Ligue1

လူစားလဲခံရအပြီးမှာ ၂ ပွဲဆက် ပျောက်ဆုံးနေတဲ့ မက်ဆီနဲ့ နိုင်ပွဲဆက်နေတဲ့ PSG

ပြီးခဲ့တဲ့ လီယွန်နဲ့ အိမ်ကွင်းပွဲစဉ်မှာ သူ့အတွက် အသားမကျတဲ့ အရာတစ်ခုဖြစ်တဲ့ လူစားလဲမှုနဲ့ ကြုံတွေ့ရအပြီးမှာ ကောက်ခါငင်ခါ ဒူးဒဏ်ရာ ပေါ်လာခဲ့ပြီး ကုသနေရတယ်လို့ သတင်းထွက်နေတဲ့ လီယွန်နယ် မက်ဆီ မပါဝင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ်မှာလည်း နိုင်ပွဲဆက်နေခဲ့ပြီး မောင့်ပယ်လီယေးကို နှစ်ဂိုး-ဂိုးမရှိနဲ့ ရာနှုန်းပြည့်မှတ်တမ်းကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မောင့်ပယ်လီယေးကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတာဖြစ်ပြီး အသင်းရဲ့ နာမည်ကြီးတိုက်စစ်မှူးတွေကတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိချိန်မှာ ကွင်းလယ်လူ အီဒရစ်ဆာ ဂေးယီနဲ့ ဂျူလီယန် ဒရက်ဆလာတို့ရဲ့ ပွဲချိန် ၁၄ မိနစ်နဲ့ ၈၉ မိနစ်တွေမှာ အသီးသီး သွင်းယူခဲ့ကြတဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ပရိသတ်တချို့ကတော့ အသင်းမှာ အာဂျင်တီးနားသားကြီး မက်ဆီကတော့ မွှေနှောက်နေပြီလို့ ဆိုနေကြပြီး တိုက်စစ်မှူးတွေဖြစ်ကြတဲ့ နေမာနဲ့ ခီလီယန် အမ်ဘာပေတို့ စိတ်ရှုပ်နေကြပုံပေါ်သလို နှစ်ပွဲဆက်တိုက် နှစ်ယောက်စလုံး ဂိုးပေါက် ပျောက်ဆုံးနေကြပြီး လွန်ခဲ့တဲ့ မက်ဇ်နဲ့ နိုင်ပွဲမှာလည်း နောက်ခံလူ ဟာကီမီကပဲ နှစ်ဂိုးသွင်းယူပေးခဲ့ရတာပါ။

မက်ဆီအနေနဲ့ အတိတ်က လူစားလဲတိုင်းနဲ့ မကစားရတိုင်း ပြဿနာရှာတတ်တဲ့ ဖြစ်ရပ်တွေအရ သူ့ရဲ့ ဒူးဒဏ်ရာအကြောင်းပြချက်ကို ဘယ်သူမှ အယုံအကြည်မရှိဘဲဖြစ်နေကြပြီး သူ့ရဲ့ အခွင့်ထူးခံပုံစံမျိုးနဲ့ ပီအက်စ်ဂျီကို ရောက်လာခဲ့တာဟာ အသင်းကို အဆိပ်အတောက်ဖြစ်စေလို အားနည်းမှုတွေပါ ဖြစ်ပေါ်စေတယ်လို့ ဝေဖန်ခံထားရပါတယ်။

အသင်းအတွက် မိနစ် ၁၉၀ ကစားပေးထားပြီးဖြစ်တဲ့ မက်ဆီအနေနဲ့ လက်ရှိအချိန်အထိ ဂိုးပေါက်ရှာမတွေ့သေးသလို အသင်းဖော်တွေနဲ့လည်း အစေးကပ်တဲ့ ပုံစံကို ဖော်ဆောင်မထားနိုင်ဘဲ ရှိနေပြီး အသင်းကို သူနဲ့အတူ အပြောင်းအရွှေ့ကာလတစ်ခုတည်းမှာ ရောက်လာခဲ့တဲ့ နောက်ခံလူ ဟာကီမီရဲ့ ဝမ်းသာစကားကလွဲလို့ ပီအက်စ်ဂျီအသင်းဖော်တွေဆီက တိတ်ဆိတ်နေမှုတွေကလည်း အတွေးများစရာဖြစ်နေခဲ့တာပါ။

နည်းပြ မော်ရီစီယို ပိုချက်တီနိုကတော့ အသင်းအနေနဲ့ မက်ဆီနဲ့ စကားပြောပြီးပြီဖြစ်ပြီး သူ့အနေနဲ့ ဒူးကို ကိုင်နေတာ တွေ့ရတယ်လို့ ခပ်တိုတိုနဲ့ တိုက်ရိုက်ပဲ ရှင်းလင်းသွားပြီး သူ့ဘက်ကတော့ လီယွန်နဲ့ပွဲမှာ ၇၆ မိနစ် ပါဝင်ကစားပေးသွားတဲ့ ၃၄ နှစ်သားရဲ့ စွမ်းဆောင်ရည်အတွက် မကျေနပ်စရာ ဘာမှ မရှိဘူးလို့လည်း ထုတ်ဖော်သွားခဲ့ပါတယ်။

ပိုချက်တီနိုကတော့ မက်ဆီဟာ ကြီးကျယ်တဲ့ ချန်ပီယံကစားသမားဖြစ်ပြီး ဂိုးမသွင်းနိုင်သေးပေမယ့် ခြေစွမ်းပြနိုင်တယ်လို့ ထင်မိကြောင်းလည်း ပြောကြားသွားခဲ့ပြီး ပီအက်စ်ဂျီအသင်းဘက်ကတော့ သူ့ကို လာမယ့်ဗုဒ္ဓဟူးနေ့ မန်ချက်စတာစီးတီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ခန့်မှန်းထာတာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကြားမှာ ပရော်ဖက်ရှင်နယ်ပီသစွာ စိတ်မကောက်ကြောင်း တွေ့မြင်ရလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ၿပီးခဲ့တဲ့ လီယြန္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ သူ႔အတြက္ အသားမက်တဲ့ အရာတစ္ခုျဖစ္တဲ့ လူစားလဲမႈနဲ႔ ၾကဳံေတြ႕ရအၿပီးမွာ ေကာက္ခါငင္ခါ ဒူးဒဏ္ရာ ေပၚလာခဲ့ၿပီး ကုသေနရတယ္လို႔ သတင္းထြက္ေနတဲ့ လီယြန္နယ္ မက္ဆီ မပါဝင္ခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းဟာ ဒီတစ္ပတ္မွာလည္း နိုင္ပြဲဆက္ေနခဲ့ၿပီး ေမာင့္ပယ္လီေယးကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရာႏႈန္းျပည့္မွတ္တမ္းကို ထိန္းသိမ္းနိုင္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ေမာင့္ပယ္လီေယးကို အိမ္ကြင္းမွာ လက္ခံကစားခဲ့ရတာျဖစ္ၿပီး အသင္းရဲ့ နာမည္ႀကီးတိုက္စစ္မႉးေတြကေတာ့ ဂိုးသြင္းယူနိုင္ျခင္းမရွိခ်ိန္မွာ ကြင္းလယ္လူ အီဒရစ္ဆာ ေဂးယီနဲ႔ ဂ်ဴလီယန္ ဒရက္ဆလာတို႔ရဲ့ ပြဲခ်ိန္ ၁၄ မိနစ္နဲ႔ ၈၉ မိနစ္ေတြမွာ အသီးသီး သြင္းယူခဲ့ၾကတဲ့ ဂိုးေတြနဲ႔ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ပရိသတ္တခ်ိဳ႕ကေတာ့ အသင္းမွာ အာဂ်င္တီးနားသားႀကီး မက္ဆီကေတာ့ ေမႊေႏွာက္ေနၿပီလို႔ ဆိုေနၾကၿပီး တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ ေနမာနဲ႔ ခီလီယန္ အမ္ဘာေပတို႔ စိတ္ရႈပ္ေနၾကပုံေပၚသလို ႏွစ္ပြဲဆက္တိုက္ ႏွစ္ေယာက္စလုံး ဂိုးေပါက္ ေပ်ာက္ဆုံးေနၾကၿပီး လြန္ခဲ့တဲ့ မက္ဇ္နဲ႔ နိုင္ပြဲမွာလည္း ေနာက္ခံလူ ဟာကီမီကပဲ ႏွစ္ဂိုးသြင္းယူေပးခဲ့ရတာပါ။

မက္ဆီအေနနဲ႔ အတိတ္က လူစားလဲတိုင္းနဲ႔ မကစားရတိုင္း ျပႆနာရွာတတ္တဲ့ ျဖစ္ရပ္ေတြအရ သူ႔ရဲ့ ဒူးဒဏ္ရာအေၾကာင္းျပခ်က္ကို ဘယ္သူမွ အယုံအၾကည္မရွိဘဲျဖစ္ေနၾကၿပီး သူ႔ရဲ့ အခြင့္ထူးခံပုံစံမ်ိဳးနဲ႔ ပီအက္စ္ဂ်ီကို ေရာက္လာခဲ့တာဟာ အသင္းကို အဆိပ္အေတာက္ျဖစ္ေစလို အားနည္းမႈေတြပါ ျဖစ္ေပၚေစတယ္လို႔ ေဝဖန္ခံထားရပါတယ္။

အသင္းအတြက္ မိနစ္ ၁၉၀ ကစားေပးထားၿပီးျဖစ္တဲ့ မက္ဆီအေနနဲ႔ လက္ရွိအခ်ိန္အထိ ဂိုးေပါက္ရွာမေတြ႕ေသးသလို အသင္းေဖာ္ေတြနဲ႔လည္း အေစးကပ္တဲ့ ပုံစံကို ေဖာ္ေဆာင္မထားနိုင္ဘဲ ရွိေနၿပီး အသင္းကို သူနဲ႔အတူ အေျပာင္းအေရႊ႕ကာလတစ္ခုတည္းမွာ ေရာက္လာခဲ့တဲ့ ေနာက္ခံလူ ဟာကီမီရဲ့ ဝမ္းသာစကားကလြဲလို႔ ပီအက္စ္ဂ်ီအသင္းေဖာ္ေတြဆီက တိတ္ဆိတ္ေနမႈေတြကလည္း အေတြးမ်ားစရာျဖစ္ေနခဲ့တာပါ။

နည္းၿပ ေမာ္ရီစီယို ပိုခ်က္တီနိုကေတာ့ အသင္းအေနနဲ႔ မက္ဆီနဲ႔ စကားေျပာၿပီးၿပီျဖစ္ၿပီး သူ႔အေနနဲ႔ ဒူးကို ကိုင္ေနတာ ေတြ႕ရတယ္လို႔ ခပ္တိုတိုနဲ႔ တိုက္ရိုက္ပဲ ရွင္းလင္းသြားၿပီး သူ႔ဘက္ကေတာ့ လီယြန္နဲ႔ပြဲမွာ ၇၆ မိနစ္ ပါဝင္ကစားေပးသြားတဲ့ ၃၄ ႏွစ္သားရဲ့ စြမ္းေဆာင္ရည္အတြက္ မေက်နပ္စရာ ဘာမွ မရွိဘူးလို႔လည္း ထုတ္ေဖာ္သြားခဲ့ပါတယ္။

ပိုခ်က္တီနိုကေတာ့ မက္ဆီဟာ ႀကီးက်ယ္တဲ့ ခ်န္ပီယံကစားသမားျဖစ္ၿပီး ဂိုးမသြင္းနိုင္ေသးေပမယ့္ ေျခစြမ္းျပနိုင္တယ္လို႔ ထင္မိေၾကာင္းလည္း ေျပာၾကားသြားခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းဘက္ကေတာ့ သူ႔ကို လာမယ့္ဗုဒၶဟူးေန႔ မန္ခ်က္စတာစီးတီးနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပါဝင္နိုင္ဖို႔ ခန႔္မွန္းထာတာေၾကာင့္ အသင္းရဲ့ ပြဲစဥ္ေတြၾကားမွာ ပေရာ္ဖက္ရွင္နယ္ပီသစြာ စိတ္မေကာက္ေၾကာင္း ေတြ႕ျမင္ရလိမ့္မယ္လို႔ ေမၽွာ္လင့္ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။