Carabao & FA Match Report Premier League

အရန်လူတွေနဲ့ ကစားရာမှာ ဗီလာနဲ့ ပင်နယ်တီကန်ပြီး ချဲလ်ဆီးတို့ နောက်တစ်ဆင့်တက်

ချဲလ်ဆီးအသင်းနည်းပြ တူဟယ်လ်အနေနဲ့ ဒီနေ့မှာ ၄-၃-၃ ကစားကွက်ကို ပြောင်းလဲစမ်းသပ်ခဲ့ပြီး ပွဲထွက်နေကျ လူစာရင်းထဲက ဒဏ်ရာရအပြီး စပါးစ်နဲ့ပွဲမှာ ၄၅ မိနစ်သာ ဝင်ကစားရသေးတဲ့ အန်ဂိုလို ကွန်တေကို ဦးဆောင်စေခဲ့ပြီး ဒုတိယဦးစားပေးတွေဖြစ်ကြတဲ့ ရီးစ် ဂျိမ်းစ်နဲ့ ဇီးယက်ရှ်တို့နဲ့အတူ ချာလိုဘာ၊ မာလန်းဆားရ်၊ ချေးလ်ဝဲလ်၊ လော့ဖ်တပ်စ်-ချိခ်၊ ဆာအူးလ်၊ ဟဒ်ဆန်-အိုဒွိုင်းနဲ့ တီမို ဗာနာတို့ကို သုံးစွဲလာခဲ့ပါတယ်။

ဗီလာကလည်း သူတို့လူစာရင်းကို ၄-၃-၃ ပုံစံနဲ့ပဲ ပွဲထွက်လာခဲ့ပြီး အဓိက ကစားသမား ၄-၅ ယောက်ကို ထုတ်သုံးခဲ့တာကြောင့် ပွဲက ကြည့်ကောင်းခဲ့သလို သူတို့ရဲ့ တန်ပြန်တိုက်စစ်တွေကလည်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ အလုပ်ဖြစ်ခဲ့ပြီး စောစောစီးစီးမှာကတည်းက လူငယ်တိုက်စစ်မှူး ကင်မရွန် အာချာက မာလန်းဆားရ်ဘက်ကနေ စတင်ခြိမ်းခြောက်မှုက ဂိုးဘားနဲ့ အနည်းငယ်ကျော်သွားခဲ့တာပါ။

ပွဲချိန် ၃၇ မိနစ်မှာ ညာခြမ်းကနေ ဇီးယက်ရှ်ရဲ့ အတွင်းကို ချိုးဝင်ပြီး ကန်သွင်းမှုကို ဂိုးသမား စတီးယား ကာကွယ်သွားနိုင်ခဲ့လို့ ချဲလ်ဆီးတို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရပြီး ၃၉ မိနစ်မှာတော့ တီမို ဗာနာ ချိုးပေးတာကို ဆာအူးလ် နောက်ကျနေခဲ့လို့ ဗီလာနောက်တန်းကပဲ ရှင်းထုတ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘာထရန် ထရာအိုရေးရဲ့ ပေးပို့မှုကို ၄-၃-၃ ကစားကွက်မှာ မတည်ငြိမ်တဲ့ ချဲလ်ဆီးခံစစ်ကို ဖောက်ထွက်သွားတဲ့ အာချာရဲ့ ကန်သွင်းမှုကို ကီပါ ပိတ်ဆို့ခဲ့ရသလို နောက်ကနေ လိုက်လာခဲ့တဲ့ အယ်လ်ဂါဇီရဲ့ ဂိုးပေါက်အထိ ရောက်သွားစေခဲ့တဲ့ ကန်ချက်ကိုတော့ ရီးစ် ဂျိမ်းစ် ရှင်းထုတ်သွားနိုင်ခဲ့လို့ သက်သာခဲ့ရပြီး ပထမပိုင်းက ဂိုးမရှိသရေဖြစ်နေခဲ့တာပါ။

ဘောလုံးကိုင်မကစားတဲ့ ဗီလာတို့ရဲ့ ခြိမ်းခြောက်မှုကို ပထမပိုင်းမှာ ခံထားခဲ့ရတဲ့ ချဲလ်ဆီးတို့အနေနဲ့ ဒုတိယပိုင်းမှာ တုံ့ပြန်နိုင်ဖို့ ကြိုးစားခဲ့ပြီး ပွဲပြန်စတာနဲ့ ကွင်းလယ်မှာ ကွန်တေအစား မေဆန်မောင့်ကို ပြန်ထည့်ခဲ့သလို ဟဒ်ဆန်-အိုဒွိုင်းက ညာခြမ်းကနေ မကြာခဏ ခြိမ်းခြောက်နေခဲ့ပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာတော့ ချဲလ်ဆီးတို့ရဲ့ ပင်နယ်တီတောင်းဆိုမှု ပယ်ချခံခဲ့ရပြီး ၅၄ မိနစ်မှာတော့ ရီးစ် ဂျိမ်းစ်ရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို တီမို ဗာနာက ဗီလာနောက်ခံလူနှစ်ယောက်ကြားကနေ ကောင်းမွန်တဲ့ နေရာယူပုံနဲ့ သပ်သပ်ရပ်ရပ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာ ဇီးယက်ရှ်ပေးတာကို ဗာနာ ဘေးချော်ကန်ခဲ့တာကတော့ နစ်နာခဲ့ရပြီး တအားတိကျနေရင် သူမဟုတ်ဘူးဖြစ်သွားမှာ စိုးလို့လားလို့ မေးချင်စရာဖြစ်ခဲ့ရသလို ၅၇ မိနစ်မှာတော့ ဇီးယက်ရှ်ရဲ့ အနိမ့်ဘော ကန်ချက်ပြင်းပြင်းကို ဗီလာဂိုးသမား ကြိုးစားပုတ်ထုတ်နိုင်ခဲ့လို့ ချဲလ်ဆီးတို့ နောက်ထပ်ဂိုးမရဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ ဗီလာတို့ ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့ပြီး နောက်တန်း ၄ ယောက် ကစားကွက်မှာ အသားမကျဘဲဖြစ်နေကြတဲ့ ချာလိုဘာနဲ့ ရီးစ်ဂျိမ်းစ်တို့ရဲ့ လူကပ်ကစားပုံ မကောင်းမှုကနေ ညာခြမ်းက မက်တီ ကတ်ရှ်ရဲ့ ဖြတ်တင်ဘောကို ပထမပိုင်းကလည်းက ခြေစွမ်းပြနေတဲ့ အာချာက တီမို ဗာနာရဲ့ ဂိုးဆန်ဆန်ပဲ ခေါင်းတိုက်ပြီး ကီပါကို အနိုင်ယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှတော့ အယ်လ်ဂါဇီရဲ့ အနီးကပ်ကန်ချက်ကို ကီပါ ကာကွယ်ခဲ့ရသလို ၇၆ မိနစ်မှာတော့ ဆာအူးလ်နဲ့ ဇီးယက်ရှ်အစား လူကာကူးနဲ့ ဘာကလီတို့ ဝင်ရောက်ကစားခဲ့ပြီး သုံးမိနစ်အကြာမှာတော့ မေဆန်မောင့်ရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ ကန်ချက်ကောင်းခဲ့ပေမယ့် ဂိုးသမားနဲ့ နီးနေလို့ ပုတ်ထုတ်ခံခဲ့ရပြီး မိနစ် ၉၀ အပြည့်မှာ ပင်နယ်တီကန်ဖို့ ဖြစ်လာခဲ့ပါတယ်။

ပင်နယ်တီကို ဗီလာဘက်က စကန်ရာမှာတော့ အယ်လ်ဂါဇီ၊ ကွန်ဆာ၊ ဘွင်ဒီယာနဲ့ ချဲလ်ဆီးဘက်က လူကာကူး၊ မေဆန်မောင့်၊ ဘာကလီ၊ ရီးစ် ဂျိမ်းစ်တို့ ဝင်ခဲ့ကြပြီး အိမ်ရှင်ဘက်က ချေးလ်ဝဲလ်နဲ့ ဧည့်သည်ဘက်က အက်ရှ်လီယန်းတို့ ဘားထိခဲ့ကြသလို နာကမ်ဘာရဲ့ ပင်နယ်တီကိုတော့ ကီပါ ကာကွယ်သွားနိုင်ခဲ့တာမို့ ချဲလ်ဆီးတို့ လေးဂိုး-သုံးဂိုး (စုစုပေါင်း ငါးဂိုး-လေးဂိုး)နဲ့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီပွဲကို အနိုင်ရရှိပြီး ကာရာဘောင်းဖလားရဲ့ စတုတ္ထအဆင့်ကို တက်လှမ်းသွားခဲ့တဲ့ ချဲလ်ဆီးတို့အနေနဲ့ နောက်တစ်ဆင့်မှာ ဆောက်သမ်တန်အသင်းနဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာပဲ ဆက်လက်ကစားရမှာဖြစ်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့မှာ ယှဉ်ပြိုင်ရဖို့ ရှိလာခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းနည္းျပ တူဟယ္လ္အေနနဲ႔ ဒီေန႔မွာ ၄-၃-၃ ကစားကြက္ကို ေျပာင္းလဲစမ္းသပ္ခဲ့ၿပီး ပြဲထြက္ေနက် လူစာရင္းထဲက ဒဏ္ရာရအၿပီး စပါးစ္နဲ႔ပြဲမွာ ၄၅ မိနစ္သာ ဝင္ကစားရေသးတဲ့ အန္ဂိုလို ကြန္ေတကို ဦးေဆာင္ေစခဲ့ၿပီး ဒုတိယဦးစားေပးေတြျဖစ္ၾကတဲ့ ရီးစ္ ဂ်ိမ္းစ္နဲ႔ ဇီးယက္ရွ္တို႔နဲ႔အတူ ခ်ာလိုဘာ၊ မာလန္းဆားရ္၊ ေခ်းလ္ဝဲလ္၊ ေလာ့ဖ္တပ္စ္-ခ်ိခ္၊ ဆာအူးလ္၊ ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ တီမို ဗာနာတို႔ကို သုံးစြဲလာခဲ့ပါတယ္။

ဗီလာကလည္း သူတို႔လူစာရင္းကို ၄-၃-၃ ပုံစံနဲ႔ပဲ ပြဲထြက္လာခဲ့ၿပီး အဓိက ကစားသမား ၄-၅ ေယာက္ကို ထုတ္သုံးခဲ့တာေၾကာင့္ ပြဲက ၾကည့္ေကာင္းခဲ့သလို သူတို႔ရဲ႕ တန္ျပန္တိုက္စစ္ေတြကလည္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အလုပ္ျဖစ္ခဲ့ၿပီး ေစာေစာစီးစီးမွာကတည္းက လူငယ္တိုက္စစ္မႉး ကင္မ႐ြန္ အာခ်ာက မာလန္းဆားရ္ဘက္ကေန စတင္ၿခိမ္းေျခာက္မႈက ဂိုးဘားနဲ႔ အနည္းငယ္ေက်ာ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာ ညာျခမ္းကေန ဇီးယက္ရွ္ရဲ႕ အတြင္းကို ခ်ိဳးဝင္ၿပီး ကန္သြင္းမႈကို ဂိုးသမား စတီးယား ကာကြယ္သြားႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရၿပီး ၃၉ မိနစ္မွာေတာ့ တီမို ဗာနာ ခ်ိဳးေပးတာကို ဆာအူးလ္ ေနာက္က်ေနခဲ့လို႔ ဗီလာေနာက္တန္းကပဲ ရွင္းထုတ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဘာထရန္ ထရာအိုေရးရဲ႕ ေပးပို႔မႈကို ၄-၃-၃ ကစားကြက္မွာ မတည္ၿငိမ္တဲ့ ခ်ဲလ္ဆီးခံစစ္ကို ေဖာက္ထြက္သြားတဲ့ အာခ်ာရဲ႕ ကန္သြင္းမႈကို ကီပါ ပိတ္ဆို႔ခဲ့ရသလို ေနာက္ကေန လိုက္လာခဲ့တဲ့ အယ္လ္ဂါဇီရဲ႕ ဂိုးေပါက္အထိ ေရာက္သြားေစခဲ့တဲ့ ကန္ခ်က္ကိုေတာ့ ရီးစ္ ဂ်ိမ္းစ္ ရွင္းထုတ္သြားႏိုင္ခဲ့လို႔ သက္သာခဲ့ရၿပီး ပထမပိုင္းက ဂိုးမရွိသေရျဖစ္ေနခဲ့တာပါ။

ေဘာလုံးကိုင္မကစားတဲ့ ဗီလာတို႔ရဲ႕ ၿခိမ္းေျခာက္မႈကို ပထမပိုင္းမွာ ခံထားခဲ့ရတဲ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ဒုတိယပိုင္းမွာ တုံ႔ျပန္ႏိုင္ဖို႔ ႀကိဳးစားခဲ့ၿပီး ပြဲျပန္စတာနဲ႔ ကြင္းလယ္မွာ ကြန္ေတအစား ေမဆန္ေမာင့္ကို ျပန္ထည့္ခဲ့သလို ဟဒ္ဆန္-အိုဒြိဳင္းက ညာျခမ္းကေန မၾကာခဏ ၿခိမ္းေျခာက္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ရဲ႕ ပင္နယ္တီေတာင္းဆိုမႈ ပယ္ခ်ခံခဲ့ရၿပီး ၅၄ မိနစ္မွာေတာ့ ရီးစ္ ဂ်ိမ္းစ္ရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာကို တီမို ဗာနာက ဗီလာေနာက္ခံလူႏွစ္ေယာက္ၾကားကေန ေကာင္းမြန္တဲ့ ေနရာယူပုံနဲ႔ သပ္သပ္ရပ္ရပ္ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့ၿပီး အိမ္ရွင္ေတြအတြက္ ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၅၆ မိနစ္မွာ ဇီးယက္ရွ္ေပးတာကို ဗာနာ ေဘးေခ်ာ္ကန္ခဲ့တာကေတာ့ နစ္နာခဲ့ရၿပီး တအားတိက်ေနရင္ သူမဟုတ္ဘူးျဖစ္သြားမွာ စိုးလို႔လားလို႔ ေမးခ်င္စရာျဖစ္ခဲ့ရသလို ၅၇ မိနစ္မွာေတာ့ ဇီးယက္ရွ္ရဲ႕ အနိမ့္ေဘာ ကန္ခ်က္ျပင္းျပင္းကို ဗီလာဂိုးသမား ႀကိဳးစားပုတ္ထုတ္ႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ ေနာက္ထပ္ဂိုးမရဘဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ဗီလာတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားခဲ့ၿပီး ေနာက္တန္း ၄ ေယာက္ ကစားကြက္မွာ အသားမက်ဘဲျဖစ္ေနၾကတဲ့ ခ်ာလိုဘာနဲ႔ ရီးစ္ဂ်ိမ္းစ္တို႔ရဲ႕ လူကပ္ကစားပုံ မေကာင္းမႈကေန ညာျခမ္းက မက္တီ ကတ္ရွ္ရဲ႕ ျဖတ္တင္ေဘာကို ပထမပိုင္းကလည္းက ေျခစြမ္းျပေနတဲ့ အာခ်ာက တီမို ဗာနာရဲ႕ ဂိုးဆန္ဆန္ပဲ ေခါင္းတိုက္ၿပီး ကီပါကို အႏိုင္ယူသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွေတာ့ အယ္လ္ဂါဇီရဲ႕ အနီးကပ္ကန္ခ်က္ကို ကီပါ ကာကြယ္ခဲ့ရသလို ၇၆ မိနစ္မွာေတာ့ ဆာအူးလ္နဲ႔ ဇီးယက္ရွ္အစား လူကာကူးနဲ႔ ဘာကလီတို႔ ဝင္ေရာက္ကစားခဲ့ၿပီး သုံးမိနစ္အၾကာမွာေတာ့ ေမဆန္ေမာင့္ရဲ႕ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ကန္ခ်က္ေကာင္းခဲ့ေပမယ့္ ဂိုးသမားနဲ႔ နီးေနလို႔ ပုတ္ထုတ္ခံခဲ့ရၿပီး မိနစ္ ၉၀ အျပည့္မွာ ပင္နယ္တီကန္ဖို႔ ျဖစ္လာခဲ့ပါတယ္။

ပင္နယ္တီကို ဗီလာဘက္က စကန္ရာမွာေတာ့ အယ္လ္ဂါဇီ၊ ကြန္ဆာ၊ ဘြင္ဒီယာနဲ႔ ခ်ဲလ္ဆီးဘက္က လူကာကူး၊ ေမဆန္ေမာင့္၊ ဘာကလီ၊ ရီးစ္ ဂ်ိမ္းစ္တို႔ ဝင္ခဲ့ၾကၿပီး အိမ္ရွင္ဘက္က ေခ်းလ္ဝဲလ္နဲ႔ ဧည့္သည္ဘက္က အက္ရွ္လီယန္းတို႔ ဘားထိခဲ့ၾကသလို နာကမ္ဘာရဲ႕ ပင္နယ္တီကိုေတာ့ ကီပါ ကာကြယ္သြားႏိုင္ခဲ့တာမို႔ ခ်ဲလ္ဆီးတို႔ ေလးဂိုး-သုံးဂိုး (စုစုေပါင္း ငါးဂိုး-ေလးဂိုး)နဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဒီပြဲကို အႏိုင္ရရွိၿပီး ကာရာေဘာင္းဖလားရဲ႕ စတုတၳအဆင့္ကို တက္လွမ္းသြားခဲ့တဲ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ေနာက္တစ္ဆင့္မွာ ေဆာက္သမ္တန္အသင္းနဲ႔ အိမ္ကြင္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာပဲ ဆက္လက္ကစားရမွာျဖစ္ၿပီး ေအာက္တိုဘာလ ၂၅ ရက္ေန႔မွာ ယွဥ္ၿပိဳင္ရဖို႔ ရွိလာခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.