Analysis Premier League

ခပ်လွဲလွဲ ဆိုးလ်ရှားရဲ့ ယူနိုက်တက် 0-1 အက်စတန်ဗီလာ ပွဲအပြီး ပြောစရာ 7 ချက်

အိုးလ်ထရက်ဖို့မှာ ၃ မှတ်ရဖို့ ၁၂ နှစ်စောင့်ခဲ့ရတဲ့ ဗီလာ
အက်စ်တန်ဗီလာအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ယူဖို့ ၁၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာဖြစ်ပြီး ပွဲချိန် ၈၈ မိနစ်မှာ သွင်းယူခဲ့တဲ့ နောက်ခံလူ ကော့တ်နီ ဟော့စ်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်သလို ဒါဟာ ၂၀၀၉ ခုနှစ်က ဂါဘရီယယ်လ် အဘွန်လဟော်ရဲ့ နောက်ပိုင်း ပထမဆုံး အနိုင်ရစေမယ့်ဂိုးလည်းဖြစ်ခဲ့ပါတယ်။ ဒင်းန် စမစ်ရဲ့ အသင်းအနေနဲ့ ရဲရဲရင့်ရင့် ကစားလာခဲ့ပြီး ပထမပိုင်းမှာကတည်း အဆုံးသတ် မကောင်းခဲ့လို့ ဒီချိန်အထိ စောင့်ခဲ့ရတာဖြစ်သလို ရော်နယ်လ်ဒို၊ ဖာနန်ဒက်စ်နဲ့ ဂရင်းဝုဒ်တို့ကိုလည်း အကောင်းဆုံး ရင်ဆိုင်ကစားသွားခဲ့ကြတာပါ။

အဖြုန်းတစ်လိုင်း ဂရင်းဝုဒ်
မန်ချက်စတာယူနိုက်တက်တိုက်စစ်ကို ကြည့်လိုက်ရင် သူကန်တာ ဂိုးပေါက်မတည့်တာ၊ ဂိုးပေါက်တည့်တော့လည်း ပျော့နေတာ၊ အခွင့်အရေး ပိုကောင်းတဲ့ နေရာက တွဲဖက်တိုက်စစ်သမားကို မပေးတာတွေကိုပဲ မြင်နေခဲ့ရတာပါ။ ပရီးမီးယားလိဂ်အစမှာ သုံးပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ ၁၉ နှစ်သားအနေနဲ့ နောက်ဆုံးသုံးပွဲမှာတော့ ဆက်တိုက်ဆိုသလို ဂိုးပေါက်ပျောက်နေခဲ့ပြီး ရော်နယ်လ်ဒို ပြန်ရောက်လာကတည်းက သူ့ရဲ့ စွမ်းဆောင်ရည်က အလေအလွင့်များနေခဲ့သလို ဒီနေ့ပွဲမှာလည်း ငါတကောကောနေတဲ့ ပုံစံက ပရိသတ်တွေ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ဆိုးလ်ရှားအနေနဲ့တော့ အသင်းမှာ ဘယ်သူက ဆရာလဲဆိုတာကို အတိအလင်း သတိပေးချိန်တန်ပါပြီ။

ဆိုးလ်ရှားရဲ့ နံပါတ် ၆ ပြဿနာ
နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ပြဿနာဟာ ကွင်းလယ်အထိုင်သာဖြစ်ကြောင်း အားလုံးက တစ်ညီတစ်ညွတ်တည်း လက်ညှိုးညွှန်နေရတာ များလှပြီဖြစ်သလို ပွဲပြီးပြောစရာတွေမှာလည်း ဒီအကြောင်းတွေပဲ ထပ်ခါတလဲလဲ ပါနေခဲ့တာပါ။ ကွင်းလယ်မှာ ထိုင်ဖျက်မယ့် ကစားသမားတစ်ဦး မရှိတာ မဟုတ်ဘဲ ဖရက်ဒ်ရှိနေပေမယ့် ပျာယာခတ်ပြီး Positioning အားနည်းတဲ့ ဘရာဇီးလ်သားကို လူနှစ်ယောက်လောက်ရှိရင် ကောင်းကောင်း အရူးလုပ်လို့ ရပြီဖြစ်သလို သူ့ကို ကျော်ဖြတ်ဖို့က လွယ်လွန်းနေခဲ့ပါတယ်။

ဒီနေ့မှာတော့ ဗီလာရဲ့ ဒေါက်ဂလပ် လူးဝစ်ဇ်က သူ့ထက် ပိုကောင်းပြီး လက်ရွေးစင်အသင်းနဲ့ ထိုက်တန်တဲ့ ဘရာဇီးလ်သားဖြစ်ကြောင်း ပြသခဲ့သလို မက်ဂင်းနဲ့အတွဲအဖက်ကလည်း ဖရက်ဒ်နဲ့ မက်တော်မီနေးရဲ့ ကွင်းလယ်ကို အသာစီးယူနိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှုသာ ယူနိုက်တက်ဘက်က မများခဲ့ရင်၊ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့လို ကူပေးနိုင်တဲ့ ကစားသမားမျိုးတွေသာ မပါခဲ့ရင် ဒီထက်ပိုပြီး ရုပ်ပျက်သွားနိုင်ခဲ့တာပါ။

ရလဒ်တွေကို ထိခိုက်စေမယ့် လုခ်ရှောရဲ့ ဒဏ်ရာ
ပွဲချိန် ၂၉ မိနစ်မှာ ထိခိုက်မိခဲ့တဲ့ အင်္ဂလန် ဘယ်နောက်ခံလူရဲ့ ဒဏ်ရာကတော့ ယူနိုက်တက်တို့ရဲ့ ဘယ်ခြမ်းတိုက်စစ်ကိုပါ ထိခိုက်စေခဲ့တာပါ။ ၂၆ နှစ်သား ဒဏ်ရာရအပြီးမှာတော့ ဒါလော့ကို ဘယ်ခြမ်းမှာ ကစားခိုင်းခဲ့ရပြီး ပေါ့ဘာကို ကူညီမပေးနိုင်ခဲ့သလို သူ့ရဲ့ ထောင့်ကန်ဘောတွေကိုပါ လွမ်းခဲ့ရတာပါ။ လုခ်ရှောဟာ ဒီအသင်းမှာ ထိခိုက်ဒဏ်ရာအရလွယ်ဆုံး ကစားသမားလည်းဖြစ်နေခဲ့သလို လာမယ့် ချန်ပီယံလိဂ် ပွဲစဉ်(၂)မှာလည်း သူမပါဝင်နိုင်မှုက နည်းပြ ဆိုးလ်ရှားကို ခေါင်းစားစေတော့မှာဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားအနေနဲ့ ပွဲအပြီးမှာ လုခ်ရှောအပြင် ဒုတိယပိုင်းမှာ လူစားလဲခဲ့ရတဲ့ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားကိုလည်း ဆုံးရှုံးရတော့မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ပွဲစဉ်ကို သူတို့နှစ်ယောက်စလုံး ပါဝင်ဖို့ မဖြစ်နိုင်ဘူးလို့ ရှင်းလင်းပြောကြားသွားခဲ့သလို တွဲဖက်ကစားနေကျ မဟုတ်တဲ့ ဗာရွန်းနဲ့ လင်ဒီလော့ဖ်တို့ အချိန်တိုအတွင်း နားလည်မှုရှိအောင် လက်ပူတိုက်ရတော့မှာလည်းဖြစ်ပါတယ်။

ဖာနန်ဒက်စ်အခက် ရော်နယ်လ်ဒိုအချက်လား
ပင်နယ်တီကို သူပါနေရင် ကွင်းထဲမှာ ဘယ်သူမှ ယူမကန်ခဲ့ကြတဲ့ ပေါ်တူဂီ GOAT ကြီးအတွက် ဒီနေ့မှာ ဖာနန်ဒက်စ်ကို ပေးကန်ခဲ့ရပြီး ဝင်အောင် မကန်နိုင်ခဲ့တဲ့ ပြဿနာလည်းဖြစ်ပွားခဲ့တာပါ။ သူ့အနေနဲ့ ရော်နယ်လ်ဒိုကို မပေးဘဲ ကန်တယ်ဆိုတဲ့ ဖိအားနဲ့ နောက်ဆုံးမိနစ်မှာ ချေပဂိုးသွင်းပေးရမယ့် ဖိအားတွေကို ရင်ဆိုင်ခဲ့ရချိန်မှာ ကန်ချက်ကလည်း ယုံကြည်မှု နည်းပါးခဲ့လို့ ဖြစ်ချင်ရာဖြစ် အားထည့်ကန်လိုက်တယ်ဆိုတဲ့ ပုံစံဖြစ်နေပြီး ပွဲကြည့်စင်ထဲကိုပဲ ရောက်သွားခဲ့ရပါတယ်။ နည်းပြ ဆိုးလ်ရှားအနေနဲ့တော့ လာမယ့်ပွဲတွေမှာ CR7 ကိုပဲ တာဝန်လွှဲပြောင်းပေးဖို့ ဖြစ်လာနိုင်ပြီး ဘယ်အချိန် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဖိအားဆိုတာကို အသိအမှတ်မပြုတတ်သူကို ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေအတွက် အားကိုးသင့်နေပါပြီ။

ဆိုးလ်ရှားအတွက် အမှတ်ပေးလို့တောင် မရတဲ့ပွဲ
ပွဲအတွက် နည်းဗျူဟာပိုင်းကို ချီးကျူးရမှာတော့ ဧည့်သည် ဗီလာနည်းပြ ဒင်းန် စမစ်ဖြစ်ခဲ့ပြီး ဆိုးလ်ရှားအနေနဲ့ ဘာကွက်မှန်းမသိဘဲ တိုင်ပတ်ခဲ့တာပါ။ တစ်ဖက်က ၃-၅-၂ တောင်ပံအစွန်လူတွေနဲ့ ဘယ်ညာတိုက်စစ်မှူးတွေ တိုက်ရိုက်ချိတ်ဆက်ပြီး တိုက်စစ်ကို သွားချိန်မှာ နော်ဝေသားကြီး ကတော့ ၄-၄-၂ လား ၄-၃-၃ လား ၄-၂-၄ လား မကွဲခဲ့ဘဲ ထိရောက်တဲ့ ခြိမ်းခြောက်မှုမျိုးကိုလည်း မလုပ်နိုင်ခဲ့တာပါ။ ဆန်ချိုနဲ့ လင်ဂတ်တစ်ယောက်ကို ထည့်သင့်ပြီး ရော်နယ်လ်ဒိုကို ချောင်အောင်လုပ်ပေးရမယ့်အချိန်မှာ ကာဗာနီကို ထည့်လိုက်တာက ပေါ်တူဂီသားကြီးကိုပါ ဘေးရောက်သွားစေခဲ့ပြီး သူ့ရဲ့ ဒီပွဲကို လမ်းညွှန်မှုအတွက် ရမှတ် သုညဆိုရင်တော့ ကန့်ကွက်မယ့်သူ ရှားနေပါလိမ့်မယ်။

လွဲလွဲလေးလည်း ကောင်းပါတယ်
တစ်ပွဲလုံးမှာ ဂိုးပေါက် ၂၈ ကြိမ် ကန်ခွင့်ရခဲ့ရာမှာ ၄ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး တစ်ခါမှ ဂိုးမဝင်ခဲ့တာကတော့ အိမ်ကွင်းကစားသူတွေအနေနဲ့ ဆိုးရွားခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း ဘန်လေကို အိုးလ်ထရက်ဖို့ဒ်မှာ ၃၈ ကြိမ်ကန်သွင်းပြီး တစ်ဂိုးမှ မရခဲ့တဲ့ ယူနိုက်တက်ဟာ ဒီနေ့မှာတော့ ဂိုးမဝင်ရုံတင် မဟုတ်ဘဲ ဂိုးပါပေးခဲ့ရတာက အဲ့ဒီတုန်းက စံချိန်ထက် ပိုဆိုးတယ်လို့ ပြောရမလား မသိဖြစ်ခဲ့ရပြီး နာမည်ကြီးတွေနဲ့ တိုက်စစ်ကတော့ တစ်ဖက်ဂိုးသမား မာတီနက်ဇ်အတွက် ရင်ခုန်စရာမဖြစ်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အိုးလ္ထရက္ဖို႔မွာ ၃ မွတ္ရဖို႔ ၁၂ ႏွစ္ေစာင့္ခဲ့ရတဲ့ ဗီလာ
အက္စ္တန္ဗီလာအသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ကို အိုးလ္ထရက္ဖို႔ဒ္မွာ အႏိုင္ယူဖို႔ ၁၂ ႏွစ္ၾကာ ေစာင့္ဆိုင္းခဲ့ရတာျဖစ္ၿပီး ပြဲခ်ိန္ ၈၈ မိနစ္မွာ သြင္းယူခဲ့တဲ့ ေနာက္ခံလူ ေကာ့တ္နီ ေဟာ့စ္ရဲ႕ သြင္းဂိုးနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္သလို ဒါဟာ ၂၀၀၉ ခုႏွစ္က ဂါဘရီယယ္လ္ အဘြန္လေဟာ္ရဲ႕ ေနာက္ပိုင္း ပထမဆုံး အႏိုင္ရေစမယ့္ဂိုးလည္းျဖစ္ခဲ့ပါတယ္။ ဒင္းန္ စမစ္ရဲ႕ အသင္းအေနနဲ႔ ရဲရဲရင့္ရင့္ ကစားလာခဲ့ၿပီး ပထမပိုင္းမွာကတည္း အဆုံးသတ္ မေကာင္းခဲ့လို႔ ဒီခ်ိန္အထိ ေစာင့္ခဲ့ရတာျဖစ္သလို ေရာ္နယ္လ္ဒို၊ ဖာနန္ဒက္စ္နဲ႔ ဂရင္းဝုဒ္တို႔ကိုလည္း အေကာင္းဆုံး ရင္ဆိုင္ကစားသြားခဲ့ၾကတာပါ။

အျဖဳန္းတစ္လိုင္း ဂရင္းဝုဒ္
မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကို ၾကည့္လိုက္ရင္ သူကန္တာ ဂိုးေပါက္မတည့္တာ၊ ဂိုးေပါက္တည့္ေတာ့လည္း ေပ်ာ့ေနတာ၊ အခြင့္အေရး ပိုေကာင္းတဲ့ ေနရာက တြဲဖက္တိုက္စစ္သမားကို မေပးတာေတြကိုပဲ ျမင္ေနခဲ့ရတာပါ။ ပရီးမီးယားလိဂ္အစမွာ သုံးပြဲဆက္တိုက္ ဂိုးသြင္းႏိုင္ခဲ့တဲ့ ၁၉ ႏွစ္သားအေနနဲ႔ ေနာက္ဆုံးသုံးပြဲမွာေတာ့ ဆက္တိုက္ဆိုသလို ဂိုးေပါက္ေပ်ာက္ေနခဲ့ၿပီး ေရာ္နယ္လ္ဒို ျပန္ေရာက္လာကတည္းက သူ႔ရဲ႕ စြမ္းေဆာင္ရည္က အေလအလြင့္မ်ားေနခဲ့သလို ဒီေန႔ပြဲမွာလည္း ငါတေကာေကာေနတဲ့ ပုံစံက ပရိသတ္ေတြ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။ ဆိုးလ္ရွားအေနနဲ႔ေတာ့ အသင္းမွာ ဘယ္သူက ဆရာလဲဆိုတာကို အတိအလင္း သတိေပးခ်ိန္တန္ပါၿပီ။

ဆိုးလ္ရွားရဲ႕ နံပါတ္ ၆ ျပႆနာ
နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားရဲ႕ ျပႆနာဟာ ကြင္းလယ္အထိုင္သာျဖစ္ေၾကာင္း အားလုံးက တစ္ညီတစ္ၫြတ္တည္း လက္ညႇိဳးၫႊန္ေနရတာ မ်ားလွၿပီျဖစ္သလို ပြဲၿပီးေျပာစရာေတြမွာလည္း ဒီအေၾကာင္းေတြပဲ ထပ္ခါတလဲလဲ ပါေနခဲ့တာပါ။ ကြင္းလယ္မွာ ထိုင္ဖ်က္မယ့္ ကစားသမားတစ္ဦး မရွိတာ မဟုတ္ဘဲ ဖရက္ဒ္ရွိေနေပမယ့္ ပ်ာယာခတ္ၿပီး Positioning အားနည္းတဲ့ ဘရာဇီးလ္သားကို လူႏွစ္ေယာက္ေလာက္ရွိရင္ ေကာင္းေကာင္း အ႐ူးလုပ္လို႔ ရၿပီျဖစ္သလို သူ႔ကို ေက်ာ္ျဖတ္ဖို႔က လြယ္လြန္းေနခဲ့ပါတယ္။

ဒီေန႔မွာေတာ့ ဗီလာရဲ႕ ေဒါက္ဂလပ္ လူးဝစ္ဇ္က သူ႔ထက္ ပိုေကာင္းၿပီး လက္ေ႐ြးစင္အသင္းနဲ႔ ထိုက္တန္တဲ့ ဘရာဇီးလ္သားျဖစ္ေၾကာင္း ျပသခဲ့သလို မက္ဂင္းနဲ႔အတြဲအဖက္ကလည္း ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးရဲ႕ ကြင္းလယ္ကို အသာစီးယူႏိုင္ခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈသာ ယူႏိုက္တက္ဘက္က မမ်ားခဲ့ရင္၊ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔လို ကူေပးႏိုင္တဲ့ ကစားသမားမ်ိဳးေတြသာ မပါခဲ့ရင္ ဒီထက္ပိုၿပီး ႐ုပ္ပ်က္သြားႏိုင္ခဲ့တာပါ။

ရလဒ္ေတြကို ထိခိုက္ေစမယ့္ လုခ္ေရွာရဲ႕ ဒဏ္ရာ
ပြဲခ်ိန္ ၂၉ မိနစ္မွာ ထိခိုက္မိခဲ့တဲ့ အဂၤလန္ ဘယ္ေနာက္ခံလူရဲ႕ ဒဏ္ရာကေတာ့ ယူႏိုက္တက္တို႔ရဲ႕ ဘယ္ျခမ္းတိုက္စစ္ကိုပါ ထိခိုက္ေစခဲ့တာပါ။ ၂၆ ႏွစ္သား ဒဏ္ရာရအၿပီးမွာေတာ့ ဒါေလာ့ကို ဘယ္ျခမ္းမွာ ကစားခိုင္းခဲ့ရၿပီး ေပါ့ဘာကို ကူညီမေပးႏိုင္ခဲ့သလို သူ႔ရဲ႕ ေထာင့္ကန္ေဘာေတြကိုပါ လြမ္းခဲ့ရတာပါ။ လုခ္ေရွာဟာ ဒီအသင္းမွာ ထိခိုက္ဒဏ္ရာအရလြယ္ဆုံး ကစားသမားလည္းျဖစ္ေနခဲ့သလို လာမယ့္ ခ်န္ပီယံလိဂ္ ပြဲစဥ္(၂)မွာလည္း သူမပါဝင္ႏိုင္မႈက နည္းျပ ဆိုးလ္ရွားကို ေခါင္းစားေစေတာ့မွာျဖစ္ပါတယ္။

နည္းျပ ဆိုးလ္ရွားအေနနဲ႔ ပြဲအၿပီးမွာ လုခ္ေရွာအျပင္ ဒုတိယပိုင္းမွာ လူစားလဲခဲ့ရတဲ့ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားကိုလည္း ဆုံးရႈံးရေတာ့မွာျဖစ္ၿပီး ဗုဒၶဟူးေန႔ပြဲစဥ္ကို သူတို႔ႏွစ္ေယာက္စလုံး ပါဝင္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ ရွင္းလင္းေျပာၾကားသြားခဲ့သလို တြဲဖက္ကစားေနက် မဟုတ္တဲ့ ဗာ႐ြန္းနဲ႔ လင္ဒီေလာ့ဖ္တို႔ အခ်ိန္တိုအတြင္း နားလည္မႈရွိေအာင္ လက္ပူတိုက္ရေတာ့မွာလည္းျဖစ္ပါတယ္။

ဖာနန္ဒက္စ္အခက္ ေရာ္နယ္လ္ဒိုအခ်က္လား
ပင္နယ္တီကို သူပါေနရင္ ကြင္းထဲမွာ ဘယ္သူမွ ယူမကန္ခဲ့ၾကတဲ့ ေပၚတူဂီ GOAT ႀကီးအတြက္ ဒီေန႔မွာ ဖာနန္ဒက္စ္ကို ေပးကန္ခဲ့ရၿပီး ဝင္ေအာင္ မကန္ႏိုင္ခဲ့တဲ့ ျပႆနာလည္းျဖစ္ပြားခဲ့တာပါ။ သူ႔အေနနဲ႔ ေရာ္နယ္လ္ဒိုကို မေပးဘဲ ကန္တယ္ဆိုတဲ့ ဖိအားနဲ႔ ေနာက္ဆုံးမိနစ္မွာ ေခ်ပဂိုးသြင္းေပးရမယ့္ ဖိအားေတြကို ရင္ဆိုင္ခဲ့ရခ်ိန္မွာ ကန္ခ်က္ကလည္း ယုံၾကည္မႈ နည္းပါးခဲ့လို႔ ျဖစ္ခ်င္ရာျဖစ္ အားထည့္ကန္လိုက္တယ္ဆိုတဲ့ ပုံစံျဖစ္ေနၿပီး ပြဲၾကည့္စင္ထဲကိုပဲ ေရာက္သြားခဲ့ရပါတယ္။ နည္းျပ ဆိုးလ္ရွားအေနနဲ႔ေတာ့ လာမယ့္ပြဲေတြမွာ CR7 ကိုပဲ တာဝန္လႊဲေျပာင္းေပးဖို႔ ျဖစ္လာႏိုင္ၿပီး ဘယ္အခ်ိန္ ဘယ္ေနရာမွာပဲ ျဖစ္ျဖစ္ ဖိအားဆိုတာကို အသိအမွတ္မျပဳတတ္သူကို ပိုမိုေကာင္းမြန္တဲ့ ရလဒ္ေတြအတြက္ အားကိုးသင့္ေနပါၿပီ။

ဆိုးလ္ရွားအတြက္ အမွတ္ေပးလို႔ေတာင္ မရတဲ့ပြဲ
ပြဲအတြက္ နည္းဗ်ဴဟာပိုင္းကို ခ်ီးက်ဴးရမွာေတာ့ ဧည့္သည္ ဗီလာနည္းျပ ဒင္းန္ စမစ္ျဖစ္ခဲ့ၿပီး ဆိုးလ္ရွားအေနနဲ႔ ဘာကြက္မွန္းမသိဘဲ တိုင္ပတ္ခဲ့တာပါ။ တစ္ဖက္က ၃-၅-၂ ေတာင္ပံအစြန္လူေတြနဲ႔ ဘယ္ညာတိုက္စစ္မႉးေတြ တိုက္႐ိုက္ခ်ိတ္ဆက္ၿပီး တိုက္စစ္ကို သြားခ်ိန္မွာ ေနာ္ေဝသားႀကီး ကေတာ့ ၄-၄-၂ လား ၄-၃-၃ လား ၄-၂-၄ လား မကြဲခဲ့ဘဲ ထိေရာက္တဲ့ ၿခိမ္းေျခာက္မႈမ်ိဳးကိုလည္း မလုပ္ႏိုင္ခဲ့တာပါ။ ဆန္ခ်ိဳနဲ႔ လင္ဂတ္တစ္ေယာက္ကို ထည့္သင့္ၿပီး ေရာ္နယ္လ္ဒိုကို ေခ်ာင္ေအာင္လုပ္ေပးရမယ့္အခ်ိန္မွာ ကာဗာနီကို ထည့္လိုက္တာက ေပၚတူဂီသားႀကီးကိုပါ ေဘးေရာက္သြားေစခဲ့ၿပီး သူ႔ရဲ႕ ဒီပြဲကို လမ္းၫႊန္မႈအတြက္ ရမွတ္ သုညဆိုရင္ေတာ့ ကန႔္ကြက္မယ့္သူ ရွားေနပါလိမ့္မယ္။

လြဲလြဲေလးလည္း ေကာင္းပါတယ္
တစ္ပြဲလုံးမွာ ဂိုးေပါက္ ၂၈ ႀကိမ္ ကန္ခြင့္ရခဲ့ရာမွာ ၄ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး တစ္ခါမွ ဂိုးမဝင္ခဲ့တာကေတာ့ အိမ္ကြင္းကစားသူေတြအေနနဲ႔ ဆိုး႐ြားခဲ့တာလည္းျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္တုန္းကလည္း ဘန္ေလကို အိုးလ္ထရက္ဖို႔ဒ္မွာ ၃၈ ႀကိမ္ကန္သြင္းၿပီး တစ္ဂိုးမွ မရခဲ့တဲ့ ယူႏိုက္တက္ဟာ ဒီေန႔မွာေတာ့ ဂိုးမဝင္႐ုံတင္ မဟုတ္ဘဲ ဂိုးပါေပးခဲ့ရတာက အဲ့ဒီတုန္းက စံခ်ိန္ထက္ ပိုဆိုးတယ္လို႔ ေျပာရမလား မသိျဖစ္ခဲ့ရၿပီး နာမည္ႀကီးေတြနဲ႔ တိုက္စစ္ကေတာ့ တစ္ဖက္ဂိုးသမား မာတီနက္ဇ္အတြက္ ရင္ခုန္စရာမျဖစ္ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.