Carabao & FA Match Report Premier League

နော့ဝစ်ချ်ကို အဝေးကွင်းမှာ လူငယ်တွေနဲ့ ကျော်ဖြတ်ပြီး နောက်တစ်ဆင့်တက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကယ်လေဟာ၊ ခံစစ်မှာ ဂျိုးဂိုမက်ဇ်၊ ကိုနာတေနဲ့ ဆီမီကတ်စ်၊ ကွင်းလယ်မှာ ချိမ်ဘာလိန်၊ ကီးတားနဲ့ ကားတစ္စဂျုံးစ်၊ တိုက်စစ်မှာတော့ မီနာမီနို၊ အိုရီဂီနဲ့ လူငယ်တောင်ပံသမား ကိုင်ဒီ ဂေါ်ဒန်တို့ကို သုံးစွဲလာခဲ့ပြီး နည်းပြ ယာဂန် ကလော့ပ်ကတော့ ပထမအသင်းသား အများစုကို အနားပေးခဲ့ပြီး ညာနောက်ခံမှာလည်း လူငယ်ကစားသမား ဘရက်ဒ်လီကိုပဲ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

နော့ဝစ်ချ်ကလည်း တိုက်စစ်မှူး ပူကီ၊ ကွင်းလယ်က ကန့်ဝဲလ်၊ ခံစစ်က ကာဘက်ခ်တို့ကို အရန်ခုံပို့ထားခဲ့ပြီး အသင်းခေါင်းဆောင် ဟန်လီကိုတော့ ထည့်သွင်းသုံးစွဲခဲ့သလို ကွင်းလယ်မှာ ဂရိသားတွေနဲ့အတူ ဂီးလ်မိုးနဲ့ တိုက်စစ်မှာ အီးဒါးတို့လို လူငယ်အများစုကို အခြေခံရင်း ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာကတည်းက ဧည့်သည် လီဗာပူးလ်တို့ အဖွင့်ဂိုးရခဲ့ပြီး ဘယ်ထောင့်ကန်ဘောကို ဆီမီကတ်စ် ကန်တင်ပေးတာကနေ တိုက်စစ်မှူး အိုရီဂီ ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို တောင်ပံသမား မီနာမီနိုက နော့ဝစ်ချ်နောက်ခံလူနှစ်ယောက်ရှေ့ကနေ တစ်ပတ်လှည့်ကန်ပြီး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆီမီကတ်စ်ကတော့ ဒီရာသီမှာ လီဗာပူးလ် ဘယ်ခြမ်းခံစစ်မှာ ကြီးကြီးမားမား အားကိုးရမယ့်သူဖြစ်လာခဲ့ပြီး ကစားအားပိုင်းမှာ ရောဘတ်ဆန်လို ၁၀၀ ရာခိုင်နှုန်း မရှိပေမယ့် တည်ကန်ဘောမှာတော့ စကော့တလန်သားထက် ပိုမိုတိကျပြီး နည်းစနစ်ပိုင်းကို ပိုမိုအားကိုးသလို ပေးပို့မှုအမြင်လည်း ပိုမိုသာလွန်တာကို ပြသနိုင်ခဲ့ပါတယ်။

ချိမ်ဘာလိန်နဲ့ ကီးတားတို့ရဲ့ လီဗာပူးလ်ကွင်းလယ်စုဖွဲ့မှုကတော့ သိပ်အဆင်မပြေခဲ့တာကို တွေ့ရပြီး နော့ဝစ်ချ်ရဲ့ Pressing တွေမှာ အမှားများနေခဲ့သလို မကြာခဏ ကန်ခွင့်တွေ ပေးနေခဲ့ရပြီး ပွဲချိန် ၄၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်လူ ဇိုလစ်ရဲ့ ကန်ချက်ကို ဂိုးသမား ကယ်လေဟာ ပုတ်ထုတ်တာကို တစ်ဖက်ရှေ့တန်းနဲ့ ယှဉ်အဖျက်မှာ ဘောလုံးမထိဘဲ လူကိုပဲထိမိခဲ့တဲ့ ဘရက်ဒ်လီကြောင့် ပင်နယ်တီပြန်ပေးခဲ့ရပါတယ်။

ဒီပင်နယ်တီကို ဇိုလစ်ပဲ ကန်သွင်းရာမှာ ဂိုးသမားကို လှည့်စားနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် သတိမလွတ်ခဲ့တဲ့ ကယ်လေဟာက အလယ်တည့်တည့် ကန်လာတဲ့ ဘောလုံးကို ခြေထောက်နဲ့ ဖျက်ထုတ်နိုင်ခဲ့သလို ထပ်မံပိတ်သွင်းဖို့ ကြိုးစားတဲ့ နော့ဝစ်ချ်ကစားသမားတွေကိုလည်း ဂျိုးဂိုမက်ဇ်က တားဆီးသွားနိုင်ခဲ့လို့ ပထမပိုင်းမှာ လီဗာပူးလ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၅ မိနစ်အကြာ ပွဲချိန် မိနစ် ၅၀ မှာတော့ အဝေးကွင်းမှာ လာရောက်ကစားတဲ့ လီဗာပူးလ်တို့အတွက် အိုရီဂီက ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ကားတစ်ဂျုံးစ် ထိုးပေးလိုက်တာကို ဆီမီကတ်စ်က လှလှပပ တင်ပေးလိုက်တာကနေ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးက ခေါင်းတိုက်ပြီး နှစ်ဂိုး-ဂိုးမရှိြဖစ်စေခဲ့တာပါ။

ဒီနေ့ပွဲမှာ လီဗာပူးလ်နောက်တန်းနဲ့ ကွင်းလယ်က ပြီးစလွယ် ကစားနေခဲ့တာကိုလည်း မြင်ခဲ့ရပြီး စီနီယာ ကစားသမားတချို့အနေနဲ့ အာရုံ စူးစိုက်မှုနဲ့ စိတ်ဓာတ်ကောင်းမရှိခဲ့သလို ဆီမီကတ်စ်အစား ရောဘတ်ဆန် ဝင်လာချိန်မှာလည်း စကော့တလန်သားအနေနဲ့ ပွဲချိန် ၇၃ မိနစ်မှာ ပေးခဲ့တဲ့ Diagonal Pass တစ်ခုက တော်တော်လေး ဒေါသထွက်စရာပုံစံမှာ ရှိခဲ့ပြီး ကံကောင်းလို့ ဂိုးပြန်မပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ လီဗာပူးလ်တို့အတွက် အနိုင်သေချာစေမယ့်ဂိုးကို ရရှိခဲ့ပြီး နော့ဝစ်ချ်ခံစစ်က လက်ပစ်ဘောကို ပင်နယ်တီနဲ့ အမှားလုပ်ခဲ့တဲ့ နောက်ခံလူ ဘရက်ဒ်လီက လုယူနိုင်ခဲ့ပြီး ထွက်လာတဲ့ ဘောလုံးကို ချိမ်ဘာလိန်က ပြေးလမ်းထဲ ထည့်ပေးလိုက်တာကို အဖွင့်ဂိုးရှင် မီနာမီနိုကပဲ တစ်ကိုယ်တော်အစွမ်းနဲ့ နောက်ခံလူ သုံးယောက်ကြားက ဆွဲပြေးပြီး သွေးအေးအေးနဲ့ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ကားရိုးရုတ်ဒ်က ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ပြီး အပေါင်းလက္ခဏာရော အနုတ်လက္ခဏာပါ မြင်ခဲ့ရတဲ့ ပွဲစဉ်မှာ သူတို့တွေအနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ လုံလောက်တဲ့ ကြိုးစားအားထုတ်မှုကိုတော့ အဆင့်အတန်းမီအောင် ပြသနိုင်ခဲ့ပြီး နည်းပြ ယာဂန် ကလော့ပ်အတွက်တော့ ဆီမီကတ်စ်၊ မီနာမီနိုနဲ့ ၁၆ နှစ်သား ဂေါ်ဒန်တို့က ကျေနပ်စေမှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကယ်လေဟာ၊ ခံစစ်မှာ ဂျိုးဂိုမက်ဇ်၊ ကိုနာတေနဲ့ ဆီမီကတ်စ်၊ ကွင်းလယ်မှာ ချိမ်ဘာလိန်၊ ကီးတားနဲ့ ကားတစ္စဂျုံးစ်၊ တိုက်စစ်မှာတော့ မီနာမီနို၊ အိုရီဂီနဲ့ လူငယ်တောင်ပံသမား ကိုင်ဒီ ဂေါ်ဒန်တို့ကို သုံးစွဲလာခဲ့ပြီး နည်းပြ ယာဂန် ကလော့ပ်ကတော့ ပထမအသင်းသား အများစုကို အနားပေးခဲ့ပြီး ညာနောက်ခံမှာလည်း လူငယ်ကစားသမား ဘရက်ဒ်လီကိုပဲ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

နော့ဝစ်ခ်ျကလည်း တိုက်စစ်မှူး ပူကီ၊ ကွင်းလယ်က ကန့်ဝဲလ်၊ ခံစစ်က ကာဘက်ခ်တို့ကို အရန်ခုံပို့ထားခဲ့ပြီး အသင်းခေါင်းဆောင် ဟန်လီကိုတော့ ထည့်သွင်းသုံးစွဲခဲ့သလို ကွင်းလယ်မှာ ဂရိသားတွေနဲ့အတူ ဂီးလ်မိုးနဲ့ တိုက်စစ်မှာ အီးဒါးတို့လို လူငယ်အများစုကို အခြေခံရင်း ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာကတည်းက ဧည့်သည် လီဗာပူးလ်တို့ အဖွင့်ဂိုးရခဲ့ပြီး ဘယ်ထောင့်ကန်ဘောကို ဆီမီကတ်စ် ကန်တင်ပေးတာကနေ တိုက်စစ်မှူး အိုရီဂီ ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို တောင်ပံသမား မီနာမီနိုက နော့ဝစ်ခ်ျနောက်ခံလူနှစ်ယောက်ရှေ့ကနေ တစ်ပတ်လှည့်ကန်ပြီး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။


ချိမ်ဘာလိန်နဲ့ ကီးတားတို့ရဲ့ လီဗာပူးလ်ကွင်းလယ်စုဖွဲ့မှုကတော့ သိပ်အဆင်မပြေခဲ့တာကို တွေ့ရပြီး နော့ဝစ်ခ်ျရဲ့ Pressing တွေမှာ အမှားများနေခဲ့သလို မကြာခဏ ကန်ခွင့်တွေ ပေးနေခဲ့ရပြီး ပွဲချိန် ၄၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်လူ ဇိုလစ်ရဲ့ ကန်ချက်ကို ဂိုးသမား ကယ်လေဟာ ပုတ်ထုတ်တာကို တစ်ဖက်ရှေ့တန်းနဲ့ ယှဉ်အဖျက်မှာ ဘောလုံးမထိဘဲ လူကိုပဲထိမိခဲ့တဲ့ ဘရက်ဒ်လီကြောင့် ပင်နယ်တီပြန်ပေးခဲ့ရပါတယ်။

ဒီပင်နယ်တီကို ဇိုလစ်ပဲ ကန်သွင်းရာမှာ ဂိုးသမားကို လှည့်စားနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် သတိမလွတ်ခဲ့တဲ့ ကယ်လေဟာက အလယ်တည့်တည့် ကန်လာတဲ့ ဘောလုံးကို ခြေထောက်နဲ့ ဖျက်ထုတ်နိုင်ခဲ့သလို ထပ်မံပိတ်သွင်းဖို့ ကြိုးစားတဲ့ နော့ဝစ်ခ်ျကစားသမားတွေကိုလည်း ဂျိုးဂိုမက်ဇ်က တားဆီးသွားနိုင်ခဲ့လို့ ပထမပိုင်းမှာ လီဗာပူးလ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၅ မိနစ်အကြာ ပွဲချိန် မိနစ် ၅၀ မှာတော့ အဝေးကွင်းမှာ လာရောက်ကစားတဲ့ လီဗာပူးလ်တို့အတွက် အိုရီဂီက ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ကားတစ်ဂျုံးစ် ထိုးပေးလိုက်တာကို ဆီမီကတ်စ်က လှလှပပ တင်ပေးလိုက်တာကနေ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးက ခေါင်းတိုက်ပြီး နှစ်ဂိုး-ဂိုးမရှိဖြစ်စေခဲ့တာပါ။


ပွဲချိန် မိနစ် ၈၀ မှာတော့ လီဗာပူးလ်တို့အတွက် အနိုင်သေချာစေမယ့်ဂိုးကို ရရှိခဲ့ပြီး နော့ဝစ်ခ်ျခံစစ်က လက်ပစ်ဘောကို ပင်နယ်တီနဲ့ အမှားလုပ်ခဲ့တဲ့ နောက်ခံလူ ဘရက်ဒ်လီက လုယူနိုင်ခဲ့ပြီး ထွက်လာတဲ့ ဘောလုံးကို ချိမ်ဘာလိန်က ပြေးလမ်းထဲ ထည့်ပေးလိုက်တာကို အဖွင့်ဂိုးရှင် မီနာမီနိုကပဲ တစ်ကိုယ်တော်အစွမ်းနဲ့ နောက်ခံလူ သုံးယောက်ကြားက ဆွဲပြေးပြီး သွေးအေးအေးနဲ့ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.