Carabao & FA Match Report Premier League

ဝစ်ကွမ်းဘ်ကို ကျွဲစိမ်းဖလားမှာ ပွဲသိမ်းကစားခဲ့တဲ့ ဂိုးဒါဇင်ဝက် မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာ ဂိုးသမား စတက်ဖင်ကလွဲလို့ ခံစစ်ပိုင်းမှာ လူငယ်ကစားသမား ၅ ဦးကို ထုတ်သုံးသွားပြီး ကျန်တဲ့ စီနီယာတွေအနေနဲ့ ကစားခွင့်နည်းနေသေးတဲ့ ဒီဘရိုင်းနား၊ ဖိုဒန်၊ စတာလင်၊ မာရက်နဲ့ ဖယ်ရန် တောရက်စ်တို့ကို အသုံးပြုခဲ့ပြီး အိမ်ကွင်းမှာ ဝစ်ကွမ်းဘ်ကို ရင်ဆိုင်ကစားဖို့ ပွဲထုတ်လာခဲ့ပါတယ်။

ဝစ်ကွမ်းဘ်ဘက်ကတော့ ပရိသတ်တွေနဲ့ ရင်းနှီးနိုင်တဲ့ ကစားသမားဆိုလို့ ဖူလ်ဟမ်ဂိုးသမားဟောင်း ဒေးဗစ် စတော့ခ်ဒေးလ်နဲ့ လီဗာပူးဖန် တိုက်စစ်မှူး အဒီဘာယို အကင်ဖန်ဝါတို့ ပါဝင်လာခဲ့ပြီး အသက် ၃၉ နှစ်အရွယ် တိုက်စစ်မှူးကြီးအနေနဲ့ သူ့ရဲ့ ကြီးမားတဲ့ ကိုယ်လုံးကိုယ်ထည်နဲ့ မန်စီးတီး နောက်တန်းက လူငယ်တွေကို ဒုက္ခပေးသွားခဲ့ပါတယ်။

စတာလင်ကတော့ ဘယ်ခြမ်းမှာ ဘောလုံးအပျက်များနေပြီး အထိန်းအသိမ်းတွေက အာဆင်နယ်ရဲ့ ပေပေလောက် မဆိုးခဲ့ပေမယ့် အလုပ် သိပ်မဖြစ်ခဲ့သလို ပွဲချိန် ၂၂ မိနစ်မှာတော့ ဝစ်ကွမ်းဘ်တို့ကတောင် ဂိုးစသွင်းနိုင်ခဲ့ပြီး ထောင့်ကန်ဘောကနေ နောက်ခံလူ တာဖာဇိုလီ အနီးကပ်ချိုးပေးတာကို ဟန်လန်က ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၂၉ မိနစ်မှာတော့ စီးတီးတို့ ပြန်လည်ချေပြနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်မှာ ဘောလုံးရလာခဲ့တဲ့ ဖိုဒန်က ဘယ်တောင်ပံမှာ တစ်ယောက်တည်းလွတ်နေခဲ့တဲ့ ဒီဘရိုင်းနားဆီ ပေးပို့ခဲ့ရာမှာ အမြန်နှုန်းပြဿနာ အနည်းငယ်ရှိနေပေမယ့် အသင်းငယ်တစ်သင်းကိုတော့ ကောင်းကောင်း ထိုးဖောက်နိုင်စွမ်းတဲ့ ဘယ်လ်ဂျီယမ်ဖန်တီးရှင်က အတွင်းကို တစ်ချက်လှည့်ပြီး အဝေးတိုင်ဘက်ကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ အိမ်ရှင်တွေအနေနဲ့ ပရိသတ်တွေ စိတ်ကျေနပ်ဖို့ ဦးဆောင်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး ဘယ်နောက်ခံလူ ဝီလ်ဆန်-အက်စ်ဘရန်းရဲ့ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဝစ်ကွမ်းဘ်နောက်ခံလူကို ကျော်ဖြတ်ပြီး အတွင်းကို ပြန်ချိုးပေးတာကို ညာတောင်ပံသမား မာရက်ဇ်က ဂိုးဧရိယာထဲကနေ ပိတ်သွင်းယူခဲ့တာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ စီးတီးတို့ တတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီး ထောင့်ကန်ဘောကို ကန်မတင်ဘဲ မာရက်ဇ်က နောက်ပြန်ပေးခဲ့တာကို ကွင်းလယ်မှာ နေရာယူထားတဲ့ ဖိုဒန်က ဘယ်ခြေနဲ့ ဂိုးဧရိယာအပြင်ကနေ အပြင်းကန်သွင်းယူခဲ့ပြီး ဂိုးသမား စတော့ခ်ဒေးလ်ကို ငုတ်တုတ်မေ့စေခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တို့ သုံးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဝစ်ကွမ်းဘ်တို့ကတောင် တိုက်စစ်ဆင်နေနိုင်ခဲ့လို့ စီးတီးတို့ ဂိုးပြန်ရဖို့ ပွဲချိန် ၇၁ မိနစ်အထိ စောင့်ဆိုင်းခဲ့ရပြီး ဖိုဒန်ရဲ့ ဘယ်ခြမ်းကနေ အမြော်အမြင်ရှိရှိ ဖြတ်တင်ပေးလိုက်တဲ့ အနိမ့်ဘောကို နောက်ခံလူတွေကြားက ပြေးထွက်သွားတဲ့ ဖယ်ရန် တောရက်စ်က ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ မာရက်ဇ်က နောက်ထပ်တစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဒီဘရိုင်းနားနဲ့ စတာလင်တို့ ဝမ်းတူးရိုက်ထွက်ခဲ့ရာမှာ အင်္ဂလန် တောင်ပံသမားက ဘယ်ခြမ်းကနေ Cut Back ပြန်လုပ်ပေးတာကို နောက်မှာ အဆင်သင့်ရှိနေတဲ့ အယ်လ်ဂျီးရီးယားတောင်ပံကစားသမားက ကန်သွင်းယူခဲ့တာပါ။

ပွဲချိန် ၈၈ မိနစ်မှာတော့ ဆဋ္ဌမမြောက်ဂိုးကို လူစားဝင်လာတဲ့ လူငယ်ကွင်းလယ်လူ ကိုးလ် ပါးလ်မားက သွင်းယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်ကြောတစ်လျှောက် တစ်ကိုယ်တော် ဆွဲယူသွားခဲ့တဲ့ ကျောနံပါတ် ၈၀ ပိုင်ရှင် အင်္ဂလိပ်လူငယ်အနေနဲ့ သူ့ရဲ့ ပထမဆုံး စီနီယာအသင်းကြီးဂိုးကို ဂိုးဧရိယာအစပ်ကနေ ဘယ်ခြေနဲ့ ဝေ့ဝိုက်ကန်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အစ်တီဟတ်က ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့ ခြောက်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ကြံ့ခိုင်မှု မပြည့်ဝဘဲ ခပ်လွဲလွဲလေးတွေဖြစ်နေခဲ့တဲ့ ဒီဘရိုင်းနား၊ စတာလင်နဲ့ ဖိုဒန်တို့အတွက်တော့ ခြေနွှေးစရာမိနစ်တွေကို ရယူနိုင်ခဲ့သလို သူတို့တွေ စိုးမိုးထားတဲ့ ဒီကာရာဘောင်း ကျွဲစိမ်းဖလားကို ဆက်လက်ထိန်းသိမ်းနိုင်မယ့် ပုံစံကောင်းကိုလည်း ပြသနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ကစားခဲ့တဲ့ ကာရာေဘာင္းဖလားပြဲမွာ ဂိုးသမား စတက္ဖင္ကလြဲလို႔ ခံစစ္ပိုင္းမွာ လူငယ္ကစားသမား ၅ ဦးကို ထုတ္သုံးသြားၿပီး က်န္တဲ့ စီနီယာေတြအေနနဲ႔ ကစားခြင့္နည္းေနေသးတဲ့ ဒီဘ႐ိုင္းနား၊ ဖိုဒန္၊ စတာလင္၊ မာရက္နဲ႔ ဖယ္ရန္ ေတာရက္စ္တို႔ကို အသုံးျပဳခဲ့ၿပီး အိမ္ကြင္းမွာ ဝစ္ကြမ္းဘ္ကို ရင္ဆိုင္ကစားဖို႔ ပြဲထုတ္လာခဲ့ပါတယ္။

ဝစ္ကြမ္းဘ္ဘက္ကေတာ့ ပရိသတ္ေတြနဲ႔ ရင္းႏွီးႏိုင္တဲ့ ကစားသမားဆိုလို႔ ဖူလ္ဟမ္ဂိုးသမားေဟာင္း ေဒးဗစ္ စေတာ့ခ္ေဒးလ္နဲ႔ လီဗာပူးဖန္ တိုက္စစ္မႉး အဒီဘာယို အကင္ဖန္ဝါတို႔ ပါဝင္လာခဲ့ၿပီး အသက္ ၃၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးႀကီးအေနနဲ႔ သူ႔ရဲ႕ ႀကီးမားတဲ့ ကိုယ္လုံးကိုယ္ထည္နဲ႔ မန္စီးတီး ေနာက္တန္းက လူငယ္ေတြကို ဒုကၡေပးသြားခဲ့ပါတယ္။

စတာလင္ကေတာ့ ဘယ္ျခမ္းမွာ ေဘာလုံးအပ်က္မ်ားေနၿပီး အထိန္းအသိမ္းေတြက အာဆင္နယ္ရဲ႕ ေပေပေလာက္ မဆိုးခဲ့ေပမယ့္ အလုပ္ သိပ္မျဖစ္ခဲ့သလို ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ဝစ္ကြမ္းဘ္တို႔ကေတာင္ ဂိုးစသြင္းႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာကေန ေနာက္ခံလူ တာဖာဇိုလီ အနီးကပ္ခ်ိဳးေပးတာကို ဟန္လန္က ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ စီးတီးတို႔ ျပန္လည္ေခ်ျပႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ကြင္းလယ္မွာ ေဘာလုံးရလာခဲ့တဲ့ ဖိုဒန္က ဘယ္ေတာင္ပံမွာ တစ္ေယာက္တည္းလြတ္ေနခဲ့တဲ့ ဒီဘ႐ိုင္းနားဆီ ေပးပို႔ခဲ့ရာမွာ အျမန္ႏႈန္းျပႆနာ အနည္းငယ္ရွိေနေပမယ့္ အသင္းငယ္တစ္သင္းကိုေတာ့ ေကာင္းေကာင္း ထိုးေဖာက္ႏိုင္စြမ္းတဲ့ ဘယ္လ္ဂ်ီယမ္ဖန္တီးရွင္က အတြင္းကို တစ္ခ်က္လွည့္ၿပီး အေဝးတိုင္ဘက္ကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ အိမ္ရွင္ေတြအေနနဲ႔ ပရိသတ္ေတြ စိတ္ေက်နပ္ဖို႔ ဦးေဆာင္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၿပီး ဘယ္ေနာက္ခံလူ ဝီလ္ဆန္-အက္စ္ဘရန္းရဲ႕ တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ဝစ္ကြမ္းဘ္ေနာက္ခံလူကို ေက်ာ္ျဖတ္ၿပီး အတြင္းကို ျပန္ခ်ိဳးေပးတာကို ညာေတာင္ပံသမား မာရက္ဇ္က ဂိုးဧရိယာထဲကေန ပိတ္သြင္းယူခဲ့တာပါ။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ စီးတီးတို႔ တတိယဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာကို ကန္မတင္ဘဲ မာရက္ဇ္က ေနာက္ျပန္ေပးခဲ့တာကို ကြင္းလယ္မွာ ေနရာယူထားတဲ့ ဖိုဒန္က ဘယ္ေျခနဲ႔ ဂိုးဧရိယာအျပင္ကေန အျပင္းကန္သြင္းယူခဲ့ၿပီး ဂိုးသမား စေတာ့ခ္ေဒးလ္ကို ငုတ္တုတ္ေမ့ေစခဲ့လို႔ ပထမပိုင္းမွာ အိမ္ရွင္တို႔ သုံးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဝစ္ကြမ္းဘ္တို႔ကေတာင္ တိုက္စစ္ဆင္ေနႏိုင္ခဲ့လို႔ စီးတီးတို႔ ဂိုးျပန္ရဖို႔ ပြဲခ်ိန္ ၇၁ မိနစ္အထိ ေစာင့္ဆိုင္းခဲ့ရၿပီး ဖိုဒန္ရဲ႕ ဘယ္ျခမ္းကေန အေျမာ္အျမင္ရွိရွိ ျဖတ္တင္ေပးလိုက္တဲ့ အနိမ့္ေဘာကို ေနာက္ခံလူေတြၾကားက ေျပးထြက္သြားတဲ့ ဖယ္ရန္ ေတာရက္စ္က ပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ မာရက္ဇ္က ေနာက္ထပ္တစ္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ဒီဘ႐ိုင္းနားနဲ႔ စတာလင္တို႔ ဝမ္းတူး႐ိုက္ထြက္ခဲ့ရာမွာ အဂၤလန္ ေတာင္ပံသမားက ဘယ္ျခမ္းကေန Cut Back ျပန္လုပ္ေပးတာကို ေနာက္မွာ အဆင္သင့္ရွိေနတဲ့ အယ္လ္ဂ်ီးရီးယားေတာင္ပံကစားသမားက ကန္သြင္းယူခဲ့တာပါ။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ဆ႒မေျမာက္ဂိုးကို လူစားဝင္လာတဲ့ လူငယ္ကြင္းလယ္လူ ကိုးလ္ ပါးလ္မားက သြင္းယူႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ကြင္းလယ္ေၾကာတစ္ေလွ်ာက္ တစ္ကိုယ္ေတာ္ ဆြဲယူသြားခဲ့တဲ့ ေက်ာနံပါတ္ ၈၀ ပိုင္ရွင္ အဂၤလိပ္လူငယ္အေနနဲ႔ သူ႔ရဲ႕ ပထမဆုံး စီနီယာအသင္းႀကီးဂိုးကို ဂိုးဧရိယာအစပ္ကေန ဘယ္ေျခနဲ႔ ေဝ့ဝိုက္ကန္သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အစ္တီဟတ္က ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔ ေျခာက္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ႀကံ့ခိုင္မႈ မျပည့္ဝဘဲ ခပ္လြဲလြဲေလးေတြျဖစ္ေနခဲ့တဲ့ ဒီဘ႐ိုင္းနား၊ စတာလင္နဲ႔ ဖိုဒန္တို႔အတြက္ေတာ့ ေျခေႏႊးစရာမိနစ္ေတြကို ရယူႏိုင္ခဲ့သလို သူတို႔ေတြ စိုးမိုးထားတဲ့ ဒီကာရာေဘာင္း ကြၽဲစိမ္းဖလားကို ဆက္လက္ထိန္းသိမ္းႏိုင္မယ့္ ပုံစံေကာင္းကိုလည္း ျပသႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.