Premier League

ေမာ္ရင္ဟိုနဲ႔ စပါးစ္ အဆင္ေျပမွာ မဟုတ္ဘူးလို႔ ယုံၾကည္ေနတဲ့ ေပါလ္မာဆင္

စပါးစ္အသင္းဟာ ေမာ္ရင္ဟိုနည္းျပျဖစ္လာၿပီးေနာက္ပိုင္း ၁၉ ပြဲ ကစားထားရာမွာ ၁၀ ပြဲ အႏိုင္ရရွိထားၿပီး အဆင့္ ၄ က ခ်ဲလ္ဆီးအသင္းကို အမီလိုက္ဖို႔ ၄ မွတ္သာ လိုေတာ့ပါတယ္။

မန္ခ်က္စတာစီးတီးနဲ႔ ေဆာက္သမ္တန္အသင္းတို႔ကို မၾကာေသးခင္က အႏိုင္ရရွိခဲ့တာေၾကာင့္ စပါးစ္အသင္းရဲ႕ ရပ္တည္မွဳဟာ ပိုမိုတိုးတက္လာခဲ့ေပမယ့္လည္း ေပါလ္မာဆင္ကေတာ့ ေမာ္ရင္ဟိုအေပၚအျပည့္အဝ ယုံၾကည္မႈမရွိေသးဘူးလို႔ သိရပါတယ္။

ေပါလ္မာဆင္က “ေမာ္ရင္ဟို စပါးစ္အသင္းမွာ ၾကာၾကာရွိမွာ မဟုတ္ပါဘူး။ စပါးစ္အသင္းကို တိုးတက္ေအာင္လုပ္ခဲ့တယ္လို႔ မျမင္မိပါဘူး။ အဆင့္ေလး၀င္ေအာင္ေလာက္ပဲ လုပ္ေပးဖို႔ေတာင္ အႏိုင္ႏိုင္ျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကို လိုက္မီဖို႔ေတာင္ မျမင္မိဘူး”ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္။

ေမာ္ရင္ဟိုဟာ မန္ခ်က္စတာယူႏိုက္တက္နည္းျပဘ၀ကေန အထုတ္ခံရၿပီးေနာက္ပိုင္း ၁၁ လၾကာ နည္းျပဘဝနဲ႔ ေဝးကြာေနခဲ့သူျဖစ္ၿပီး ေပါလ္မာဆင္ကေတာ့ ေနာက္ဆုံးအသင္းမွာလိုပဲ ေမာ္ရင္ဟို အထုတ္ခံရမယ္လို႔ ​ယုံၾကည္ေနပါတယ္။

“စပါးအသင္းမွာ သူလုပ္ျပေနတာေတြက မန္ယူမွာတုန္းကနဲ႔ ထူးမျခားနားပါပဲ။ သူ ဘာမွ စြမ္းေဆာင္မေပးႏိုင္ခဲ့ပါဘူး။ ေဆာက္သမ္တန္နဲ႔ ပြဲတုန္းက ပုံစံက အိုးထရက္ဖို႔ဒ္ကြင္းတုန္းက သူေနာက္ဆုံး လုပ္ျပခဲ့သေလာက္ပဲ”ဆိုၿပီး ​အဆုံးသတ္ေျပာဆိုသြားခဲ့ပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: စပါးစ်အသင်းဟာ မော်ရင်ဟိုနည်းပြဖြစ်လာပြီးနောက်ပိုင်း ၁၉ ပွဲ ကစားထားရာမှာ ၁၀ ပွဲ အနိုင်ရရှိထားပြီး အဆင့် ၄ က ချဲလ်ဆီးအသင်းကို အမီလိုက်ဖို့ ၄ မှတ်သာ လိုတော့ပါတယ်။

မန်ချက်စတာစီးတီးနဲ့ ဆောက်သမ်တန်အသင်းတို့ကို မကြာသေးခင်က အနိုင်ရရှိခဲ့တာကြောင့် စပါးစ်အသင်းရဲ့ ရပ်တည်မှုဟာ ပိုမိုတိုးတက်လာခဲ့ပေမယ့်လည်း ပေါလ်မာဆင်ကတော့ မော်ရင်ဟိုအပေါ်အပြည့်အဝ ယုံကြည်မှုမရှိသေးဘူးလို့ သိရပါတယ်။

ပေါလ်မာဆင်က “မော်ရင်ဟို စပါးစ်အသင်းမှာ ကြာကြာရှိမှာ မဟုတ်ပါဘူး။ စပါးစ်အသင်းကို တိုးတက်အောင်လုပ်ခဲ့တယ်လို့ မမြင်မိပါဘူး။ အဆင့်လေးဝင်အောင်လောက်ပဲ လုပ်ပေးဖို့တောင် အနိုင်နိုင်ဖြစ်ပြီး ချဲလ်ဆီးအသင်းကို လိုက်မီဖို့တောင် မမြင်မိဘူး”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်နည်းပြဘဝကနေ အထုတ်ခံရပြီးနောက်ပိုင်း ၁၁ လကြာ နည်းပြဘဝနဲ့ ဝေးကွာနေခဲ့သူဖြစ်ပြီး ပေါလ်မာဆင်ကတော့ နောက်ဆုံးအသင်းမှာလိုပဲ မော်ရင်ဟိုအထုတ်ခံရမယ်လို့ ယုံကြည်နေပါတယ်။

“စပါးအသင်းမှာ သူလုပ်ပြနေတာတွေက မန်ယူမှာတုန်းကနဲ့ ထူးမခြားနားပါပဲ။ သူ ဘာမှ စွမ်းဆောင်မပေးနိုင်ခဲ့ပါဘူး။ ဆောက်သမ်တန်နဲ့ ပွဲတုန်းက ပုံစံက အိုးထရက်ဖို့ဒ်ကွင်းတုန်းက သူနောက်ဆုံးလုပ်ပြခဲ့သလောက်ပဲ”ဆိုပြီး အဆုံးသတ်ပြောဆိုသွားခဲ့ပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.