Article La Liga Ligue1 Premier League Serie A

၂၀၁၉ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရောက် အိုင်းယက်စ်ရဲ့ လူငယ်တွေ ပျော်နိုင်ကြရဲ့လား

၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်မှာ အုပ်စုတွင်းပြိုင်ဘက် ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့စလုံးသရေ၊ ရှုံးထွက်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ကွာတားမှာ ဂျူဗင်တပ်စ်တို့ကို ကျော်ဖြတ်ခဲ့ပြီး ဆီမီးမှာမှ ဖိုင်နယ်ရောက် တော့တင်ဟမ်ဟော့စပါးစ်ကို အရှုံးပေးခဲ့ရပြီး မှတ်ကျောက်တင်ခံနိုင်ခဲ့တဲ့ အိုင်းယက်စ်က လူငယ်အုပ်စုဟာ လက်ရှိအချိန် ၃ နှစ်အကြာမှာတော့ ပျော်နိုင်ကြရဲ့လားလို့ မေးစရာဖြစ်လာခဲ့ပါတယ်။

သူတို့ရဲ့ ထိပ်တန်းလူငယ်စာရင်းမှာတော့ ဂိုးသမား အန်ဒရီ အိုနာနာ၊ နောက်ခံလူတွေဖြစ်ကြတဲ့ နူဆဲရ် မာဇရာဝီနဲ့ မက်သစ် ဒီလစ်ချ်၊ ကွင်းလယ်လူတွေဖြစ်ကြတဲ့ ဖရင်ကီ ဒီယုံး၊ ဒွန်နီ ဗန်ဒိဘိခ်၊ တောင်ပံတိုက်စစ်မှူး ဟာကင်းမ် ဇီးယက်ရှ်နဲ့ ဒေးဗစ် နီရက်စ်၊ တိုက်စစ်မှူး ကက်စပါ ဒိုးလ်ဘတ်တို့ကို လူတွေ သတိထားမိခဲ့ကြတာဖြစ်ပါတယ်။

မာဇရာဝီကတော့ အိုင်းယက်စ်အသင်းမှာ ဦးစားပေးနောက်ခံလူအဖြစ် ဆက်လက်ကစားနေမြဲဖြစ်ပြီး တောင်ပံကစားသမား နီရက်စ်ကလည်း အသင်းမှာ ဆရာကြီးတစ်ယောက်ဖြစ်နေချိန်မှာ ကျန်တဲ့ ကစားသမားတွေကတော့ တစ်ခုမဟုတ်တစ်ခု ထူးခြားနေခဲ့ပြီး သူတို့အနေနဲ့ ပျော်ရွှင်နိုင်ကြသူတွေ ဟုတ်ရဲ့လားဆိုတာကို သုံးသပ်ကြည့်ရအောင်ပါ။

“ဂိုးသမား အန်ဒရီ အိုနာနာ”ကတော့ ပြီးခဲ့တဲ့ နှစ်မှာ တားမြစ်ဆေး စစ်ဆေးရာမှာ ကျရှုံးခဲ့ပြီး မူလက ၁၂ လ ပွဲပယ်ခံခဲ့ရသလို သူ့ဇနီးဖြစ်သူရဲ့ ဆေးတွေကို မှားသောက်မိတယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လက အားကစားခုံရုံးမှာ အယူခံဝင်ရာမှာတော့ သုံးလလျှော့ချခံခဲ့ရလို့ လာမယ့် နိုဝင်ဘာလမှာမှ ကစားနိုင်တော့မှာပါ။ အိုင်းယက်စ်ကနေ အသင်းပြောင်းဖို့ ဆန္ဒရှိနေတဲ့ ကင်းမရွန်းသားအနေနဲ့တော့ ဒါက ကြီးမားတဲ့ အတားအဆီးဖြစ်ခဲ့ပြီး လက်လျှော့ခဲ့ရတာဖြစ်ပါတယ်။

“နောက်ခံလူ မက်သစ် ဒီလစ်ချ်”ကတော့ ဥရောပ Golden Boy ဆုကို ပထမဆုံးနဲ့ တစ်ဦးတည်းသော နောက်ခံလူအဖြစ် ရရှိခဲ့သူဖြစ်ပြီး အေးဂျင့် မီနို ရိုင်ယိုလာရဲ့ ချိတ်ဆက်မှုနဲ့ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ရာမှာ သူ့ရဲ့ ကစားသမားဘဝ တစ်ဆင့်မြင့်မားမှုကို ရရှိနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ခေးလီနီ၊ ဘိုနူချီတို့နဲ့ တွဲကစားနေရင်းကကို သူ့ရဲ့ ခြေမမှန်မှုက ပေါ်ထွက်လာနေခဲ့ပြီး စီးရီးအေမှာ ရုန်းကန်နေရသေးတာဖြစ်ပါတယ်။ နည်းပြ အပြောင်းအလဲတွေက သက်ရောက်မှု ရှိနေခဲ့ချိန်မှာ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတဲ့ နောက်ခံလူအနေနဲ့ ခြေစွမ်းပြဖို့ ကြိုးစားပြီး အသင်းကြီးဆီ ပြောင်းရွှေ့နိုင်သေးတာပါ။

“ဖရင်ကီ ဒီယုံး”ကတော့ ဘာစီလိုနာရဲ့ ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ကွင်းလယ်လူအဖြစ် အိုင်းယက်စ်တို့ ဆီမီးရောက်တဲ့နှစ်ရဲ့ နွေရာသီမှာပဲ အသင်းပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ကာတာလန်ကလပ်ရဲ့ ဝင်ရိုးကစားသမားအဖြစ် အချိန်တိုအတွင်းမှာ နေရာရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် ဘဏ္ဏာရေးနဲ့ စီမံခန့်ခွဲမှု အရှုပ်တော်ပုံတွေကြားမှာ ဘာစီလိုနာအသင်း ကျဆင်းခဲ့ရချိန်မှာ မက်ဆီ ထွက်ခွာသွားခဲ့မှုနဲ့အတူ ဒီရာသီမှာတော့ စိတ်ပျက်စရာ အခြေအနေနဲ့ ကြုံတွေ့နေခဲ့ရပြီး သူ့ရဲ့ ကွင်းလယ်ဖန်တီးမှု ခြေစွမ်းတွေနဲ့လည်း နည်းပြ ရော်နယ်လ် ကိုးမန်းအတွက် တောင့်ခံပေးဖို့ မတတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

“ဒွန်နီ ဗန်ဒဘိခ်”ကတော့ သေချင်တဲ့ကျား တောပြောင်းဆိုသလိုဖြစ်ခဲ့ပြီး ဒီလူငယ်အုပ်စုထဲမှာ သူဟာ အသင်းကနေ နောက်ဆုံးထွက်ခွာခဲ့သူပါ။ တိုက်စစ်ရော ခံစစ်ပါ စွယ်စုံရသူလို့ သတ်မှတ်ခံရတဲ့ ဗန်ဒဘိခ်မှာ မန်ချက်စတာယူနိုက်တက်ကို ၂၀၂၀ ဆောင်းရာသီမှာ ပြောင်းရွှေ့လာခဲ့ပေမယ့် နည်းပြ ဆိုးလ်ရှားရဲ့ အကြိုက်မတွေ့မှုနဲ့အတူ ပွဲထွက်ကစားခွင့်ရဖို့နဲ့ ပရီးမီးယားလိဂ်မှာ အသားကျဖို့ အခုအချိန်ထိ ရုန်းကန်နေခဲ့ရပါတယ်။

ပရိသတ်တွေကတော့ သူ့ကို အိုင်းယက်စ်က ထွက်မယ်လုပ်တော့ ဆက်သွယ်ခဲ့တဲ့ ယောက္ခမလောင်း ဒင်းနစ္စ ဘားကမ့်ရဲ့ အာဆင်နယ်ဆီ မပြောင်းတာ မှားခဲ့တယ်လို့ ဆိုနေကြပြီး ဘောလုံးကျွမ်းကျင်သူတွေနဲ့ ကစားသမားဟောင်းတွေကတော့ ၂၄ နှစ်သားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို မစွန့်ခွာရင် ကစားသမားဘဝ ပျက်လိမ့်မယ်လို့ သတိပေးခံထားရပါတယ်။

“တောင်ပံကစားသမား ဟာကင်းမ် ဇီးယက်ရှ်”ကတော့ ၂၀၂၀-၂၁ ရာသီမှာချဲလ်ဆီးအသင်းကို ရောက်လာခဲ့ပြီး နည်းပြ အပြောင်းအလဲတွေကြား ရုန်းကန်ခဲ့ရပေမယ့် အသင်းသစ်နဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ဒီအုပ်စုထဲက တစ်ဦးတည်းသောသူလည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက နည်းပြ တူဟယ်လ်ရဲ့ ကစားကွက်မှာ အံဝင်မှုနည်းစေပြီး တောင်ပံထက် ကွင်းလယ်မှာ တိုးကစားဖို့ ဖြစ်လာချိန်မှာ ဟာဗတ်ဇ်၊ မောင့်၊ ပူလီရှစ်ချ်၊ ဗာနာတို့လောက် မစွံဘဲဖြစ်ခဲ့ရပြီး တစ်ရာသီအပြီးမှာတော့ ပွဲထွက်ခွင့်ရဖို့ပါ ရုန်းကန်နေခဲ့ရတာပါ။

“ကက်စပါ ဒိုးလ်ဘတ်”ကတော့ ဒီအုပ်စုထဲမှာ သိပ်ပြီး တောက်ပသူ မဟုတ်ခဲ့ပေမယ့် သူ့အတွက် မှန်ကန်တဲ့ လမ်းကို ရွေးချယ်နိုင်ခဲ့ပြီး ပြင်သစ် လီဂူးဝမ်းကလပ် နိစ်ကို ရွေးချယ်ခဲ့သလို ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ကျေနပ်စရာ ခြေစွမ်းကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ဒိန်းမတ်သားအနေနဲ့ ဒီထက် နောက်တစ်ဆင့် မြင့်လာဖို့ လောလောဆယ်မှာ မဖြစ်နိုင်သေးပေမယ့် အသင်းသစ်မှာ နာရီအခိုးခံခဲ့ရပြီး ခိုးတဲ့သူ လာမင်း ဒီယာဘီ-ဖာဒီဂါကို နိစ်ဘက်က ထုတ်ပယ်လိုက်ရတဲ့ အဖြစ်ကတော့ သူများတွေနဲ့ မတူတဲ့ အတွေ့အကြုံတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၁၈-၁၉ ရာသီ ခ်န္ပီယံလိဂ္မွာ အုပ္စုတြင္းၿပိဳင္ဘက္ ဘိုင္ယန္ျမဴးနစ္ကို ႏွစ္ေက်ာ့စလုံးသေရ၊ ရႈံးထြက္မွာ ရီးရဲလ္မက္ဒရစ္နဲ႔ ကြာတားမွာ ဂ်ဴဗင္တပ္စ္တို႔ကို ေက်ာ္ျဖတ္ခဲ့ၿပီး ဆီမီးမွာမွ ဖိုင္နယ္ေရာက္ ေတာ့တင္ဟမ္ေဟာ့စပါးစ္ကို အရႈံးေပးခဲ့ရၿပီး မွတ္ေက်ာက္တင္ခံႏိုင္ခဲ့တဲ့ အိုင္းယက္စ္က လူငယ္အုပ္စုဟာ လက္ရွိအခ်ိန္ ၃ ႏွစ္အၾကာမွာေတာ့ ေပ်ာ္ႏိုင္ၾကရဲ႕လားလို႔ ေမးစရာျဖစ္လာခဲ့ပါတယ္။

သူတို႔ရဲ႕ ထိပ္တန္းလူငယ္စာရင္းမွာေတာ့ ဂိုးသမား အန္ဒရီ အိုနာနာ၊ ေနာက္ခံလူေတြျဖစ္ၾကတဲ့ ႏူဆဲရ္ မာဇရာဝီနဲ႔ မက္သစ္ ဒီလစ္ခ်္၊ ကြင္းလယ္လူေတြျဖစ္ၾကတဲ့ ဖရင္ကီ ဒီယုံး၊ ဒြန္နီ ဗန္ဒိဘိခ္၊ ေတာင္ပံတိုက္စစ္မႉး ဟာကင္းမ္ ဇီးယက္ရွ္နဲ႔ ေဒးဗစ္ နီရက္စ္၊ တိုက္စစ္မႉး ကက္စပါ ဒိုးလ္ဘတ္တို႔ကို လူေတြ သတိထားမိခဲ့ၾကတာျဖစ္ပါတယ္။

မာဇရာဝီကေတာ့ အိုင္းယက္စ္အသင္းမွာ ဦးစားေပးေနာက္ခံလူအျဖစ္ ဆက္လက္ကစားေနၿမဲျဖစ္ၿပီး ေတာင္ပံကစားသမား နီရက္စ္ကလည္း အသင္းမွာ ဆရာႀကီးတစ္ေယာက္ျဖစ္ေနခ်ိန္မွာ က်န္တဲ့ ကစားသမားေတြကေတာ့ တစ္ခုမဟုတ္တစ္ခု ထူးျခားေနခဲ့ၿပီး သူတို႔အေနနဲ႔ ေပ်ာ္႐ႊင္ႏိုင္ၾကသူေတြ ဟုတ္ရဲ႕လားဆိုတာကို သုံးသပ္ၾကည့္ရေအာင္ပါ။

“ဂိုးသမား အန္ဒရီ အိုနာနာ”ကေတာ့ ၿပီးခဲ့တဲ့ ႏွစ္မွာ တားျမစ္ေဆး စစ္ေဆးရာမွာ က်ရႈံးခဲ့ၿပီး မူလက ၁၂ လ ပြဲပယ္ခံခဲ့ရသလို သူ႔ဇနီးျဖစ္သူရဲ႕ ေဆးေတြကို မွားေသာက္မိတယ္ဆိုၿပီး ၿပီးခဲ့တဲ့ ဇြန္လက အားကစားခုံ႐ုံးမွာ အယူခံဝင္ရာမွာေတာ့ သုံးလေလွ်ာ့ခ်ခံခဲ့ရလို႔ လာမယ့္ ႏိုဝင္ဘာလမွာမွ ကစားႏိုင္ေတာ့မွာပါ။ အိုင္းယက္စ္ကေန အသင္းေျပာင္းဖို႔ ဆႏၵရွိေနတဲ့ ကင္းမ႐ြန္းသားအေနနဲ႔ေတာ့ ဒါက ႀကီးမားတဲ့ အတားအဆီးျဖစ္ခဲ့ၿပီး လက္ေလွ်ာ့ခဲ့ရတာျဖစ္ပါတယ္။

“ေနာက္ခံလူ မက္သစ္ ဒီလစ္ခ်္”ကေတာ့ ဥေရာပ Golden Boy ဆုကို ပထမဆုံးနဲ႔ တစ္ဦးတည္းေသာ ေနာက္ခံလူအျဖစ္ ရရွိခဲ့သူျဖစ္ၿပီး ေအးဂ်င့္ မီႏို ႐ိုင္ယိုလာရဲ႕ ခ်ိတ္ဆက္မႈနဲ႔ ဂ်ဴဗင္တပ္စ္ကို ေျပာင္းေ႐ႊ႕ခဲ့ရာမွာ သူ႔ရဲ႕ ကစားသမားဘဝ တစ္ဆင့္ျမင့္မားမႈကို ရရွိႏိုင္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ ေခးလီနီ၊ ဘိုႏူခ်ီတို႔နဲ႔ တြဲကစားေနရင္းကကို သူ႔ရဲ႕ ေျခမမွန္မႈက ေပၚထြက္လာေနခဲ့ၿပီး စီးရီးေအမွာ ႐ုန္းကန္ေနရေသးတာျဖစ္ပါတယ္။ နည္းျပ အေျပာင္းအလဲေတြက သက္ေရာက္မႈ ရွိေနခဲ့ခ်ိန္မွာ အသက္ ၂၂ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ေနာက္ခံလူအေနနဲ႔ ေျခစြမ္းျပဖို႔ ႀကိဳးစားၿပီး အသင္းႀကီးဆီ ေျပာင္းေ႐ႊ႕ႏိုင္ေသးတာပါ။

“ဖရင္ကီ ဒီယုံး”ကေတာ့ ဘာစီလိုနာရဲ႕ ေျပာင္းေ႐ႊ႕ေၾကးအျမင့္မားဆုံး ကြင္းလယ္လူအျဖစ္ အိုင္းယက္စ္တို႔ ဆီမီးေရာက္တဲ့ႏွစ္ရဲ႕ ေႏြရာသီမွာပဲ အသင္းေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ကာတာလန္ကလပ္ရဲ႕ ဝင္႐ိုးကစားသမားအျဖစ္ အခ်ိန္တိုအတြင္းမွာ ေနရာရယူႏိုင္ခဲ့တာပါ။ ဒါေပမယ့္ ဘဏၰာေရးနဲ႔ စီမံခန႔္ခြဲမႈ အရႈပ္ေတာ္ပုံေတြၾကားမွာ ဘာစီလိုနာအသင္း က်ဆင္းခဲ့ရခ်ိန္မွာ မက္ဆီ ထြက္ခြာသြားခဲ့မႈနဲ႔အတူ ဒီရာသီမွာေတာ့ စိတ္ပ်က္စရာ အေျခအေနနဲ႔ ႀကဳံေတြ႕ေနခဲ့ရၿပီး သူ႔ရဲ႕ ကြင္းလယ္ဖန္တီးမႈ ေျခစြမ္းေတြနဲ႔လည္း နည္းျပ ေရာ္နယ္လ္ ကိုးမန္းအတြက္ ေတာင့္ခံေပးဖို႔ မတတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

“ဒြန္နီ ဗန္ဒဘိခ္”ကေတာ့ ေသခ်င္တဲ့က်ား ေတာေျပာင္းဆိုသလိုျဖစ္ခဲ့ၿပီး ဒီလူငယ္အုပ္စုထဲမွာ သူဟာ အသင္းကေန ေနာက္ဆုံးထြက္ခြာခဲ့သူပါ။ တိုက္စစ္ေရာ ခံစစ္ပါ စြယ္စုံရသူလို႔ သတ္မွတ္ခံရတဲ့ ဗန္ဒဘိခ္မွာ မန္ခ်က္စတာယူႏိုက္တက္ကို ၂၀၂၀ ေဆာင္းရာသီမွာ ေျပာင္းေ႐ႊ႕လာခဲ့ေပမယ့္ နည္းျပ ဆိုးလ္ရွားရဲ႕ အႀကိဳက္မေတြ႕မႈနဲ႔အတူ ပြဲထြက္ကစားခြင့္ရဖို႔နဲ႔ ပရီးမီးယားလိဂ္မွာ အသားက်ဖို႔ အခုအခ်ိန္ထိ ႐ုန္းကန္ေနခဲ့ရပါတယ္။

ပရိသတ္ေတြကေတာ့ သူ႔ကို အိုင္းယက္စ္က ထြက္မယ္လုပ္ေတာ့ ဆက္သြယ္ခဲ့တဲ့ ေယာကၡမေလာင္း ဒင္းနစၥ ဘားကမ့္ရဲ႕ အာဆင္နယ္ဆီ မေျပာင္းတာ မွားခဲ့တယ္လို႔ ဆိုေနၾကၿပီး ေဘာလုံးကြၽမ္းက်င္သူေတြနဲ႔ ကစားသမားေဟာင္းေတြကေတာ့ ၂၄ ႏွစ္သားအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္ကို မစြန႔္ခြာရင္ ကစားသမားဘဝ ပ်က္လိမ့္မယ္လို႔ သတိေပးခံထားရပါတယ္။

“ေတာင္ပံကစားသမား ဟာကင္းမ္ ဇီးယက္ရွ္”ကေတာ့ ၂၀၂၀-၂၁ ရာသီမွာခ်ဲလ္ဆီးအသင္းကို ေရာက္လာခဲ့ၿပီး နည္းျပ အေျပာင္းအလဲေတြၾကား ႐ုန္းကန္ခဲ့ရေပမယ့္ အသင္းသစ္နဲ႔ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ ဒီအုပ္စုထဲက တစ္ဦးတည္းေသာသူလည္းျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ႀကံ့ခိုင္မႈနဲ႔ ေသးသြယ္တဲ့ ခႏၶာကိုယ္တည္ေဆာက္ပုံက နည္းျပ တူဟယ္လ္ရဲ႕ ကစားကြက္မွာ အံဝင္မႈနည္းေစၿပီး ေတာင္ပံထက္ ကြင္းလယ္မွာ တိုးကစားဖို႔ ျဖစ္လာခ်ိန္မွာ ဟာဗတ္ဇ္၊ ေမာင့္၊ ပူလီရွစ္ခ်္၊ ဗာနာတို႔ေလာက္ မစြံဘဲျဖစ္ခဲ့ရၿပီး တစ္ရာသီအၿပီးမွာေတာ့ ပြဲထြက္ခြင့္ရဖို႔ပါ ႐ုန္းကန္ေနခဲ့ရတာပါ။

“ကက္စပါ ဒိုးလ္ဘတ္”ကေတာ့ ဒီအုပ္စုထဲမွာ သိပ္ၿပီး ေတာက္ပသူ မဟုတ္ခဲ့ေပမယ့္ သူ႔အတြက္ မွန္ကန္တဲ့ လမ္းကို ေ႐ြးခ်ယ္ႏိုင္ခဲ့ၿပီး ျပင္သစ္ လီဂူးဝမ္းကလပ္ နိစ္ကို ေ႐ြးခ်ယ္ခဲ့သလို ပုံမွန္ပြဲထြက္ကစားသမားအျဖစ္ ေက်နပ္စရာ ေျခစြမ္းကိုလည္း ျပသႏိုင္ခဲ့ပါတယ္။ ဒိန္းမတ္သားအေနနဲ႔ ဒီထက္ ေနာက္တစ္ဆင့္ ျမင့္လာဖို႔ ေလာေလာဆယ္မွာ မျဖစ္ႏိုင္ေသးေပမယ့္ အသင္းသစ္မွာ နာရီအခိုးခံခဲ့ရၿပီး ခိုးတဲ့သူ လာမင္း ဒီယာဘီ-ဖာဒီဂါကို နိစ္ဘက္က ထုတ္ပယ္လိုက္ရတဲ့ အျဖစ္ကေတာ့ သူမ်ားေတြနဲ႔ မတူတဲ့ အေတြ႕အႀကဳံတစ္ခုလည္းျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.