Premier League

၆ ပွဲမှာ ဂိုးကန်ချက် ၂ ကြိမ်နဲ့ ဆန်ချိုအတွက် ယူနိုက်တက်တို့ စိုးရိမ်နေရပြီလား

ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားခဲ့သမျှ ပွဲစဉ် ၆ ပွဲမှာ ဘာမှ မယ်မယ်ရရ မလုပ်နိုင်သေးတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအတွက် ပရိသတ်တွေအနေနဲ့ ပူပင်ရမယ့် အနေအထားကို ရောက်ရှိလာခဲ့ပြီး ပေါင် ၇၃ သန်းတန် ပြောင်းရွှေ့ကြေးရှင်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အများမျှော်လင့်ထားသမျှကို လက်ရှိအချိန်အထိ မဖြည့်ဆည်းနိုင်သေးတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ ကစားခွင့် ၃ ရာသီမှာ ခြေစွမ်းပြနိုင်ခဲ့လို့ အင်္ဂလန်လက်ရွေးစင်ဖြစ်လာခဲ့တဲ့ တောင်ပံကစားသမားဟာ ပရီးမီးယားလိဂ်မှာတော့ ဘွန်ဒက်စ်လီဂါကလို လုပ်ပြနိုင်ဖို့နဲ့ အသားကျဖို့အတွက် ရုန်းကန်နေခဲ့ရပြီး ယူနိုက်တက်အသင်းမှာ ဘယ်ခြမ်းမှာ ကစားမလား၊ ညာခြမ်းမှာ ကစားမလားဆိုတာကိုလည်း ဝေခွဲမရဘဲဖြစ်နေတာပါ။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကတော့ သူ့ဆီကနေ ဂိုးတွေရော ဖန်တီးမှုတွေပါ မျှော်လင့်ထားခဲ့ပေမယ့် အသင်းရဲ့ တည်ငြိမ်မှု မရှိတဲ့ ပုံစံမှာ ၂၁ နှစ်သားအနေနဲ့ ပိုရုန်းကန်နေရပြီး ၆ ပွဲကစားပြီးချိန်မှာ ပြောစရာဆိုလို့ ဂိုးပေါက် ၂ ကြိမ်တည့်ခဲ့တာပဲ ရှိသေးသလို သူ့အနေနဲ့ အသင်းရဲ့ Creative Player တွေဖြစ်ကြတဲ့ ဘရူနို ဖာနန်ဒက်စ်၊ ပေါလ် ပေါ့ဘာတို့နဲ့လည်း နားလည်မှု ရှိဖို့ လိုအပ်နေသေးတာဖြစ်ပါတယ်။

သူ့ရဲ့ ပြောင်းရွှေ့ကြေးအရ လူတွေကတော့ အသင်းကို ရောက်လာတာနဲ့ ခြေစွမ်းချက်ချင်းပြနိုင်မယ့်သူမျိုး Instant Impact အဖြစ် မျှော်လင့်ကြချိန်မှာ ဒါက မဖြစ်နိုင်ခဲ့ဘဲ ပရီးမီးယားလိဂ်မှာ တစ်ခါမှ မကစားဖူးရုံ မပြောနဲ့ လေးနှစ်ကြာ ဝေးကွာနေတဲ့ လူငယ်ကစားသမားကို ဒန်နီယယ်လ် ဂျိမ်းစ်အစား ဘာလို့ ခေါ်ခဲ့သေးတာလဲလို့ မေးခွန်းထုတ်ခဲ့ကြတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန်ကတော့ ဆန်ချိုဟာ ခြေစွမ်းပြလာမှာပါလို့ ကာကွယ်ပေးသွားပြီး သူ့အနေနဲ့ အသင်းမှာ နှစ်လသာ အချိန်ယူရသေးတာမို့ အသားကျဖို့အတွက် သင်ယူလေ့လာစရာတွေ အများကြီးရှိနေချိန်မှာ ဒီကလေးကို လောလောဆယ်မှာ အာရုံမစိုက်ဘဲ ဘေးမဲ့ပေးထားသင့်တယ်လို့လည်း ဆိုလိုက်ပါတယ်။

“သူက လုပ်ပုံကိုင်ပုံနဲ့ ကစားဟန်တွေကို လေ့လာသင်ယူရဦးမှာပါ။ သူဟာ ငယ်ရွယ်သေးပြီး အသင်းအတွက် ကြီးကြီးမားမား မျှော်လင့်နိုင်မယ့် ကြယ်ပွင့်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ အသင်းသစ်ကို ရောက်လာချိန်မှာ ပွဲထွက်အဖြစ်သုံးပြီး ဖိအားပေးခံနေရတာတွေကလည်း မဖြစ်သင့်ဘဲ သူ့ကို အရန်အဖြစ်သာ စဉ်းစားပြီးမှ တဖြည်းဖြည်း နေရာပေးရမှာပါ”လို့ ကစားသမားရဲ့ ယုံကြည်မှုကို မဖျက်ဆီးမိစေဖို့ ရွိုင်းကီးန်က သတိပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဟာ နည်းစနစ်ပိုင်းနဲ့ ကာယပိုင်းအရ အခက်ခဲဆုံး ပြိုင်ပွဲတစ်ခုဖြစ်နေပြီး ဆန်ချို ခြေစွမ်းပြခဲ့တဲ့ ဘွန်ဒက်စ်လီဂါနဲ့တော့ မတူညီဘဲ သူ့အနေနဲ့ နေရာလွတ်တွေ များများစားစား မရနိုင်ချိန်မှာ ဘာကို လုပ်မယ်ဆိုတာကို အချိန်တိုအတွင်း ဆုံးဖြတ်ပြီး တုံ့ပြန်နိုင်ဖို့ လိုအပ်နေသလို ချဲလ်ဆီးရဲ့ တီမို ဗာနာနဲ့ ခိုင် ဟာဗတ်ဇ်တို့ ရုန်းကန်ခဲ့ရသလိုမျိုးလည်း အသားကျဖို့ အချိန်ယူရနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ကစားခဲ့သမွ် ပြဲစဥ္ ၆ ပြဲမွာ ဘာမွ မယ္မယ္ရရ မလုပ္ႏိုင္ေသးတဲ့ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳအတြက္ ပရိသတ္ေတြအေနနဲ႔ ပူပင္ရမယ့္ အေနအထားကို ေရာက္ရွိလာခဲ့ၿပီး ေပါင္ ၇၃ သန္းတန္ ေျပာင္းေ႐ႊ႕ေၾကးရွင္အေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ အမ်ားေမွ်ာ္လင့္ထားသမွ်ကို လက္ရွိအခ်ိန္အထိ မျဖည့္ဆည္းႏိုင္ေသးတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဒါ့မြန္အသင္းနဲ႔ ကစားခြင့္ ၃ ရာသီမွာ ေျခစြမ္းျပႏိုင္ခဲ့လို႔ အဂၤလန္လက္ေ႐ြးစင္ျဖစ္လာခဲ့တဲ့ ေတာင္ပံကစားသမားဟာ ပရီးမီးယားလိဂ္မွာေတာ့ ဘြန္ဒက္စ္လီဂါကလို လုပ္ျပႏိုင္ဖို႔နဲ႔ အသားက်ဖို႔အတြက္ ႐ုန္းကန္ေနခဲ့ရၿပီး ယူႏိုက္တက္အသင္းမွာ ဘယ္ျခမ္းမွာ ကစားမလား၊ ညာျခမ္းမွာ ကစားမလားဆိုတာကိုလည္း ေဝခြဲမရဘဲျဖစ္ေနတာပါ။

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြကေတာ့ သူ႔ဆီကေန ဂိုးေတြေရာ ဖန္တီးမႈေတြပါ ေမွ်ာ္လင့္ထားခဲ့ေပမယ့္ အသင္းရဲ႕ တည္ၿငိမ္မႈ မရွိတဲ့ ပုံစံမွာ ၂၁ ႏွစ္သားအေနနဲ႔ ပို႐ုန္းကန္ေနရၿပီး ၆ ပြဲကစားၿပီးခ်ိန္မွာ ေျပာစရာဆိုလို႔ ဂိုးေပါက္ ၂ ႀကိမ္တည့္ခဲ့တာပဲ ရွိေသးသလို သူ႔အေနနဲ႔ အသင္းရဲ႕ Creative Player ေတြျဖစ္ၾကတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္၊ ေပါလ္ ေပါ့ဘာတို႔နဲ႔လည္း နားလည္မႈ ရွိဖို႔ လိုအပ္ေနေသးတာျဖစ္ပါတယ္။

သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးအရ လူေတြကေတာ့ အသင္းကို ေရာက္လာတာနဲ႔ ေျခစြမ္းခ်က္ခ်င္းျပႏိုင္မယ့္သူမ်ိဳး Instant Impact အျဖစ္ ေမွ်ာ္လင့္ၾကခ်ိန္မွာ ဒါက မျဖစ္ႏိုင္ခဲ့ဘဲ ပရီးမီးယားလိဂ္မွာ တစ္ခါမွ မကစားဖူး႐ုံ မေျပာနဲ႔ ေလးႏွစ္ၾကာ ေဝးကြာေနတဲ့ လူငယ္ကစားသမားကို ဒန္နီယယ္လ္ ဂ်ိမ္းစ္အစား ဘာလို႔ ေခၚခဲ့ေသးတာလဲလို႔ ေမးခြန္းထုတ္ခဲ့ၾကတာပါ။

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္းကီးန္ကေတာ့ ဆန္ခ်ိဳဟာ ေျခစြမ္းျပလာမွာပါလို႔ ကာကြယ္ေပးသြားၿပီး သူ႔အေနနဲ႔ အသင္းမွာ ႏွစ္လသာ အခ်ိန္ယူရေသးတာမို႔ အသားက်ဖို႔အတြက္ သင္ယူေလ့လာစရာေတြ အမ်ားႀကီးရွိေနခ်ိန္မွာ ဒီကေလးကို ေလာေလာဆယ္မွာ အာ႐ုံမစိုက္ဘဲ ေဘးမဲ့ေပးထားသင့္တယ္လို႔လည္း ဆိုလိုက္ပါတယ္။

“သူက လုပ္ပုံကိုင္ပုံနဲ႔ ကစားဟန္ေတြကို ေလ့လာသင္ယူရဦးမွာပါ။ သူဟာ ငယ္႐ြယ္ေသးၿပီး အသင္းအတြက္ ႀကီးႀကီးမားမား ေမွ်ာ္လင့္ႏိုင္မယ့္ ၾကယ္ပြင့္ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ အသင္းသစ္ကို ေရာက္လာခ်ိန္မွာ ပြဲထြက္အျဖစ္သုံးၿပီး ဖိအားေပးခံေနရတာေတြကလည္း မျဖစ္သင့္ဘဲ သူ႔ကို အရန္အျဖစ္သာ စဥ္းစားၿပီးမွ တျဖည္းျဖည္း ေနရာေပးရမွာပါ”လို႔ ကစားသမားရဲ႕ ယုံၾကည္မႈကို မဖ်က္ဆီးမိေစဖို႔ ႐ြိဳင္းကီးန္က သတိေပးခဲ့ပါတယ္။

ပရီးမီးယားလိဂ္ဟာ နည္းစနစ္ပိုင္းနဲ႔ ကာယပိုင္းအရ အခက္ခဲဆုံး ၿပိဳင္ပြဲတစ္ခုျဖစ္ေနၿပီး ဆန္ခ်ိဳ ေျခစြမ္းျပခဲ့တဲ့ ဘြန္ဒက္စ္လီဂါနဲ႔ေတာ့ မတူညီဘဲ သူ႔အေနနဲ႔ ေနရာလြတ္ေတြ မ်ားမ်ားစားစား မရႏိုင္ခ်ိန္မွာ ဘာကို လုပ္မယ္ဆိုတာကို အခ်ိန္တိုအတြင္း ဆုံးျဖတ္ၿပီး တုံ႔ျပန္ႏိုင္ဖို႔ လိုအပ္ေနသလို ခ်ဲလ္ဆီးရဲ႕ တီမို ဗာနာနဲ႔ ခိုင္ ဟာဗတ္ဇ္တို႔ ႐ုန္းကန္ခဲ့ရသလိုမ်ိဳးလည္း အသားက်ဖို႔ အခ်ိန္ယူရႏိုင္ေၾကာင္း သုံးသပ္ထားၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.