Premier League Transfer News

24 Sep နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ဘာစီလိုနာအသင်းအနေနဲ့ ဇန်နဝါရီမှာ အာဆင်နယ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ဈေးသက်သက်သာသာနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလာဖွယ်ရှိနေပြီး နွေရာသီအထိ စောင့်ပြီး ဖရီးကုန်းဆင်းမယ့် အက်သလက်တီကို မက်ဒရစ်ထက် လက်ဦးမှုရယူသွားလိမ့်မယ်လို့ စပိန်သတင်းတွေ ဖော်ပြနေကြ။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ နည်းပြ မီခယ်လ် အာတီတာရဲ့ ထရိန်နင်မှာ ပြသခဲ့တဲ့ ဘောလုံးအထိန်းအသိမ်းကို သဘောကျနေပြီး အနည်းဆုံးတော့ တောင်ပံကစားသမား နီကိုလာ ပေပေလို လွင့်စဉ်ထွက်မနေဘဲ တိကျခဲ့တာကြောင့် ကစားသမားနည်းပြအဖြစ် ပြန်သုံးရင်ကောင်းမလားလို့ ဆိုနေကြ။

– အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်အနေနဲ့ ပေါင်သန်း ၅၀ တန်ကြေးအတွက် ဖိအားတွေကို လျှော့ချဖို့ဆိုရင် ခံစစ်မှာ ဦးဆောင်နိုင်စွမ်းနဲ့ ခေါင်းတိုက်ဖျက်ထုတ်မှုတွေကို တိုးတက်အောင်လုပ်ရလိမ့်မယ်လို့ စပါးစ်ကွင်းလယ်လူဟောင်း ဂျေမီ အိုဟာရာက အကြံပေးလိုက်ပြီး ဒါဆို ပြည့်စုံသွားလိမ့်မယ်လို့ လမ်းညွှန်သွား။

– အာဆင်နယ်အသင်းအနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ညာသန်ဘယ်တောင်ပံကစားသမားတစ်ဦး ထပ်မံခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး ဘယ်လ်ဂျီယမ်ကလပ် ကလပ်ဘရုဂျ်မှာ ခြေစွမ်းပြနေတဲ့ နယ်သာလန် ယူ-၂၁ လက်ရွေးစင်ဟောင်း နိုအာလန်းကို ယူရို သန်း ၃၀ ခန့်နဲ့ ကမ်းလှမ်းဖွယ်ရှိနေ။

– အသင်းရဲ့ ဂိုးသမားဟောင်းကြီး ဒေးဗစ် ဆီးမန်းရော အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်း ဒေးဗစ် ဂျိမ်းစ်တို့ကပါ အာဆင်နယ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဟာ အာရွန် ရမ်းစ်ဒေးလ်ဖြစ်တယ်လို့ သဘောတူ ထောက်ခံချက်ပေးလိုက်ကြပြီး ဆီးမန်းကတော့ ဒီတစ်ပတ် မြောက်လန်ဒန်ဒါဘီကို သူ့အသင်းဟောင်းက နှစ်ဂိုး-ဂိုးမရှိနဲ့အနိုင်လို့ ခန့်မှန်းသွား။

– အာဆင်နယ်အသင်းအနေနဲ့ အငှားခေါ်ယူချင်သူတွေ များပြားနေတဲ့ လူငယ်ကွင်းလယ်ကစားသမား ချာလီ ပါတီနိုကို ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘဲ ရှေ့က စီနီယာကစားသမားဖြစ်တဲ့ ဘူကာယို ဆာကာတုန်းကလိုမျိုး အမ်းမရိတ်မှာ ဆက်ထားပြီး အသင်းကြီးနဲ့အတူ အခွင့်အရေးပေး စမ်းသပ်သွားဖို့ ရည်ရွယ်ထား။

– ကွင်းလယ်လူဟောင်း ရေးပါလာက အာဆင်နယ်အသင်းရဲ့ နောက်ထပ်ကွင်းလယ်ပစ်မှတ်ဟာ ဘရိုက်တန်ကစားသမား အိဗ်စ် ဘီဆူးမားဖြစ်ပြီး သူ့မှာ ဂန်းနားတွေအတွက် လိုအပ်နေသမျှ အရာအားလုံးနဲ့ ပြည့်စုံနေသလို ဒီအသင်းကို ရောက်လာခဲ့ရင် မိမိအနေနဲ့ အလွန် ပျော်ရွှင်မိမှာဖြစ်ကြောင်း ပြောကြားသွားခဲ့။

– ပြီးခဲ့တဲ့ ရာသီက အသင်းဟောင်း ဖရန့်ဖတ်မှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ခြေစွမ်းအရ ပြန်မပြောင်းဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး လူကာ ယိုဗစ်ချ်ကို ခေါ်ယူဖို့ အာဆင်နယ်တို့အနေနဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်တုန်းကလိုပဲ သက်သက်သာသာ ရရှိနိုင်မယ်လို့ ယူဆနေကြပြီး ဆားဘီးယားသား အနေနဲ့ လက်ရှိအချိန်အထိ ဒီရာသီ လာလီဂါမှာ လူစားဝင်အဖြစ် ၄ ပွဲမှာ ၃၁ မိနစ်သာ ကစားခဲ့ရ။

– စောင့်ကြည့်လေ့လာသူတွေအနေနဲ့ ပြီးခဲ့တဲ့ AFC ဝင်ဘယ်လ်ဒန်နဲ့ပွဲမှာ ဘူကာယို ဆာကာကို အသုံးပြုခဲ့တဲ့ နည်းပြ အာတီတာရဲ့ နေရာ ချထားပုံကို သတိပြုမိခဲ့ကြပြီး စပိန်သားနည်းပြအနေနဲ့ သူ့ကို မန်ချက်စတာစီးတီးမှာ ရာဟင်းမ် စတာလင်ကို တစ်ဖက်နောက်ခံလူတွေကြားမှာ နေရာယူခိုင်းသလိုမျိုး အသုံးချနေကြောင်းနဲ့ အနီးကပ် ပိတ်သွင်းမှုတွေကနေ ဂိုးတွေ ရှာဖွေခိုင်းဖွယ် ရှိနေကြောင်း ထောက်ပြသွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဘာစီလိုနာအသင္းအေနနဲ႔ ဇန္နဝါရီမွာ အာဆင္နယ္တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ေဈးသက္သက္သာသာနဲ႔ ေခၚယူဖို႔ ကမ္းလွမ္းလာဖြယ္ရွိေနၿပီး ေႏြရာသီအထိ ေစာင့္ၿပီး ဖရီးကုန္းဆင္းမယ့္ အက္သလက္တီကို မက္ဒရစ္ထက္ လက္ဦးမႈရယူသြားလိမ့္မယ္လို႔ စပိန္သတင္းေတြ ေဖာ္ျပေနၾက။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ နည္းျပ မီခယ္လ္ အာတီတာရဲ႕ ထရိန္နင္မွာ ျပသခဲ့တဲ့ ေဘာလုံးအထိန္းအသိမ္းကို သေဘာက်ေနၿပီး အနည္းဆုံးေတာ့ ေတာင္ပံကစားသမား နီကိုလာ ေပေပလို လြင့္စဥ္ထြက္မေနဘဲ တိက်ခဲ့တာေၾကာင့္ ကစားသမားနည္းျပအျဖစ္ ျပန္သုံးရင္ေကာင္းမလားလို႔ ဆိုေနၾက။

– အာဆင္နယ္ေနာက္ခံလူ ဘန္ဝႈိက္အေနနဲ႔ ေပါင္သန္း ၅၀ တန္ေၾကးအတြက္ ဖိအားေတြကို ေလွ်ာ့ခ်ဖို႔ဆိုရင္ ခံစစ္မွာ ဦးေဆာင္ႏိုင္စြမ္းနဲ႔ ေခါင္းတိုက္ဖ်က္ထုတ္မႈေတြကို တိုးတက္ေအာင္လုပ္ရလိမ့္မယ္လို႔ စပါးစ္ကြင္းလယ္လူေဟာင္း ေဂ်မီ အိုဟာရာက အႀကံေပးလိုက္ၿပီး ဒါဆို ျပည့္စုံသြားလိမ့္မယ္လို႔ လမ္းၫႊန္သြား။

– အာဆင္နယ္အသင္းအေနနဲ႔ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ညာသန္ဘယ္ေတာင္ပံကစားသမားတစ္ဦး ထပ္မံေခၚယူသြားဖို႔ ျပင္ဆင္ေနၿပီး ဘယ္လ္ဂ်ီယမ္ကလပ္ ကလပ္ဘ႐ုဂ်္မွာ ေျခစြမ္းျပေနတဲ့ နယ္သာလန္ ယူ-၂၁ လက္ေ႐ြးစင္ေဟာင္း ႏိုအာလန္းကို ယူ႐ို သန္း ၃၀ ခန႔္နဲ႔ ကမ္းလွမ္းဖြယ္ရွိေန။

– အသင္းရဲ႕ ဂိုးသမားေဟာင္းႀကီး ေဒးဗစ္ ဆီးမန္းေရာ အဂၤလန္လက္ေ႐ြးစင္ဂိုးသမားေဟာင္း ေဒးဗစ္ ဂ်ိမ္းစ္တို႔ကပါ အာဆင္နယ္အသင္းရဲ႕ နံပါတ္တစ္ ဂိုးသမားဟာ အာ႐ြန္ ရမ္းစ္ေဒးလ္ျဖစ္တယ္လို႔ သေဘာတူ ေထာက္ခံခ်က္ေပးလိုက္ၾကၿပီး ဆီးမန္းကေတာ့ ဒီတစ္ပတ္ ေျမာက္လန္ဒန္ဒါဘီကို သူ႔အသင္းေဟာင္းက ႏွစ္ဂိုး-ဂိုးမရွိနဲ႔အႏိုင္လို႔ ခန႔္မွန္းသြား။

– အာဆင္နယ္အသင္းအေနနဲ႔ အငွားေခၚယူခ်င္သူေတြ မ်ားျပားေနတဲ့ လူငယ္ကြင္းလယ္ကစားသမား ခ်ာလီ ပါတီႏိုကို ထြက္ခြာခြင့္ျပဳမွာ မဟုတ္ဘဲ ေရွ႕က စီနီယာကစားသမားျဖစ္တဲ့ ဘူကာယို ဆာကာတုန္းကလိုမ်ိဳး အမ္းမရိတ္မွာ ဆက္ထားၿပီး အသင္းႀကီးနဲ႔အတူ အခြင့္အေရးေပး စမ္းသပ္သြားဖို႔ ရည္႐ြယ္ထား။

– ကြင္းလယ္လူေဟာင္း ေရးပါလာက အာဆင္နယ္အသင္းရဲ႕ ေနာက္ထပ္ကြင္းလယ္ပစ္မွတ္ဟာ ဘ႐ိုက္တန္ကစားသမား အိဗ္စ္ ဘီဆူးမားျဖစ္ၿပီး သူ႔မွာ ဂန္းနားေတြအတြက္ လိုအပ္ေနသမွ် အရာအားလုံးနဲ႔ ျပည့္စုံေနသလို ဒီအသင္းကို ေရာက္လာခဲ့ရင္ မိမိအေနနဲ႔ အလြန္ ေပ်ာ္႐ႊင္မိမွာျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့။

– ၿပီးခဲ့တဲ့ ရာသီက အသင္းေဟာင္း ဖရန႔္ဖတ္မွာ အငွားနဲ႔ သြားေရာက္ကစားခဲ့ၿပီး ေျခစြမ္းအရ ျပန္မေျပာင္းျဖစ္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ တိုက္စစ္မႉး လူကာ ယိုဗစ္ခ်္ကို ေခၚယူဖို႔ အာဆင္နယ္တို႔အေနနဲ႔ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္တုန္းကလိုပဲ သက္သက္သာသာ ရရွိႏိုင္မယ္လို႔ ယူဆေနၾကၿပီး ဆားဘီးယားသား အေနနဲ႔ လက္ရွိအခ်ိန္အထိ ဒီရာသီ လာလီဂါမွာ လူစားဝင္အျဖစ္ ၄ ပြဲမွာ ၃၁ မိနစ္သာ ကစားခဲ့ရ။

– ေစာင့္ၾကည့္ေလ့လာသူေတြအေနနဲ႔ ၿပီးခဲ့တဲ့ AFC ဝင္ဘယ္လ္ဒန္နဲ႔ပြဲမွာ ဘူကာယို ဆာကာကို အသုံးျပဳခဲ့တဲ့ နည္းျပ အာတီတာရဲ႕ ေနရာ ခ်ထားပုံကို သတိျပဳမိခဲ့ၾကၿပီး စပိန္သားနည္းျပအေနနဲ႔ သူ႔ကို မန္ခ်က္စတာစီးတီးမွာ ရာဟင္းမ္ စတာလင္ကို တစ္ဖက္ေနာက္ခံလူေတြၾကားမွာ ေနရာယူခိုင္းသလိုမ်ိဳး အသုံးခ်ေနေၾကာင္းနဲ႔ အနီးကပ္ ပိတ္သြင္းမႈေတြကေန ဂိုးေတြ ရွာေဖြခိုင္းဖြယ္ ရွိေနေၾကာင္း ေထာက္ျပသြားခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.