Premier League

သူ႕ရဲ႕သားျဖစ္သူအတြက္ ေဘာလုံးကစားဦးမွာမဟုတ္ဘူးဆုိတဲ့ ဝတ္ဖို႔ဒ္အသင္းေခါင္းေဆာင္

ပရီးမီးယားလိဂ္ကလပ္ ဝတ္ဖို႔ဒ္အသင္းေခါင္းေဆာင္ တုိက္စစ္မွဴး ထ႐ြဳိင္ ဒီးနီက သူ႕ရဲ႕ သားျဖစ္သူရဲ႕ က်န္းမာေရးဟာ ထိလြယ္ရွလြယ္ အေနအထားမွာ ရွိေနတဲ့အတြက္ ဒါကို ဆိုးရြားတဲ့ အေျခအေနမ်ဳိးနဲ႔ ရင္မဆုိင္ရေအာင္ သူ႕အေနနဲ႔ ေဘာလုံးျပန္ကစားဦးမွာမဟုတ္ဘူးလုိ႔ ေျပာၾကားလုိက္ပါတယ္။

ဒီးနီရဲ႕ သားငယ္ျဖစ္သူဟာ အသက္ ၅ လသာ ရွိေသးၿပီး အသက္ရွဴမွဳဆုိင္ရာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရသူျဖစ္တဲ့အတြက္ ကစားသမားအေနနဲ႔ ျပင္ပက ကူးစက္မွဳေတြ သူ႕ဆီကတစ္ဆင့္ သားျဖစ္သူဆီ မေရာက္ေအာင္ ထရိန္နင္ဆင္းဖို႔နဲ႔ ေဘာလုံးျပန္ကစားဖို႔ကို လိုက္နာႏုိင္မွာ မဟုတ္ဘူးလို႔လည္း အြန္လိုင္းအင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားထားခဲ့တာပါ။

အသက္ ၃၁ ႏွစ္အရြယ္ တုိက္စစ္မွဴးအေနနဲ႔ ပရီးမီးယားလိဂ္ကို ျပန္ကစားဖို႔ လုပ္ေဆာင္ေနၾကခ်ိန္မွာ အစိုးရရဲ႕ ဦးစားေပးေဆာင္ရြက္ေနတဲ့ ႏုိင္ငံသားနဲ႔ ဒုတိယႏိုင္ငံသားေတြျဖစ္ၾကတဲ့ BAME လို႔ အတိုေကာက္ေခၚတဲ့ Black လူမည္း၊ Asian အာရွသား၊ Minority Ethnic လူနည္းစု လူမ်ဳိးေတြ အေပၚမွာ ကို႐ိုနာဗုိင္းရပ္စ္ စစ္ေဆးေပးမွဳနဲ႔ ဂ႐ုစိုက္မွဳနည္းပါးတဲ့ ခြဲျခားဆက္ဆံမွဳကိုလည္း ေမးခြန္းထုတ္လုိက္ပါတယ္။

“ေနာက္အပတ္ထဲမွာ ေလ့က်င့္မယ္ေျပာေပမယ့္ ကၽြန္ေတာ္ကေတာ့ မသြားဘူးလို႔ ေျပာၿပီးပါၿပီ။ ကၽြန္ေတာ္သာ ေရာဂါကူးရင္ ကၽြန္ေတာ့္ ငါးလအရြယ္ သားေလးရဲ႕ အသက္ရွဴမွဳ ခက္ခဲတဲ့ အေျခအေနနဲ႔ အလြန္အႏၲရာယ္မ်ားပါတယ္။ အိမ္ကို ညစ္ပတ္တဲ့ ေလ့က်င့္ေရးဝတ္စုံနဲ႔ ကားေမာင္းျပန္လာရမွာ ဆုိေတာ့ ေတြးၾကည့္ေပါ့ဗ်ာ”လို႔ ဒီးနီက ဆိုပါတယ္။

ဒါ့အျပင္ ဒီးနီက သူ႕အေနနဲ႔ တန္ဖုိးထားရသူေတြျဖစ္ၾကတဲ့ ဖခင္၊ အဘြားနဲ႔ အဘိုးတုိ႔ကို ဆုံးရွဳံးထားရၿပီးျဖစ္လို႔ က်န္တဲ့ တန္ဖိုးထားရသူေတြအေပၚ သူမ်ားေတြထက္ ပုိၿပီး ဂ႐ုစိုက္ေၾကာင္းနဲ႔ ေဘာလုံးကစားရာက ရမယ့္ ေငြေၾကးပမာဏဟာ သူတန္ဖိုးထားရတဲ့သူေတြေလာက္ေတာ့ အေရးမပါဘူးလို႔ ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကလပ် ဝတ်ဖို့ဒ်အသင်းခေါင်းဆောင် တိုက်စစ်မှူး ထရွိုင် ဒီးနီက သူ့ရဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးဟာ ထိလွယ်ရှလွယ် အနေအထားမှာ ရှိနေတဲ့အတွက် ဒါကို ဆိုးရွားတဲ့ အခြေအနေမျိုးနဲ့ ရင်မဆိုင်ရအောင် သူ့အနေနဲ့ ဘောလုံးပြန်ကစားဦးမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဒီးနီရဲ့ သားငယ်ဖြစ်သူဟာ အသက် ၅ လသာ ရှိသေးပြီး အသက်ရှူမှုဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူဖြစ်တဲ့အတွက် ကစားသမားအနေနဲ့ ပြင်ပက ကူးစက်မှုတွေ သူ့ဆီကတစ်ဆင့် သားဖြစ်သူဆီ မရောက်အောင် ထရိန်နင်ဆင်းဖို့နဲ့ ဘောလုံးပြန်ကစားဖို့ကို လိုက်နာနိုင်မှာ မဟုတ်ဘူးလို့လည်း အွန်လိုင်းအင်တာဗျူးတစ်ခုမှာ ပြောကြားထားခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်ကစားဖို့ လုပ်ဆောင်နေကြချိန်မှာ အစိုးရရဲ့ ဦးစားပေးဆောင်ရွက်နေတဲ့ နိုင်ငံသားနဲ့ ဒုတိယနိုင်ငံသားတွေဖြစ်ကြတဲ့ BAME လို့ အတိုကောက်ခေါ်တဲ့ Black လူမည်း၊ Asian အာရှသား၊ Minority Ethnic လူနည်းစု လူမျိုးတွေ အပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပေးမှုနဲ့ ဂရုစိုက်မှုနည်းပါးတဲ့ ခွဲခြားဆက်ဆံမှုကိုလည်း မေးခွန်းထုတ်လိုက်ပါတယ်။

“နောက်အပတ်ထဲမှာ လေ့ကျင့်မယ်ပြောပေမယ့် ကျွန်တော်ကတော့ မသွားဘူးလို့ ပြောပြီးပါပြီ။ ကျွန်တော်သာ ရောဂါကူးရင် ကျွန်တော့် ငါးလအရွယ် သားလေးရဲ့ အသက်ရှူမှု ခက်ခဲတဲ့ အခြေအနေနဲ့ အလွန်အန္တရာယ်များပါတယ်။ အိမ်ကို ညစ်ပတ်တဲ့ လေ့ကျင့်ရေးဝတ်စုံနဲ့ ကားမောင်းပြန်လာရမှာ ဆိုတော့ တွေးကြည့်ပေါ့ဗျာ”လို့ ဒီးနီက ဆိုပါတယ်။

ဒါ့အပြင် ဒီးနီက သူ့အနေနဲ့ တန်ဖိုးထားရသူတွေဖြစ်ကြတဲ့ ဖခင်၊ အဘွားနဲ့ အဘိုးတို့ကို ဆုံးရှုံးထားရပြီးဖြစ်လို့ ကျန်တဲ့ တန်ဖိုးထားရသူတွေအပေါ် သူများတွေထက် ပိုပြီး ဂရုစိုက်ကြောင်းနဲ့ ဘောလုံးကစားရာက ရမယ့် ငွေကြေးပမာဏဟာ သူတန်ဖိုးထားရတဲ့သူတွေလောက်တော့ အရေးမပါဘူးလို့ ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.