Bundesliga Premier League Transfer News

ခ်ာကာရဲ႕အသင္းေဟာင္းက ဆြစ္ဇာလန္အသင္းေဖာ္ကုိ ေခၚယူဖို႔ ႀကဳိးစားေနတဲ့ အာဆင္နယ္

အသင္းရဲ႕ ခံစစ္ဌာနအတြက္ ဗဟိုေနာက္ခံလူတစ္ေယာက္ကို ကြင္းလယ္အဖ်က္ကစားသမားၿပီးရင္ ဒုတိယဦးစားေပးအေနနဲ႔ အားျဖည့္သြားဖို႔ ရွိေနတဲ့ အာဆင္နယ္တာဝန္ရွိသူေတြအေနနဲ႔ ဘြန္ဒက္စ္လီဂါကလပ္ မြန္ခ်န္ဂလာဘက္ခ်္မွာ ေျခစြမ္းျပသေနတဲ့ ေနာက္ခံလူ နီကို အယ္လ္ဗက္ဒီကို ေဈးႏွဳန္းေလ်ာ့က်လာခ်ိန္မွာ ေခၚယူသြားႏုိင္ဖို႔ ႀကဳိးစားေနပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ဆြစ္ဇာလန္ခံစစ္မွဴးဟာ အသင္းနဲ႔အတူ ပြဲေပါင္း ၁၅၀ ေက်ာ္ ကစားခဲ့ၿပီးၿပီျဖစ္သလို ႏုိင္ငံ့လက္ေရြးစင္အသင္းမွာလည္း ၁၇ ပြဲ ကစားၿပီး တစ္ဂိုးသြင္းယူထားႏုိင္ခဲ့သူျဖစ္သလို ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ ဆာဂ်ီယို ရာမို႔စ္ကို သူ႕ရဲ႕ စံျပကစားသမားအျဖစ္ အတုယူ ေလ့က်င့္ခဲ့တယ္လုိ႔လည္း ေျပာၾကားထားဖူးသူျဖစ္ပါတယ္။

ဆြစ္ဇာလန္အသင္းေခါင္းေဆာင္နဲ႔ အာဆင္နယ္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာရဲ႕ အသင္းေဟာင္းအေနနဲ႔ သူတုိ႔ရဲ႕ ေနာက္ခံလူအတြက္ လာမယ့္ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေတာ့မယ့္အခ်ိန္မွာ ေနာက္ရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္ရဖို႔ထက္ ေပါင္သန္း ၂၀ ပတ္ဝန္းက်င္မွာ အေရာင္းအဝယ္ျဖစ္လာႏိုင္ေၾကာင္းလည္း ကၽြမ္းက်င္သူေတြက ဆိုပါတယ္။

ပရီးမီးယားလိဂ္မွာ ကစားခ်င္တယ္လို႔ ဝန္ခံေျပာၾကားထားဖူးတဲ့ အယ္လ္ဗက္ဒီကေတာ့ မြန္ခ်န္ဂလာဘက္ခ်္အသင္းနဲ႔အတူ စာခ်ဳပ္က ၂၀၂၁ အထိ ရွိေနတာေၾကာင့္ စာခ်ဳပ္ကို ေလးစားၿပီး အသင္းအတြက္ ေနာက္ဆုံးအခ်ိန္အထိ ဆက္လက္ကစားေပးႏုိင္ေပမယ့္ မထင္မွတ္တာေတြလည္းျဖစ္သြားႏုိင္တဲ့ အေျပာင္းအေရႊ႕ေတြနဲ႔ အနာဂတ္ကိုေတာ့ မခန္႔မွန္းႏုိင္ဘူးလို႔လည္း ေျပာၾကားထားပါတယ္။

လက္ရွိခံစစ္ပိုင္းကို ျပင္ဆင္သြားဖို႔ရွိေနတဲ့ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာကေတာ့ ႏုိင္ငံ့လက္ေရြးစင္အေတြ႕အႀကဳံရွိၿပီး သက္သာတဲ့ ေစ်းႏွဳန္းနဲ႔ ရရွိႏုိင္တဲ့ အယ္လ္ဗက္ဒီလို ကစားသမားတစ္ဦးကို တျခားအေတြ႕အႀကဳံႏုနယ္တဲ့ ကစားသမားေတြနဲ႔ ေဈးႏွဳန္းႀကီးျမင့္တဲ့ ကစားသမားေတြထက္ ပုိၿပီး ဦးစားေပးေနရာက စဥ္းစားႏုိင္ၿပီး သူ႕ကို ဘိုင္ယန္ျမဴးနစ္က ေစာင့္ၾကည့္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

UNICODE: အသင်းရဲ့ ခံစစ်ဌာနအတွက် ဗဟိုနောက်ခံလူတစ်ယောက်ကို ကွင်းလယ်အဖျက်ကစားသမားပြီးရင် ဒုတိယဦးစားပေးအနေနဲ့ အားဖြည့်သွားဖို့ ရှိနေတဲ့ အာဆင်နယ်တာဝန်ရှိသူတွေအနေနဲ့ ဘွန်ဒက်စ်လီဂါကလပ် မွန်ချန်ဂလာဘက်ချ်မှာ ခြေစွမ်းပြသနေတဲ့ နောက်ခံလူ နီကို အယ်လ်ဗက်ဒီကို ဈေးနှုန်းလျော့ကျလာချိန်မှာ ခေါ်ယူသွားနိုင်ဖို့ ကြိုးစားနေပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆွစ်ဇာလန်ခံစစ်မှူးဟာ အသင်းနဲ့အတူ ပွဲပေါင်း ၁၅၀ ကျော် ကစားခဲ့ပြီးပြီဖြစ်သလို နိုင်ငံ့လက်ရွေးစင်အသင်းမှာလည်း ၁၇ ပွဲ ကစားပြီး တစ်ဂိုးသွင်းယူထားနိုင်ခဲ့သူဖြစ်သလို ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ကို သူ့ရဲ့ စံပြကစားသမားအဖြစ် အတုယူ လေ့ကျင့်ခဲ့တယ်လို့လည်း ပြောကြားထားဖူးသူဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းခေါင်းဆောင်နဲ့ အာဆင်နယ်ကွင်းလယ်လူ ဂရာနစ် ချာကာရဲ့ အသင်းဟောင်းအနေနဲ့ သူတို့ရဲ့ နောက်ခံလူအတွက် လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့မယ့်အချိန်မှာ နောက်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ထက် ပေါင်သန်း ၂၀ ပတ်ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်လာနိုင်ကြောင်းလည်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ပရီးမီးယားလိဂ်မှာ ကစားချင်တယ်လို့ ဝန်ခံပြောကြားထားဖူးတဲ့ အယ်လ်ဗက်ဒီကတော့ မွန်ချန်ဂလာဘက်ချ်အသင်းနဲ့အတူ စာချုပ်က ၂၀၂၁ အထိ ရှိနေတာကြောင့် စာချုပ်ကို လေးစားပြီး အသင်းအတွက် နောက်ဆုံးအချိန်အထိ ဆက်လက်ကစားပေးနိုင်ပေမယ့် မထင်မှတ်တာတွေလည်းဖြစ်သွားနိုင်တဲ့ အပြောင်းအရွှေ့တွေနဲ့ အနာဂတ်ကိုတော့ မခန့်မှန်းနိုင်ဘူးလို့လည်း ပြောကြားထားပါတယ်။

လက်ရှိခံစစ်ပိုင်းကို ပြင်ဆင်သွားဖို့ရှိနေတဲ့ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာကတော့ နိုင်ငံ့လက်ရွေးစင်အတွေ့အကြုံရှိပြီး သက်သာတဲ့ ဈေးနှုန်းနဲ့ ရရှိနိုင်တဲ့ အယ်လ်ဗက်ဒီလို ကစားသမားတစ်ဦးကို တခြားအတွေ့အကြုံနုနယ်တဲ့ ကစားသမားတွေနဲ့ ဈေးနှုန်းကြီးမြင့်တဲ့ ကစားသမားတွေထက် ပိုပြီး ဦးစားပေးနေရာက စဉ်းစားနိုင်ပြီး သူ့ကို ဘိုင်ယန်မြူးနစ်က စောင့်ကြည့်နေကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.