Premier League Serie A Transfer News

ချာကာအတွက် ကစားသမားနှစ်ဦးရွေးလို့ အာဆင်နယ်ဆီ ကမ်းလှမ်းထားတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းအနေနဲ့ အာဆင်နယ်လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ခဲ့ အပြီးမှာ မထင်မှတ်တဲ့ ရွှေ့ကွက်ကို ယူဆောင်လာခဲ့တယ်လို့ သတင်းတွေက ဖော်ပြလိုက်ပြီး ကွင်းလယ်လူ ဂရာနစ် ချာကာကို ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းမှာ ၆ နှစ်ကြာ ကစားခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို မရခဲ့တဲ့ ဆွစ်ဇာလန်သားဟာ ပြီးခဲ့တဲ့ နွေက ရိုးမားအသင်းနဲ့ ချိတ်ဆက်ခဲ့သူဖြစ်ပြီး ပြောင်းရွှေ့ကြေး သဘောတူညီမှု မရချိန်မှာ ပျက်ပြယ်ခဲ့ရသလို မြောက်လန်ဒန်ကလပ်ဘက်က သူ့ကို စာချုပ်သက်တမ်းတိုးခဲ့တာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဘက်က ရက်ပိုင်းအတွင်းမှာ အသက် ၂၉ နှစ်ပြည့်မယ့် ဆွစ်ဇာလန်ကွင်းလယ်လူအတွက် ငွေသားတစ်စုံတစ်ရာကိုတော့ ပေးချေမှာ မဟုတ်ဘူးလို့ သိရပြီး ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ အာရွန် ရမ်ဆေးနဲ့ ဝက်စ်တန် မက်ကင်နီတို့ နှစ်ဦးထဲက တစ်ဦးကို ရွေးချယ်ဖို့ ကမ်းလှမ်းထားတယ်လို့လည်း Tutto Sport က ဆိုပါတယ်။

အာဆင်နယ်အသင်းအနေနဲ့တော့ ချာကာကို စာချုပ်သစ် အောင်မြင်ဖို့ ကြိုးစားခဲ့တာဟာ ချစ်လွန်းလို့တော့ မဟုတ်ဘဲ အတွေ့အကြုံအရ ခိုင်းကောင်းနေချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာစိုးတဲ့အတွက် လေးနှစ်သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး အကျိုးအမြတ်ကောင်း ရရှိမယ်ဆိုရင်တော့ လက်လွှတ်သွားဖို့လည်း ရှိနေပါတယ်။

ကွင်းလယ်မှာ သောမတ်စ် ပါတေးနဲ့ ဆမ်ဘီ လိုကွန်ဂါတို့လို ရေရှည်သုံးစွဲလို့ ကောင်းမယ့် ကစားသမားနှစ်ဦးကို ပိုင်ဆိုင်ထားတဲ့ မီခယ်လ် အာတီတာအတွက်တော့ ချာကာကို အလဲအထပ်ရိုက်ခဲ့မယ်ဆိုရင် အသက် ၃၀ အရွယ် အာရွန် ရမ်ဆေးဟာ ပရီးမီးယားလိဂ်မှာ နောက်တစ်ကြိမ် ကြံ့ခိုင်စွာနဲ့ ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်မှာ မဟုတ်တာကြောင့် မက်ကင်နီကသာ အဖြေဖြစ်လာဖို့ ရှိနေပါတယ်။

အာတီတာရဲ့ အနာဂတ်အတွက် ယူ-၂၃ ကစားသမားတွေကို ခေါ်ယူနေတဲ့ စီမံကိန်းအရ ယူရို ၂၅ သန်းတန် အသက် ၂၃ နှစ်အရွယ် အမေရိကန်လက်ရွေးစင်ဟာ ဆွဲဆောင်မှုရှိတဲ့ ငါးစာလည်းဖြစ်နေပြီး ကွင်းလယ်ဗဟိုအပြင် ညာနောက်ခံလူနေရာမှာပါ ကစားနိုင်တာကြောင့် ခေါ်ယူနိုင်ခဲ့ရင်တော့ အာဆင်နယ်အတွက် ရွှေဖြစ်လာနိုင်ခြေလည်းရှိနေပါတယ်။

ငွေကြေးတစ်စုံတစ်ရာ မပါဝင်နိုင်တဲ့ အလဲအလှယ်အတွက် ဆွစ်ဇာလန်အသင်းခေါင်းဆောင်ဘက်ကလည်း သူ့ရဲ့ ကစားပုံနဲ့ ကိုက်ညီမယ့် စီးရီးအေကို ပြောင်းရွှေ့ချင်နေတာကို ရိုးမားနဲ့တုန်းက နန့်နန့်တက်ပြီး သက်သေပြခဲ့ပြီးပြီမို့ အဖက်ဖက်က အကျိုးရှိမယ့် အပြောင်းအရွှေ့တစ်ခုကို ဆောင်းရာသီ ဈေးကွက်ဖွင့်တာနဲ့ အာဆင်နယ်တို့ ပြုလုပ်သွားနိုင်ဖွယ်ရှိနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ အာဆင္နယ္လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္ခဲ့ အၿပီးမွာ မထင္မွတ္တဲ့ ေ႐ႊ႕ကြက္ကို ယူေဆာင္လာခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပလိုက္ၿပီး ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို ေခၚယူႏိုင္ဖို႔အတြက္ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္းမွာ ၆ ႏွစ္ၾကာ ကစားခဲ့ေပမယ့္ ပရိသတ္ေတြရဲ႕ အားေပးမႈကို မရခဲ့တဲ့ ဆြစ္ဇာလန္သားဟာ ၿပီးခဲ့တဲ့ ေႏြက ႐ိုးမားအသင္းနဲ႔ ခ်ိတ္ဆက္ခဲ့သူျဖစ္ၿပီး ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ မရခ်ိန္မွာ ပ်က္ျပယ္ခဲ့ရသလို ေျမာက္လန္ဒန္ကလပ္ဘက္က သူ႔ကို စာခ်ဳပ္သက္တမ္းတိုးခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဘက္က ရက္ပိုင္းအတြင္းမွာ အသက္ ၂၉ ႏွစ္ျပည့္မယ့္ ဆြစ္ဇာလန္ကြင္းလယ္လူအတြက္ ေငြသားတစ္စုံတစ္ရာကိုေတာ့ ေပးေခ်မွာ မဟုတ္ဘူးလို႔ သိရၿပီး ကြင္းလယ္လူႏွစ္ဦးျဖစ္တဲ့ အာ႐ြန္ ရမ္ေဆးနဲ႔ ဝက္စ္တန္ မက္ကင္နီတို႔ ႏွစ္ဦးထဲက တစ္ဦးကို ေ႐ြးခ်ယ္ဖို႔ ကမ္းလွမ္းထားတယ္လို႔လည္း Tutto Sport က ဆိုပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ေတာ့ ခ်ာကာကို စာခ်ဳပ္သစ္ ေအာင္ျမင္ဖို႔ ႀကိဳးစားခဲ့တာဟာ ခ်စ္လြန္းလို႔ေတာ့ မဟုတ္ဘဲ အေတြ႕အႀကဳံအရ ခိုင္းေကာင္းေနခ်ိန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လက္လႊတ္ရမွာစိုးတဲ့အတြက္ ေလးႏွစ္သက္တမ္းတိုးစာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး အက်ိဳးအျမတ္ေကာင္း ရရွိမယ္ဆိုရင္ေတာ့ လက္လႊတ္သြားဖို႔လည္း ရွိေနပါတယ္။

ကြင္းလယ္မွာ ေသာမတ္စ္ ပါေတးနဲ႔ ဆမ္ဘီ လိုကြန္ဂါတို႔လို ေရရွည္သုံးစြဲလို႔ ေကာင္းမယ့္ ကစားသမားႏွစ္ဦးကို ပိုင္ဆိုင္ထားတဲ့ မီခယ္လ္ အာတီတာအတြက္ေတာ့ ခ်ာကာကို အလဲအထပ္႐ိုက္ခဲ့မယ္ဆိုရင္ အသက္ ၃၀ အ႐ြယ္ အာ႐ြန္ ရမ္ေဆးဟာ ပရီးမီးယားလိဂ္မွာ ေနာက္တစ္ႀကိမ္ ႀကံ့ခိုင္စြာနဲ႔ ေျခစြမ္းျပႏိုင္မယ္လို႔ ယုံၾကည္မွာ မဟုတ္တာေၾကာင့္ မက္ကင္နီကသာ အေျဖျဖစ္လာဖို႔ ရွိေနပါတယ္။

အာတီတာရဲ႕ အနာဂတ္အတြက္ ယူ-၂၃ ကစားသမားေတြကို ေခၚယူေနတဲ့ စီမံကိန္းအရ ယူ႐ို ၂၅ သန္းတန္ အသက္ ၂၃ ႏွစ္အ႐ြယ္ အေမရိကန္လက္ေ႐ြးစင္ဟာ ဆြဲေဆာင္မႈရွိတဲ့ ငါးစာလည္းျဖစ္ေနၿပီး ကြင္းလယ္ဗဟိုအျပင္ ညာေနာက္ခံလူေနရာမွာပါ ကစားႏိုင္တာေၾကာင့္ ေခၚယူႏိုင္ခဲ့ရင္ေတာ့ အာဆင္နယ္အတြက္ ေ႐ႊျဖစ္လာႏိုင္ေျခလည္းရွိေနပါတယ္။

ေငြေၾကးတစ္စုံတစ္ရာ မပါဝင္ႏိုင္တဲ့ အလဲအလွယ္အတြက္ ဆြစ္ဇာလန္အသင္းေခါင္းေဆာင္ဘက္ကလည္း သူ႔ရဲ႕ ကစားပုံနဲ႔ ကိုက္ညီမယ့္ စီးရီးေအကို ေျပာင္းေ႐ႊ႕ခ်င္ေနတာကို ႐ိုးမားနဲ႔တုန္းက နန႔္နန႔္တက္ၿပီး သက္ေသျပခဲ့ၿပီးၿပီမို႔ အဖက္ဖက္က အက်ိဳးရွိမယ့္ အေျပာင္းအေ႐ႊ႕တစ္ခုကို ေဆာင္းရာသီ ေဈးကြက္ဖြင့္တာနဲ႔ အာဆင္နယ္တို႔ ျပဳလုပ္သြားႏိုင္ဖြယ္ရွိေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.