Ligue1 UCL&UEL

ပင်နယ်တီ လွဲတာတောင် ရော်နယ်ဒို ပေးကန်ဖို့ စိတ်ကူးမရှိသေးတဲ့ ဖာနန်ဒက်စ်

ဘရူနို ဖာနန်ဒက်စ်ဟာ အက်စ်တွန်ဗီလာအသင်းကို မန်ချက်စတာယူနိုက်တက်အသင်းက အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွက် အဓိကတရားခံဖြစ်တဲ့ ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် နောက်တစ်ခါ ကန်ဖို့ အဆင်သင့်ဖြစ်နေမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ပေါ်တူဂီကွင်းလယ်ကစားသမားဟာ နာကျင်အချိန်ပိုမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းခွင့် ရရှိခဲ့တာဖြစ်ပြီး ယူနိုက်တက်ဟာ ၈၈ မိနစ်မှာ အဖွင့်ဂိုး ခွင့်ပြုခဲ့ရတာကြောင့် သရေတစ်မှတ် ရရှိအောင် ချေပဂိုး သွင်းယူနိုင်ဖို့ လိုအပ်နေခဲ့တာဖြစ်ပါတယ်။ အိုလေ ဂန်နာ ဆိုးလ်ရှားက ယူနိုက်တက်အတွက် သရေတစ်မှတ် ရရှိစေမယ့် ပင်နယ်တီကို လွဲချော်သွားခဲ့တဲ့ ဖာနန်ဒက်စ်ကို အသင်းရဲ့ ပုံသေ ပင်နယ်တီကန်သွင်းသူအဖြစ် တာဝန်ပေးထားခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာ စပို့တင်းကြယ်ပွင့်ဟောင်းရဲ့ အလွန်ကောင်းမွန်တဲ့ ပင်နယ်တီမှတ်တမ်းတွေကြောင့် ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၇ နှစ်အရွယ် ပေါ်တူဂီကွင်းလယ်ကစားသမားဟာ ပင်နယ်တီကို မိုးပေါ်ထောင်ကန်ခဲ့တာကြောင့် ယူနိုက်တက်ဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အက်စ်တွန်ဗီလာကို ရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲအတွက် ဖာနန်ဒက်စ်ဟာ ပြစ်တင်ခြင်းခံနေရတာဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်က စနေနေ့ညနေ ပွဲစဉ်အပြီး လူမှုကွန်ရက်မှာ ရော်နယ်ဒိုကို ပင်နယ်တီကန်သွင်းသူအဖြစ် သတ်မှတ်ပေးဖို့ ဖိအားတွေ ရှိနေတာတောင်မှပဲ ပရိသတ်တွေကို ၎င်းအနေနဲ့ ပင်နယ်တီကန်သွင်းတဲ့တာဝန်ကို လက်လွှဲပေးသွားမှာမဟုတ်ကောင်း ရေးသားပြီး ကြေညာခဲ့ပါတယ်။

“ပင်နယ်တီ လွဲချော်ခဲ့ပြီး နောက်ဆက်တွဲရှုံးနိမ့်မှုအတွက် ဘယ်သူကမှ ကျွန်တော့်ထက်ပိုပြီး စိတ်ပျက် ဒေါသထွက်မှာမဟုတ်တော့ပါဘူး။ ကျွန်တော့် တာဝန်လို့ အမြဲတမ်း ယူဆခဲ့တာဖြစ်ပြီး အခုလိုမျိုး ဖိအားတွေအောက်ရောက်နေတဲ့အခိုက်အတံ့မှာ ကျွန်တော် အမြဲတမ်း သူတို့ကို ပွေ့ဖက်အောင်ပွဲခံခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော် ကျရှုံးခဲ့ပါတယ်”

“ဒါပေမယ့် ကျွန်တော် ရှေ့ဆက်သွားမှာဖြစ်ပြီး တူညီတဲ့ရည်မှန်းချက်နဲ့ ဘောလုံးကို ပိုက်ထဲမှာ အဆုံးသတ်ဖို့ အခြားအချိန်တွေများစွာတုန်းက တာဝန်ဝတ္တရားအတိုင်း စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားမှာဖြစ်ပါတယ်”

“ဝေဖန်မှုတွေနဲ့ ဆန့်ကျင်ဘက် ထင်မြင်ချက်တွေဟာ ဘောလုံးရဲ့ ကြီးမားတဲ့အစိတ်အပိုင်းပါ။ ကျွန်တော် အဲဒါတွေနဲ့ နေထိုင်နိုင်အောင် လေ့လာသင်ယူခဲ့တယ်။ အဲဒါတွေက ကျွန်တော့်ကို မောင်းနှင်နိုင်တဲ့အရာတွေအဖြစ် အသုံးပြုပြီးတောင် နေခဲ့တယ်။ အဲဒါက ကျွန်တော့်အတွက်နဲ့ အသင်းအတွက် တိုးတက်ဖို့နဲ့ ကျွန်တော် ဖြစ်နိုင်သမျှ အကောင်းဆုံးကစားသမားဖြစ်လာဖို့ ကြိုးပမ်းနေတာကို ဘယ်တော့မှ မရပ်တန့်အောင် ပြုလုပ်ပေးနေတဲ့ အရမ်းအရေးပါတဲ့အစိတ်အပိုင်းအဖြစ် မှတ်ယူထားပါတယ်”

“ဒီနေ့ ကျွန်တော် ယူနိုက်တက်ကို ပြောင်းလာပြီးကတည်းက ပေးထားတဲ့ တာဝန်ဝတ္တရားကို နောက်ထပ်တစ်ကြိမ် ထမ်းဆောင်ခဲ့တယ်။ ကျွန်တော် နောက်ထပ်တစ်ကြိမ် ပင်နယ်တီကန်ရမယ့်အချိန်ကျရင်လည်း ဘယ်လို ကြောက်ရွံ့ တုန်လှုပ်မှုမှမရှိဘဲ ကန်သွင်းသွားမှာပါ။ ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာက အတူတူ နိုင်ပွဲရယူဖို့ပါ။ အသင်းဖော်တွေနဲ့ အသင်းကို အကောင်းဆုံးဖြစ်နိုင်အောင် ကျွန်တော် ကူညီနိုင်သမျှ အရာအားလုံးကို အမြဲတမ်း လုပ်ဆောင်သွားမှာပါ”

“ကျွန်တော်က ကွင်းထဲမှာ ပြင်းထန်တဲ့စိတ်ဆန္ဒ၊ တာဝန်ယူမှုတွေနဲ့ ကစားတတ်တဲ့ ကစားသမားမျိုးပါ။ အဲဒါကပဲ ကျွန်တော် ဆက်လုပ်သွားမယ့်အရာဖြစ်ပါတယ်။ ပွဲပြီး ဝီစီမှုတ်ပြီးတဲ့နောက် ခင်ဗျားတို့အားလုံးရဲ့ အားပေးထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။ ကွင်းထဲမှာ ကျွန်တော့်နာမည်ကို ကြွေးကြော်နေတာကို ကြားရတာက အရမ်းကို စိတ်ခံစားမှုတွေ ပြည့်နှက်စေပါတယ်”

“ကျွန်တော့်အတွက် ကျွန်တော် ပိုပြီး သန်မာတဲ့ပုံစံနဲ့ ပြန်လာပါ့မယ်။ ဘာလို့လဲဆိုတော့ ဒီအရာတွေက သူတို့ဘဝမှာ ဦးတည်ချက်မရှိတဲ့ လူတွေက လွှမ်းမိုးလို့ မရနိုင်ဘူးဆိုတဲ့ အချက်ကို လက်ခံထားတဲ့ ကျွန်တော့် အသင်းဖော်တွေ အားလုံးလိုလိုနဲ့ ကျွန်တော်တို့ကို အမြဲတမ်း အားပေးထောက်ခံခဲ့တဲ့ ပရိသတ်တွေကြောင့်ပါ”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘ႐ူႏို ဖာနန္ဒက္စ္ဟာ အက္စ္တြန္ဗီလာအသင္းကို မန္ခ်က္စတာယူႏိုက္တက္အသင္းက အိမ္ကြင္းအိုးထရက္ဖို႔ဒ္မွာ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြက္ အဓိကတရားခံျဖစ္တဲ့ ပင္နယ္တီ လြဲေခ်ာ္ခဲ့ၿပီးေနာက္ ေနာက္တစ္ခါ ကန္ဖို႔ အဆင္သင့္ျဖစ္ေနမွာျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။

ေပၚတူဂီကြင္းလယ္ကစားသမားဟာ နာက်င္အခ်ိန္ပိုမွာ ရရွိခဲ့တဲ့ ပင္နယ္တီကို ကန္သြင္းခြင့္ ရရွိခဲ့တာျဖစ္ၿပီး ယူႏိုက္တက္ဟာ ၈၈ မိနစ္မွာ အဖြင့္ဂိုး ခြင့္ျပဳခဲ့ရတာေၾကာင့္ သေရတစ္မွတ္ ရရွိေအာင္ ေခ်ပဂိုး သြင္းယူႏိုင္ဖို႔ လိုအပ္ေနခဲ့တာျဖစ္ပါတယ္။ အိုေလ ဂန္နာ ဆိုးလ္ရွားက ယူႏိုက္တက္အတြက္ သေရတစ္မွတ္ ရရွိေစမယ့္ ပင္နယ္တီကို လြဲေခ်ာ္သြားခဲ့တဲ့ ဖာနန္ဒက္စ္ကို အသင္းရဲ႕ ပုံေသ ပင္နယ္တီကန္သြင္းသူအျဖစ္ တာဝန္ေပးထားခဲ့တာျဖစ္ၿပီး ဒီဆုံးျဖတ္ခ်က္ဟာ စပို႔တင္းၾကယ္ပြင့္ေဟာင္းရဲ႕ အလြန္ေကာင္းမြန္တဲ့ ပင္နယ္တီမွတ္တမ္းေတြေၾကာင့္ ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၂၇ ႏွစ္အ႐ြယ္ ေပၚတူဂီကြင္းလယ္ကစားသမားဟာ ပင္နယ္တီကို မိုးေပၚေထာင္ကန္ခဲ့တာေၾကာင့္ ယူႏိုက္တက္ဟာ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ အက္စ္တြန္ဗီလာကို ရႈံးနိမ့္ခဲ့ၿပီး ရႈံးပြဲအတြက္ ဖာနန္ဒက္စ္ဟာ ျပစ္တင္ျခင္းခံေနရတာျဖစ္ပါတယ္။ ဘ႐ူႏို ဖာနန္ဒက္စ္က စေနေန႔ညေန ပြဲစဥ္အၿပီး လူမႈကြန္ရက္မွာ ေရာ္နယ္ဒိုကို ပင္နယ္တီကန္သြင္းသူအျဖစ္ သတ္မွတ္ေပးဖို႔ ဖိအားေတြ ရွိေနတာေတာင္မွပဲ ပရိသတ္ေတြကို ၎အေနနဲ႔ ပင္နယ္တီကန္သြင္းတဲ့တာဝန္ကို လက္လႊဲေပးသြားမွာမဟုတ္ေကာင္း ေရးသားၿပီး ေၾကညာခဲ့ပါတယ္။

“ပင္နယ္တီ လြဲေခ်ာ္ခဲ့ၿပီး ေနာက္ဆက္တြဲရႈံးနိမ့္မႈအတြက္ ဘယ္သူကမွ ကြၽန္ေတာ့္ထက္ပိုၿပီး စိတ္ပ်က္ ေဒါသထြက္မွာမဟုတ္ေတာ့ပါဘူး။ ကြၽန္ေတာ့္ တာဝန္လို႔ အၿမဲတမ္း ယူဆခဲ့တာျဖစ္ၿပီး အခုလိုမ်ိဳး ဖိအားေတြေအာက္ေရာက္ေနတဲ့အခိုက္အတံ့မွာ ကြၽန္ေတာ္ အၿမဲတမ္း သူတို႔ကို ေပြ႕ဖက္ေအာင္ပြဲခံခဲ့ပါတယ္။ ဒီေန႔မွာေတာ့ ကြၽန္ေတာ္ က်ရႈံးခဲ့ပါတယ္”

“ဒါေပမယ့္ ကြၽန္ေတာ္ ေရွ႕ဆက္သြားမွာျဖစ္ၿပီး တူညီတဲ့ရည္မွန္းခ်က္နဲ႔ ေဘာလုံးကို ပိုက္ထဲမွာ အဆုံးသတ္ဖို႔ အျခားအခ်ိန္ေတြမ်ားစြာတုန္းက တာဝန္ဝတၱရားအတိုင္း စိန္ေခၚမႈေတြကို ရင္ဆိုင္သြားမွာျဖစ္ပါတယ္”

“ေဝဖန္မႈေတြနဲ႔ ဆန႔္က်င္ဘက္ ထင္ျမင္ခ်က္ေတြဟာ ေဘာလုံးရဲ႕ ႀကီးမားတဲ့အစိတ္အပိုင္းပါ။ ကြၽန္ေတာ္ အဲဒါေတြနဲ႔ ေနထိုင္ႏိုင္ေအာင္ ေလ့လာသင္ယူခဲ့တယ္။ အဲဒါေတြက ကြၽန္ေတာ့္ကို ေမာင္းႏွင္ႏိုင္တဲ့အရာေတြအျဖစ္ အသုံးျပဳၿပီးေတာင္ ေနခဲ့တယ္။ အဲဒါက ကြၽန္ေတာ့္အတြက္နဲ႔ အသင္းအတြက္ တိုးတက္ဖို႔နဲ႔ ကြၽန္ေတာ္ ျဖစ္ႏိုင္သမွ် အေကာင္းဆုံးကစားသမားျဖစ္လာဖို႔ ႀကိဳးပမ္းေနတာကို ဘယ္ေတာ့မွ မရပ္တန႔္ေအာင္ ျပဳလုပ္ေပးေနတဲ့ အရမ္းအေရးပါတဲ့အစိတ္အပိုင္းအျဖစ္ မွတ္ယူထားပါတယ္”

“ဒီေန႔ ကြၽန္ေတာ္ ယူႏိုက္တက္ကို ေျပာင္းလာၿပီးကတည္းက ေပးထားတဲ့ တာဝန္ဝတၱရားကို ေနာက္ထပ္တစ္ႀကိမ္ ထမ္းေဆာင္ခဲ့တယ္။ ကြၽန္ေတာ္ ေနာက္ထပ္တစ္ႀကိမ္ ပင္နယ္တီကန္ရမယ့္အခ်ိန္က်ရင္လည္း ဘယ္လို ေၾကာက္႐ြံ႕ တုန္လႈပ္မႈမွမရွိဘဲ ကန္သြင္းသြားမွာပါ။ ကြၽန္ေတာ့္အတြက္ အေရးအႀကီးဆုံးအရာက အတူတူ ႏိုင္ပြဲရယူဖို႔ပါ။ အသင္းေဖာ္ေတြနဲ႔ အသင္းကို အေကာင္းဆုံးျဖစ္ႏိုင္ေအာင္ ကြၽန္ေတာ္ ကူညီႏိုင္သမွ် အရာအားလုံးကို အၿမဲတမ္း လုပ္ေဆာင္သြားမွာပါ”

“ကြၽန္ေတာ္က ကြင္းထဲမွာ ျပင္းထန္တဲ့စိတ္ဆႏၵ၊ တာဝန္ယူမႈေတြနဲ႔ ကစားတတ္တဲ့ ကစားသမားမ်ိဳးပါ။ အဲဒါကပဲ ကြၽန္ေတာ္ ဆက္လုပ္သြားမယ့္အရာျဖစ္ပါတယ္။ ပြဲၿပီး ဝီစီမႈတ္ၿပီးတဲ့ေနာက္ ခင္ဗ်ားတို႔အားလုံးရဲ႕ အားေပးေထာက္ခံမႈအတြက္ ေက်းဇူးတင္ပါတယ္။ ကြင္းထဲမွာ ကြၽန္ေတာ့္နာမည္ကို ေႂကြးေၾကာ္ေနတာကို ၾကားရတာက အရမ္းကို စိတ္ခံစားမႈေတြ ျပည့္ႏွက္ေစပါတယ္”

“ကြၽန္ေတာ့္အတြက္ ကြၽန္ေတာ္ ပိုၿပီး သန္မာတဲ့ပုံစံနဲ႔ ျပန္လာပါ့မယ္။ ဘာလို႔လဲဆိုေတာ့ ဒီအရာေတြက သူတို႔ဘဝမွာ ဦးတည္ခ်က္မရွိတဲ့ လူေတြက လႊမ္းမိုးလို႔ မရႏိုင္ဘူးဆိုတဲ့ အခ်က္ကို လက္ခံထားတဲ့ ကြၽန္ေတာ့္ အသင္းေဖာ္ေတြ အားလုံးလိုလိုနဲ႔ ကြၽန္ေတာ္တို႔ကို အၿမဲတမ္း အားေပးေထာက္ခံခဲ့တဲ့ ပရိသတ္ေတြေၾကာင့္ပါ”လို႔ အင္စတာဂရမ္မွာ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.