Analysis Premier League

ဥရောပချန်ပီယံကို ရပ်တန့်စေခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ပွဲစဉ်က ပြောစရာ ၇ ချက်

၁။ ဘယ်သူပိုကောင်းလဲ ရှင်းလင်းသွားခြင်း
မန်စီးတီး နည်းပြ၊ ကစားသမားတွေ ဘာတွေပဲပြောပြော ဒီတစ်ခုက ပိုပြီး အရေးပါတယ်ဆိုတာ မမှားပါဘူး။ မန်စီးတီးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အင်္ဂလိပ်ဘောလုံးလောကကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် သောမတ်စ် တူချယ်ရဲ့ချဲလ်ဆီးအသင်းလောက် သူတို့ကို ပြဿနာဖြစ်စေနိုင်လောက်တဲ့ အခြားအသင်းမရှိခဲ့ဘူးဆိုတာ ငြင်းစရာမရှိပါဘူး။ လိဂ်ဖလား၊ အက်ဖ်အေဖလားပြိုင်ပွဲတို့မှာ ရှုံးနိမ့်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ဖလား ၄ လုံးမျှော်လင့်ချက်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းက အဆုံးသတ်ပေးခဲ့တာဖြစ်တာကြောင့် ဒီတစ်ကြိမ်မှာတော့ အဲဒီစိတ်ပိုင်းဆိုင်ရာ နာကျည်းချက်တွေက တွန်းအားဖြစ်စေခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ ဂွါဒီယိုလာလိုချင်နေတဲ့ အဝေးကွင်းနိုင်ပွဲမျိုးဖြစ်ပြီး မန်စီးတီးလိုမျိုး ချဲလ်ဆီးအသင်းအိမ်ကွင်းမှာ အနိုင်ယူနိုင်တဲ့ အသင်း များများစားစားရှိမှာမဟုတ်ပါဘူး။

၂။ သင်ခန်းစာ ကောင်းကောင်းယူနိုင်ခဲ့တဲ့ ပက် ဂွါဒီယိုလာ
ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ရာသီကုန်က ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အတွင်း ကစားသမားရွေးချယ်မှုနဲ့ပတ်သက်ပြီး အတွေးလွန်နေခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ကွင်းလယ်ခံစစ်မှူး သို့မဟုတ် အသိအမှတ်ပြုခံထားရတဲ့ တိုက်စစ်မှူးမျိုး မရှိခဲ့ခြင်းက ဂွါဒီယိုလာ ရရှိခဲ့တဲ့ ဝေဖန်မှုတွေထဲမှာ အများဆုံးဖြစ်ခဲ့ပါတယ်။ စတန်းဖို့ဒ် ဘရစ်ဂျ်မှာတော့ ဂွါဒီယိုလာက ရိုဒရီကို ကွင်းလယ်အထိုင်မှာ ပွဲထွက်စေဖို့ ရွေးချယ်ခဲ့ပြီး ဂျေဆူးကလည်း ပွဲထွက်ကစားသမားစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့ ထုံးစံအတိုင်း ထင်သလောက် မရိုးရှင်းခဲ့ဘဲ ဂျေဆူးကို ဘယ်တောင်ပံကစားသမားအဖြစ် အသုံးပြုခဲ့ပြီး ဖီးလ် ဖိုဒန် သို့မဟုတ် ဒီဘရိုင်းကို ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ် ကစားစေခဲ့ပါတယ်။ ဒါပေမယ့် အဲဒါဟာ မန်စီးတီးအသင်း ရရှိခဲ့တဲ့ ဦးဆောင်ဂိုးအတွက် ဘရာဇီးလ်တိုက်စစ်မှူးကို လမ်းပွင့်စေခဲ့ပြီး သူ့ရဲ့ ပင်ကိုသိစိတ်နဲ့ လှည့်ထွက်အဆုံးသတ်ပြီး အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာအတွက် စတန်းဖို့ဒ် ဘရစ်ဂျ်က နိုင်ပွဲဟာ အထူးစိတ်ကျေနပ်စရာနိုင်ပွဲဖြစ်ပြီး သောမတ်စ် တူချယ်အတွက်ကတော့ ချဲလ်ဆီးနည်းပြအဖြစ် ခန့်အပ်ခံရပြီးကတည်းက မန်စီးတီးကို ၃ ကြိမ်မြောက် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

၃။ အလွန်ကွဲပြားခြားနားတဲ့ စတိုင် ၂ ခု
နှစ်ဖက်အသင်း နည်းပြ ၂ ယောက်က သူတို့ရဲ့ ပွဲထွက်လူစာရင်းကို ထုတ်ပြန်ခဲ့ပြီးနောက် ပွဲမတိုင်မီကတည်းက တစ်ချက်ကြည့်လိုက်တာနဲ့ နည်းပြ ၂ ယောက်စလုံးက ဘယ်လိုကစားမယ်ဆိုတာ သိနိုင်ခဲ့ပါတယ်။ ဖိုဒန်၊ ဒီ ဘရိုင်း၊ ဂရီးလစ်ရှ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဂျေဆူးတို့အားလုံးဟာ ပွဲထွက်လူစာရင်းထဲမှာ ပါဝင်နေပြီး မန်စီးတီးအသင်းက ချဲလ်ဆီးကို အရင် ဂိုးသွင်းမယ့်ပုံ ပေါ်နေခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ဗာနာရဲ့ အနောက်မှာ ခိုင် ဟားဗတ်ဇ်နဲ့ ဒဏ်ရာရနေတဲ့ မေဆန် မောင့်မပါဝင်တဲ့ ကွင်းလယ် ၃ ယောက်နဲ့အတူ ချဲလ်ဆီးအသင်းဟာ ကိုယ်တိုင် အခွင့်အရေးကို ဖန်တီးဖို့ထက် ပြိုင်ဘက်ကို ရပ်တန့်စေဖို့ ပြင်ဆင်ထားတဲ့အသင်းပုံစံ ပေါက်နေခဲ့တာဖြစ်ပါတယ်။

၄။ ရုန်းကန်နေရတယ်ဆိုတာ ရှင်းလင်းနေခဲ့တဲ့ စတားလင်း
ဒီပွဲစဉ်က မန်စီးတီးရဲ့ အနာဂတ်ကို ဖျတ်ခနဲ မြင်လိုက်ရတာဆိုရင် ရာဟင်း စတားလင်းအတွက် ဆိုးရွားတဲ့အရာတစ်ခု ဖြစ်ပါလိမ့်မယ်။ ဂွါဒီယိုလာဟာ ပထမဆုံးအကြိမ်အဖြစ် ဂရီးလစ်ရှ်၊ ဖိုဒန်နဲ့ ဒီဘရိုင်းတို့ ၃ ဦးကို ပွဲထွက်လူစာရင်းထဲမှာ ထည့်သွင်းခဲ့တာဖြစ်ပြီး ပေါင်သန်း ၁၀၀ တန် ကစားသမားဟာ တိုက်စစ် ၃ ဦးထဲမှာ ၁ ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ နေရာ လဲကစားနိုင်တာပဲဆိုတဲ့ ခံစားချက်မျိုး ရှိနေချိန်မှာ ဂျေဆူးရဲ့ ဘယ်တောင်ပံမှာ ထွက်ကစားနိုင်တဲ့ အရည်အချင်းက အပိုဆုဖြစ်ခဲ့တာဖြစ်ပါတယ်။ ဆေးလ်ဗားနဲ့ မာရက်ဇ်တို့ကလည်း တောင်ပံမှာ ကစားနိုင်တဲ့အတွက် စတားလင်းအတွက် ကြောင်ပျောက်သွားတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဂရီးလစ်ရှ်ဟာ အသင်းဖော်သစ်တွေနဲ့ ပိုပြီး သက်တောင့်သက်သာဖြစ်နေတဲ့ပုံရပြီး လိုတာထက်ပိုနေတဲ့ အခြားရွေးချယ်စရာတွေကြောင့် စတားလင်းအနေနဲ့ အရမ်း အကန့်အသတ်ရှိလာတဲ့ သူ့ရဲ့ အခွင့်အလမ်းကို ရှာဖွေရပါလိမ့်မယ်။

၅။ စံချိန်တင်ခေါ်ယူထားတဲ့ ကစားသမားတွေ ထိပ်တိုက်တွေ့ဆုံမှု
ဂျက် ဂရီးလစ်ရှ်နဲ့ လူကာကူတို့ရဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေရဲ့ အပြောင်းအရွှေ့စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။ စုစုပေါင်း သူတို့ ၂ ယောက်ပေါင်းလိုက်မယ်ဆိုရင် ပေါင် ၁၉၇.၅ သန်းအထိ ရှိပြီး ၂ ဦးစလုံးက သက်ဆိုင်ရာအသင်းတွေကို ဆုဖလားရယူနိုင်ဖို့ ကူညီနိုင်အောင် အဓိကပစ်မှတ်ထား ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။ လူကာကူဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၅ ပွဲမှာ ၃ ဂိုး သွင်းယူပေးထားပြီး ယခုရာသီ အစောပိုင်းရက်သတ္တပတ်တွေမှာ ဂရီးလစ်ရှ်ထက် ပိုပြီး တောက်ပခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စတန်းဖို့ဒ် ဘရစ်ဂျ်က ပွဲစဉ်မှာတော့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားက ဘာကြောင့် အသင်းတာဝန်ရှိသူတွေအနေနဲ့ သူ့အတွက် ဒီလောက်များပြားတဲ့ပမာဏကို ဘာကြောင့် ပေးချေဖို့ ဆန္ဒရှိနေခဲ့ကြတာလဲဆိုတာကို အတိအကျ ပြသနိုင်ခဲ့ပါတယ်။ ဂရီးလစ်ရှ်ဟာ ဘယ်တောင်ပံမှာ ကန်ဆယ်လိုနဲ့ တွဲဖက်ကစားပြီး အချိန်ပြည့် အန္တရာယ်ပေးနိုင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းအတွက် ပြဿနာဖြစ်စေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘယ်လ်ဂျီယံ တိုက်စစ်မှူးကတော့ ရုန်းကန်နေခဲ့ရပြီး ချဲလ်ဆီးအသင်းရဲ့ ထိရှလွယ်တဲ့ လူစာရင်းရွေးချယ်မှုက ၎င်းကို သီးခြားစီဖြစ်နေစေခဲ့ပြီး စိတ်ပျက်စေခဲ့ပါတယ်။ လူကာကူဟာ သူ့ရဲ့ ပုံမှန် အားဖြင့် တိကျတဲ့ သူ့ရဲ့ ဘောလုံးကိုင်စွမ်းရည်ကလည်း ကင်းမဲ့နေခဲ့ပြီး မေဆန် မောင့်လိုမျိုး ပြိုင်ဘက်အသင်းကို ထိုးဖောက်နိုင်တဲ့ ကွင်းလယ်ကစားသမားမျိုးကို တမ်းတနေတဲ့ပုံ ပေါ်ခဲ့ပါတယ်။

၆။ Open Play ကနေ ဒီရာသီမှာ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးပေးခဲ့ရတဲ့ ချဲလ်ဆီး
သောမတ်စ် တူချယ်ရဲ့ ပြုပြင်ပြောင်းလဲခဲ့တဲ့ ချဲလ်ဆီးအသင်းခံစစ်ရဲ့ အထူးခြားဆုံး စွမ်းရည်တွေထဲက တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။ ဂျာမန် နည်းစနစ်ပညာရှင် ရောက်ရှိမလာခင်က ချဲလ်ဆီးအသင်းဟာ နည်းပြ ဖရန့် လမ်းပတ်လက်အောက်မှာ ပြိုင်ဘက်တွေကို ပိတ်ဆို့ဖို့ ရုန်းကန်ခဲ့ရပါတယ်။ တူချယ်ရဲ့ စီမံခန့်ခွဲမှုနဲ့ ပြီးခဲ့တဲ့လအနည်းငယ်မှာ အဲဒါတွေအားလုံး ပြောင်းလဲသွားခဲ့ပြီး ချဲလ်ဆီးအသင်းဟာ လက်ရှိမှာတော့ ခံစစ်အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ ဒီခံစစ်ပိုင်း တောင့်တင်းမှုဟာ ပြီးခဲ့တဲ့ရာသီ ဥရောပအောင်မြင်မှုရရှိစေခဲ့တဲ့ အခြေခံအုတ်မြစ်ဖြစ်ခဲ့ပြီး ဒီရာသီမှာလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းနဲ့ ပွဲစဉ် မကစားမီအချိန်အထိ ချဲလ်ဆီးအသင်းဟာ ပထမဆုံး လိဂ်ပွဲစဉ် ၅ ပွဲမှာ ၁ ဂိုးသာ ခွင့်ပြုခဲ့ရပြီး အဲဒီဂိုးက လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီကနေ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ open play ကနေ ချိုးဖောက်ခံရခြင်း မရှိခဲ့သေးပေမယ့် ဂျေဆူးက ၅၃ မိနစ်မှာ သူ သွင်းယူနေကျပုံစံအတိုင်း သွင်းယူသွားခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ ခံစစ်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

၇။ ဒီရာသီ ဘယ်လိုဖြစ်လာမလဲဆိုတာ ပြသနေတဲ့ အမှတ်ပေးဇယား
ချဲလ်ဆီးနဲ့ မန်စီးတီးတို့ဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့အတွက် ရေပန်းအစားဆုံးအသင်းတွေထဲမှာ ပါဝင်နေပါတယ်။ ချန်ပီယံဘွဲ့ကို ကာကွယ်နေရတဲ့ မန်စီးတီးက ပရီးမီးယားလိဂ်မှာ ပါရမီအရှိဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပြီး ချဲလ်ဆီးအသင်းကလည်း ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ အထင်ကြီးဖွယ် ခေါ်ယူမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီတွေဟာ သရဖူဆောင်းထားတဲ့ ဦးဆောင်သူတစ်သင်းတည်းက ကစားစရာပွဲတွေ အများကြီးကျန်နေသေးတဲ့အချိန်မှာ ထိပ်ဆုံးကနေ ပြေးနေတဲ့ ပုံစံမျိုး ဖြစ်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးလ်တို့က ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုလုံးကို ထူးထူးခြားခြား အသာစီး ရယူထားနိုင်မှုကို ပြသခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်က ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ်သရဖူကို ပျက်ရယ်ပြုသလိုတောင် ဖြစ်စေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီက မကြာသေးမီက အနီးစပ်ဆုံး ဆုဖလားပြိုင်ပွဲတွေထဲက တစ်ခုကို သတိရစေပြီး အစောပိုင်းလက္ခဏာတွေက မေလမှာ ဖြစ်လာနိုင်တဲ့ ကိစ္စတွေဆိုတာ ပြသနေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ လီဗာပူးလ်နဲ့ ရမှတ်တူအဖြစ်နဲ့ ပွဲစဉ်အတွင်း ဝင်ရောက်လာခဲ့တာဖြစ်ပေမယ့် မန်စီးတီးကို ရှုံးနိမ့်ခဲ့မှုကြောင့် အဆင့် ၃ နေရာကို ကျဆင်းသွားခဲ့ပါတယ်။ အဲဒါထက်ပိုပြီး မန်ယူနိုက်တက်နဲ့ အက်စ်တွန်ဗီလာကို အိုးထရက်ဖို့ဒ်မှာ အံ့အားသင့်ဖွယ်ရှုံးနိမ့်မှုကြောင့် ထိပ်ဆုံး ၄ သင်း(အမှတ်ပေးဇယား အဆင့် ၁ က လွဲရင်)အားလုံးဟာ ရမှတ် ၁၃ မှတ်ချင်း တူညီနေကြပြီဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အဓိကယှဉ်ပြိုင်သူတွေဟာ ယခုရာသီ ဆုဖလားပြိုင်ပွဲမှာ တစ်ယောက်နဲ့တစ်ယောက် ရေကုန်ရေခမ်း ယှဉ်ပြိုင်သွားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:၁။ ဘယ္သူပိုေကာင္းလဲ ရွင္းလင္းသြားျခင္း
မန္စီးတီး နည္းျပ၊ ကစားသမားေတြ ဘာေတြပဲေျပာေျပာ ဒီတစ္ခုက ပိုၿပီး အေရးပါတယ္ဆိုတာ မမွားပါဘူး။ မန္စီးတီးဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း အဂၤလိပ္ေဘာလုံးေလာကကို လႊမ္းမိုးထားႏိုင္ခဲ့ေပမယ့္ ေသာမတ္စ္ တူခ်ယ္ရဲ႕ခ်ဲလ္ဆီးအသင္းေလာက္ သူတို႔ကို ျပႆနာျဖစ္ေစႏိုင္ေလာက္တဲ့ အျခားအသင္းမရွိခဲ့ဘူးဆိုတာ ျငင္းစရာမရွိပါဘူး။ လိဂ္ဖလား၊ အက္ဖ္ေအဖလားၿပိဳင္ပြဲတို႔မွာ ရႈံးနိမ့္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီ ဖလား ၄ လုံးေမွ်ာ္လင့္ခ်က္ကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးအသင္းက အဆုံးသတ္ေပးခဲ့တာျဖစ္တာေၾကာင့္ ဒီတစ္ႀကိမ္မွာေတာ့ အဲဒီစိတ္ပိုင္းဆိုင္ရာ နာက်ည္းခ်က္ေတြက တြန္းအားျဖစ္ေစခဲ့တာျဖစ္ပါတယ္။ ဒီႏိုင္ပြဲဟာ ဂြါဒီယိုလာလိုခ်င္ေနတဲ့ အေဝးကြင္းႏိုင္ပြဲမ်ိဳးျဖစ္ၿပီး မန္စီးတီးလိုမ်ိဳး ခ်ဲလ္ဆီးအသင္းအိမ္ကြင္းမွာ အႏိုင္ယူႏိုင္တဲ့ အသင္း မ်ားမ်ားစားစားရွိမွာမဟုတ္ပါဘူး။

၂။ သင္ခန္းစာ ေကာင္းေကာင္းယူႏိုင္ခဲ့တဲ့ ပက္ ဂြါဒီယိုလာ
ဂြါဒီယိုလာဟာ ၿပီးခဲ့တဲ့ရာသီကုန္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲစဥ္အတြင္း ကစားသမားေ႐ြးခ်ယ္မႈနဲ႔ပတ္သက္ၿပီး အေတြးလြန္ေနခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရပါတယ္။ ကြင္းလယ္ခံစစ္မႉး သို႔မဟုတ္ အသိအမွတ္ျပဳခံထားရတဲ့ တိုက္စစ္မႉးမ်ိဳး မရွိခဲ့ျခင္းက ဂြါဒီယိုလာ ရရွိခဲ့တဲ့ ေဝဖန္မႈေတြထဲမွာ အမ်ားဆုံးျဖစ္ခဲ့ပါတယ္။ စတန္းဖို႔ဒ္ ဘရစ္ဂ်္မွာေတာ့ ဂြါဒီယိုလာက ႐ိုဒရီကို ကြင္းလယ္အထိုင္မွာ ပြဲထြက္ေစဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီး ေဂ်ဆူးကလည္း ပြဲထြက္ကစားသမားစာရင္းထဲမွာ ပါဝင္လာခဲ့ပါတယ္။ ဂြါဒီယိုလာရဲ႕ ထုံးစံအတိုင္း ထင္သေလာက္ မ႐ိုးရွင္းခဲ့ဘဲ ေဂ်ဆူးကို ဘယ္ေတာင္ပံကစားသမားအျဖစ္ အသုံးျပဳခဲ့ၿပီး ဖီးလ္ ဖိုဒန္ သို႔မဟုတ္ ဒီဘ႐ိုင္းကို ကြင္းလယ္တိုက္စစ္ကစားသမားအျဖစ္ ကစားေစခဲ့ပါတယ္။ ဒါေပမယ့္ အဲဒါဟာ မန္စီးတီးအသင္း ရရွိခဲ့တဲ့ ဦးေဆာင္ဂိုးအတြက္ ဘရာဇီးလ္တိုက္စစ္မႉးကို လမ္းပြင့္ေစခဲ့ၿပီး သူ႔ရဲ႕ ပင္ကိုသိစိတ္နဲ႔ လွည့္ထြက္အဆုံးသတ္ၿပီး အဖြင့္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာအတြက္ စတန္းဖို႔ဒ္ ဘရစ္ဂ်္က ႏိုင္ပြဲဟာ အထူးစိတ္ေက်နပ္စရာႏိုင္ပြဲျဖစ္ၿပီး ေသာမတ္စ္ တူခ်ယ္အတြက္ကေတာ့ ခ်ဲလ္ဆီးနည္းျပအျဖစ္ ခန႔္အပ္ခံရၿပီးကတည္းက မန္စီးတီးကို ၃ ႀကိမ္ေျမာက္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

၃။ အလြန္ကြဲျပားျခားနားတဲ့ စတိုင္ ၂ ခု
ႏွစ္ဖက္အသင္း နည္းျပ ၂ ေယာက္က သူတို႔ရဲ႕ ပြဲထြက္လူစာရင္းကို ထုတ္ျပန္ခဲ့ၿပီးေနာက္ ပြဲမတိုင္မီကတည္းက တစ္ခ်က္ၾကည့္လိုက္တာနဲ႔ နည္းျပ ၂ ေယာက္စလုံးက ဘယ္လိုကစားမယ္ဆိုတာ သိႏိုင္ခဲ့ပါတယ္။ ဖိုဒန္၊ ဒီ ဘ႐ိုင္း၊ ဂရီးလစ္ရွ္၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ေဂ်ဆူးတို႔အားလုံးဟာ ပြဲထြက္လူစာရင္းထဲမွာ ပါဝင္ေနၿပီး မန္စီးတီးအသင္းက ခ်ဲလ္ဆီးကို အရင္ ဂိုးသြင္းမယ့္ပုံ ေပၚေနခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာပဲ ဗာနာရဲ႕ အေနာက္မွာ ခိုင္ ဟားဗတ္ဇ္နဲ႔ ဒဏ္ရာရေနတဲ့ ေမဆန္ ေမာင့္မပါဝင္တဲ့ ကြင္းလယ္ ၃ ေယာက္နဲ႔အတူ ခ်ဲလ္ဆီးအသင္းဟာ ကိုယ္တိုင္ အခြင့္အေရးကို ဖန္တီးဖို႔ထက္ ၿပိဳင္ဘက္ကို ရပ္တန႔္ေစဖို႔ ျပင္ဆင္ထားတဲ့အသင္းပုံစံ ေပါက္ေနခဲ့တာျဖစ္ပါတယ္။

၄။ ႐ုန္းကန္ေနရတယ္ဆိုတာ ရွင္းလင္းေနခဲ့တဲ့ စတားလင္း
ဒီပြဲစဥ္က မန္စီးတီးရဲ႕ အနာဂတ္ကို ဖ်တ္ခနဲ ျမင္လိုက္ရတာဆိုရင္ ရာဟင္း စတားလင္းအတြက္ ဆိုး႐ြားတဲ့အရာတစ္ခု ျဖစ္ပါလိမ့္မယ္။ ဂြါဒီယိုလာဟာ ပထမဆုံးအႀကိမ္အျဖစ္ ဂရီးလစ္ရွ္၊ ဖိုဒန္နဲ႔ ဒီဘ႐ိုင္းတို႔ ၃ ဦးကို ပြဲထြက္လူစာရင္းထဲမွာ ထည့္သြင္းခဲ့တာျဖစ္ၿပီး ေပါင္သန္း ၁၀၀ တန္ ကစားသမားဟာ တိုက္စစ္ ၃ ဦးထဲမွာ ၁ ဦးျဖစ္ခဲ့တာျဖစ္ပါတယ္။ ဖိုဒန္နဲ႔ ဂရီးလစ္ရွ္တို႔ ေနရာ လဲကစားႏိုင္တာပဲဆိုတဲ့ ခံစားခ်က္မ်ိဳး ရွိေနခ်ိန္မွာ ေဂ်ဆူးရဲ႕ ဘယ္ေတာင္ပံမွာ ထြက္ကစားႏိုင္တဲ့ အရည္အခ်င္းက အပိုဆုျဖစ္ခဲ့တာျဖစ္ပါတယ္။ ေဆးလ္ဗားနဲ႔ မာရက္ဇ္တို႔ကလည္း ေတာင္ပံမွာ ကစားႏိုင္တဲ့အတြက္ စတားလင္းအတြက္ ေၾကာင္ေပ်ာက္သြားတာ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ ဂရီးလစ္ရွ္ဟာ အသင္းေဖာ္သစ္ေတြနဲ႔ ပိုၿပီး သက္ေတာင့္သက္သာျဖစ္ေနတဲ့ပုံရၿပီး လိုတာထက္ပိုေနတဲ့ အျခားေ႐ြးခ်ယ္စရာေတြေၾကာင့္ စတားလင္းအေနနဲ႔ အရမ္း အကန႔္အသတ္ရွိလာတဲ့ သူ႔ရဲ႕ အခြင့္အလမ္းကို ရွာေဖြရပါလိမ့္မယ္။

၅။ စံခ်ိန္တင္ေခၚယူထားတဲ့ ကစားသမားေတြ ထိပ္တိုက္ေတြ႕ဆုံမႈ
ဂ်က္ ဂရီးလစ္ရွ္နဲ႔ လူကာကူတို႔ရဲ႕ ဒီေႏြရာသီ အေျပာင္းအေ႐ႊ႕ဟာ သူတို႔ရဲ႕ သက္ဆိုင္ရာ ကလပ္အသင္းေတြရဲ႕ အေျပာင္းအေ႐ႊ႕စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့ပါတယ္။ စုစုေပါင္း သူတို႔ ၂ ေယာက္ေပါင္းလိုက္မယ္ဆိုရင္ ေပါင္ ၁၉၇.၅ သန္းအထိ ရွိၿပီး ၂ ဦးစလုံးက သက္ဆိုင္ရာအသင္းေတြကို ဆုဖလားရယူႏိုင္ဖို႔ ကူညီႏိုင္ေအာင္ အဓိကပစ္မွတ္ထား ေခၚယူျခင္းခံခဲ့ရတာျဖစ္ပါတယ္။ လူကာကူဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ ၅ ပြဲမွာ ၃ ဂိုး သြင္းယူေပးထားၿပီး ယခုရာသီ အေစာပိုင္းရက္သတၱပတ္ေတြမွာ ဂရီးလစ္ရွ္ထက္ ပိုၿပီး ေတာက္ပခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ စတန္းဖို႔ဒ္ ဘရစ္ဂ်္က ပြဲစဥ္မွာေတာ့ အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားက ဘာေၾကာင့္ အသင္းတာဝန္ရွိသူေတြအေနနဲ႔ သူ႔အတြက္ ဒီေလာက္မ်ားျပားတဲ့ပမာဏကို ဘာေၾကာင့္ ေပးေခ်ဖို႔ ဆႏၵရွိေနခဲ့ၾကတာလဲဆိုတာကို အတိအက် ျပသႏိုင္ခဲ့ပါတယ္။ ဂရီးလစ္ရွ္ဟာ ဘယ္ေတာင္ပံမွာ ကန္ဆယ္လိုနဲ႔ တြဲဖက္ကစားၿပီး အခ်ိန္ျပည့္ အႏၲရာယ္ေပးႏိုင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္းအတြက္ ျပႆနာျဖစ္ေစခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ဘယ္လ္ဂ်ီယံ တိုက္စစ္မႉးကေတာ့ ႐ုန္းကန္ေနခဲ့ရၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ ထိရွလြယ္တဲ့ လူစာရင္းေ႐ြးခ်ယ္မႈက ၎ကို သီးျခားစီျဖစ္ေနေစခဲ့ၿပီး စိတ္ပ်က္ေစခဲ့ပါတယ္။ လူကာကူဟာ သူ႔ရဲ႕ ပုံမွန္ အားျဖင့္ တိက်တဲ့ သူ႔ရဲ႕ ေဘာလုံးကိုင္စြမ္းရည္ကလည္း ကင္းမဲ့ေနခဲ့ၿပီး ေမဆန္ ေမာင့္လိုမ်ိဳး ၿပိဳင္ဘက္အသင္းကို ထိုးေဖာက္ႏိုင္တဲ့ ကြင္းလယ္ကစားသမားမ်ိဳးကို တမ္းတေနတဲ့ပုံ ေပၚခဲ့ပါတယ္။

၆။ Open Play ကေန ဒီရာသီမွာ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးေပးခဲ့ရတဲ့ ခ်ဲလ္ဆီး
ေသာမတ္စ္ တူခ်ယ္ရဲ႕ ျပဳျပင္ေျပာင္းလဲခဲ့တဲ့ ခ်ဲလ္ဆီးအသင္းခံစစ္ရဲ႕ အထူးျခားဆုံး စြမ္းရည္ေတြထဲက တစ္ခုျဖစ္ခဲ့တာျဖစ္ပါတယ္။ ဂ်ာမန္ နည္းစနစ္ပညာရွင္ ေရာက္ရွိမလာခင္က ခ်ဲလ္ဆီးအသင္းဟာ နည္းျပ ဖရန႔္ လမ္းပတ္လက္ေအာက္မွာ ၿပိဳင္ဘက္ေတြကို ပိတ္ဆို႔ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ တူခ်ယ္ရဲ႕ စီမံခန႔္ခြဲမႈနဲ႔ ၿပီးခဲ့တဲ့လအနည္းငယ္မွာ အဲဒါေတြအားလုံး ေျပာင္းလဲသြားခဲ့ၿပီး ခ်ဲလ္ဆီးအသင္းဟာ လက္ရွိမွာေတာ့ ခံစစ္အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ေနခဲ့ၿပီျဖစ္ပါတယ္။ ဒီခံစစ္ပိုင္း ေတာင့္တင္းမႈဟာ ၿပီးခဲ့တဲ့ရာသီ ဥေရာပေအာင္ျမင္မႈရရွိေစခဲ့တဲ့ အေျခခံအုတ္ျမစ္ျဖစ္ခဲ့ၿပီး ဒီရာသီမွာလည္း ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ပြဲစဥ္ မကစားမီအခ်ိန္အထိ ခ်ဲလ္ဆီးအသင္းဟာ ပထမဆုံး လိဂ္ပြဲစဥ္ ၅ ပြဲမွာ ၁ ဂိုးသာ ခြင့္ျပဳခဲ့ရၿပီး အဲဒီဂိုးက လီဗာပူးလ္အသင္းနဲ႔ပြဲစဥ္မွာ ပင္နယ္တီကေန ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ open play ကေန ခ်ိဳးေဖာက္ခံရျခင္း မရွိခဲ့ေသးေပမယ့္ ေဂ်ဆူးက ၅၃ မိနစ္မွာ သူ သြင္းယူေနက်ပုံစံအတိုင္း သြင္းယူသြားခဲ့ၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ ခံစစ္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။

၇။ ဒီရာသီ ဘယ္လိုျဖစ္လာမလဲဆိုတာ ျပသေနတဲ့ အမွတ္ေပးဇယား
ခ်ဲလ္ဆီးနဲ႔ မန္စီးတီးတို႔ဟာ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို ရရွိဖို႔အတြက္ ေရပန္းအစားဆုံးအသင္းေတြထဲမွာ ပါဝင္ေနပါတယ္။ ခ်န္ပီယံဘြဲ႕ကို ကာကြယ္ေနရတဲ့ မန္စီးတီးက ပရီးမီးယားလိဂ္မွာ ပါရမီအရွိဆုံး လူစာရင္းကို ပိုင္ဆိုင္ထားၿပီး ခ်ဲလ္ဆီးအသင္းကလည္း ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ အထင္ႀကီးဖြယ္ ေခၚယူမႈေတြ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ရာသီေတြဟာ သရဖူေဆာင္းထားတဲ့ ဦးေဆာင္သူတစ္သင္းတည္းက ကစားစရာပြဲေတြ အမ်ားႀကီးက်န္ေနေသးတဲ့အခ်ိန္မွာ ထိပ္ဆုံးကေန ေျပးေနတဲ့ ပုံစံမ်ိဳး ျဖစ္ခဲ့တာျဖစ္ပါတယ္။ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔က ပရီးမီးယားလိဂ္ၿပိဳင္ပြဲတစ္ခုလုံးကို ထူးထူးျခားျခား အသာစီး ရယူထားႏိုင္မႈကို ျပသခဲ့တာျဖစ္ၿပီး ကမာၻေပၚက ၿပိဳင္ဆိုင္မႈ အျပင္းထန္ဆုံးျဖစ္တဲ့ ပရီးမီးယားလိဂ္သရဖူကို ပ်က္ရယ္ျပဳသလိုေတာင္ ျဖစ္ေစခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီရာသီက မၾကာေသးမီက အနီးစပ္ဆုံး ဆုဖလားၿပိဳင္ပြဲေတြထဲက တစ္ခုကို သတိရေစၿပီး အေစာပိုင္းလကၡဏာေတြက ေမလမွာ ျဖစ္လာႏိုင္တဲ့ ကိစၥေတြဆိုတာ ျပသေနတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးမွာ လီဗာပူးလ္နဲ႔ ရမွတ္တူအျဖစ္နဲ႔ ပြဲစဥ္အတြင္း ဝင္ေရာက္လာခဲ့တာျဖစ္ေပမယ့္ မန္စီးတီးကို ရႈံးနိမ့္ခဲ့မႈေၾကာင့္ အဆင့္ ၃ ေနရာကို က်ဆင္းသြားခဲ့ပါတယ္။ အဲဒါထက္ပိုၿပီး မန္ယူႏိုက္တက္နဲ႔ အက္စ္တြန္ဗီလာကို အိုးထရက္ဖို႔ဒ္မွာ အံ့အားသင့္ဖြယ္ရႈံးနိမ့္မႈေၾကာင့္ ထိပ္ဆုံး ၄ သင္း(အမွတ္ေပးဇယား အဆင့္ ၁ က လြဲရင္)အားလုံးဟာ ရမွတ္ ၁၃ မွတ္ခ်င္း တူညီေနၾကၿပီျဖစ္ပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ အဓိကယွဥ္ၿပိဳင္သူေတြဟာ ယခုရာသီ ဆုဖလားၿပိဳင္ပြဲမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ေရကုန္ေရခမ္း ယွဥ္ၿပိဳင္သြားဖို႔ အဆင္သင့္ျဖစ္ေနၿပီဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.