Ligue1

မက်ဆီ နေမာတို့ အုပ်ဖွဲ့မှုနဲ့ နည်းပြရဲ့မပြတ်သားမှုကြောင့် လွင့်ရဖို့နီးလာတဲ့ ယူရိုသူရဲကောင်း

ပီအက်စ်ဂျီအသင်း ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်းမားဟာ ပီအက်စ်ဂျီအသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေအရ သိရပြီး လီယွန်နယ် မက်ဆီကြောင့် အသင်းလူစာရင်းထဲမှာ ပါဝင်ခွင့်မရတာလို့ အံ့အားသင့်ဖွယ်သတင်းတစ်ရပ်က ဖော်ပြခဲ့ပါတယ်။

ဒွန်နာရမ်းမားဟာ ပြီးခဲ့တဲ့နွေရာသီ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အီတလီအသင်းနဲ့ ဗိုလ်စွဲခဲ့ပြီးနောက် နွေရာသီအပြောင်းအရွှေ့ကာလမှာ အေစီမီလန်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒွန်နာရမ်းမားဟာ ယခုရာသီ ပီအက်စ်ဂျီအသင်းရဲ့ပွဲစဉ် ၁၀ ပွဲမှာ ၂ ပွဲသာ ပွဲထွက်ပါဝင်ကစားခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ဂိုးသမားဟောင်း နားဗက်စ်ရဲ့နောက် ဒုတိယပွဲထွက်ဂိုးသမားအဖြစ် ကစားနေရတာဖြစ်ပါတယ်။

Football Italia ရဲ့ ဖော်ပြချက်အရ ဒွန်နာရမ်းမား အသင်းလူစာရင်းထဲမှာ ပါဝင်ခွင့် မရရှိခြင်းက အသင်းထဲမှာ တောင်အမေရိကကစားသမားတွေ အားကောင်းနေတာကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းက တောင်အမေရိကကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဒီမာရီယာ၊ မားကင်ညို့စ်နဲ့ နေမာတို့ဟာ ပွဲထွက်ဂိုးသမားနေရာအတွက် အတွေ့အကြုံရင့်တဲ့ နားဗက်စ်ကိုသာ အမာခံထောက်ခံခဲ့ကြတယ်လို့ သိရပါတယ်။

နည်းပြ ပိုချက်တီနိုဟာ သမာသမတ်ကျတဲ့သူအဖြစ် ဖော်ပြခြင်းခံခဲ့ရပြီး အသင်းရဲ့ ဆန္ဒအပေါ် ၎င်းရဲ့ ရွေးချယ်မှုက မူတည်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းလောက် ဂိုးပေါက်မှာ အရည်အချင်းပြည့်ဝတဲ့ ဂိုးသမား ပိုင်ဆိုင်ထားတဲ့အသင်း များများစားစားမရှိဘဲ နားဗက်စ်ဟာ ချန်ပီယံလိဂ်ဖလားကို ၃ ကြိမ်အထိ ကိုင်မြှောက်ထားနိုင်ခဲ့သူဖြစ်ပြီး ပိုချက်တီနိုကတော့ လက်ရှိအချိန်မှာ နံပါတ် ၁ ပွဲထွက်ဂိုးသမားဆိုပြီး မသတ်မှတ်ထားဘဲ ပွဲအပေါ်မှာ မူတည်ပြီး ဂိုးသမားရွေးချယ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီပြောကြားချက်ဟာ ဒွန်နာရမ်းမား အီတလီ ပြန်လည်ပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်ပေါ်နေတာကို မရပ်တန့်နိုင်ခဲ့ဘဲ အသက် ၂၂ နှစ်အရွယ် ဂိုးသမားကို လူစာရင်းကို ပြန်လည်တည်ဆောက်နေတဲ့ ဂျူဗင်တပ်အသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

နောက်ထပ် ပိုချက်တီနိုရှင်းရမယ့် ပြဿနာကတော့ နေမာနဲ့ အမ်ဘာပေတို့ကြားက မြင့်တက်လာနေတဲ့ တင်းမာမှုဖြစ်ပြီး စနေနေ့ နိုင်ပွဲမှာ ရိုက်ကူးခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာ အမ်ဘာပေဟာ ဒရက်ဆလာအတွက် ဂိုးဖန်တီးပေးခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးနေမာအကြောင်း အီဒရစ်ဆာ ဂေးယီကို စောဒကတက်နေတာကို တွေ့ခဲ့ရပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် နှစ်ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ ပြင်သစ်တိုက်စစ်မှူးအနေနဲ့ နေမာနဲ့ ဆက်ဆံရေးက သိပ်ပြီး အဆင်ပြေပုံလည်းမရဘဲ”သူက ငါ့ကို ဘောလုံးကို မပေးဘူး”လို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပစ်မှတ်ကြယ်ပွင့်က ပြောကြားခဲ့ကြောင်း ပြင်သစ်အခြေစိုက် RMC Sport က ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္း ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္းမားဟာ ပီအက္စ္ဂ်ီအသင္းမွာ မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္လို႔ သတင္းေတြအရ သိရၿပီး လီယြန္နယ္ မက္ဆီေၾကာင့္ အသင္းလူစာရင္းထဲမွာ ပါဝင္ခြင့္မရတာလို႔ အံ့အားသင့္ဖြယ္သတင္းတစ္ရပ္က ေဖာ္ျပခဲ့ပါတယ္။

ဒြန္နာရမ္းမားဟာ ၿပီးခဲ့တဲ့ေႏြရာသီ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ အီတလီအသင္းနဲ႔ ဗိုလ္စြဲခဲ့ၿပီးေနာက္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေအစီမီလန္အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒြန္နာရမ္းမားဟာ ယခုရာသီ ပီအက္စ္ဂ်ီအသင္းရဲ႕ပြဲစဥ္ ၁၀ ပြဲမွာ ၂ ပြဲသာ ပြဲထြက္ပါဝင္ကစားခဲ့ရၿပီး ရီးရဲလ္မက္ဒရစ္ဂိုးသမားေဟာင္း နားဗက္စ္ရဲ႕ေနာက္ ဒုတိယပြဲထြက္ဂိုးသမားအျဖစ္ ကစားေနရတာျဖစ္ပါတယ္။

Football Italia ရဲ႕ ေဖာ္ျပခ်က္အရ ဒြန္နာရမ္းမား အသင္းလူစာရင္းထဲမွာ ပါဝင္ခြင့္ မရရွိျခင္းက အသင္းထဲမွာ ေတာင္အေမရိကကစားသမားေတြ အားေကာင္းေနတာေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီအသင္းက ေတာင္အေမရိကကစားသမားေတြျဖစ္တဲ့ မက္ဆီ၊ ဒီမာရီယာ၊ မားကင္ညိဳ႕စ္နဲ႔ ေနမာတို႔ဟာ ပြဲထြက္ဂိုးသမားေနရာအတြက္ အေတြ႕အႀကဳံရင့္တဲ့ နားဗက္စ္ကိုသာ အမာခံေထာက္ခံခဲ့ၾကတယ္လို႔ သိရပါတယ္။

နည္းျပ ပိုခ်က္တီႏိုဟာ သမာသမတ္က်တဲ့သူအျဖစ္ ေဖာ္ျပျခင္းခံခဲ့ရၿပီး အသင္းရဲ႕ ဆႏၵအေပၚ ၎ရဲ႕ ေ႐ြးခ်ယ္မႈက မူတည္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းေလာက္ ဂိုးေပါက္မွာ အရည္အခ်င္းျပည့္ဝတဲ့ ဂိုးသမား ပိုင္ဆိုင္ထားတဲ့အသင္း မ်ားမ်ားစားစားမရွိဘဲ နားဗက္စ္ဟာ ခ်န္ပီယံလိဂ္ဖလားကို ၃ ႀကိမ္အထိ ကိုင္ေျမႇာက္ထားႏိုင္ခဲ့သူျဖစ္ၿပီး ပိုခ်က္တီႏိုကေတာ့ လက္ရွိအခ်ိန္မွာ နံပါတ္ ၁ ပြဲထြက္ဂိုးသမားဆိုၿပီး မသတ္မွတ္ထားဘဲ ပြဲအေပၚမွာ မူတည္ၿပီး ဂိုးသမားေ႐ြးခ်ယ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း အဲဒီေျပာၾကားခ်က္ဟာ ဒြန္နာရမ္းမား အီတလီ ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔အတြက္ သတင္းေတြထြက္ေပၚေနတာကို မရပ္တန႔္ႏိုင္ခဲ့ဘဲ အသက္ ၂၂ ႏွစ္အ႐ြယ္ ဂိုးသမားကို လူစာရင္းကို ျပန္လည္တည္ေဆာက္ေနတဲ့ ဂ်ဴဗင္တပ္အသင္းက စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ေနာက္ထပ္ ပိုခ်က္တီႏိုရွင္းရမယ့္ ျပႆနာကေတာ့ ေနမာနဲ႔ အမ္ဘာေပတို႔ၾကားက ျမင့္တက္လာေနတဲ့ တင္းမာမႈျဖစ္ၿပီး စေနေန႔ ႏိုင္ပြဲမွာ ႐ိုက္ကူးခဲ့တဲ့ ႐ုပ္သံဖိုင္ထဲမွာ အမ္ဘာေပဟာ ဒရက္ဆလာအတြက္ ဂိုးဖန္တီးေပးခဲ့တဲ့ ဘရာဇီးလ္တိုက္စစ္မႉးေနမာအေၾကာင္း အီဒရစ္ဆာ ေဂးယီကို ေစာဒကတက္ေနတာကို ေတြ႕ခဲ့ရပါတယ္။

ပီအက္စ္ဂ်ီအသင္းအတြက္ ႏွစ္ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ဆုံးမႈနဲ႔ ႀကဳံေတြ႕ခဲ့ရတဲ့ ျပင္သစ္တိုက္စစ္မႉးအေနနဲ႔ ေနမာနဲ႔ ဆက္ဆံေရးက သိပ္ၿပီး အဆင္ေျပပုံလည္းမရဘဲ”သူက ငါ့ကို ေဘာလုံးကို မေပးဘူး”လို႔ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ပစ္မွတ္ၾကယ္ပြင့္က ေျပာၾကားခဲ့ေၾကာင္း ျပင္သစ္အေျခစိုက္ RMC Sport က ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.