Analysis Premier League

ချဲလ်ဆီးနဲ့ မန်စီးတီးပွဲမတိုင်ခင် ပရီးမီးယားလိဂ်ချန်ပီယံကို ခန့်မှန်းလိုက်တဲ့ ရှီးရား

ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို လက်ရှိအချိန်အထိ စွဲကိုင်ထားဆဲဖြစ်တဲ့ တိုက်စစ်မှူးဟောင်းကြီး အလန်ရှီးရားက လာမယ့် ချဲလ်ဆီးအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ဇယားထိပ် တွေ့ဆုံမှုမတိုင်ခင်မှာ ဒီရာသီအတွက် ဗိုလ်စွဲမယ့်အသင်းကို ခန့်မှန်းလိုက်ပြီး သူ့အနေနဲ့ လက်ရှိချန်ပီယံဘက်ကနေ ရှောင်လွှဲချင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

ပရီးမီးယားလိဂ်ဂန္ထဝင်ကြီးအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ပြီးခဲ့တဲ့ ၅ ပွဲမှာ ရှုံးပွဲမရှိခဲ့တဲ့ အထင်ကြီးစရာ ဖြတ်သန်းမှုတွေကို သဘောကျနေပြီး စပါးစ် အသင်းကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာက ချီးကျူးစရာဖြစ်တယ်လို့ ဆိုလိုက်သလို အန်တိုနီယို ကွန်တီရဲ့ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် အင်္ဂလန်ရဲ့ ဗိုလ်တကာ့ဘုရင်အဖြစ် ဂုဏ်ဆာနိုင်ဖို့ အားလုံးကလည်း တစ်ပေးနေကြတာပါ။

ချဲလ်ဆီးအသင်းရဲ့ ချန်ပီယံအရုပ်ကားချပ်ဆက်စပ်မှု နောက်ဆုံးအပိုင်းအစကတော့ ဒီနွေရာသီမှာ ကလပ်စံချိန်တင်ကြေးနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကို တစ်ကျော့ပြန်ရောက်လာတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးပဲဖြစ်ပြီး အသင်းရဲ့ အင်အားကို ကြီးကြီးမားမား တိုးတက်စေခဲ့တယ်လို့လည်း ရှီးရားက ယူဆနေပါတယ်။

“ပရီးမီးယားလိဂ်အတွက် ပြေးပွဲကြီးက ခုမှ စ,တုန်းရှိပါသေးတယ်။ ဒါပေမယ့် ချဲလ်ဆီးကတော့ သူတို့ကို ရပ်တန့်ဖို့ ခက်ခဲတဲ့ ပုံစံကို ပြသနေတာ ဖြစ်ပါတယ်။ သောမတ်စ် တူဟယ်လ်ရဲ့ လူတွေက လက်ရှိမှာ ချန်ပီယံဆုအတွက် အတော်လေး စိတ်ဓာတ်ပြင်းပြနေကြသလို တော်တော်လေး အထင်ကြီးဖို့ ကောင်းတဲ့ ပုံစံလည်း ပြသနေတာပါ”

“ဇန်နဝါရီတုန်းကတော့ တူဟယ်လ်ရဲ့ အသင်းက သိပ်ပြီး အထင်ကြီးစရာမရှိသလို ကစားပုံမကောင်းခဲ့တာတွေလည်း အများကြီးပါ… ပြီးခဲ့တဲ့ အန်းဖီးလ်မှာ ရီးစ် ဂျိမ်းစ် အထုတ်ခံခဲ့ရတုန်းကလိုမျိုးပေါ့။ ဒါပေမယ့် ပြီးခဲ့တဲ့ ဝှိုက်ဟတ်လိန်းက သုံးဂိုး-ဂိုးမရှိနိုင်ပွဲက လက်ဖျားခါစရာဖြစ်ပြီး သူတို့ရဲ့ တောင့်တင်းတဲ့ အင်အားအပြင် နည်းပြရဲ့ စွမ်းရည်ကိုလည်း ပြသနိုင်ခဲ့ပါတယ်”

လာမယ့်အပတ်မှာတော့ လက်ရှိချန်ပီယံတွေနဲ့ ရင်ဆိုင်ရမယ့် ချဲလ်ဆီးတို့အတွက်တော့ ရှီးရားက မန်စီးတီးတို့အနေနဲ့ သူတို့ကို အကြောင်ရိုက်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး တူဟယ်လ်လက်အောက်မှာ ဂွါဒီယိုလာရဲ့ လူတွေကို ချန်ပီယံလိဂ်ဖိုင်နယ်အပါအဝင် သုံးကြိမ်တိုင်တိုင် တီးထားခဲ့တဲ့ ပုံစံက စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ယူဖို့ အဆင်သင့်ပဲလို့ ဆိုလိုက်တာပါ။

အလန် ရှီးရားအနေနဲ့ ဘီဘီစီကို ပြောကြားခဲ့ရာမှာ ချန်ပီယံကို အတိအလင်း ထုတ်မပြောသွားခဲ့ပေမယ့် ချဲလ်ဆီးအသင်းရဲ့ ပုံစံကောင်းကိုတော့ ရပ်တန့်လို့ မရနိုင်ကြောင်း ဆိုသွားခဲ့တဲ့အတွက် ဒီတစ်ပတ်ပွဲစဉ်နဲ့ တစ်ရာသီစာပြိုင်ပွဲမှာ သောမတ်စ် တူဟယ်လ်အနေနဲ့ အသင်းကို ချန်ပီယံဆုရအောင် လုပ်ပြနိုင်လိမ့်မယ်လို့ ပြောလိုက်တာပဲဖြစ်ကြောင်း The Sun က သုံးသပ်ရေးသားထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းအမ်ားဆုံးစံခ်ိန္ကို လက္ရွိအခ်ိန္အထိ စြဲကိုင္ထားဆဲျဖစ္တဲ့ တိုက္စစ္မႉးေဟာင္းႀကီး အလန္ရွီးရားက လာမယ့္ ခ်ဲလ္ဆီးအသင္းနဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔ရဲ႕ ဇယားထိပ္ ေတြ႕ဆုံမႈမတိုင္ခင္မွာ ဒီရာသီအတြက္ ဗိုလ္စြဲမယ့္အသင္းကို ခန႔္မွန္းလိုက္ၿပီး သူ႔အေနနဲ႔ လက္ရွိခ်န္ပီယံဘက္ကေန ေရွာင္လႊဲခ်င္တဲ့ အေနအထားမွာ ရွိေနပါတယ္။

ပရီးမီးယားလိဂ္ဂႏၴဝင္ႀကီးအေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ၿပီးခဲ့တဲ့ ၅ ပြဲမွာ ရႈံးပြဲမရွိခဲ့တဲ့ အထင္ႀကီးစရာ ျဖတ္သန္းမႈေတြကို သေဘာက်ေနၿပီး စပါးစ္ အသင္းကို သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တာက ခ်ီးက်ဴးစရာျဖစ္တယ္လို႔ ဆိုလိုက္သလို အန္တိုနီယို ကြန္တီရဲ႕ ေနာက္ပိုင္းမွာ ပထမဆုံးအႀကိမ္ အဂၤလန္ရဲ႕ ဗိုလ္တကာ့ဘုရင္အျဖစ္ ဂုဏ္ဆာႏိုင္ဖို႔ အားလုံးကလည္း တစ္ေပးေနၾကတာပါ။

ခ်ဲလ္ဆီးအသင္းရဲ႕ ခ်န္ပီယံအ႐ုပ္ကားခ်ပ္ဆက္စပ္မႈ ေနာက္ဆုံးအပိုင္းအစကေတာ့ ဒီေႏြရာသီမွာ ကလပ္စံခ်ိန္တင္ေၾကးနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို တစ္ေက်ာ့ျပန္ေရာက္လာတဲ့ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးပဲျဖစ္ၿပီး အသင္းရဲ႕ အင္အားကို ႀကီးႀကီးမားမား တိုးတက္ေစခဲ့တယ္လို႔လည္း ရွီးရားက ယူဆေနပါတယ္။

“ပရီးမီးယားလိဂ္အတြက္ ေျပးပြဲႀကီးက ခုမွ စ,တုန္းရွိပါေသးတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးကေတာ့ သူတို႔ကို ရပ္တန႔္ဖို႔ ခက္ခဲတဲ့ ပုံစံကို ျပသေနတာ ျဖစ္ပါတယ္။ ေသာမတ္စ္ တူဟယ္လ္ရဲ႕ လူေတြက လက္ရွိမွာ ခ်န္ပီယံဆုအတြက္ အေတာ္ေလး စိတ္ဓာတ္ျပင္းျပေနၾကသလို ေတာ္ေတာ္ေလး အထင္ႀကီးဖို႔ ေကာင္းတဲ့ ပုံစံလည္း ျပသေနတာပါ”

“ဇန္နဝါရီတုန္းကေတာ့ တူဟယ္လ္ရဲ႕ အသင္းက သိပ္ၿပီး အထင္ႀကီးစရာမရွိသလို ကစားပုံမေကာင္းခဲ့တာေတြလည္း အမ်ားႀကီးပါ… ၿပီးခဲ့တဲ့ အန္းဖီးလ္မွာ ရီးစ္ ဂ်ိမ္းစ္ အထုတ္ခံခဲ့ရတုန္းကလိုမ်ိဳးေပါ့။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ဝႈိက္ဟတ္လိန္းက သုံးဂိုး-ဂိုးမရွိႏိုင္ပြဲက လက္ဖ်ားခါစရာျဖစ္ၿပီး သူတို႔ရဲ႕ ေတာင့္တင္းတဲ့ အင္အားအျပင္ နည္းျပရဲ႕ စြမ္းရည္ကိုလည္း ျပသႏိုင္ခဲ့ပါတယ္”

လာမယ့္အပတ္မွာေတာ့ လက္ရွိခ်န္ပီယံေတြနဲ႔ ရင္ဆိုင္ရမယ့္ ခ်ဲလ္ဆီးတို႔အတြက္ေတာ့ ရွီးရားက မန္စီးတီးတို႔အေနနဲ႔ သူတို႔ကို အေၾကာင္႐ိုက္ဖို႔ ျဖစ္ႏိုင္မွာ မဟုတ္ဘူးလို႔ ဆိုလိုက္ၿပီး တူဟယ္လ္လက္ေအာက္မွာ ဂြါဒီယိုလာရဲ႕ လူေတြကို ခ်န္ပီယံလိဂ္ဖိုင္နယ္အပါအဝင္ သုံးႀကိမ္တိုင္တိုင္ တီးထားခဲ့တဲ့ ပုံစံက စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အႏိုင္ယူဖို႔ အဆင္သင့္ပဲလို႔ ဆိုလိုက္တာပါ။

အလန္ ရွီးရားအေနနဲ႔ ဘီဘီစီကို ေျပာၾကားခဲ့ရာမွာ ခ်န္ပီယံကို အတိအလင္း ထုတ္မေျပာသြားခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းရဲ႕ ပုံစံေကာင္းကိုေတာ့ ရပ္တန႔္လို႔ မရႏိုင္ေၾကာင္း ဆိုသြားခဲ့တဲ့အတြက္ ဒီတစ္ပတ္ပြဲစဥ္နဲ႔ တစ္ရာသီစာၿပိဳင္ပြဲမွာ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ အသင္းကို ခ်န္ပီယံဆုရေအာင္ လုပ္ျပႏိုင္လိမ့္မယ္လို႔ ေျပာလိုက္တာပဲျဖစ္ေၾကာင္း The Sun က သုံးသပ္ေရးသားထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.