Premier League UCL&UEL

CR7 ရဲ့ အတွင်းခံဘောင်းဘီကို ကလော့ပ်ဝတ်ခဲ့တယ်လို့ အထုပ်ဖြည်တဲ့ ကလာဗန်

လီဗာပူးလ်အသင်းကို ၂၀၁၆ ခုနှစ်က အံ့အားသင့်စရာ ခေါ်ယူမှုအဖြစ်နဲ့ ရောက်ရှိလာခဲ့တဲ့ အက်စတိုးနီးယားဝါရင့်နောက်ခံလူကြီး ရက်ဂ်နာ ကလာဗန်က သူ့ရဲ့ နည်းပြဟောင်း ယာဂန် ကလော့ပ်အနေနဲ့ ၂၀၁၈ ခုနှစ်က ကိဗ်ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံစဉ်က ဘာလုပ်ခဲ့တယ်ဆိုတာ အထုပ်ဖြည်ပြသွားခဲ့ပါတယ်။

အန်းဖီးလ်မှာ နှစ်နှစ်ကြာ အချိန်ဖြုန်းခဲ့ပြီး ၅၃ ပွဲကစား ၂ ဂိုးသွင်းယူပေးခဲ့တဲ့ ကလာဗန်ဟာ လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဖလားရမယ့်နှစ်မှာ အသင်းပြောင်းသွားသူဖြစ်ပြီး ကံမကောင်းခဲ့ဘူးလို့ ဆိုနိုင်ပေမယ့် သူ့အသက်အရွယ်မှာ တက်လူ ဂျိုးဂိုမက်ဇ်ကို နေရာပေးဖို့အတွက် မိုက်ကယ် အက်ဒ်ဝပ်က ပေါင် ၂ သန်းနဲ့ ရောင်းချခဲ့တာပါ။

ကလာဗန်က ကိဗ်က ဖိုင်နယ်အတွက် ပွဲမကစားခင်မှာ နောက်ဆုံး အသင်းတွေ့ဆုံမှုကို ပြုလုပ်ခဲ့အပြီး ကွင်းထဲ ထွက်ခွာစဉ်မှာ ကလော့ပ်က အရွှန်းဖောက်ပြီး သူ့ရဲ့ အောက်ခံဘောင်းဘီကို ပြသခဲ့တာလို့ ထုတ်ဖော်လိုက်ပြီး ဒီပွဲအတွက် စိတ်ပူပန်နေတဲ့ ကစားသမားတွေကို ဖိအားလျှော့ဖို့ ကြိုးစားခဲ့တာလို့လည်း ဆိုပါတယ်။

“နောက်ဆုံးမီတင်ပြီးတော့ ကလော့ပ်က ကွင်းထဲကို မထွက်ခင်မှာ ကလော့ပ်က ပြတာဗျ။ သူက ဘာကို ရည်ရွယ်ချင်လဲဆိုတာတော့ သေချာ မသိဘူးလေ။ ငါ့ကောင်တွေ ဒီအောက်ခံကို ကြည့်စမ်းတဲ့… ငါ တမင်ဝတ်တာတော့ မဟုတ်ဘူးဆိုပဲ။ အဲ့ဒါက CR7 ရဲ့ အန်ဒါဝဲဖြစ်နေတယ်လေ”လို့ ကလာဗန်က ပြောပြသွားခဲ့ပါတယ်။

ကလာဗန်ရဲ့ ပြောပြချက်အရတော့ ဒါဟာ ကလော့ပ်ရဲ့ မူလရည်ရွယ်ချက်မဟုတ်ဘဲ သူ့မိန်းမက အဝတ်အိတ်ကို ပြင်ဆင်ပေးလိုက်ရာမှာ ဖြစ်လာခဲ့ပုံရတာပါ။ ဒါပေမယ့် ဂျာမန်နည်းပြရဲ့ စကားက အလုပ်ဖြစ်ခဲ့ပြီး အားလုံးရဲ့ အပူအပင်တွေကို ရယ်စရာတစ်ခုနဲ့ ဖုံးလွှမ်းပစ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

နည်းပြ ယာဂန် ကလော့ပ်ဟာ အသင်းသားတွေနဲ့ တစ်သားတည်းရှိပြီး နွေးထွေးမှုအတွက် သူ့ရဲ့ ကလပ်အသင်းတွေဖြစ်ကြတဲ့ ဒေါ့မွန်နဲ့ရော လီဗာပူးလ်နဲ့ပါ အပြုသဘောနဲ့ နာမည်ကြီးသူဖြစ်ပြီး အားလုံးကို ရင်းရင်းနှီးနှီး ဆက်ဆံလေ့ရှိသလို စိတ်ပညာနဲ့ လူကြောနပ်မှုအတွက်လည်း အမှတ်ကောင်းကောင်းရထားသူဖြစ်ပါတယ်။

အဲ့ဒီနှစ်က လီဗာပူးလ်အသင်းရဲ့ ဖိုင်နယ်ကတော့ အစကောင်းခဲ့ပေမယ့် မိုဟာမက် ဆာလား လူချခံခဲ့ရမှုနဲ့အတူ စိတ်ပျက်စရာဖြစ်ခဲ့ရပြီး ဂိုးသမား ကားရီးယပ်စ်ရဲ့ နဝေတိမ်တောင်နဲ့ ပြုလုပ်ခဲ့တဲ့ အမှားတွေအပြီးမှာတော့ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ရပြီး ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့အတွက်တော့ နောက်ထပ် တစ်နှစ်စောင့်ဆိုင်းခဲ့ရသလို ကလာဗန်အတွက်လည်း ကြီးမားတဲ့ လွဲချော်မှုတစ်ခုဖြစ်ခဲ့ရကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
လီဗာပူးလ္အသင္းကို ၂၀၁၆ ခုႏွစ္က အံ့အားသင့္စရာ ေခၚယူမႈအျဖစ္နဲ႔ ေရာက္ရွိလာခဲ့တဲ့ အက္စတိုးနီးယားဝါရင့္ေနာက္ခံလူႀကီး ရက္ဂ္နာ ကလာဗန္က သူ႔ရဲ႕ နည္းျပေဟာင္း ယာဂန္ ကေလာ့ပ္အေနနဲ႔ ၂၀၁၈ ခုႏွစ္က ကိဗ္ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ရီးရဲလ္မက္ဒရစ္နဲ႔ ေတြ႕ဆုံစဥ္က ဘာလုပ္ခဲ့တယ္ဆိုတာ အထုပ္ျဖည္ျပသြားခဲ့ပါတယ္။

အန္းဖီးလ္မွာ ႏွစ္ႏွစ္ၾကာ အခ်ိန္ျဖဳန္းခဲ့ၿပီး ၅၃ ပြဲကစား ၂ ဂိုးသြင္းယူေပးခဲ့တဲ့ ကလာဗန္ဟာ လီဗာပူးလ္အသင္း ခ်န္ပီယံလိဂ္ဖလားရမယ့္ႏွစ္မွာ အသင္းေျပာင္းသြားသူျဖစ္ၿပီး ကံမေကာင္းခဲ့ဘူးလို႔ ဆိုႏိုင္ေပမယ့္ သူ႔အသက္အ႐ြယ္မွာ တက္လူ ဂ်ိဳးဂိုမက္ဇ္ကို ေနရာေပးဖို႔အတြက္ မိုက္ကယ္ အက္ဒ္ဝပ္က ေပါင္ ၂ သန္းနဲ႔ ေရာင္းခ်ခဲ့တာပါ။

ကလာဗန္က ကိဗ္က ဖိုင္နယ္အတြက္ ပြဲမကစားခင္မွာ ေနာက္ဆုံး အသင္းေတြ႕ဆုံမႈကို ျပဳလုပ္ခဲ့အၿပီး ကြင္းထဲ ထြက္ခြာစဥ္မွာ ကေလာ့ပ္က အ႐ႊန္းေဖာက္ၿပီး သူ႔ရဲ႕ ေအာက္ခံေဘာင္းဘီကို ျပသခဲ့တာလို႔ ထုတ္ေဖာ္လိုက္ၿပီး ဒီပြဲအတြက္ စိတ္ပူပန္ေနတဲ့ ကစားသမားေတြကို ဖိအားေလွ်ာ့ဖို႔ ႀကိဳးစားခဲ့တာလို႔လည္း ဆိုပါတယ္။

“ေနာက္ဆုံးမီတင္ၿပီးေတာ့ ကေလာ့ပ္က ကြင္းထဲကို မထြက္ခင္မွာ ကေလာ့ပ္က ျပတာဗ်။ သူက ဘာကို ရည္႐ြယ္ခ်င္လဲဆိုတာေတာ့ ေသခ်ာ မသိဘူးေလ။ ငါ့ေကာင္ေတြ ဒီေအာက္ခံကို ၾကည့္စမ္းတဲ့… ငါ တမင္ဝတ္တာေတာ့ မဟုတ္ဘူးဆိုပဲ။ အဲ့ဒါက CR7 ရဲ႕ အန္ဒါဝဲျဖစ္ေနတယ္ေလ”လို႔ ကလာဗန္က ေျပာျပသြားခဲ့ပါတယ္။

ကလာဗန္ရဲ႕ ေျပာျပခ်က္အရေတာ့ ဒါဟာ ကေလာ့ပ္ရဲ႕ မူလရည္႐ြယ္ခ်က္မဟုတ္ဘဲ သူ႔မိန္းမက အဝတ္အိတ္ကို ျပင္ဆင္ေပးလိုက္ရာမွာ ျဖစ္လာခဲ့ပုံရတာပါ။ ဒါေပမယ့္ ဂ်ာမန္နည္းျပရဲ႕ စကားက အလုပ္ျဖစ္ခဲ့ၿပီး အားလုံးရဲ႕ အပူအပင္ေတြကို ရယ္စရာတစ္ခုနဲ႔ ဖုံးလႊမ္းပစ္ႏိုင္ခဲ့တယ္လို႔လည္း ဆိုပါတယ္။

နည္းျပ ယာဂန္ ကေလာ့ပ္ဟာ အသင္းသားေတြနဲ႔ တစ္သားတည္းရွိၿပီး ေႏြးေထြးမႈအတြက္ သူ႔ရဲ႕ ကလပ္အသင္းေတြျဖစ္ၾကတဲ့ ေဒါ့မြန္နဲ႔ေရာ လီဗာပူးလ္နဲ႔ပါ အျပဳသေဘာနဲ႔ နာမည္ႀကီးသူျဖစ္ၿပီး အားလုံးကို ရင္းရင္းႏွီးႏွီး ဆက္ဆံေလ့ရွိသလို စိတ္ပညာနဲ႔ လူေၾကာနပ္မႈအတြက္လည္း အမွတ္ေကာင္းေကာင္းရထားသူျဖစ္ပါတယ္။

အဲ့ဒီႏွစ္က လီဗာပူးလ္အသင္းရဲ႕ ဖိုင္နယ္ကေတာ့ အစေကာင္းခဲ့ေပမယ့္ မိုဟာမက္ ဆာလား လူခ်ခံခဲ့ရမႈနဲ႔အတူ စိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး ဂိုးသမား ကားရီးယပ္စ္ရဲ႕ နေဝတိမ္ေတာင္နဲ႔ ျပဳလုပ္ခဲ့တဲ့ အမွားေတြအၿပီးမွာေတာ့ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ခဲ့ရၿပီး ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႔အတြက္ေတာ့ ေနာက္ထပ္ တစ္ႏွစ္ေစာင့္ဆိုင္းခဲ့ရသလို ကလာဗန္အတြက္လည္း ႀကီးမားတဲ့ လြဲေခ်ာ္မႈတစ္ခုျဖစ္ခဲ့ရေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z