Carabao & FA Match Report Premier League

ကာရာဘောင်းမှာ ဝင်ဘယ်လ်ဒန်ကို ကျော်ပြီး စတုတ္ထအဆင့်တက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ AFC ဝင်ဘယ်လ်ဒန်အသင်းကို ကြံ့ခိုင်မှုအရ ပွဲထွက်ကစားချင်လို့ တောင်းဆိုခဲ့တဲ့ သောမတ်စ် ပါတေးက လွဲရင် အရန်ကစားသမားတွေအားလုံးနီးပါး ထုတ်သုံးခဲ့ပြီး အခြေအနေအရ အရန်ကစားသမားဖြစ်နေတဲ့ ဂိုးသမား လီနိုနဲ့ တိုက်စစ်မှူး လာကာဇက်တို့လည်း ပါဝင်ခဲ့သလို ခံစစ်မှာတော့ ဟိုးလ်ဒင်းနဲ့ ပါဘလို မာရီတို့ ပါဝင်လာခဲ့ပါတယ်။

နည်းပြ အာတီတာအနေနဲ့ ကွင်းလယ်မှာ ပါတေးနဲ့အတူ ဆမ်ဘီ လိုကွန်ဂါနဲ့ မိတ်လန်းနိုင်းလ်စ်တို့ သုံးယောက်တွဲကို စမ်းသပ်ခဲ့ပြီး တိုက်စစ်မှာ ဒီနေ့ရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူလာခဲ့တဲ့ လာကာဇက်နောက်ကနေ နကီးတီးယားနဲ့ မာတီနယ်လီတို့ကို ရံကစားခဲ့ပြီး ခံစစ်တောင်ပံတွေမှာတော့ ပေါ်တူဂီသားနှစ်ယောက်ဖြစ်တဲ့ ဆီးဒရစ်နဲ့ နူနို တာဗာရက်စ်တို့ ကစားခဲ့ကြတာပါ။

ပွဲချိန် ၁၁ မိနစ်မှာ ညာခြမ်းကနေ ဂိုးရှေ့ချိုးဝင်လာခဲ့တဲ့ မာတီနယ်လီကို ဝင်ဘယ်လ်ဒန်ဘက်က ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီ ရရှိခဲ့ရာမှာ ဝါရင့်တိုက်စစ်မှူး လာကာဇက်က ဂိုးသမား ဇာနက်ဗ် ဒိုင်ဗင်ပစ်တဲ့ဘက်နဲ့ တခြားဘက်ကို ကန်သွင်းခဲ့ပြီး အာဆင်နယ်တို့ စတင်ဦးဆောင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ကွင်းလယ်က တိုက်စစ်ကို လိုက်ပါကစားနေတဲ့ ဆမ်ဘီ လိုကွန်ဂါ၊ ရှေ့တန်းက နကီးတီးယား၊ မာတီနယ်လီနဲ့ လာကာဇက်တို့ ဆက်တိုက်ဆိုသလို တိုးဝင်ခြိမ်းခြောက်နေခဲ့ပေမယ့် ဝင်ဘယ်လ်ဒန်ခံစစ်နဲ့ ဂိုးသမားတို့ရဲ့ ဖီဆန်မှုကြောင့် ဂိုးထပ်မရခဲ့ဘဲ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်းစပြီး မကြာခင်မှာ သောမတ်စ် ပါတေးရဲ့ အဝေးကန်ချက်က တော်တော်လေးကောင်းခဲ့ပြီး ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးသမား ပုတ်ထုတ်သွားခဲ့လို အာဆင်နယ်တို့ တစ်ဂိုးနစ်နာခဲ့ရပြီး ဘယ်ခြမ်းက နူနို တာဗာရက်စ်နဲ့ နကီးတီးယားတို့ကလည်း ခြိမ်းခြောက်မှုတွေမှာ တိုင်တစ်ကြိမ် ထိထွက်ခဲ့တာပါ။

ပွဲချိန်မိနစ် ၆၀ မှာတော့ ပါတေးအစား စမစ်ရိုး ဝင်ကစားခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာတော့ မာတီနယ်လီအစား ဆာကာ ဝင်ကစားလာခဲ့သလို ပွဲချိန် ၇၇ မိနစ်မှာတော့ လာကာဇက်က သူ့ရဲ့ မအောင်မြင်ခဲ့တဲ့ ဖြတ်တင်ဘောကို နောက်တစ်ကြိမ် အနီးကပ် ပေးပို့ရာကနေ ဖလားပွဲတွေမှာ ဂိုးလာဘ် ပိုကောင်းတတ်တဲ့ စမစ်ရိုးက အနီးကပ်ပိတ်သွင်းခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ ဆမ်ဘီ လိုကွန်ဂါ ပေးတာကို ဆာကာက ပြေးတက်လာတဲ့ ဆီးဒရစ်ဆီ ချပေးခဲ့ရာမှာ ပေါ်တူဂီညာနောက်ခံလူ ချိုးပေးခဲ့တဲ့ အနိမ့်ဘောကို လူငယ်တိုက်စစ်မှူး နကီးတီးယားက ဆရာကျတဲ့ နောက်ပေါက်ချိတ်ကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပြီး အာဆင်နယ်တို့အတွက် တတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ညာတောင်ပံစိတ်ကြိုက်နေရာမှာ ကစားနေခဲ့တဲ့ လူငယ်တောင်ပံကစားသမား ဆာကာတစ်ယောက် နှစ်ကြိမ်တိုင်တိုင် ကန်ခွင့်ရခဲ့ပေမယ့် အခွင့်အရေးတစ်ကြိမ် လွဲချော်ခဲ့သလို တစ်ကြိမ်ကို ဂိုးသမား ပုတ်ထုတ်သွားခဲ့တာကြောင့် မိနစ် ၉၀ အပြည့်မှာ သုံးဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီရလဒ်ကြောင့် အာဆင်နယ်တို့ ကာရာဘောင်းဖလားရဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ စတုတ္ထ ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့သလို လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့မှာတော့ အိမ်ကွင်း အမ်းမရိတ်မှာပဲ လိဒ်စ်ယူနိုက်တက်နဲ့ ကစားဖို့အတွက် ပွဲစဉ်ရေးဆွဲမှုကို ရရှိခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ AFC ဝင္ဘယ္လ္ဒန္အသင္းကို ႀကံ့ခိုင္မႈအရ ပြဲထြက္ကစားခ်င္လို႔ ေတာင္းဆိုခဲ့တဲ့ ေသာမတ္စ္ ပါေတးက လြဲရင္ အရန္ကစားသမားေတြအားလုံးနီးပါး ထုတ္သုံးခဲ့ၿပီး အေျခအေနအရ အရန္ကစားသမားျဖစ္ေနတဲ့ ဂိုးသမား လီႏိုနဲ႔ တိုက္စစ္မႉး လာကာဇက္တို႔လည္း ပါဝင္ခဲ့သလို ခံစစ္မွာေတာ့ ဟိုးလ္ဒင္းနဲ႔ ပါဘလို မာရီတို႔ ပါဝင္လာခဲ့ပါတယ္။

နည္းျပ အာတီတာအေနနဲ႔ ကြင္းလယ္မွာ ပါေတးနဲ႔အတူ ဆမ္ဘီ လိုကြန္ဂါနဲ႔ မိတ္လန္းႏိုင္းလ္စ္တို႔ သုံးေယာက္တြဲကို စမ္းသပ္ခဲ့ၿပီး တိုက္စစ္မွာ ဒီေန႔ရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူလာခဲ့တဲ့ လာကာဇက္ေနာက္ကေန နကီးတီးယားနဲ႔ မာတီနယ္လီတို႔ကို ရံကစားခဲ့ၿပီး ခံစစ္ေတာင္ပံေတြမွာေတာ့ ေပၚတူဂီသားႏွစ္ေယာက္ျဖစ္တဲ့ ဆီးဒရစ္နဲ႔ ႏူႏို တာဗာရက္စ္တို႔ ကစားခဲ့ၾကတာပါ။

ပြဲခ်ိန္ ၁၁ မိနစ္မွာ ညာျခမ္းကေန ဂိုးေရွ႕ခ်ိဳးဝင္လာခဲ့တဲ့ မာတီနယ္လီကို ဝင္ဘယ္လ္ဒန္ဘက္က ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ ပင္နယ္တီ ရရွိခဲ့ရာမွာ ဝါရင့္တိုက္စစ္မႉး လာကာဇက္က ဂိုးသမား ဇာနက္ဗ္ ဒိုင္ဗင္ပစ္တဲ့ဘက္နဲ႔ တျခားဘက္ကို ကန္သြင္းခဲ့ၿပီး အာဆင္နယ္တို႔ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပထမပိုင္းမွာ ကြင္းလယ္က တိုက္စစ္ကို လိုက္ပါကစားေနတဲ့ ဆမ္ဘီ လိုကြန္ဂါ၊ ေရွ႕တန္းက နကီးတီးယား၊ မာတီနယ္လီနဲ႔ လာကာဇက္တို႔ ဆက္တိုက္ဆိုသလို တိုးဝင္ၿခိမ္းေျခာက္ေနခဲ့ေပမယ့္ ဝင္ဘယ္လ္ဒန္ခံစစ္နဲ႔ ဂိုးသမားတို႔ရဲ႕ ဖီဆန္မႈေၾကာင့္ ဂိုးထပ္မရခဲ့ဘဲ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ၿပီးဆုံးခဲ့တာပါ။

ဒုတိယပိုင္းစၿပီး မၾကာခင္မွာ ေသာမတ္စ္ ပါေတးရဲ႕ အေဝးကန္ခ်က္က ေတာ္ေတာ္ေလးေကာင္းခဲ့ၿပီး ဂိုးရဖို႔ နီးစပ္ခဲ့ေပမယ့္ ဂိုးသမား ပုတ္ထုတ္သြားခဲ့လို အာဆင္နယ္တို႔ တစ္ဂိုးနစ္နာခဲ့ရၿပီး ဘယ္ျခမ္းက ႏူႏို တာဗာရက္စ္နဲ႔ နကီးတီးယားတို႔ကလည္း ၿခိမ္းေျခာက္မႈေတြမွာ တိုင္တစ္ႀကိမ္ ထိထြက္ခဲ့တာပါ။

ပြဲခ်ိန္မိနစ္ ၆၀ မွာေတာ့ ပါေတးအစား စမစ္႐ိုး ဝင္ကစားခဲ့ၿပီး ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ မာတီနယ္လီအစား ဆာကာ ဝင္ကစားလာခဲ့သလို ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ လာကာဇက္က သူ႔ရဲ႕ မေအာင္ျမင္ခဲ့တဲ့ ျဖတ္တင္ေဘာကို ေနာက္တစ္ႀကိမ္ အနီးကပ္ ေပးပို႔ရာကေန ဖလားပြဲေတြမွာ ဂိုးလာဘ္ ပိုေကာင္းတတ္တဲ့ စမစ္႐ိုးက အနီးကပ္ပိတ္သြင္းခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ဆမ္ဘီ လိုကြန္ဂါ ေပးတာကို ဆာကာက ေျပးတက္လာတဲ့ ဆီးဒရစ္ဆီ ခ်ေပးခဲ့ရာမွာ ေပၚတူဂီညာေနာက္ခံလူ ခ်ိဳးေပးခဲ့တဲ့ အနိမ့္ေဘာကို လူငယ္တိုက္စစ္မႉး နကီးတီးယားက ဆရာက်တဲ့ ေနာက္ေပါက္ခ်ိတ္ကန္ခ်က္နဲ႔ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အာဆင္နယ္တို႔အတြက္ တတိယဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ညာေတာင္ပံစိတ္ႀကိဳက္ေနရာမွာ ကစားေနခဲ့တဲ့ လူငယ္ေတာင္ပံကစားသမား ဆာကာတစ္ေယာက္ ႏွစ္ႀကိမ္တိုင္တိုင္ ကန္ခြင့္ရခဲ့ေပမယ့္ အခြင့္အေရးတစ္ႀကိမ္ လြဲေခ်ာ္ခဲ့သလို တစ္ႀကိမ္ကို ဂိုးသမား ပုတ္ထုတ္သြားခဲ့တာေၾကာင့္ မိနစ္ ၉၀ အျပည့္မွာ သုံးဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီရလဒ္ေၾကာင့္ အာဆင္နယ္တို႔ ကာရာေဘာင္းဖလားရဲ႕ ေနာက္တစ္ဆင့္ျဖစ္တဲ့ စတုတၳ ၁၆ သင္းအဆင့္ကို တက္လွမ္းႏိုင္ခဲ့သလို လာမယ့္ ေအာက္တိုဘာလ ၂၅ ရက္ေန႔မွာေတာ့ အိမ္ကြင္း အမ္းမရိတ္မွာပဲ လိဒ္စ္ယူႏိုက္တက္နဲ႔ ကစားဖို႔အတြက္ ပြဲစဥ္ေရးဆြဲမႈကို ရရွိခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.