Ligue1 Premier League UCL&UEL

မက်ဆီဟာ ဘာစီလိုနာကလွဲပြီး ရမှာ မဟုတ်ဘူးလို့ CR7 နဲ့ နှိုင်းယှဉ်ပြခဲ့တဲ့ ဖာဂူဆန်

ပီအက်စ်ဂျီအသင်းမှာ ပြင်သစ်လီဂူးဝမ်း ပြည်တွင်းပွဲစဉ် ၂ ပွဲနဲ့ ချန်ပီယံလိဂ် ၁ ပွဲမှာ စုစုပေါင်း မိနစ် ၁၉၀ ကစားပြီးခဲ့တဲ့ လီယွန်နယ် မက်ဆီအနေနဲ့ သွင်းဂိုးမရသေးရုံသာမက ဂိုးပါဝင်ပတ်သက်မှုတစ်ခုအဖြစ် ဖန်တီးမှုတောင်မှ မလုပ်နိုင်ခဲ့တာကတော့ သူ့ရဲ့ ပရိသတ်တွေ မခံချိမခံသာစရာဖြစ်နေပြီး ဒီအတွက် မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ပြောလိုက်တဲ့ စကားမှန်နေပြီလို့ လူတွေက ဆိုနေကြပါတယ်။

ဘာစီလိုနာအသင်းက ထွက်ခွာခဲ့ချိန်မှာ နိုင်ငံတကာပြိုင်ပွဲတွေမှာ အာဂျင်တီးနားအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ထပ်ပြိုင်ပွဲ အစိမ်းသက်သက်တစ်ခုဖြစ်တဲ့ Farmers’ League ခေါ် လီဂူးဝမ်းမှာတော့ ဂန္ထဝင်တိုက်စစ်မှူးအနေနဲ့ ရုန်းကန်နေခဲ့ရပြီး လက်ရှိအချိန်မှာတော့ အသင်းသစ် မန်ချက်စတာယူနိုက်တက်မှာ ၃ ပွဲကစား ၄ ဂိုးသွင်းယူထားတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်ရင် မရှုမလှဖြစ်နေခဲ့တာပါ။

ပြင်သစ်မြေက ပွဲထွက်အဖြစ် အဝေးကွင်းမှာ ရိမ်းစ်နဲ့ ၂၄ မိနစ် ပါဝင်ကစားအပြီးမှာတော့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ် ကလပ်ဘရုဂျ်နဲ့ပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့လို့ အိမ်ကွင်းပထမဆုံး ပွဲဦးထွက်အဖြစ် လီယွန်နဲ့ ကစားခဲ့ရာမှာ ဂိုးသွင်းယူနိုင်မယ်လို့ ဘောလုံးပရိသတ်တွေက ခန့်မှန်းခဲ့ကြပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲဖြစ်ခဲ့ပြီး သူ့အနေနဲ့ ဖရီးကစ်ကနေ ဂိုးဘားစွန်းကို ထိအောင်ပဲ တတ်နိုင်ခဲ့တာဖြစ်ပါတယ်။

“လူတွေက ဘယ်သူက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားလဲတဲ့… လူအများစုက မက်ဆီလို့ ပြောတာ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါကို ခင်ဗျား သွားငြင်းလို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ရော်နယ်လ်ဒိုဟာ အသင်းကြီးတွေမှာ မဟုတ်ဘဲ မီးလ်ဝေါလ်၊ ကျူပီအာ၊ ဒွန်ကက်စတာ ရိုဗာစ်လို အသင်းတွေမှာ ဘယ်အသင်းနဲ့ပဲဖြစ်ဖြစ် ယှဉ်ပြိုင်ကစားဦး၊ ဟက်ထရစ်သွင်းယူနိုင်မယ့် ကစားသမားမျိုးဖြစ်ပါတယ်”လို့ ဖာဂူဆန်က အစချီပါတယ်။

“ကျွန်တော့်အနေနဲ့ မက်ဆီ အဲ့ဒီလို လုပ်ပြနိုင်မယ်လို့ သိပ်မသေချာပါဘူး။ ရော်နယ်လ်ဒိုက ခြေနှစ်ဖက်စလုံး သန်စွမ်းတယ်။ လေထဲမှာလည်း အကောင်းဆုံးအနေအထားတစ်ခုမှာရှိပြီး ရဲရင်တဲ့ ကစားသမားမျိုးပါ။ မက်ဆီကလည်း ရဲရင့်ပါတယ်လေ… ဒါပေမယ့် မက်ဆီက ဘာစီလိုနာတစ်သင်းတည်း အတွက် ဖြစ်ပေါ်လာတဲ့ ကစားသမားမျိုးပါပဲ”လို့ စကော့တလန်ဂန္ထဝင်နည်းပြကြီးက ဆိုသွားခဲ့ပါ။

လက်ရှိမှာတော့ သူ့ရဲ့ စကားက သွေးထွက်အောင် မှန်သလိုဖြစ်လာခဲ့ပြီး မက်ဆီဟာ ပြင်သစ်လီဂူးဝမ်းမှာ ယှဉ်ပြိုင်နိုင်သူ မရှိတဲ့ ပီအက်စ်ဂျီအသင်းမှာ ကစားနေရပေမယ့် ဂိုးမရဘဲ ပြိုင်ပွဲစုံမှာ ဖရီးကစ်တွေကနေ ဘားနှစ်ကြိမ်ထိအောင်သာ စွမ်းဆောင်ထားနိုင်တာက အမြင့်ဆုံးဖြစ်နေချိန်မှာ ရော်နယ်လ်ဒိုကတော့ အသက် ၃၆ နှစ်အရွယ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲတိုင်းမှာ ဂိုးသွင်းလို့ကောင်းနေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှတ်တမ်းတွေအရ မက်ဆီကွင်းထဲမှာ မရှိချိန်မှာ ပီအက်စ်ဂျီအသင်းက ပိုကောင်းနေတာဖြစ်ပြီး လီယွန်နဲ့ပွဲမှာလည်း သူထွက်သွားချိန်မှာမှ အနိုင်ဂိုးကို တောင်ပံပြောင်းကစားတဲ့ ခီလီယန် အမ်ဘာပေရဲ့ ဖြတ်တင်ဘောကနေ တိုက်စစ်မှူး မော်ရို အီကာဒီက သွင်းယူပေးနိုင်ခဲ့သလို တစ်ဖက်မှာတော့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးတွေသာ မပါရင် နိုင်ပွဲပျောက်ပြီး အမှတ်လက်မဲ့ဖြစ်နေနိုင်တာပါ။

ရာသီအစဖြစ်လို့ သူတို့နှစ်ဦးရဲ့ နှိုင်းယှဉ်မှုတွေက ပြောဖို့စောသေးတယ်လို့ တချို့တွေက ခုခံကာကွယ်နေခဲ့ကြပေမယ့် ဘာစီလိုနာနဲ့အတူ ဂိုးရနိုင်ခွင့် xG ၁.၁၁၅၊ ဂိုးဖန်တီးမှု xA ၀.၉၆ ရှာဖွေနိုင်ခဲ့တဲ့ ၃၄ နှစ်သားကြီးအနေနဲ့ ပီအက်စ်ဂျီမှာ ၀.၃၈ နဲ့ ၀.၂၆ အသီးသီးဖြစ်နေခဲ့ပြီး တစ်ပွဲလုံး စွမ်းဆောင်ရည်အရပါ ထိပ်တန်းအဆင့်မှာ ရှိမနေခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် မိုက်ကယ် အိုဝင်ရဲ့ “ပီအက်စ်ဂျီမှာ မက်ဆီပါတာက အသင်းကို အားနည်းသွားစေတယ်”ဆိုတဲ့ စကားနဲ့ ဖာဂူဆန်ရဲ့ “မက်ဆီက ဘာစီလိုနာပုံစံမို့ တခြားမှာ ရမှာ မဟုတ်ဘူး”လို့ သဘောဆောင်တဲ့ ပြောကြားမှုတွေကတော့ မှန်ကန်နေသလိုဖြစ်နေပြီး အာဂျင်တီးနား GOAT ရဲ့ ပရိသတ်တွေ ငြင်းရခက်နေခဲ့တာမို့ ကစားသမားကိုယ်တိုင် လာမယ့်ပွဲတွေမှ ဂိုးသွင်းပြမှပဲ ဖြစ်တော့မယ်လို့ သုံးသပ်နေကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းမွာ ျပင္သစ္လီဂူးဝမ္း ျပည္တြင္းပြဲစဥ္ ၂ ပြဲနဲ႔ ခ်န္ပီယံလိဂ္ ၁ ပြဲမွာ စုစုေပါင္း မိနစ္ ၁၉၀ ကစားၿပီးခဲ့တဲ့ လီယြန္နယ္ မက္ဆီအေနနဲ႔ သြင္းဂိုးမရေသး႐ုံသာမက ဂိုးပါဝင္ပတ္သက္မႈတစ္ခုအျဖစ္ ဖန္တီးမႈေတာင္မွ မလုပ္ႏိုင္ခဲ့တာကေတာ့ သူ႔ရဲ႕ ပရိသတ္ေတြ မခံခ်ိမခံသာစရာျဖစ္ေနၿပီး ဒီအတြက္ မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ ေျပာလိုက္တဲ့ စကားမွန္ေနၿပီလို႔ လူေတြက ဆိုေနၾကပါတယ္။

ဘာစီလိုနာအသင္းက ထြက္ခြာခဲ့ခ်ိန္မွာ ႏိုင္ငံတကာၿပိဳင္ပြဲေတြမွာ အာဂ်င္တီးနားအသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ေနာက္ထပ္ၿပိဳင္ပြဲ အစိမ္းသက္သက္တစ္ခုျဖစ္တဲ့ Farmers’ League ေခၚ လီဂူးဝမ္းမွာေတာ့ ဂႏၴဝင္တိုက္စစ္မႉးအေနနဲ႔ ႐ုန္းကန္ေနခဲ့ရၿပီး လက္ရွိအခ်ိန္မွာေတာ့ အသင္းသစ္ မန္ခ်က္စတာယူႏိုက္တက္မွာ ၃ ပြဲကစား ၄ ဂိုးသြင္းယူထားတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ႏႈိင္းယွဥ္ရင္ မရႈမလွျဖစ္ေနခဲ့တာပါ။

ျပင္သစ္ေျမက ပြဲထြက္အျဖစ္ အေဝးကြင္းမွာ ရိမ္းစ္နဲ႔ ၂၄ မိနစ္ ပါဝင္ကစားအၿပီးမွာေတာ့ ခ်န္ပီယံလိဂ္အေဝးကြင္းပြဲစဥ္ ကလပ္ဘ႐ုဂ်္နဲ႔ပြဲမွာ ပြဲခ်ိန္ျပည့္ ပါဝင္ကစားခဲ့ၿပီး ဂိုးမသြင္းႏိုင္ခဲ့လို႔ အိမ္ကြင္းပထမဆုံး ပြဲဦးထြက္အျဖစ္ လီယြန္နဲ႔ ကစားခဲ့ရာမွာ ဂိုးသြင္းယူႏိုင္မယ္လို႔ ေဘာလုံးပရိသတ္ေတြက ခန႔္မွန္းခဲ့ၾကေပမယ့္ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ဘဲျဖစ္ခဲ့ၿပီး သူ႔အေနနဲ႔ ဖရီးကစ္ကေန ဂိုးဘားစြန္းကို ထိေအာင္ပဲ တတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

“လူေတြက ဘယ္သူက ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားလဲတဲ့… လူအမ်ားစုက မက္ဆီလို႔ ေျပာတာ မွန္ေကာင္းမွန္ႏိုင္ပါတယ္။ ဒါကို ခင္ဗ်ား သြားျငင္းလို႔ မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ အဲ့ဒီအခ်ိန္မွာ ေရာ္နယ္လ္ဒိုဟာ အသင္းႀကီးေတြမွာ မဟုတ္ဘဲ မီးလ္ေဝါလ္၊ က်ဴပီအာ၊ ဒြန္ကက္စတာ ႐ိုဗာစ္လို အသင္းေတြမွာ ဘယ္အသင္းနဲ႔ပဲျဖစ္ျဖစ္ ယွဥ္ၿပိဳင္ကစားဦး၊ ဟက္ထရစ္သြင္းယူႏိုင္မယ့္ ကစားသမားမ်ိဳးျဖစ္ပါတယ္”လို႔ ဖာဂူဆန္က အစခ်ီပါတယ္။

“ကြၽန္ေတာ့္အေနနဲ႔ မက္ဆီ အဲ့ဒီလို လုပ္ျပႏိုင္မယ္လို႔ သိပ္မေသခ်ာပါဘူး။ ေရာ္နယ္လ္ဒိုက ေျခႏွစ္ဖက္စလုံး သန္စြမ္းတယ္။ ေလထဲမွာလည္း အေကာင္းဆုံးအေနအထားတစ္ခုမွာရွိၿပီး ရဲရင္တဲ့ ကစားသမားမ်ိဳးပါ။ မက္ဆီကလည္း ရဲရင့္ပါတယ္ေလ… ဒါေပမယ့္ မက္ဆီက ဘာစီလိုနာတစ္သင္းတည္း အတြက္ ျဖစ္ေပၚလာတဲ့ ကစားသမားမ်ိဳးပါပဲ”လို႔ စေကာ့တလန္ဂႏၴဝင္နည္းျပႀကီးက ဆိုသြားခဲ့ပါ။

လက္ရွိမွာေတာ့ သူ႔ရဲ႕ စကားက ေသြးထြက္ေအာင္ မွန္သလိုျဖစ္လာခဲ့ၿပီး မက္ဆီဟာ ျပင္သစ္လီဂူးဝမ္းမွာ ယွဥ္ၿပိဳင္ႏိုင္သူ မရွိတဲ့ ပီအက္စ္ဂ်ီအသင္းမွာ ကစားေနရေပမယ့္ ဂိုးမရဘဲ ၿပိဳင္ပြဲစုံမွာ ဖရီးကစ္ေတြကေန ဘားႏွစ္ႀကိမ္ထိေအာင္သာ စြမ္းေဆာင္ထားႏိုင္တာက အျမင့္ဆုံးျဖစ္ေနခ်ိန္မွာ ေရာ္နယ္လ္ဒိုကေတာ့ အသက္ ၃၆ ႏွစ္အ႐ြယ္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပြဲတိုင္းမွာ ဂိုးသြင္းလို႔ေကာင္းေနခဲ့တာျဖစ္ပါတယ္။

လက္ရွိမွတ္တမ္းေတြအရ မက္ဆီကြင္းထဲမွာ မရွိခ်ိန္မွာ ပီအက္စ္ဂ်ီအသင္းက ပိုေကာင္းေနတာျဖစ္ၿပီး လီယြန္နဲ႔ပြဲမွာလည္း သူထြက္သြားခ်ိန္မွာမွ အႏိုင္ဂိုးကို ေတာင္ပံေျပာင္းကစားတဲ့ ခီလီယန္ အမ္ဘာေပရဲ႕ ျဖတ္တင္ေဘာကေန တိုက္စစ္မႉး ေမာ္႐ို အီကာဒီက သြင္းယူေပးႏိုင္ခဲ့သလို တစ္ဖက္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ေရာ္နယ္လ္ဒိုရဲ႕ သြင္းဂိုးေတြသာ မပါရင္ ႏိုင္ပြဲေပ်ာက္ၿပီး အမွတ္လက္မဲ့ျဖစ္ေနႏိုင္တာပါ။

ရာသီအစျဖစ္လို႔ သူတို႔ႏွစ္ဦးရဲ႕ ႏႈိင္းယွဥ္မႈေတြက ေျပာဖို႔ေစာေသးတယ္လို႔ တခ်ိဳ႕ေတြက ခုခံကာကြယ္ေနခဲ့ၾကေပမယ့္ ဘာစီလိုနာနဲ႔အတူ ဂိုးရႏိုင္ခြင့္ xG ၁.၁၁၅၊ ဂိုးဖန္တီးမႈ xA ၀.၉၆ ရွာေဖြႏိုင္ခဲ့တဲ့ ၃၄ ႏွစ္သားႀကီးအေနနဲ႔ ပီအက္စ္ဂ်ီမွာ ၀.၃၈ နဲ႔ ၀.၂၆ အသီးသီးျဖစ္ေနခဲ့ၿပီး တစ္ပြဲလုံး စြမ္းေဆာင္ရည္အရပါ ထိပ္တန္းအဆင့္မွာ ရွိမေနခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ မိုက္ကယ္ အိုဝင္ရဲ႕ “ပီအက္စ္ဂ်ီမွာ မက္ဆီပါတာက အသင္းကို အားနည္းသြားေစတယ္”ဆိုတဲ့ စကားနဲ႔ ဖာဂူဆန္ရဲ႕ “မက္ဆီက ဘာစီလိုနာပုံစံမို႔ တျခားမွာ ရမွာ မဟုတ္ဘူး”လို႔ သေဘာေဆာင္တဲ့ ေျပာၾကားမႈေတြကေတာ့ မွန္ကန္ေနသလိုျဖစ္ေနၿပီး အာဂ်င္တီးနား GOAT ရဲ႕ ပရိသတ္ေတြ ျငင္းရခက္ေနခဲ့တာမို႔ ကစားသမားကိုယ္တိုင္ လာမယ့္ပြဲေတြမွ ဂိုးသြင္းျပမွပဲ ျဖစ္ေတာ့မယ္လို႔ သုံးသပ္ေနၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.