UCL&UEL

ပင်နယ်တီကို ဆရာကျကျ ကန်သွင်းပြီး GOAT ရဲ့အဓိပ္ပာယ်ကို အနက်ဖွင့်ပြခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ လိုက်ပ်ဇစ်အသင်းကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် ကမ္ဘာပေါ်က မဟုတ်တဲ့ ဂြိုဟ်သားတစ်ယောက်ဆိုတာကို ထပ်မံပြသသွားခဲ့ပြီး ကွင်းအတွင်းက ပရိသတ်တွေအားလုံးကို ရပ်သပ်ရှုမောဖြစ်စေခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ လီဂူးဝမ်းမှာ လက်ရှိအချိန်အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ စုစုပေါင်း ၃ ဂိုး သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး အင်္ဂါနေ့ညနေက လိုက်ပ်ဇစ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ခီလီယန် အမ်ဘာပေရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဧည့်သည် လိုက်ပ်ဇစ်အသင်းက အန်ဒရေး ဆေးလ်ဗားနဲ့ နော်ဒီ မူကီလေတို့ရဲ့သွင်းဂိုးတွေကြောင့် ၂-၁ နဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုရဲ့အသင်းအနေနဲ့ ရှုံးပွဲနဲ့ ရင်ဆိုင်ရတော့မယ်လို့ တကမ္ဘာ့လုံးက ထင်မြင်ခဲ့ကြပေမယ့်လည်း ပြီးတဲ့နောက်မှာတော့ မက်ဆီက ပဲရစ်အခြေစိုက်အသင်းအတွက် အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသပေးပြီး ရလဒ်ကို ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးဟာ ၆၇ မိနစ်မှာ အမ်ဘာပေနဲ့ တွဲဖက်ကစားပြီး ဂိုးကန်သွင်းရာမှာ တိုင်ထိ ပြန်ထွက်လာတဲ့ဘောလုံးကို အနီးကပ် ပိတ်သွင်းယူပြီး ချေပဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၇ မိနစ်အကြာမှာ မက်ဆီက ပင်နယ်တီပြစ်ဒဏ်ဘောကနေတဆင့် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး ထင်မှတ်မထားတဲ့ ပုံစံနဲ့ ကန်သွင်းယူသွားခဲ့တာကြောင့် ပရိသတ်တွေအားလုံး အံ့အားသင့်ပျော်ရွှင်ခဲ့ကြတာဖြစ်ပါတယ်။ မက်ဆီဟာ ပင်နယ်တီကို ဂိုးသွင်းနိုင်ခြေ နည်းပါးတဲ့ အားမပါဘဲ ဂိုးပေါက်အလယ်တည့်တည့်ကို အသာအယာကန်သွင်းယူခဲ့တာဖြစ်ပြီး လိုက်ပ်ဇစ် ဂိုးသမားကတော့ ဂိုးပေါက်ဘယ်ဖက်ကို ဒိုင်ဗင်ပစ်နေရင်း လေထဲမှာတင် တော်တော် စိတ်ပျက်သွားခဲ့ပုံပေါ်ပါတယ်။

အိမ်ရှင် ပီအက်စ်ဂျီအသင်းဟာ နာကျင်အချိန်ပိုမှာ နောက်ထပ်တစ်ကြိမ် ပင်နယ်တီကန်ခွင့် ရရှိခဲ့ပြီး လီယွန်နယ် မက်ဆီအနေနဲ့ လီဂူးဝမ်းအသင်းအတွက် ပထမဆုံး ဟက်ထရစ်ကို ရယူနိုင်တော့မယ်လို့ အားလုံးက မှတ်ယူထားခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဆီဟာ ဟက်ထရစ် ရရှိမယ့် ပင်နယ်တီကို ကန်သွင်းရမယ့်အစား အသင်းဖော် အမ်ဘာပေကို ကန်သွင်းခွင့်ပေးခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးရဲ့ ဂိုးကန်သွင်းမှုက ဂိုးဘားတန်းအပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေ ပင်နယ်တီကို လွဲချော်သွားခဲ့ပေမယ့်လည်း ပီအက်စ်ဂျီ ပရိသတ်တွေဟာ ပြင်သစ်တိုက်စစ်မှူးကို လက်တွေ့လုပ်ဆောင်ပြရင်း လေ့လာသင်ယူစေခဲ့တဲ့ လီယွန်နယ် မက်ဆီရဲ့ တကိုယ်ကောင်းမဆန်မှုနဲ့ပတ်သက်ပြီး အံ့အားတကြီး ချီးကျူးခဲ့ကြပြီး GOAT ဆိုတာ ဘယ်လိုလူစားမျိုးလဲဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

“မီဒီယာတွေက ဘယ်လွန်ဒေါဆုကို ဘန်ဇီးမားရဖို့အတွက် မနားမနေ လှုံ့ဆော်နေခဲ့ကြတယ်။ မက်ဆီက ဟက်ထရစ်သွင်းဖို့ အခွင့်အရေးရခဲ့ပေမယ့် ဂရုမစိုက်ဘဲ နောက်ဆုံးမိနစ်မှာ အမ်ဘာပေကို ပေးကန်ဖို့ ဆုံးဖြတ်ခဲ့တာက သူတို့ကို ပါးစပ်ပိတ်စေခဲ့တယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

လီယွန်နယ် မက်ဆီအတွက် လိုက်ပ်ဇစ်အသင်းနဲ့ပွဲစဉ်ဟာ ပွဲမတိုင်မီကတည်းက ထူးခြားနေခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအိမ်ကွင်းမှာ ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် လာရောက်ကြည့်ရှုခဲ့တဲ့ ဘရာဇီးလ်နဲ့ ဘာစီလိုနာဂန္တဝင် ရော်နယ်ဒင်ညိုဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က အကူအညီပေးခဲ့ဖူးတဲ့ ဘာစီလိုနာကြယ်ပွင့်ဟောင်းကို ပွေ့ဖက်နှုတ်ဆက်ရမယ့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာပရိသတ်တွေအတွက်ကတော့ အသင်းရဲ့တသက်တာအကောင်းဆုံးကစားသမား ၂ ဦး ပြန်လည်ဆုံစည်းတဲ့အခိုက်အတံ့ဟာ စိတ်နှလုံးကြည်နူးစရာဖြစ်ခဲ့ပြီး တစ်ဖက်မှာလည်း အဲဒီဂန္တဝင်ကစားသမား ၂ ဦးတွေ့ဆုံခဲ့တာက နူးကမ့်မဟုတ်လို့ ကြေကွဲစရာလည်း ဖြစ်ခဲ့ပြန်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ လိုက္ပ္ဇစ္အသင္းကို ၃-၂ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေနာက္ထပ္တစ္ႀကိမ္ ကမၻာေပၚက မဟုတ္တဲ့ ၿဂိဳဟ္သားတစ္ေယာက္ဆိုတာကို ထပ္မံျပသသြားခဲ့ၿပီး ကြင္းအတြင္းက ပရိသတ္ေတြအားလုံးကို ရပ္သပ္ရႈေမာျဖစ္ေစခဲ့ပါတယ္။

အာဂ်င္တီးနားတိုက္စစ္မႉးဟာ လီဂူးဝမ္းမွာ လက္ရွိအခ်ိန္အထိ ဂိုးသြင္းယူနိုင္ျခင္းမရွိေသးေပမယ့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေတာ့ စုစုေပါင္း ၃ ဂိုး သြင္းယူထားနိုင္ခဲ့ၿပီျဖစ္ၿပီး အဂၤါေန႔ညေနက လိုက္ပ္ဇစ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ၂ ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ခီလီယန္ အမ္ဘာေပရဲ့ အဖြင့္ဂိုးနဲ႔ ဦးေဆာင္နိုင္ခဲ့ေပမယ့္ ဧည့္သည္ လိုက္ပ္ဇစ္အသင္းက အန္ဒေရး ေဆးလ္ဗားနဲ႔ ေနာ္ဒီ မူကီေလတို႔ရဲ့သြင္းဂိုးေတြေၾကာင့္ ၂-၁ နဲ႔ ျပန္လည္ဦးေဆာင္နိုင္ခဲ့တာျဖစ္ပါတယ္။

ပိုခ်က္တီနိုရဲ့အသင္းအေနနဲ႔ ရႈံးပြဲနဲ႔ ရင္ဆိုင္ရေတာ့မယ္လို႔ တကမၻာ့လုံးက ထင္ျမင္ခဲ့ၾကေပမယ့္လည္း ၿပီးတဲ့ေနာက္မွာေတာ့ မက္ဆီက ပဲရစ္အေျခစိုက္အသင္းအတြက္ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ ျပသေပးၿပီး ရလဒ္ကို ေျပာင္းလဲေပးခဲ့တာျဖစ္ပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ၆၇ မိနစ္မွာ အမ္ဘာေပနဲ႔ တြဲဖက္ကစားၿပီး ဂိုးကန္သြင္းရာမွာ တိုင္ထိ ျပန္ထြက္လာတဲ့ေဘာလုံးကို အနီးကပ္ ပိတ္သြင္းယူၿပီး ေခ်ပဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၇ မိနစ္အၾကာမွာ မက္ဆီက ပင္နယ္တီျပစ္ဒဏ္ေဘာကေနတဆင့္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ထင္မွတ္မထားတဲ့ ပုံစံနဲ႔ ကန္သြင္းယူသြားခဲ့တာေၾကာင့္ ပရိသတ္ေတြအားလုံး အံ့အားသင့္ေပ်ာ္ရႊင္ခဲ့ၾကတာျဖစ္ပါတယ္။ မက္ဆီဟာ ပင္နယ္တီကို ဂိုးသြင္းနိုင္ေၿခ နည္းပါးတဲ့ အားမပါဘဲ ဂိုးေပါက္အလယ္တည့္တည့္ကို အသာအယာကန္သြင္းယူခဲ့တာျဖစ္ၿပီး လိုက္ပ္ဇစ္ ဂိုးသမားကေတာ့ ဂိုးေပါက္ဘယ္ဖက္ကို ဒိုင္ဗင္ပစ္ေနရင္း ေလထဲမွာတင္ ေတာ္ေတာ္ စိတ္ပ်က္သြားခဲ့ပုံေပၚပါတယ္။

အိမ္ရွင္ ပီအက္စ္ဂ်ီအသင္းဟာ နာက်င္အခ်ိန္ပိုမွာ ေနာက္ထပ္တစ္ႀကိမ္ ပင္နယ္တီကန္ခြင့္ ရရွိခဲ့ၿပီး လီယြန္နယ္ မက္ဆီအေနနဲ႔ လီဂူးဝမ္းအသင္းအတြက္ ပထမဆုံး ဟက္ထရစ္ကို ရယူနိုင္ေတာ့မယ္လို႔ အားလုံးက မွတ္ယူထားခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မက္ဆီဟာ ဟက္ထရစ္ ရရွိမယ့္ ပင္နယ္တီကို ကန္သြင္းရမယ့္အစား အသင္းေဖာ္ အမ္ဘာေပကို ကန္သြင္းခြင့္ေပးခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးရဲ့ ဂိုးကန္သြင္းမႈက ဂိုးဘားတန္းအေပၚ ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပ ပင္နယ္တီကို လြဲေခ်ာ္သြားခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီ ပရိသတ္ေတြဟာ ျပင္သစ္တိုက္စစ္မႉးကို လက္ေတြ႕လုပ္ေဆာင္ျပရင္း ေလ့လာသင္ယူေစခဲ့တဲ့ လီယြန္နယ္ မက္ဆီရဲ့ တကိုယ္ေကာင္းမဆန္မႈနဲ႔ပတ္သက္ၿပီး အံ့အားတႀကီး ခ်ီးက်ဴးခဲ့ၾကၿပီး GOAT ဆိုတာ ဘယ္လိုလူစားမ်ိဳးလဲဆိုတာကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

“မီဒီယာေတြက ဘယ္လြန္ေဒါဆုကို ဘန္ဇီးမားရဖို႔အတြက္ မနားမေန လႈံ႔ေဆာ္ေနခဲ့ၾကတယ္။ မက္ဆီက ဟက္ထရစ္သြင္းဖို႔ အခြင့္အေရးရခဲ့ေပမယ့္ ဂ႐ုမစိုက္ဘဲ ေနာက္ဆုံးမိနစ္မွာ အမ္ဘာေပကို ေပးကန္ဖို႔ ဆုံးျဖတ္ခဲ့တာက သူတို႔ကို ပါးစပ္ပိတ္ေစခဲ့တယ္”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီအတြက္ လိုက္ပ္ဇစ္အသင္းနဲ႔ပြဲစဥ္ဟာ ပြဲမတိုင္မီကတည္းက ထူးျခားေနခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီအိမ္ကြင္းမွာ ဂုဏ္သေရရွိ ဧည့္သည္ေတာ္အျဖစ္ လာေရာက္ၾကည့္ရႈခဲ့တဲ့ ဘရာဇီးလ္နဲ႔ ဘာစီလိုနာဂႏၲဝင္ ေရာ္နယ္ဒင္ညိဳဟာ လြန္ခဲ့တဲ့ ၁၆ ႏွစ္က အကူအညီေပးခဲ့ဖူးတဲ့ ဘာစီလိုနာၾကယ္ပြင့္ေဟာင္းကို ေပြ႕ဖက္ႏႈတ္ဆက္ရမယ့္ အခြင့္အေရးကို အမိအရ ဆုပ္ကိုင္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာပရိသတ္ေတြအတြက္ကေတာ့ အသင္းရဲ့တသက္တာအေကာင္းဆုံးကစားသမား ၂ ဦး ျပန္လည္ဆုံစည္းတဲ့အခိုက္အတံ့ဟာ စိတ္ႏွလုံးၾကည္ႏူးစရာျဖစ္ခဲ့ၿပီး တစ္ဖက္မွာလည္း အဲဒီဂႏၲဝင္ကစားသမား ၂ ဦးေတြ႕ဆုံခဲ့တာက ႏူးကမ့္မဟုတ္လို႔ ေၾကကြဲစရာလည္း ျဖစ္ခဲ့ျပန္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.