Carabao & FA Match Report Premier League

အရန်ကစားသမားတွေနဲ့ အသင်းကြီးတွေထက်တောင် ဂိုးပိုသွင်းပြခဲ့တဲ့ ဘရန့်ဖို့ဒ်

ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ခ်ကတော့ ဒီနေ့မှာ ချီးကျူးစရာ ပုံစံကို ပြသနေခဲ့ပြီး အရန်ကစားသမား ၁၁ ယောက်စလုံးကို သုံးပြီး ပွဲထွက်လာခဲ့ချိန်မှာ လုံးဝအပြောင်းအလဲမရှိခဲ့တဲ့ ကစားကွက်၊ နည်းစနစ်ပိုင်းနဲ့ အိုးလ်ဟမ်းကို ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး သူ့အနေနဲ့ ပြီးခဲ့တဲ့နှစ်က တန်းမတက်ခဲ့လို့ အဝေဖန်ခံခဲ့ရတဲ့ အသင်းကို ဘယ်လောက်တောင် အချိန်ယူပြီး စိတ်ရှည်လက်ရှည် တည်ဆောက်ထားခဲ့သလဲဆိုတာ သိသာခဲ့ပါတယ်။

ဒိန်းမတ် ယူ-၁၇၊ ယူ-၁၉ နဲ့ ဘရွန်ဘီအသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ ၄၇ နှစ်သားကြီး ဖရန့်ခ်အနေနဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ပျားတွေနဲ့ ပူးပေါင်းခဲ့ပြီး အသင်းကို ကျစ်ကျစ်လျစ်လျစ်နဲ့ ပုံစံတကျ တည်ဆောက်နေခဲ့သလို ဒီနေ့မှာတော့ ပရီးမီးယားလိဂ်မှာ တစ်ခါတလေ လူစားဝင်ဖို့အတွက် ထားရှိခဲ့သူ အရန်ခုံက ကစားသမားတွေကို အသုံးပြုခဲ့တာပါ။

ပွဲချိန် ၃ မိနစ်မှာကတည်းက ကွန်မြူနတီကွင်းမှာ ဧည့်သည် အိုးလ်ဟမ်းတို့ အဖျက်ကြမ်းခဲ့လို့ အိမ်ရှင်တွေ ပင်နယ်တီ စရခဲ့ပြီး အချိုရှာ သကာတွေ့ဖြစ်ခဲ့ရသလို ဒီပင်နယ်တီကိုတော့ ဖင်လန်တိုက်စစ်မှူး မားကပ်စ် ဖော့စ်က အမှားအယွင်းမရှိ ကန်သွင်းရယူပေးသွားခဲ့တာပါ။

ပွဲချိန် ၁၆ မိနစ်မှာလည်း ဝစ်ဆာ လှမ်းကန်တဲ့ ဘောလုံး တိုင်ထိပြီး ထွက်လာတာကို ဖော့စ်ကပဲ ပိတ်သွင်းရယူနိုင်ခဲ့သလို ပွဲချိန် ၃၈ မိနစ်မှာတော့ ကွင်းလယ်လူ ဂျန်ဆန်ရဲ့ ပေးပို့မှုက အိုးလ်ဟမ်းနောက်ခံလူနှစ်ယောက်ကြားထဲက ကွက်တိရောက်လာခဲ့တာကို ဝစ်ဆာက ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ပြီး ပိတ်သွင်းရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ အာဆင်နယ်ကစားသမားဟောင်း ဒေါမနစ် သွမ့်ပ်ဆန်ရဲ့ ဖြတ်တင်ဘောကနေ အိုးလ်ဟမ်းနောက်ခံလူ ရာဖေးလ် ဒီယာရာက ကိုယ့်ဂိုးကိုယ်သွင်းခဲ့မိပြီး တစ်မိနစ်အကြာမှာတော့ အီရန်သား ဂေါ့ဒို့စ်ရဲ့ Through Ball ကနေ ဖော့စ်က သူ့ရဲ့ ဟက်ထရစ်အဖြစ်သွင်းယူပြီး ပထမပိုင်းမှာ ဘရန်ဖို့ဒ်တို့ ငါးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန်မိနစ် ၆၀ မှာတော့ ညာနောက်ခံလူ ရက်စ်မူဆန်ရဲ့ အနိမ့်ဘောဖြတ်တင်မှုကို ဖော့စ်ကပဲ တိကျသေသပ်တဲ့ ကန်ချက်ပြင်းပြင်းနဲ့ ဂိုးဘားအောက်ကို ရှပ်ထိပြီး သွင်းယူနိုင်ခဲ့သလို ပွဲချိန် ၈၇ မိနစ်မှာတော့ ဂေါ့ဒို့စ်ရဲ့ ဖြတ်တင်ဘောကို ဝစ်ဆာကာ လှပတဲ့ ဘိုင်စကယ်ကစ်နဲ့ ကန်သွင်းပြီး ခုနစ်ဂိုး-ဂိုးမရှိဖြစ်စေခဲ့ပါတယ်။

ပွဲအပြီးမှာတော့ တုန်နီ၊ ကာနို့စ်၊ အမ်ဘူးမိုတို့လို ကစားသမားတစ်ယောက်မှ မပါဘဲနဲ့ကို ဘရန့်ဖို့ဒ်တို့အနေနဲ့ အသင်းကြီးတွေထက် ပိုများတဲ့ သွင်းဂိုးတွေကို ရယူသွားနိုင်ခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နေ့ည ပွဲစဉ်တွေအပြီးမှာတော့ စတုတ္ထအဆင့်မှာ ဘယ်ပြိုင်ဘက်အသင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိရှိရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘရန႔္ဖို႔ဒ္နည္းျပ ေသာမတ္စ္ ဖရန႔္ခ္ကေတာ့ ဒီေန႔မွာ ခ်ီးက်ဴးစရာ ပုံစံကို ျပသေနခဲ့ၿပီး အရန္ကစားသမား ၁၁ ေယာက္စလုံးကို သုံးၿပီး ပြဲထြက္လာခဲ့ခ်ိန္မွာ လုံးဝအေျပာင္းအလဲမရွိခဲ့တဲ့ ကစားကြက္၊ နည္းစနစ္ပိုင္းနဲ႔ အိုးလ္ဟမ္းကို ၇ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး သူ႔အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္က တန္းမတက္ခဲ့လို႔ အေဝဖန္ခံခဲ့ရတဲ့ အသင္းကို ဘယ္ေလာက္ေတာင္ အခ်ိန္ယူၿပီး စိတ္ရွည္လက္ရွည္ တည္ေဆာက္ထားခဲ့သလဲဆိုတာ သိသာခဲ့ပါတယ္။

ဒိန္းမတ္ ယူ-၁၇၊ ယူ-၁၉ နဲ႔ ဘ႐ြန္ဘီအသင္းေတြကို ကိုင္တြယ္ခဲ့တဲ့ ၄၇ ႏွစ္သားႀကီး ဖရန႔္ခ္အေနနဲ႔ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလမွာ ပ်ားေတြနဲ႔ ပူးေပါင္းခဲ့ၿပီး အသင္းကို က်စ္က်စ္လ်စ္လ်စ္နဲ႔ ပုံစံတက် တည္ေဆာက္ေနခဲ့သလို ဒီေန႔မွာေတာ့ ပရီးမီးယားလိဂ္မွာ တစ္ခါတေလ လူစားဝင္ဖို႔အတြက္ ထားရွိခဲ့သူ အရန္ခုံက ကစားသမားေတြကို အသုံးျပဳခဲ့တာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက ကြန္ျမဴနတီကြင္းမွာ ဧည့္သည္ အိုးလ္ဟမ္းတို႔ အဖ်က္ၾကမ္းခဲ့လို႔ အိမ္ရွင္ေတြ ပင္နယ္တီ စရခဲ့ၿပီး အခ်ိဳရွာ သကာေတြ႕ျဖစ္ခဲ့ရသလို ဒီပင္နယ္တီကိုေတာ့ ဖင္လန္တိုက္စစ္မႉး မားကပ္စ္ ေဖာ့စ္က အမွားအယြင္းမရွိ ကန္သြင္းရယူေပးသြားခဲ့တာပါ။

ပြဲခ်ိန္ ၁၆ မိနစ္မွာလည္း ဝစ္ဆာ လွမ္းကန္တဲ့ ေဘာလုံး တိုင္ထိၿပီး ထြက္လာတာကို ေဖာ့စ္ကပဲ ပိတ္သြင္းရယူႏိုင္ခဲ့သလို ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ကြင္းလယ္လူ ဂ်န္ဆန္ရဲ႕ ေပးပို႔မႈက အိုးလ္ဟမ္းေနာက္ခံလူႏွစ္ေယာက္ၾကားထဲက ကြက္တိေရာက္လာခဲ့တာကို ဝစ္ဆာက ဂိုးသမားနဲ႔ တစ္ဦးခ်င္းေတြ႕ၿပီး ပိတ္သြင္းရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ အာဆင္နယ္ကစားသမားေဟာင္း ေဒါမနစ္ သြမ့္ပ္ဆန္ရဲ႕ ျဖတ္တင္ေဘာကေန အိုးလ္ဟမ္းေနာက္ခံလူ ရာေဖးလ္ ဒီယာရာက ကိုယ့္ဂိုးကိုယ္သြင္းခဲ့မိၿပီး တစ္မိနစ္အၾကာမွာေတာ့ အီရန္သား ေဂါ့ဒို႔စ္ရဲ႕ Through Ball ကေန ေဖာ့စ္က သူ႔ရဲ႕ ဟက္ထရစ္အျဖစ္သြင္းယူၿပီး ပထမပိုင္းမွာ ဘရန္ဖို႔ဒ္တို႔ ငါးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္မိနစ္ ၆၀ မွာေတာ့ ညာေနာက္ခံလူ ရက္စ္မူဆန္ရဲ႕ အနိမ့္ေဘာျဖတ္တင္မႈကို ေဖာ့စ္ကပဲ တိက်ေသသပ္တဲ့ ကန္ခ်က္ျပင္းျပင္းနဲ႔ ဂိုးဘားေအာက္ကို ရွပ္ထိၿပီး သြင္းယူႏိုင္ခဲ့သလို ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ေဂါ့ဒို႔စ္ရဲ႕ ျဖတ္တင္ေဘာကို ဝစ္ဆာကာ လွပတဲ့ ဘိုင္စကယ္ကစ္နဲ႔ ကန္သြင္းၿပီး ခုနစ္ဂိုး-ဂိုးမရွိျဖစ္ေစခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ တုန္နီ၊ ကာႏို႔စ္၊ အမ္ဘူးမိုတို႔လို ကစားသမားတစ္ေယာက္မွ မပါဘဲနဲ႔ကို ဘရန႔္ဖို႔ဒ္တို႔အေနနဲ႔ အသင္းႀကီးေတြထက္ ပိုမ်ားတဲ့ သြင္းဂိုးေတြကို ရယူသြားႏိုင္ခဲ့ၿပီး စက္တင္ဘာလ ၂၂ ရက္ေန႔ည ပြဲစဥ္ေတြအၿပီးမွာေတာ့ စတုတၳအဆင့္မွာ ဘယ္ၿပိဳင္ဘက္အသင္းနဲ႔ ရင္ဆိုင္ရမယ္ဆိုတာ သိရွိရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.