Serie A

အယ်လီဂရီ ထဆဲအပြီးမှာ CR7 မရှိတဲ့ ဂျူဗီကို တန်းဆင်းဇုန်က ဆွဲတင်နိုင်ပါ့မလား

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့အတွက်ပဲ သူကစားတယ်၊ ဂျူဗင်တပ်စ်အသင်းအတွက် မကစားဘူးလို့ ဝိုင်းဝန်းစော်ကားထားကြတဲ့ တူရင် အသိုင်းအဝိုင်းအနေနဲ့ လက်ရှိမှာတော့ မှားယွင်းကြောင်း ဒူးနဲ့မျက်ရည်သုတ်နေလောက်ပြီဖြစ်ပြီး ခြေစွမ်းတွေကလည်း အသင်းနည်းပြ မက်ဆီမီလီယာနို အယ်လီဂရီက မနေနိုင် မထိုင်နိုင် ထဆဲရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

တူရင်ကွင်းမှာ ပြီးခဲ့တဲ့ တစ်ပတ် တနင်္ဂနွေနေ့က အေစီမီလန်အသင်းနဲ့ သရေကျတဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းရဲ့ ခြေစွမ်းက ဧည့်သည်တွေ အပေါ် အသာစီးမယူနိုင်ခဲ့ပြီး မသိမသာတောင် နိမ့်ပါးသလိုမျိုးဖြစ်နေခဲ့ချိန်မှာ အယ်လီဂရီကတော့ ဒီလိုပုံစံမျိုးကို လက်မခံနိုင်ဘူးလို့ ပြောခဲ့သလို ၄ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲတစ်ပွဲမှ မရဘဲ တန်းဆင်းဇုန် အဆင့် ၁၈ ကို ရောက်နေခဲ့တာပါ။

“ယီးလိုမှပဲ… မင်းတို့ကောင်တွေ ဂျူဗင်တပ်စ်အသင်းအတွက် ကစားနေတယ်ဆိုတာရော သိကြသေးရဲ့လား”လို့ ပွဲအပြီးမှာ အသင်းသားတွေကို ဆဲပြီး အဝတ်လဲခန်းရှိရာ ဥမင်လိုဏ်ခေါင်းကို ဝင်ရောက်သွားခဲ့တဲ့ အယ်လီဂရီအနေနဲ့ မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အိုးလ်လေဒီတွေရဲ့ ဆိုးရွားတဲ့ ပုံစံကိုလည်း ညည်းတွားသွားခဲ့တာပါ။

ဒီပွဲမှာ ကစားခဲ့တဲ့ ဖက်ဒါရီကို ခီယေဆာ၊ ဒေယန် ကူလူဆက်ဗ်စကီးနဲ့ မွိုက်စ် ကီးန်တို့ရဲ့ လူစားဝင် စွမ်းဆောင်ရည်တွေကို မကျေနပ်ခဲ့တာလည်း ဖြစ်ပြီး ခံစစ်မှာရော တိုက်စစ်မှာပါ သူလိုချင်သလို မကစားနိုင်ခဲ့ဘူးလို့ ဆိုခဲ့သလို သူ့ရဲ့ လူစားလဲမှုတွေအပြီးမှာမှ အသင်းက သရေကျစေမယ့် ချေပဂိုးကို ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီနေ့ညမှာ စပီဇီယာအသင်းနဲ့ အဝေးကွင်းမှာ ကစားရမယ့် ပွဲစဉ်အတွက် ဒီပွဲဟာ သူတို့အတွက် လက်ရှိအခြေအနေအပေါ် မူတည်ပြီး ပြောရရင် တန်းမဆင်းရဖို့ အရေးကြီးနေတဲ့ ပွဲလို့လည်း အယ်လီဂရီက ပြောလိုက်ပြီး ရည်မှန်းချက်တွေကို လာပြောမနေနဲ့လို့လည်း ဂျူဗီတို့ရဲ့ ဆိုးရွားတဲ့ အနေအထားကို ပေါက်ကွဲနေပါတယ်။

“စပီဇီယာနဲ့ပွဲကတော့ တန်းမဆင်းရဖို့အတွက် သူ့ဘက် ကိုယ့်ဘက် ၆ မှတ်လုရမယ့် အရေးကြီးတဲ့ ပွဲမျိုးပဲ။ ရည်မှန်းချက်တွေက ဘာတွေဆိုပြီး လာပြောမနေနဲ့ဗျာ… လက်ရှိအနေအထားကို အမှန်မြင်ဖို့ပဲ လိုအပ်တယ်။ အတိတ်အကြောင်းတွေ လျှောက်ပြောနေလို့ ဘာမှဖြစ်မလာဘူး… အခုက လုံးဝ မတူတဲ့ ဂျူဗင်တပ်စ်ဖြစ်နေတာ”လို့ ပွဲမတိုင်ခင်မှာ အယ်လီဂရီက ရင်ဖွင့်သွားခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းအနေနဲ့ စီးရီးအေကို စိုးမိုးထားတဲ့ အသင်းဖြစ်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီက နည်းပြ ပီယာလိုလက်ထက်မှာ အဆင့် ၄ ဝင်အောင် မနည်းကြိုးစားခဲ့ရသလို အသင်းရဲ့ ရလဒ်တွေကျဆင်းရတာဟာ ရော်နယ်လ်ဒို တကိုယ်ကောင်းဆန်လို့ဆိုပြီး ဝိုင်းလက်ညှိုးထိုးခဲ့ကြပေမယ့် ပေါ်တူဂီတိုက်စစ်မှူးကြီး အသင်းပြောင်းသွားတဲ့ ဒီရာသီအဖွင့်မှာလည်း ၄ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ ဒီလိုမျိုးဖြစ်ရပ်ကို ၄ ကြိမ်သာ ဖြစ်ခဲ့ဖူးကြောင်းနဲ့ အဆင့် ၁၃ နေရာက စပီဇီယာနဲ့ အတွေ့မှာ ကျားကုတ်ကျားခဲ အမှတ်လုရတော့မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ သူ႔အတြက္ပဲ သူကစားတယ္၊ ဂ်ဴဗင္တပ္စ္အသင္းအတြက္ မကစားဘူးလို႔ ဝိုင္းဝန္းေစာ္ကားထားၾကတဲ့ တူရင္ အသိုင္းအဝိုင္းအေနနဲ႔ လက္ရွိမွာေတာ့ မွားယြင္းေၾကာင္း ဒူးနဲ႔မ်က္ရည္သုတ္ေနေလာက္ၿပီျဖစ္ၿပီး ေျခစြမ္းေတြကလည္း အသင္းနည္းျပ မက္ဆီမီလီယာႏို အယ္လီဂရီက မေနႏိုင္ မထိုင္ႏိုင္ ထဆဲရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

တူရင္ကြင္းမွာ ၿပီးခဲ့တဲ့ တစ္ပတ္ တနဂၤေႏြေန႔က ေအစီမီလန္အသင္းနဲ႔ သေရက်တဲ့ ပြဲစဥ္မွာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေျခစြမ္းက ဧည့္သည္ေတြ အေပၚ အသာစီးမယူႏိုင္ခဲ့ၿပီး မသိမသာေတာင္ နိမ့္ပါးသလိုမ်ိဳးျဖစ္ေနခဲ့ခ်ိန္မွာ အယ္လီဂရီကေတာ့ ဒီလိုပုံစံမ်ိဳးကို လက္မခံႏိုင္ဘူးလို႔ ေျပာခဲ့သလို ၄ ပြဲ ကစားၿပီးခ်ိန္မွာ ႏိုင္ပြဲတစ္ပြဲမွ မရဘဲ တန္းဆင္းဇုန္ အဆင့္ ၁၈ ကို ေရာက္ေနခဲ့တာပါ။

“ယီးလိုမွပဲ… မင္းတို႔ေကာင္ေတြ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ကစားေနတယ္ဆိုတာေရာ သိၾကေသးရဲ႕လား”လို႔ ပြဲအၿပီးမွာ အသင္းသားေတြကို ဆဲၿပီး အဝတ္လဲခန္းရွိရာ ဥမင္လိုဏ္ေခါင္းကို ဝင္ေရာက္သြားခဲ့တဲ့ အယ္လီဂရီအေနနဲ႔ မီဒီယာေတြနဲ႔ သတင္းစာရွင္းလင္းပြဲမွာေတာ့ အိုးလ္ေလဒီေတြရဲ႕ ဆိုး႐ြားတဲ့ ပုံစံကိုလည္း ညည္းတြားသြားခဲ့တာပါ။

ဒီပြဲမွာ ကစားခဲ့တဲ့ ဖက္ဒါရီကို ခီေယဆာ၊ ေဒယန္ ကူလူဆက္ဗ္စကီးနဲ႔ မြိဳက္စ္ ကီးန္တို႔ရဲ႕ လူစားဝင္ စြမ္းေဆာင္ရည္ေတြကို မေက်နပ္ခဲ့တာလည္း ျဖစ္ၿပီး ခံစစ္မွာေရာ တိုက္စစ္မွာပါ သူလိုခ်င္သလို မကစားႏိုင္ခဲ့ဘူးလို႔ ဆိုခဲ့သလို သူ႔ရဲ႕ လူစားလဲမႈေတြအၿပီးမွာမွ အသင္းက သေရက်ေစမယ့္ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီေန႔ညမွာ စပီဇီယာအသင္းနဲ႔ အေဝးကြင္းမွာ ကစားရမယ့္ ပြဲစဥ္အတြက္ ဒီပြဲဟာ သူတို႔အတြက္ လက္ရွိအေျခအေနအေပၚ မူတည္ၿပီး ေျပာရရင္ တန္းမဆင္းရဖို႔ အေရးႀကီးေနတဲ့ ပြဲလို႔လည္း အယ္လီဂရီက ေျပာလိုက္ၿပီး ရည္မွန္းခ်က္ေတြကို လာေျပာမေနနဲ႔လို႔လည္း ဂ်ဴဗီတို႔ရဲ႕ ဆိုး႐ြားတဲ့ အေနအထားကို ေပါက္ကြဲေနပါတယ္။

“စပီဇီယာနဲ႔ပြဲကေတာ့ တန္းမဆင္းရဖို႔အတြက္ သူ႔ဘက္ ကိုယ့္ဘက္ ၆ မွတ္လုရမယ့္ အေရးႀကီးတဲ့ ပြဲမ်ိဳးပဲ။ ရည္မွန္းခ်က္ေတြက ဘာေတြဆိုၿပီး လာေျပာမေနနဲ႔ဗ်ာ… လက္ရွိအေနအထားကို အမွန္ျမင္ဖို႔ပဲ လိုအပ္တယ္။ အတိတ္အေၾကာင္းေတြ ေလွ်ာက္ေျပာေနလို႔ ဘာမွျဖစ္မလာဘူး… အခုက လုံးဝ မတူတဲ့ ဂ်ဴဗင္တပ္စ္ျဖစ္ေနတာ”လို႔ ပြဲမတိုင္ခင္မွာ အယ္လီဂရီက ရင္ဖြင့္သြားခဲ့တာပါ။

ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ စီးရီးေအကို စိုးမိုးထားတဲ့ အသင္းျဖစ္ခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ ရာသီက နည္းျပ ပီယာလိုလက္ထက္မွာ အဆင့္ ၄ ဝင္ေအာင္ မနည္းႀကိဳးစားခဲ့ရသလို အသင္းရဲ႕ ရလဒ္ေတြက်ဆင္းရတာဟာ ေရာ္နယ္လ္ဒို တကိုယ္ေကာင္းဆန္လို႔ဆိုၿပီး ဝိုင္းလက္ညႇိဳးထိုးခဲ့ၾကေပမယ့္ ေပၚတူဂီတိုက္စစ္မႉးႀကီး အသင္းေျပာင္းသြားတဲ့ ဒီရာသီအဖြင့္မွာလည္း ၄ ပြဲ ဆက္တိုက္ ႏိုင္ပြဲေပ်ာက္ၿပီး အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္မွာ ဒီလိုမ်ိဳးျဖစ္ရပ္ကို ၄ ႀကိမ္သာ ျဖစ္ခဲ့ဖူးေၾကာင္းနဲ႔ အဆင့္ ၁၃ ေနရာက စပီဇီယာနဲ႔ အေတြ႕မွာ က်ားကုတ္က်ားခဲ အမွတ္လုရေတာ့မွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.