Premier League

ဖာနန်ဒက်စ် ပင်နယ်တီကန်ခါနီး ဘာဝိုင်းလုပ်နေကြတာလဲလို့ ဒေါသတကြီး ပြောခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အိုးထရက်ဖို့ဒ်မှာ အက်စ်တွန်ဗီလာအသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ဘရူနို ဖာနန်ဒက်စ် ပင်နယ်တီ ကန်သွင်းခါနီး အက်စ်တွန်ဗီလာကစားသမားတွေ ဘေးနားမှာ ဝိုင်းနေတာကို ပြစ်တင် ကြိမ်းမောင်းခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်စ်တွန်ဗီလာအသင်းနဲ့ပွဲစဉ် နာကျင်အချိန်ပိုမှာ ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီးနောက် ချေပဂိုး သွင်းယူနိုင်ဖို့ အခွင့်အရေးရရှိခဲ့ပေမယ့်လည်း ဖာနန်ဒက်စ်ရဲ့ ကန်သွင်းမှုက ဂိုးဘားတန်းကျော်ပြီး လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ် ပင်နယ်တီ ကန်ခွင့်ပြုခြင်းမခံရမီမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေခဲ့ပြီး ဆိုးလ်ရှားက ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပင်နယ်တီ ကန်မသွင်းမီ ဗီလာကစားသမားတွေ အနားမှာ ပတ်လည်ဝိုင်းနေကြတာကို ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။

“အဲဒီအကြောင်းကိုတော့ ကျွန်တော် ဘယ်သူဘယ်ဝါဆိုပြီး ပြောနေမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ အဲဒီလို လုပ်တာက မမှန်ကန်ပါဘူး။ တစ်စုံတယောက်အတွက် အဝါကတ်ပြား ဖြစ်ခဲ့သင့်တယ်လို့ ကျွန်တော် ထင်တာပဲ။ ဒါပေမယ့် သူတို့ လိုချင်ခဲ့တာကို သူတို့ ရရှိသွားခဲ့ပါတယ်”

“သူတို့တွေ ပင်နယ်တီကန်သွင်းရမယ့်နေရာနားမှာ ပတ်လည်ဝိုင်းနေကြတဲ့ပုံစံ၊ ဘရူနို နားမှာ ဝိုင်းနေကြတာက ကျွန်တော် နှစ်သက်တဲ့ ဟာတော့ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာက ယခုရာသီ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်မှာ ပထမဆုံးရှုံးပွဲဖြစ်ခဲ့ပေမယ့် လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ရှုံးပွဲနောက်ပိုင်း စုစုပေါင်း ၄ ပွဲမှာတော့ တတိယအကြိမ် ဖြစ်ခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း သာမန်ခြေစွမ်းထက် ကျဆင်းနေခဲ့ပြီး ကော့တ်နီ ဟော့စ်ရဲ့ အားပါတဲ့ ခေါင်းတိုက်ချက်ကြောင့် အက်စ်တွန်ဗီလာအသင်းဟာ ပွဲပြီးခါနီးမှာ အဖွင့်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ဗီလာနဲ့ပွဲမတိုင်မီ ပင်နယ်တီ ၂၂ ကြိမ်မှာ ၂၁ ကြိမ်အထိ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး အက်စ်တွန်ဗီလာကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာတော့ အံ့အားသင့်ဖွယ် ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ အရမ်း ပြင်းပြင်းထန်ထန်ကစားနိုင်ခဲ့ပါတယ်။ အရွေ့အပြောင်းလုပ်တဲ့နေရာမှာလည်း အရမ်းကောင်းခဲ့ပါတယ်။ တိုက်စစ်ကို လျင်လျင်မြန်မြန် ကစားနိုင်ခဲ့ပေမယ့် နောက််ဆုံးဂိုးပေါက်ရှေ့က ကန်သွင်းချက်၊ နောက်ဆုံး ပေးပို့မှုနဲ့ နောက်ဆုံး ဆုံးဖြတ်ချက်တွေကတော့ အကောင်းဆုံးမဖြစ်ခဲ့ပါဘူး။ ဂိုးကန်သွင်းဖို့ ကြိုးပမ်းမှု အကြိမ် ၃၀ မှာ အကြိမ် ၂၀ က ပိတ်ဆို့ခံခဲ့ရပါတယ်”လို့ ဆိုးလ်ရှားက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

အက်စ်တွန်ဗီလာ နည်းပြ ဒင်းန် စမစ်က “သူတို့တွေက ကျွန်တော်တို့ထက် အခွင့်အရေးတွေ အများကြီး ရခဲ့တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့တွေက အခွင့်အရေး ပိုမိုသေးငယ်ခဲ့ပြီး ကျွန်တော်တို့ကတော့ တကယ်ကြီးမားတဲ့အခွင့်အရေးအချို့ရခဲ့ပြီး အနိုင်နဲ့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့ တည်ကန်ဘောတွေကနေ သူတို့ကို ပြဿနာဖြစ်စေခဲ့ပြီး အဲဒီကနေ ဂိုးရခဲ့တယ်။ ပွဲကို ပြတ်သွားတာ မြင်ချင်ခဲ့ပေမယ့်လည်း ယူနိုက်တက်နဲ့ ကစားတဲ့အခါမှာ ဖြစ်နေကျအတိုင်း ကျွန်တော်တို့ ပင်နယ်တီ ပေးခဲ့ရပါတယ်”

“အရမ်းကို ပြင်းထန်လွန်းပါတယ်။ သူက သူ့ရဲ့လက်ေမောင်းကို ဆွဲဖို့ ရည်ရွယ်ခဲ့လားဆိုတာ ကျွန်တော် မသေချာပါဘူး။ တရားမျှတမှုက အလိုလို ဖြစ်သွားခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သူတို့တွေ အဲဒါတစ်ခုတော့ ပျော်ရွှင်မှာဖြစ်ပြီး ကျွန်တော်တို့ ပရိသတ်တွေလည်း ကျိန်းသေ ပျော်ရွှင်မှာပါ။ ဘာလို့လဲဆိုတော့ အချိန်အများကြီး ဖြတ်သန်းပြီးနောက်မှာ ရောက်ရှိလာတာမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အိုးထရက္ဖို႔ဒ္မွာ အက္စ္တြန္ဗီလာအသင္းကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ဘ႐ူႏို ဖာနန္ဒက္စ္ ပင္နယ္တီ ကန္သြင္းခါနီး အက္စ္တြန္ဗီလာကစားသမားေတြ ေဘးနားမွာ ဝိုင္းေနတာကို ျပစ္တင္ ႀကိမ္းေမာင္းခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အက္စ္တြန္ဗီလာအသင္းနဲ႔ပြဲစဥ္ နာက်င္အခ်ိန္ပိုမွာ ပင္နယ္တီကန္ခြင့္ရရွိခဲ့ၿပီးေနာက္ ေခ်ပဂိုး သြင္းယူႏိုင္ဖို႔ အခြင့္အေရးရရွိခဲ့ေပမယ့္လည္း ဖာနန္ဒက္စ္ရဲ႕ ကန္သြင္းမႈက ဂိုးဘားတန္းေက်ာ္ၿပီး လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ ပင္နယ္တီ ကန္ခြင့္ျပဳျခင္းမခံရမီမွာ ေႏွာင့္ေႏွးၾကန႔္ၾကာမႈေတြ ရွိေနခဲ့ၿပီး ဆိုးလ္ရွားက ယူႏိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ပင္နယ္တီ ကန္မသြင္းမီ ဗီလာကစားသမားေတြ အနားမွာ ပတ္လည္ဝိုင္းေနၾကတာကို ေဒါသထြက္ေနခဲ့တာျဖစ္ပါတယ္။

“အဲဒီအေၾကာင္းကိုေတာ့ ကြၽန္ေတာ္ ဘယ္သူဘယ္ဝါဆိုၿပီး ေျပာေနမွာမဟုတ္ပါဘူး။ ဒါေပမယ့္ သူတို႔ အဲဒီလို လုပ္တာက မမွန္ကန္ပါဘူး။ တစ္စုံတေယာက္အတြက္ အဝါကတ္ျပား ျဖစ္ခဲ့သင့္တယ္လို႔ ကြၽန္ေတာ္ ထင္တာပဲ။ ဒါေပမယ့္ သူတို႔ လိုခ်င္ခဲ့တာကို သူတို႔ ရရွိသြားခဲ့ပါတယ္”

“သူတို႔ေတြ ပင္နယ္တီကန္သြင္းရမယ့္ေနရာနားမွာ ပတ္လည္ဝိုင္းေနၾကတဲ့ပုံစံ၊ ဘ႐ူႏို နားမွာ ဝိုင္းေနၾကတာက ကြၽန္ေတာ္ ႏွစ္သက္တဲ့ ဟာေတာ့ မဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

တစ္ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့တာက ယခုရာသီ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္မွာ ပထမဆုံးရႈံးပြဲျဖစ္ခဲ့ေပမယ့္ လိဂ္ဖလားနဲ႔ ခ်န္ပီယံလိဂ္ရႈံးပြဲေနာက္ပိုင္း စုစုေပါင္း ၄ ပြဲမွာေတာ့ တတိယအႀကိမ္ ျဖစ္ခဲ့ပါတယ္။ ဆိုးလ္ရွားရဲ႕ ယူႏိုက္တက္ဟာ အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ပြဲစဥ္အတြင္း သာမန္ေျခစြမ္းထက္ က်ဆင္းေနခဲ့ၿပီး ေကာ့တ္နီ ေဟာ့စ္ရဲ႕ အားပါတဲ့ ေခါင္းတိုက္ခ်က္ေၾကာင့္ အက္စ္တြန္ဗီလာအသင္းဟာ ပြဲၿပီးခါနီးမွာ အဖြင့္ဂိုး ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ ဗီလာနဲ႔ပြဲမတိုင္မီ ပင္နယ္တီ ၂၂ ႀကိမ္မွာ ၂၁ ႀကိမ္အထိ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ၿပီး အက္စ္တြန္ဗီလာကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ အိမ္ကြင္းပြဲစဥ္မွာေတာ့ အံ့အားသင့္ဖြယ္ ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ အရမ္း ျပင္းျပင္းထန္ထန္ကစားႏိုင္ခဲ့ပါတယ္။ အေ႐ြ႕အေျပာင္းလုပ္တဲ့ေနရာမွာလည္း အရမ္းေကာင္းခဲ့ပါတယ္။ တိုက္စစ္ကို လ်င္လ်င္ျမန္ျမန္ ကစားႏိုင္ခဲ့ေပမယ့္ ေနာက္္ဆုံးဂိုးေပါက္ေရွ႕က ကန္သြင္းခ်က္၊ ေနာက္ဆုံး ေပးပို႔မႈနဲ႔ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ေတြကေတာ့ အေကာင္းဆုံးမျဖစ္ခဲ့ပါဘူး။ ဂိုးကန္သြင္းဖို႔ ႀကိဳးပမ္းမႈ အႀကိမ္ ၃၀ မွာ အႀကိမ္ ၂၀ က ပိတ္ဆို႔ခံခဲ့ရပါတယ္”လို႔ ဆိုးလ္ရွားက ထပ္ေလာင္း ေျပာၾကားသြားခဲ့ပါတယ္။

အက္စ္တြန္ဗီလာ နည္းျပ ဒင္းန္ စမစ္က “သူတို႔ေတြက ကြၽန္ေတာ္တို႔ထက္ အခြင့္အေရးေတြ အမ်ားႀကီး ရခဲ့တာျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔ေတြက အခြင့္အေရး ပိုမိုေသးငယ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ကေတာ့ တကယ္ႀကီးမားတဲ့အခြင့္အေရးအခ်ိဳ႕ရခဲ့ၿပီး အႏိုင္နဲ႔ ထိုက္တန္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ တည္ကန္ေဘာေတြကေန သူတို႔ကို ျပႆနာျဖစ္ေစခဲ့ၿပီး အဲဒီကေန ဂိုးရခဲ့တယ္။ ပြဲကို ျပတ္သြားတာ ျမင္ခ်င္ခဲ့ေပမယ့္လည္း ယူႏိုက္တက္နဲ႔ ကစားတဲ့အခါမွာ ျဖစ္ေနက်အတိုင္း ကြၽန္ေတာ္တို႔ ပင္နယ္တီ ေပးခဲ့ရပါတယ္”

“အရမ္းကို ျပင္းထန္လြန္းပါတယ္။ သူက သူ႔ရဲ႕လက္ေေမာင္းကို ဆြဲဖို႔ ရည္႐ြယ္ခဲ့လားဆိုတာ ကြၽန္ေတာ္ မေသခ်ာပါဘူး။ တရားမွ်တမႈက အလိုလို ျဖစ္သြားခဲ့တာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ သူတို႔ေတြ အဲဒါတစ္ခုေတာ့ ေပ်ာ္႐ႊင္မွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ ပရိသတ္ေတြလည္း က်ိန္းေသ ေပ်ာ္႐ႊင္မွာပါ။ ဘာလို႔လဲဆိုေတာ့ အခ်ိန္အမ်ားႀကီး ျဖတ္သန္းၿပီးေနာက္မွာ ေရာက္ရွိလာတာမို႔လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.