတ္ထုနဲ့ ဗီဒီယိုတွေထဲက စကားလိုမျိုးဖြစ်နေတဲ့ အင်္ဂလန်ကပ္ပတိန်ဟာ ရုပ်ဒြပ်အနေနဲ့ စပါးစ်အသင်းမှာ ဆက်ရှိနေပေမယ့် စိတ်ကတော့ မန်ချက်စတာစီးတီးဆီ ရောက်နေပုံလည်း ရပါတယ်။ လက်ရှိမှာတော့ ဆွန်ဟောင်မင်ကိုပဲ အားကိုးနေရချိန်မှာ နောက်ထပ် တိုက်စစ်သမားတစ်ဦးဖြစ်တဲ့ ဒယ်လီ အယ်လီကတော့ အဖျက်တွေပဲ လိုက်လုပ်သူဖြစ်နေသလို သူ့ကို လူစားလဲလိုက်ချိန်မှာတော့ အာဆင်နယ်ကစားသမားတွေနဲ့ ပရိသတ်တွေက ဝမ်းနည်းခဲ့ကြရတာပါ။

NLD မှာ နောက်ဆုံး ၅ ကြိမ် ဂိုးနဲ့ ပတ်သက်ထားသူ ဆွန်ဟောင်မင်
စပါးစ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဆွန်ဟောင်မင်အနေနဲ့ မြောက်လန်ဒန်ဒါဘီအဖြစ် အာဆင်နယ်နဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ နောက်ဆုံးသွင်းယူထားတဲ့ ၅ ဂိုးစလုံးကို သူ့ရဲ့ ခြေရာလက်ရာ မကင်းဘဲ ပါဝင်ပတ်သက်ထားခဲ့ပါတယ်။ ဟာရီကိန်းရဲ့ ဂိုးသွင်းအများဆုံးဆိုတဲ့ စံချိန်ထက် မှတ်တမ်းကောင်းနေခဲ့တဲ့ ကိုရီးယားသားဟာ အာဆင်နယ်ဘက်ကို ၃ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးပေးခဲ့သလို ဒီနေ့ပွဲမှာလည်း အသင်းအတွက် သိက္ခာဆည်ဂိုးကို သွင်းယူပေးခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAGYI:

ပရိသတ္ေတြကို ျပန္စည္း႐ုံးႏိုင္ခဲ့တဲ့ အာတီတာ
အာဆင္နယ္အသင္းရဲ႕ ဒီေန႔ႏိုင္ပြဲဟာ သာမန္ႏိုင္ပြဲတစ္ပြဲမဟုတ္ဘဲ အသင္းႀကီးတစ္သင္း၊ ဒါ့အျပင္ ခါးသီးတဲ့ ေျမာက္လန္ဒန္ဒါဘီၿပိဳင္ဘက္ ေတာ့တင္ဟမ္ ေဟာ့စပါးစ္ျဖစ္ေနတာေၾကာင့္ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူ႔ကို ဆန႔္က်င္ခဲ့တဲ့ ပရိသတ္ေတြကို အနည္းနဲ႔ အမ်ားေတာ့ ျပန္လည္ စည္း႐ုံးႏိုင္ခဲ့ၿပီလို႔ ဆိုရမွာပါ။ အသင္းရဲ႕ ကစားဟန္နဲ႔ လူငယ္ေတြရဲ႕ သြင္းဂိုး၊ အူဘာမီယန္းရဲ႕ ဂိုးေပါက္ျပန္ရွာေတြ႕ေနမႈေတြမွာ နည္းျပတစ္ေယာက္ထက္ ကစားသမားတစ္ေယာက္ရဲ႕ ပုံစံမ်ိဳးနဲ႔ စိတ္လႈပ္ရွားတက္ႂကြေနတဲ့ ပုံစံလည္း သူ႔ရဲ႕ အမွတ္အသားလိုျဖစ္ေနၿပီး ႏိုင္ပြဲက သူ႔အတြက္ အက်ိဳးမ်ားခဲ့တာပါ။

ကြင္းလယ္ရဲ႕ ဟန္ခ်က္ညီမႈ
ၿပီးခဲ့တဲ့ရာသီက ဒဏ္ရာေတြနဲ႔ သာမန္ကစားသမားေတြကို သုံးၿပီး ရလဒ္ဆိုးခဲ့တာကို ကာကြယ္ႏိုင္ဖို႔ ဒီရာသီမွာေတာ့ အာတီတာအေနနဲ႔ ေသာမတ္စ္ ပါေတးရဲ႕ အေကာင္းဆုံးပုံစံကို ေတာင္းဆိုထားခဲ့သလို ဒီေန႔မွာလည္း သူနဲ႔ ခ်ာကာတို႔ရဲ႕ ကြင္းလယ္ကို စိုးမိုးႏိုင္မႈနဲ႔ လုပ္အားႏႈန္းေတြက ေအာ္ဒီဂြါဒ္နဲ႔ စမစ္႐ိုးတို႔ရဲ႕ လႈပ္ရွားမႈေတြကို ေနရာလြတ္ေတြနဲ႔ ေထာက္ပံ့ေပးႏိုင္ခဲ့တာပါ။ ဒီေန႔ကြင္းလယ္မွာ အက်ိဳးအရွိဆုံး ကစားသမားကေတာ့ ခ႐ြိဳင္ဒန္ ဒီဘ႐ိုင္းနား ESR ပဲျဖစ္ၿပီး သူ႔ရဲ႕ သြင္းဂိုးမွာလည္း ေအာ္ဒီဂြါဒ္၊ ဆာကာတို႔ရဲ႕ တြဲလုံးေတြနဲ႔ ပံ့ပိုးမႈေတြက ပရိသတ္ေတြကို ေက်နပ္အားရေစခဲ့တာျဖစ္ပါတယ္။

ေနရာေပးခံရမႈနဲ႔ ေတာက္ပခဲ့တဲ့ ရမ္းစ္ေဒးလ္
နည္းျပ အာတီတာအေနနဲ႔ ေျမာက္လန္ဒန္ဒါဘီမွာ သူ႔ကို ႏွစ္ဆင့္ေနရာေပးခဲ့တာပါ။ (၁) သူ႔ကို ပြဲထုတ္ျခင္းအားျဖင့္ ပိုမိုဦးစားေပးထားတယ္လို႔ သိသာေစၿပီး (၂) အမွားမလုပ္ဘဲ လက္စြမ္းျပခဲ့ရင္ အပိုင္ယူေတာ့ဆိုၿပီး ပြဲထြက္ဂိုးသမားေနရာမွာ ထည့္သြင္းလာခဲ့တာျဖစ္ပါတယ္။ တစ္ပြဲလုံး ကစားပုံက ေကာင္းမြန္ခဲ့ၿပီး ဆြန္ေဟာင္မင္ရဲ႕ သြင္းဂိုးမွာေတာ့ ခံစစ္ေတြ ေပါ့ေလ်ာ့တာကို ႀကိဳးစားကာကြယ္ေပးခဲ့ေသးေပမယ့္ သူ႔ရဲ႕ လက္နဲ႔ထိၿပီးမွ ဂိုးထဲကို ဝင္သြားခဲ့တာကေတာ့ ဒီေန႔ပြဲမွာ Clean Sheet နဲ႔ လြဲေခ်ာ္ေစဖို႔ ကံပါလာခဲ့လို႔ပဲလို႔ ေျပာရမွာပါ။ ဂိုးသမား လီႏိုအတြက္ေတာ့ စိတ္မေကာင္းစရာျဖစ္ခဲ့ၿပီး သူ႔ကို လာၾကည့္တဲ့ ဂ်ာမနီနည္းျပ ဟန္ဆီ ဖလစ္ကေတာ့ ဘယ္အသင္းမွာ ဘယ္သူေတြ ကစားခြင့္ရေနလဲဆိုတာေတာင္ မသိဘူးလားလို႔ ေမးရေအာင္ ဂြမ္းခဲ့ေသးတာလည္းျဖစ္ပါတယ္။

ဆန္းခ်က္ဇ္နဲ႔ ဒိုင္ယာကို ႏူႏို ဆန္တို ဖ်က္ဆီးထားတာလား
ဒီေန႔ပြဲမွာ အာဆင္နယ္တို႔ရဲ႕ တိုက္စစ္ကို ႀကိဳးစားခုခံကာကြယ္ရမယ့္အစား လြယ္လြယ္ေလး ကစားသြားခဲ့တဲ့ စပါးစ္ခံစစ္ရဲ႕ ပထမပိုင္း စြမ္းေဆာင္ရည္ကေတာ့ စိတ္ပ်က္စရာအတိနဲ႔ပါ။ ေဒဗင္ဆန္ ဆန္းခ်က္ဇ္နဲ႔ အဲရစ္ ဒိုင္ယာတို႔ၾကားမွာ နားလည္မႈက ေပ်ာက္ဆုံးေနသလို တန္ဂန္ဂါရဲ႕ အိုးနင္းခြက္နင္း ပုံစံနဲ႔ အင္အားေပါင္းစည္းလိုက္ခ်ိန္မွာေတာ့ ၂၂ မိနစ္အတြင္း ၃ ဂိုးေပးလိုက္ရတာလည္းျဖစ္ပါတယ္။ ဒါဟာ ေနာက္ဆုံး ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ ပြဲမွာ လန္ဒန္ကလပ္ခ်င္း ေတြ႕ဆုံမႈေတြမွာ သုံးပြဲဆက္တိုက္ သုံးဂိုးစီ ေပးခဲ့ရတာျဖစ္ၿပီး ခံစစ္ေရာ တိုက္စစ္ပါ သုံးစားမရရင္ေတာ့ အသင္းကို ဖ်က္ဆီးထားတဲ့ ႏူႏို ဆန္တိုရဲ႕ ထိုင္ခုံေပ်ာက္သြားဖို႔ ရွိေနပါတယ္။

အနာဂတ္အတြက္ ေ႐ႊေရာင္အတြဲအဖက္ ဆာကာနဲ႔ စမစ္႐ိုး
အာဆင္နယ္အသင္းရဲ႕ လူငယ္ကြင္းလယ္တိုက္စစ္အတြဲျဖစ္တဲ့ ဘူကာယို ဆာကာနဲ႔ အီမီးလ္ စမစ္႐ိုးတို႔ဟာ ဒီေန႔ပြဲအထိ တစ္ေယာက္ကို တစ္ေယာက္ ၅ ႀကိမ္စီ အျပန္အလွန္ ဖန္တီးေပးထားႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ အသက္ ၂၁ ႏွစ္ေအာက္ ကစားသမားေတြၾကားမွာ အေကာင္းဆုံး မွတ္တမ္းတစ္ခုလည္း ျဖစ္ခဲ့သလို ေရာ္နယ္လ္ဒိုနဲ႔ ႐ြန္နီတို႔ရဲ႕ ၈ ႀကိမ္စီ ဖန္တီးေပးခဲ့ၾကတဲ့ စံခ်ိန္ကို လိုက္မီဖို႔ ႀကိဳးစားသြားရဖို႔ေတာ့ ရွိေနပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ႏွစ္ဦးရဲ႕ အကယ္ဒမီထြက္ ကစားသမားအခ်င္းခ်င္း စည္းလုံးနားလည္မႈနဲ႔ အသင္းစိတ္ဓာတ္က လာမယ့္ ဆယ္စုႏွစ္တစ္ခုေလာက္ တည္တံ့ႏိုင္ၿပီး ဂန္းနားပရိသတ္ေတြအတြက္ ေ႐ႊေရာင္အနာဂတ္လည္းျဖစ္ေနၾကမွာပါ။

ဂိုးေပါက္ေပ်ာက္ဆဲ ကိန္းနဲ႔ အာဆင္နယ္ကို ဝမ္းနည္းေစတဲ့ အယ္လီ
ဒီရာသီမွာ ပရီးမီးယားလိဂ္ ၅ ပြဲ ကစားၿပီးၿပီျဖစ္တဲ့ တိုက္စစ္မႉး ဟာရီကိန္းကေတာ့ ဒီေန႔အထိ တစ္ဂိုးမွ ရွာေဖြထားႏိုင္ျခင္း မရွိေသးဘဲ ကာရာေဘာင္းဖလားမွာသာ ဂိုးရခဲ့တာျဖစ္ပါတယ္။ “ရွင္ ကြၽန္မကို အတင္းအဓမၼ သိမ္းပိုက္ခ်င္ရင္ ခႏၶာကိုယ္ပဲ ရလိမ့္မယ္”ဆိုတဲ့ ဝတၳဳနဲ႔ ဗီဒီယိုေတြထဲက စကားလိုမ်ိဳးျဖစ္ေနတဲ့ အဂၤလန္ကပၸတိန္ဟာ ႐ုပ္ျဒပ္အေနနဲ႔ စပါးစ္အသင္းမွာ ဆက္ရွိေနေပမယ့္ စိတ္ကေတာ့ မန္ခ်က္စတာစီးတီးဆီ ေရာက္ေနပုံလည္း ရပါတယ္။ လက္ရွိမွာေတာ့ ဆြန္ေဟာင္မင္ကိုပဲ အားကိုးေနရခ်ိန္မွာ ေနာက္ထပ္ တိုက္စစ္သမားတစ္ဦးျဖစ္တဲ့ ဒယ္လီ အယ္လီကေတာ့ အဖ်က္ေတြပဲ လိုက္လုပ္သူျဖစ္ေနသလို သူ႔ကို လူစားလဲလိုက္ခ်ိန္မွာေတာ့ အာဆင္နယ္ကစားသမားေတြနဲ႔ ပရိသတ္ေတြက ဝမ္းနည္းခဲ့ၾကရတာပါ။

NLD မွာ ေနာက္ဆုံး ၅ ႀကိမ္ ဂိုးနဲ႔ ပတ္သက္ထားသူ ဆြန္ေဟာင္မင္
စပါးစ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္မႉး ဆြန္ေဟာင္မင္အေနနဲ႔ ေျမာက္လန္ဒန္ဒါဘီအျဖစ္ အာဆင္နယ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြမွာ ေနာက္ဆုံးသြင္းယူထားတဲ့ ၅ ဂိုးစလုံးကို သူ႔ရဲ႕ ေျခရာလက္ရာ မကင္းဘဲ ပါဝင္ပတ္သက္ထားခဲ့ပါတယ္။ ဟာရီကိန္းရဲ႕ ဂိုးသြင္းအမ်ားဆုံးဆိုတဲ့ စံခ်ိန္ထက္ မွတ္တမ္းေကာင္းေနခဲ့တဲ့ ကိုရီးယားသားဟာ အာဆင္နယ္ဘက္ကို ၃ ဂိုးသြင္းၿပီး ၂ ဂိုးဖန္တီးေပးခဲ့သလို ဒီေန႔ပြဲမွာလည္း အသင္းအတြက္ သိကၡာဆည္ဂိုးကို သြင္းယူေပးခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.