Bundesliga La Liga Premier League Serie A Transfer News

ဆာအူးလ္၊ ကူလီေဘလီတို႔ကို ေခၚယူၿပီး ဆန္ခ်ဳိအတြက္ နံပါတ္ ၇ ခ်န္ထားဖို႔ ေျပာလိုက္တဲ့ ဖာဒီနန္

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ကစားသမားေဟာင္း ရီယို ဖာဒီနန္က အသင္းရဲ႕ အေျပာင္းအေရႊ႕အတြက္ ေငြသုံးမယ့္ အစီအစဥ္ကို ေထာက္ခံလုိက္ၿပီး ဆာအူးလ္ ညီးရက္ဇ္၊ ခါလီဒူး ကူလီေဘလီနဲ႔ ေဂ်ဒန္ ဆန္ခ်ဳိတုိ႔ကို ေခၚယူၿပီး အဂၤလန္ေတာင္ပံကစားသမားအတြက္ေတာ့ နာမည္ႀကီး နံပါတ္ ၇ အက်ႌကို ေပးအပ္ဖို႔ ေျပာၾကားလိုက္ပါတယ္။

နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားအတြက္ေတာ့ ယူႏုိက္တက္အသင္းတာဝန္ရွိသူေတြက ဒီေႏြရာသီမွာ ေပါင္သန္း ၂၃၀ ထုတ္ေပးမယ္လုိ႔ အသံထြက္ထားခဲ့ၿပီး အသင္းရဲ႕ ဘဏၰာေရးကလည္း ေတာင့္တင္းတဲ့ အေျခအေနမို႔ ကိုဗစ္-၁၉ နဲ႔ ႀကဳံရေပမယ့္လည္း သန္း ၂၀၀ ေအာက္ေတာ့ ေလ်ာ့က်ဖို႔ သိပ္မရွိႏုိင္တာလည္းျဖစ္ပါတယ္။

ကြင္းလယ္ပုိင္းအတြက္ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေခၚယူဖို႔ အသံထြက္ေနေပမယ့္ အက္စတန္ဗီလာဘက္ကေတာ့ တန္းဆင္းရရင္ေတာင္မွ ေပါင္သန္း ၈၀ ထက္ ေဈးေလ်ာ့ေပးဖို႔ အစီအစဥ္မရွိဘူးလို႔ ဆုိထားခဲ့လို႔ ဖာဒီနန္ရဲ႕ ကြင္းလယ္အားျဖည့္ဖို႔ စဥ္းစားတဲ့သူဟာ အက္သလက္တီကိုက ဆာအူးလ္လို႔ ျဖစ္လာခဲ့ပုံလည္း ေပၚပါတယ္။

ဖာဒီနန္က မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေအာင္ျမင္မွဳေတြဆီ ျပန္သြားႏုိင္ဖို႔ အားျဖည့္ရမယ့္ ကစားသမားေတြကို ေရြးခ်ယ္ခဲ့ရာမွာ ဆန္ခ်ဳိ၊ ကူလီေဘလီနဲ႔ ဆာအူးလ္ ညီးရက္ဇ္လို႔ ေျပာသြားခဲ့ၿပီး ဟာရီကိန္းကို ေခၚယူခြင့္ရွိေပမယ့္ အသက္ငယ္ၿပီး လူႀကဳိက္ပုိမ်ားတဲ့ ဆန္ခ်ဳိကိုပဲ ပုိလိုခ်င္တယ္လို႔လည္း ေျပာခဲ့တာပါ။

“ဟာရီကိန္းနဲ႔ ခ်ိတ္ဆက္မွဳေတြ ၾကားေနေပမယ့္ ဆန္ခ်ဳိက အသင္းကို ပုိအက်ဳိးျပဳမယ့္ တုိက္စစ္သမားပါ။ ဟုတ္တာေပါ့… သူ႕ကို နံပါတ္ ၇ ေပးရမွာျဖစ္ၿပီး သူက ဒီလိုကစားသမားမ်ဳိးလည္းျဖစ္ပါတယ္။ ယုံၾကည္မွဳျမင့္မားတဲ့ ကစားသမားမ်ဳိးျဖစ္လို႔ သူ႕အေပၚ ဖိအားေတြ တင္ေပးလုိက္ရင္လည္း အေကာင္းဆုံး တုံ႔ျပန္ႏိုင္မယ့္ အရည္ေသြးရွိသူပါ”လုိ႔ သူ႕အႀကဳိက္ဆုံးကစားသမား ဆန္ခ်ဳိအေၾကာင္းကိုလည္း ဖာဒီနန္က သုံးသပ္ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL & BBC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ရီယို ဖာဒီနန်က အသင်းရဲ့ အပြောင်းအရွှေ့အတွက် ငွေသုံးမယ့် အစီအစဉ်ကို ထောက်ခံလိုက်ပြီး ဆာအူးလ် ညီးရက်ဇ်၊ ခါလီဒူး ကူလီဘေလီနဲ့ ဂျေဒန် ဆန်ချိုတို့ကို ခေါ်ယူပြီး အင်္ဂလန်တောင်ပံကစားသမားအတွက်တော့ နာမည်ကြီး နံပါတ် ၇ အင်္ကျီကို ပေးအပ်ဖို့ ပြောကြားလိုက်ပါတယ်။

နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအတွက်တော့ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက ဒီနွေရာသီမှာ ပေါင်သန်း ၂၃၀ ထုတ်ပေးမယ်လို့ အသံထွက်ထားခဲ့ပြီး အသင်းရဲ့ ဘဏ္ဏာရေးကလည်း တောင့်တင်းတဲ့ အခြေအနေမို့ ကိုဗစ်-၁၉ နဲ့ ကြုံရပေမယ့်လည်း သန်း ၂၀၀ အောက်တော့ လျော့ကျဖို့ သိပ်မရှိနိုင်တာလည်းဖြစ်ပါတယ်။

ကွင်းလယ်ပိုင်းအတွက် ဂျက်ခ် ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ အသံထွက်နေပေမယ့် အက်စတန်ဗီလာဘက်ကတော့ တန်းဆင်းရရင်တောင်မှ ပေါင်သန်း ၈၀ ထက် ဈေးလျော့ပေးဖို့ အစီအစဉ်မရှိဘူးလို့ ဆိုထားခဲ့လို့ ဖာဒီနန်ရဲ့ ကွင်းလယ်အားဖြည့်ဖို့ စဉ်းစားတဲ့သူဟာ အက်သလက်တီကိုက ဆာအူးလ်လို့ ဖြစ်လာခဲ့ပုံလည်း ပေါ်ပါတယ်။

ဖာဒီနန်က မန်ချက်စတာယူနိုက်တက်ရဲ့ အောင်မြင်မှုတွေဆီ ပြန်သွားနိုင်ဖို့ အားဖြည့်ရမယ့် ကစားသမားတွေကို ရွေးချယ်ခဲ့ရာမှာ ဆန်ချို၊ ကူလီဘေလီနဲ့ ဆာအူးလ် ညီးရက်ဇ်လို့ ပြောသွားခဲ့ပြီး ဟာရီကိန်းကို ခေါ်ယူခွင့်ရှိပေမယ့် အသက်ငယ်ပြီး လူကြိုက်ပိုများတဲ့ ဆန်ချိုကိုပဲ ပိုလိုချင်တယ်လို့လည်း ပြောခဲ့တာပါ။

“ဟာရီကိန်းနဲ့ ချိတ်ဆက်မှုတွေ ကြားနေပေမယ့် ဆန်ချိုက အသင်းကို ပိုအကျိုးပြုမယ့် တိုက်စစ်သမားပါ။ ဟုတ်တာပေါ့… သူ့ကို နံပါတ် ၇ ပေးရမှာဖြစ်ပြီး သူက ဒီလိုကစားသမားမျိုးလည်းဖြစ်ပါတယ်။ ယုံကြည်မှုမြင့်မားတဲ့ ကစားသမားမျိုးဖြစ်လို့ သူ့အပေါ် ဖိအားတွေ တင်ပေးလိုက်ရင်လည်း အကောင်းဆုံး တုံ့ပြန်နိုင်မယ့် အရည်သွေးရှိသူပါ”လို့ သူ့အကြိုက်ဆုံးကစားသမား ဆန်ချိုအကြောင်းကိုလည်း ဖာဒီနန်က သုံးသပ်ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL & BBC
PHOTOS CREDIT TO OWNERS
SPORTS A2Z.