Carabao & FA Premier League

Fair Play ကို နားမလည်ဘဲ ကာယချိန်မှတ်နေလားလို့ အပြောခံခဲ့ရတဲ့ ဖာနန်ဒက်စ်

ပြီးခဲ့တဲ့ညက ဝက်စ်ဟမ်းအသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပွဲရဲ့ နာကျင်အချိန်ပို ၄ မိနစ်မှာ ဂိုးသွင်းယူဖို့ ကြိုးစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ သူ့ရဲ့ လုပ်ရပ်အတွက် အပြောအဆိုခံနေရပြီး ဘောလုံးလောကရဲ့ စည်းမျဉ်း ဥပဒေသတွေကိုတောင် နားမလည်ဘူးလားလို့ လှောင်ပြောင်ခံနေရပါတယ်။

အလွယ်ဆုံး ဥပမာပေးရရင်တော့ Mr. Bean ဟာသတွေကို အင်္ဂလိပ်တွေနဲ့ ကမ္ဘာတစ်ဝှမ်းက လူတွေ ဘာဖြစ်လို့ ရယ်ကြသလဲဆိုတာနဲ့ အဖြေက အတူတူပါပဲ။ အသက်ကြီးပေမယ့် ဉာဏ်သက်မရင့်တဲ့ ပုံစံနဲ့ ကျင့်ဝတ်တွေကို ခပ်တည်တည်ချိုးဖောက်နေတဲ့ ပုံစံဟာ သနားစရာ ရယ်စရာအဖြစ်နဲ့ သူ့ရဲ့ ရုပ်ရှင်တွေထဲမှာ ထည့်သွင်းရိုက်ကူးခဲ့ပြီး ဒါကလည်း ကမ္ဘာကျော်ခဲ့တာပါ။

ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းရှုံးနိမ့်နေချိန် ပွဲချိန် ၇၂ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး သာမန်ပွဲချိန်အတွင်းမှာ ဂိုးသွင်းဖို့ မတတ်နိုင်ခဲ့သလို နောက်ဆုံးမိနစ်မှာတော့ ဒိုင်လူကြီးရဲ့ မြေချဘောကို တစ်ဖက်အသင်းကို ရယူခွင့်ပေးရမယ့်အစား ချပေးလိုက်တာနဲ့ လူယူပြီး ကန်သွင်းဖို့ ကြိုးစားခဲ့ရာမှာ ပြောစရာဖြစ်ခဲ့ရပါတယ်။

ဒိုင်လူကြီးက သူ့ကို ပြန်ခေါ်ခဲ့အပြီးမှာ ဝက်စ်ဟမ်းဘက်ကို ဘောလုံးပြန်ပေးခိုင်းခဲ့သလို ကွင်းဘေးစည်းက ရပ်ကြည့်နေတဲ့ နည်းပြ ဆိုးလ်ရှားနဲ့ ဒေးဗစ်မွိုက်စ်တို့ကပါ အံ့ဩခဲ့ရအပြီးမှာ ပရိသတ်တွေဆီက ဒါဟာ ကာယချိန်မဟုတ်ဘူး တကယ့်ဘောလုံးပွဲဖြစ်တယ်လို့ ဝေဖန်သံတွေကိုလည်း ကြားခဲ့ရသလို ပေါ်တူဂီသားအနေနဲ့ Fair Play စည်းမျဉ်းကို နားမလည်ဘူးလားလို့ ဝိုင်းပြောခဲ့ကြတာပါ။

ပရိသတ်တစ်ဦးကတော့ “ဘရူနို ဖာနန်ဒက်စ်ဆိုတာ ကမ္ဘာ့အရှက်အနည်းဆုံး ဘောလုံးသမားဖြစ်တယ်”လို့ ဆိုခဲ့ပြီး တချို့ကတော့ လူရွှင်တော် လာလုပ်တာလားလို့ ပြောခဲ့သလို နောက်တစ်ဦးကတော့ “ဂုဏ်သရေရှိ လူကြီးမင်းတို့ရေ… အဲ့ဒါဟာ ခင်ဗျားတို့ရဲ့ ဘရူနို ဖာနန်ဒက်စ်ပါပဲ ခင်ဗျာ”လို့ ခနဲ့သွားခဲ့တာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီမှာ ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီသားဟာ အသင်းအတွက် ခြေစွမ်းပြနိုင်ပေမယ့် ပွဲကြီးမတိုးဘူးလို့ ဝေဖန်ခံထားရသလို အသင်းနဲ့ ဆုဖလားရရှိနိုင်ခွင့်ကိုလည်း လွဲချော်ခဲ့ရပြီး ယူရိုပါလိဂ်မှာ ဆီမီးမှာ တစ်ကြိမ်၊ ဖိုင်နယ်မှာ တစ်ကြိမ် ရှုံးနိမ့်ထားခဲ့တာလည်းဖြစ်ပါတယ်။

ဒီရာသီရဲ့ ဆုဖလားတစ်လုံးလမ်းကြောင်းပေါ်က စတင်လွဲချော်ခဲ့တဲ့ ပရီးမီးယားလိဂ်အသင်းကြီးအဖြစ် မန်ချက်စတာယူနိုက်တက်က စတင်ပြီး မှတ်တမ်းဝင်ခဲ့ချိန်မှာ ဘရူနို ဖာနန်ဒက်စ်အတွက်တော့ သူ့ရဲ့ ရှုံးနိမ့်မှာ ကြောက်တဲ့ ပြင်းပြတဲ့ ဆန္ဒက အင်္ဂလိပ်တွေရဲ့ စည်းမျဉ်းကို လေးစားလိုက်နာတဲ့ စာအုပ်ကြီးအောက်မှာ ဆွမ်းကြီးလောင်းစရာဖြစ်သွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
ၿပီးခဲ့တဲ့ညက ဝက္စ္ဟမ္းအသင္းကို အိုးလ္ထရက္ဖို႔ဒ္မွာ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ ပြဲရဲ႕ နာက်င္အခ်ိန္ပို ၄ မိနစ္မွာ ဂိုးသြင္းယူဖို႔ ႀကိဳးစားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ သူ႔ရဲ႕ လုပ္ရပ္အတြက္ အေျပာအဆိုခံေနရၿပီး ေဘာလုံးေလာကရဲ႕ စည္းမ်ဥ္း ဥပေဒသေတြကိုေတာင္ နားမလည္ဘူးလားလို႔ ေလွာင္ေျပာင္ခံေနရပါတယ္။

အလြယ္ဆုံး ဥပမာေပးရရင္ေတာ့ Mr. Bean ဟာသေတြကို အဂၤလိပ္ေတြနဲ႔ ကမာၻတစ္ဝွမ္းက လူေတြ ဘာျဖစ္လို႔ ရယ္ၾကသလဲဆိုတာနဲ႔ အေျဖက အတူတူပါပဲ။ အသက္ႀကီးေပမယ့္ ဉာဏ္သက္မရင့္တဲ့ ပုံစံနဲ႔ က်င့္ဝတ္ေတြကို ခပ္တည္တည္ခ်ိဳးေဖာက္ေနတဲ့ ပုံစံဟာ သနားစရာ ရယ္စရာအျဖစ္နဲ႔ သူ႔ရဲ႕ ႐ုပ္ရွင္ေတြထဲမွာ ထည့္သြင္း႐ိုက္ကူးခဲ့ၿပီး ဒါကလည္း ကမာၻေက်ာ္ခဲ့တာပါ။

ဘ႐ူႏို ဖာနန္ဒက္စ္ဟာ အသင္းရႈံးနိမ့္ေနခ်ိန္ ပြဲခ်ိန္ ၇၂ မိနစ္မွာ လူစားဝင္ကစားခဲ့ၿပီး သာမန္ပြဲခ်ိန္အတြင္းမွာ ဂိုးသြင္းဖို႔ မတတ္ႏိုင္ခဲ့သလို ေနာက္ဆုံးမိနစ္မွာေတာ့ ဒိုင္လူႀကီးရဲ႕ ေျမခ်ေဘာကို တစ္ဖက္အသင္းကို ရယူခြင့္ေပးရမယ့္အစား ခ်ေပးလိုက္တာနဲ႔ လူယူၿပီး ကန္သြင္းဖို႔ ႀကိဳးစားခဲ့ရာမွာ ေျပာစရာျဖစ္ခဲ့ရပါတယ္။

ဒိုင္လူႀကီးက သူ႔ကို ျပန္ေခၚခဲ့အၿပီးမွာ ဝက္စ္ဟမ္းဘက္ကို ေဘာလုံးျပန္ေပးခိုင္းခဲ့သလို ကြင္းေဘးစည္းက ရပ္ၾကည့္ေနတဲ့ နည္းျပ ဆိုးလ္ရွားနဲ႔ ေဒးဗစ္မြိဳက္စ္တို႔ကပါ အံ့ဩခဲ့ရအၿပီးမွာ ပရိသတ္ေတြဆီက ဒါဟာ ကာယခ်ိန္မဟုတ္ဘူး တကယ့္ေဘာလုံးပြဲျဖစ္တယ္လို႔ ေဝဖန္သံေတြကိုလည္း ၾကားခဲ့ရသလို ေပၚတူဂီသားအေနနဲ႔ Fair Play စည္းမ်ဥ္းကို နားမလည္ဘူးလားလို႔ ဝိုင္းေျပာခဲ့ၾကတာပါ။

ပရိသတ္တစ္ဦးကေတာ့ “ဘ႐ူႏို ဖာနန္ဒက္စ္ဆိုတာ ကမာၻ႔အရွက္အနည္းဆုံး ေဘာလုံးသမားျဖစ္တယ္”လို႔ ဆိုခဲ့ၿပီး တခ်ိဳ႕ကေတာ့ လူ႐ႊင္ေတာ္ လာလုပ္တာလားလို႔ ေျပာခဲ့သလို ေနာက္တစ္ဦးကေတာ့ “ဂုဏ္သေရရွိ လူႀကီးမင္းတို႔ေရ… အဲ့ဒါဟာ ခင္ဗ်ားတို႔ရဲ႕ ဘ႐ူႏို ဖာနန္ဒက္စ္ပါပဲ ခင္ဗ်ာ”လို႔ ခနဲ႔သြားခဲ့တာလည္း ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၂၀၁၉ ခုႏွစ္ ဇန္နဝါရီမွာ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ေပၚတူဂီသားဟာ အသင္းအတြက္ ေျခစြမ္းျပႏိုင္ေပမယ့္ ပြဲႀကီးမတိုးဘူးလို႔ ေဝဖန္ခံထားရသလို အသင္းနဲ႔ ဆုဖလားရရွိႏိုင္ခြင့္ကိုလည္း လြဲေခ်ာ္ခဲ့ရၿပီး ယူ႐ိုပါလိဂ္မွာ ဆီမီးမွာ တစ္ႀကိမ္၊ ဖိုင္နယ္မွာ တစ္ႀကိမ္ ရႈံးနိမ့္ထားခဲ့တာလည္းျဖစ္ပါတယ္။

ဒီရာသီရဲ႕ ဆုဖလားတစ္လုံးလမ္းေၾကာင္းေပၚက စတင္လြဲေခ်ာ္ခဲ့တဲ့ ပရီးမီးယားလိဂ္အသင္းႀကီးအျဖစ္ မန္ခ်က္စတာယူႏိုက္တက္က စတင္ၿပီး မွတ္တမ္းဝင္ခဲ့ခ်ိန္မွာ ဘ႐ူႏို ဖာနန္ဒက္စ္အတြက္ေတာ့ သူ႔ရဲ႕ ရႈံးနိမ့္မွာ ေၾကာက္တဲ့ ျပင္းျပတဲ့ ဆႏၵက အဂၤလိပ္ေတြရဲ႕ စည္းမ်ဥ္းကို ေလးစားလိုက္နာတဲ့ စာအုပ္ႀကီးေအာက္မွာ ဆြမ္းႀကီးေလာင္းစရာျဖစ္သြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z