Premier League Transfer News

21 Sep နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ အကယ်ဒမီအကြီးအကဲ ပါ မာတီဆက်ကာက လက်ရှိအသင်းလူစာရင်းရဲ့ တောင့်တင်းမှုဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့အတွက် မဖြစ်နိုင်ဘူးလို့ ပြောကြားလိုက်ပြီး အသင်းတာဝန်ရှိသူတွေအနေနဲ့ လာမယ့်ရာသီတွေမှာ ပိုမိုကောင်းမွန်တဲ့ လူစာရင်းကို ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းလိုက်သလို ပရိသတ်တွေနဲ့ ဝန်ထမ်းတွေကိုလည်း အကောင်းမြင်ပြီး ကူညီအားပေးဖို့ ပြောကြား။

– ပျယ်-အမ်မရိခ် အူဘာမီယန်းရဲ့ ခြေစွမ်းကျဆင်းမှုနဲ့ ဂိုးပေါက်ပျောက်ဆုံးမှုတွေအတွက် ကာယကံရှင်ကိုပဲ အပြစ်တင်နေလို့ မရဘဲ အာဆင်နယ်အသင်းအနေနဲ့ ဂါဘွန်သားရဲ့ အကြိုက်ကို သိသင့်ကြောင်းနဲ့ ဘောလုံးရတာနဲ့ ကွင်းလယ်မှာ ဝေ့မနေဘဲ တိုက်စစ်ကို အမြန်ဆုံး သွားနိုင်အောင် လုပ်ရမှာဖြစ်ကြောင်း ရီယို ဖာဒီနန် ဝေဖန်သွား။

– အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်က သူ့ရဲ့ နှလုံးသွေးရပ်တန့်သွားလောက်အောင်ဖြစ်ခဲ့ရတဲ့ နောက်ပြန်ပေးမှုအမှားကနေ ကယ်တင်ခဲ့တဲ့ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပြီး သူ့ကို ဒုက္ခမရောက်အောင် ကာကွယ်ပေးခဲ့တယ်လို့ အသင်း ဝက်ဘ်ဆိုက်ကတစ်ဆင့် ဝန်ခံသွားခဲ့။

– အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတွေက အလိုရှိနေတဲ့ ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားက သူ့အနေနဲ့ ဒီအသင်းမှာ ဆက်နေတာက လက်ရှိအခြေအနေမှာ အသင့်တော်ဆုံးလို့ ခံစားမိတာကြောင့် မထွက်ခွာဖြစ်ခဲ့တာလို့ ရှင်းပြလိုက်ပြီး အနာဂတ်မှာတော့ ဒီလိုမျိုး အသင်းကြီးတွေနဲ့ ပူးပေါင်းဖို့ အနေအထားကို ရောက်ရှိလာနိုင်ကြောင်းဆို။

– ဘန်လေနဲ့ပွဲမှာ တစ်ဖက်ကစားသမားရဲ့ ရန်ပြုမှုကနေ ဂိုးသမား ရမ်းစ်ဒေးလ်က ကာကွယ်ပေးခဲ့သလို အဲ့ဒီပွဲမှာ နှစ်ဦးအငြင်းပွားသလို ဖြစ်ခဲ့ကြပေမယ့် ပွဲထဲက ကိစ္စ ပွဲထဲမှာပဲ ထားခဲ့ကြောင်း နောက်ခံလူ တီယာနီက အင်စတာဂရမ်မှာ ရေးတင်ခဲ့စဉ်မှာ အင်္ဂလန်ဂိုးသမားက ပြန်လည်စနောက်ခဲ့ပြီး ပရိသတ်တွေက သူတို့နှစ်ဦးကြား Bromance ရှိနေပြီလို့ ချစ်စနိုးဆိုနေကြ။

– ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ်တူးမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာဟာ သိပ်ကောင်းတဲ့ အသင်းလိုက် စွမ်းဆောင်ရည်လို့ ရေးတင်ခဲ့တဲ့ လူငယ်ကွင်းလယ်လူ ချာလီ ပါတီနိုဟာ အသင်းအတွက် အနာဂတ်မှာ အားကိုးရမယ့်သူအဖြစ် ရှုမြင်ခံထားရသလို ၁၇ နှစ်သားအနေနဲ့ လက်ရှိကွင်းလယ်လူ ဂရာနစ် ချာကာထက် ပိုကောင်းနေပြီလို့ပါ ပရိသတ်တွေ မှတ်ချက်ပေးခဲ့ကြ။

– အာဆင်နယ်အသင်းအနေနဲ့ ဆောင်းရာသီအပြောင်းအရွှေ့ ဈေးကွက်မှာ အထောင်တိုက်စစ်မှူးတစ်ဦး ထပ်မံဝယ်ယူသွားဖို့ စီစဉ်နေပြီး အင်တာမီလန်ရဲ့ လော်တာရို မာတီနက်ဇ်ကို လက်လွှတ်ရနိုင်ပေမယ့် တခြားပစ်မှတ်တွေကို ကြိုးစားသွားဖို့ ရှိသလို ဝါရင့်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကိုလည်း ရောင်းထုတ်သွားဖို့ ပြင်ဆင်ထား။

– ယူ-၂၃ အသင်းနည်းပြ ကီဗင် ဘက်ဆီအတွက် အကောင်းဆုံးခြေစွမ်းပြနေပြီး ချဲလ်ဆီးကို ခြောက်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယား လိဂ်တူးပွဲစဉ်မှာ ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ လူငယ်တိုက်စစ်မှူး မီကာ ဘီးရက်သ်ကို လာမယ့်နှစ်အနည်းငယ်အတွင်း အာဆင်နယ် အသင်းကြီးက အားကိုးနိုင်တော့မယ်လို့ ကျွမ်းကျင်သူအချို့ ချီးကျူး။

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူဟောင်းကြီး ပေါလ် မာဆန်က သူ့ရဲ့ တင်ဆက်မှုမှာ ဒီတစ်ပတ် ယှဉ်ပြိုင်ကစားရမယ့် မြောက်လန်ဒန် ဒါဘီ တော့တင်ဟမ်ဟော့စပါးစ်နဲ့ပွဲစဉ်ကို ဂန်းနားတွေအနေနဲ့ လုံးဝ မရှုံးနိုင်ဘဲ အနိုင်နဲ့ သရေပဲလို့ ခန့်မှန်းသွားခဲ့ပြီး နည်းပြ နူနို ဆန်တိုရဲ့ ဖရိုဖရဲဖြစ်နေတဲ့ အသင်းပုံစံကို ထောက်ပြသွား။

– အာဆင်နယ်အသင်းရဲ့ ဘယ်တောင်ပံမှာ ကစားနေရပြီး အကောင်းဆုံးနေရာမှာ မဟုတ်တာကြောင့် ခြေစွမ်းကျဆင်းသလိုဖြစ်နေတဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာကို လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ဂျူဗင်တပ်စ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပေါင်သန်း ၅၀ အထက်ရရှိရင် လက်လွှတ်မယ်ဆိုတဲ့ သတင်းက ပရိသတ်တွေ ဒေါသထွက်စရာ ဖြစ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ အကယ္ဒမီအႀကီးအကဲ ပါ မာတီဆက္ကာက လက္ရွိအသင္းလူစာရင္းရဲ႕ ေတာင့္တင္းမႈဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရဖို႔အတြက္ မျဖစ္ႏိုင္ဘူးလို႔ ေျပာၾကားလိုက္ၿပီး အသင္းတာဝန္ရွိသူေတြအေနနဲ႔ လာမယ့္ရာသီေတြမွာ ပိုမိုေကာင္းမြန္တဲ့ လူစာရင္းကို ရင္းႏွီးျမႇဳပ္ႏွံဖို႔ တိုက္တြန္းလိုက္သလို ပရိသတ္ေတြနဲ႔ ဝန္ထမ္းေတြကိုလည္း အေကာင္းျမင္ၿပီး ကူညီအားေပးဖို႔ ေျပာၾကား။

– ပ်ယ္-အမ္မရိခ္ အူဘာမီယန္းရဲ႕ ေျခစြမ္းက်ဆင္းမႈနဲ႔ ဂိုးေပါက္ေပ်ာက္ဆုံးမႈေတြအတြက္ ကာယကံရွင္ကိုပဲ အျပစ္တင္ေနလို႔ မရဘဲ အာဆင္နယ္အသင္းအေနနဲ႔ ဂါဘြန္သားရဲ႕ အႀကိဳက္ကို သိသင့္ေၾကာင္းနဲ႔ ေဘာလုံးရတာနဲ႔ ကြင္းလယ္မွာ ေဝ့မေနဘဲ တိုက္စစ္ကို အျမန္ဆုံး သြားႏိုင္ေအာင္ လုပ္ရမွာျဖစ္ေၾကာင္း ရီယို ဖာဒီနန္ ေဝဖန္သြား။

– အာဆင္နယ္ေနာက္ခံလူ ဘန္ဝႈိက္က သူ႔ရဲ႕ ႏွလုံးေသြးရပ္တန႔္သြားေလာက္ေအာင္ျဖစ္ခဲ့ရတဲ့ ေနာက္ျပန္ေပးမႈအမွားကေန ကယ္တင္ခဲ့တဲ့ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားလိုက္ၿပီး သူ႔ကို ဒုကၡမေရာက္ေအာင္ ကာကြယ္ေပးခဲ့တယ္လို႔ အသင္း ဝက္ဘ္ဆိုက္ကတစ္ဆင့္ ဝန္ခံသြားခဲ့။

– အာဆင္နယ္၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္အသင္းေတြက အလိုရွိေနတဲ့ ဘ႐ိုက္တန္ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားက သူ႔အေနနဲ႔ ဒီအသင္းမွာ ဆက္ေနတာက လက္ရွိအေျခအေနမွာ အသင့္ေတာ္ဆုံးလို႔ ခံစားမိတာေၾကာင့္ မထြက္ခြာျဖစ္ခဲ့တာလို႔ ရွင္းျပလိုက္ၿပီး အနာဂတ္မွာေတာ့ ဒီလိုမ်ိဳး အသင္းႀကီးေတြနဲ႔ ပူးေပါင္းဖို႔ အေနအထားကို ေရာက္ရွိလာႏိုင္ေၾကာင္းဆို။

– ဘန္ေလနဲ႔ပြဲမွာ တစ္ဖက္ကစားသမားရဲ႕ ရန္ျပဳမႈကေန ဂိုးသမား ရမ္းစ္ေဒးလ္က ကာကြယ္ေပးခဲ့သလို အဲ့ဒီပြဲမွာ ႏွစ္ဦးအျငင္းပြားသလို ျဖစ္ခဲ့ၾကေပမယ့္ ပြဲထဲက ကိစၥ ပြဲထဲမွာပဲ ထားခဲ့ေၾကာင္း ေနာက္ခံလူ တီယာနီက အင္စတာဂရမ္မွာ ေရးတင္ခဲ့စဥ္မွာ အဂၤလန္ဂိုးသမားက ျပန္လည္စေနာက္ခဲ့ၿပီး ပရိသတ္ေတြက သူတို႔ႏွစ္ဦးၾကား Bromance ရွိေနၿပီလို႔ ခ်စ္စႏိုးဆိုေနၾက။

– ခ်ဲလ္ဆီးအသင္းကို ပရီးမီးယားလိဂ္တူးမွာ ဂိုးျပတ္အႏိုင္ရရွိခဲ့တာဟာ သိပ္ေကာင္းတဲ့ အသင္းလိုက္ စြမ္းေဆာင္ရည္လို႔ ေရးတင္ခဲ့တဲ့ လူငယ္ကြင္းလယ္လူ ခ်ာလီ ပါတီႏိုဟာ အသင္းအတြက္ အနာဂတ္မွာ အားကိုးရမယ့္သူအျဖစ္ ရႈျမင္ခံထားရသလို ၁၇ ႏွစ္သားအေနနဲ႔ လက္ရွိကြင္းလယ္လူ ဂရာနစ္ ခ်ာကာထက္ ပိုေကာင္းေနၿပီလို႔ပါ ပရိသတ္ေတြ မွတ္ခ်က္ေပးခဲ့ၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ ေဈးကြက္မွာ အေထာင္တိုက္စစ္မႉးတစ္ဦး ထပ္မံဝယ္ယူသြားဖို႔ စီစဥ္ေနၿပီး အင္တာမီလန္ရဲ႕ ေလာ္တာ႐ို မာတီနက္ဇ္ကို လက္လႊတ္ရႏိုင္ေပမယ့္ တျခားပစ္မွတ္ေတြကို ႀကိဳးစားသြားဖို႔ ရွိသလို ဝါရင့္တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကိုလည္း ေရာင္းထုတ္သြားဖို႔ ျပင္ဆင္ထား။

– ယူ-၂၃ အသင္းနည္းျပ ကီဗင္ ဘက္ဆီအတြက္ အေကာင္းဆုံးေျခစြမ္းျပေနၿပီး ခ်ဲလ္ဆီးကို ေျခာက္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပရီးမီးယား လိဂ္တူးပြဲစဥ္မွာ ဟက္ထရစ္သြင္းယူေပးခဲ့တဲ့ လူငယ္တိုက္စစ္မႉး မီကာ ဘီးရက္သ္ကို လာမယ့္ႏွစ္အနည္းငယ္အတြင္း အာဆင္နယ္ အသင္းႀကီးက အားကိုးႏိုင္ေတာ့မယ္လို႔ ကြၽမ္းက်င္သူအခ်ိဳ႕ ခ်ီးက်ဴး။

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူေဟာင္းႀကီး ေပါလ္ မာဆန္က သူ႔ရဲ႕ တင္ဆက္မႈမွာ ဒီတစ္ပတ္ ယွဥ္ၿပိဳင္ကစားရမယ့္ ေျမာက္လန္ဒန္ ဒါဘီ ေတာ့တင္ဟမ္ေဟာ့စပါးစ္နဲ႔ပြဲစဥ္ကို ဂန္းနားေတြအေနနဲ႔ လုံးဝ မရႈံးႏိုင္ဘဲ အႏိုင္နဲ႔ သေရပဲလို႔ ခန႔္မွန္းသြားခဲ့ၿပီး နည္းျပ ႏူႏို ဆန္တိုရဲ႕ ဖ႐ိုဖရဲျဖစ္ေနတဲ့ အသင္းပုံစံကို ေထာက္ျပသြား။

– အာဆင္နယ္အသင္းရဲ႕ ဘယ္ေတာင္ပံမွာ ကစားေနရၿပီး အေကာင္းဆုံးေနရာမွာ မဟုတ္တာေၾကာင့္ ေျခစြမ္းက်ဆင္းသလိုျဖစ္ေနတဲ့ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာကို လာမယ့္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ဂ်ဴဗင္တပ္စ္နဲ႔ အက္သလက္တီကို မက္ဒရစ္တို႔က ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ေပါင္သန္း ၅၀ အထက္ရရွိရင္ လက္လႊတ္မယ္ဆိုတဲ့ သတင္းက ပရိသတ္ေတြ ေဒါသထြက္စရာ ျဖစ္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.