Analysis Premier League

EPL သမိုင်းမှာ မုန်းတီးရွံရှာစရာအကောင်းဆုံးဖျက်ထုတ်မှုကြောင့်ရခဲ့တဲ့ အဆိုးရွားဆုံး ဒဏ်ရာဒဏ်ချက် ၁၁ ခု

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ် ၄ မှာ အသက် ၁၈ နှစ်သား လီဗာပူးလ်ကွင်းလယ်လူ ဟာဗေး အဲလီးယော့ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဥ်က ရင်နာစရာကောင်းခဲ့ပြီး လိဒ်စ်ကစားသမား Pascal Struijk ရဲ့ ဆိုးရွားတဲ့ဖျက်ထုတ်မှုကြောင့် ခြေကျင်းဝတ်အဆစ်လွဲခဲ့ရသလို လအတော်ကြာ မြက်ခင်းစိမ်းတွေပေါ်ကစားခွင့်လွဲချော်သွားဖွယ်ရှိနေပြီး အန်ဖီးလ်တပ်သားတယောက် အမြန်ဆုံးပြန်သက်သာလာဖို့ ဆုတောင်းပေးခံနေရချိန်မှာ ကစားသမားအချို့ရဲ့ မဆင်မခြင် ကြမ်းတမ်းဆိုးရွာစွာ ဖျက်ထုတ်မှုကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံး ဒဏ်ရာဒဏ်ချက်ရရှိသွားခဲ့ကြရတဲ့ အဖြစ်အပျက် ၁၁ ခုကိုလည်း ပရိသတ်တွေ သိရှိထားရအောင် စုစည်း တင်ဆက်ပေးချင်ပါတယ်။

ဂယ်ရီ မက်ဘတ် ၁၉၉၃
၁၉၉၃ ခုနှစ်က မျက်လုံးတလုံးဆုံးရှူံးလုနီးနီးဖြစ်ခဲ့ပြီး ၃ လကြာအောင် ကုသမှုခံယူခဲ့ရပါတယ်။ စပါးစ်နောက်ခံလူဟောင်းဟာ ဂျွန်ဖာရှာနူရဲ့ တံတောင်နဲ့တွတ်ခြင်းကို ခံစားခဲ့ရတာဖြစ်ပြီး သူ့ရဲ့ပါးမှာ သတ္တုပြားအစားထိုးခဲ့ရတဲ့အထိ ထိခိုက်ခံစားခဲ့ရတာပါ။ နှစ်နာရီကြာ ခွဲစိတ်မှုခံယူရပြီး မျက်လုံးကို မဆုံးရှုံးခဲ့ရလို့သာ တော်သေးတယ်လို့ဆိုရမှာဖြစ်ပြီး ၃ လအကြာမှာတော့ အကာအကွယ်မျက်နှာဖုံးတပ်ဆင်ပြီး ကွင်းထဲမှာ ပြန်ကစားနိုင်ခဲ့ပါတယ်။

ဒေးဗစ် ဘတ်စ် ၁၉၉၆
ပရီးမီးယားလိဂ်သမိုင်းရဲ့ အဆိုးရွားဆုံးဒဏ်ရာတခုလို့ ဆိုရမယ့် ၁၉၉၆ ခုနှစ်က ကွန်ဗန်ထရီစီးတီးကစားသမား ဒေးဗစ်ဘတ်စ်ရဲ့ဒဏ်ရာက ခြေဖျံရိုးက အရေပြားကို ဖောက်ထွက်လာခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်ကွင်းထဲမှာ သွေးတွေစီးကျနေခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ကစားသမား ဒင်းနစ် အိုင်ဝင်းနဲ့ မက်ကလဲယားတို့ နှစ်ယောက်ညှပ်ဖျက်ထုတ်ခြင်းခံခဲ့ရတာဖြစ်ပြီး ငါးမန်းတွေကိုက်တာခံလိုက်ရတဲ့ ဒေးဗစ် ဘတ်စ်ဆိုပြီး အဲဒီအချိန်က သတင်းတွေမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန်က ယူနိုက်တက်ဂျာစီ စပွန်ဆာက SHARP ကို ရည်ညွှန်းပြီးပြောခဲ့ကြတာပါ။

အနီးအနားမှာ မြင်တွေ့ခဲ့ရတဲ့ ဂိုးသမား ပီတာ ရှမိုက်ကယ်တောင် အော့အန်ခဲ့ရပြီး ကစားသမားကတော့ နောက်ထပ်ဘောလုံးပြန်ကစားနိုင်ခြင်းမရှိတော့ပါဘူး။ သူ့ခြေထောက်ကို မဖြတ်ခဲ့ရတာသာ ကံကောင်းထောက်မခဲ့တယ် ဆိုရမှာပါ။

အဲ့ဖ်-အင့်ဂျ်-ဟာလန်း ၂၀၀၁
တိုက်စစ်မှူး အာလင် ဟာလန်းရဲ့ဖခင်ဖြစ်သူဟာ မန်စီးတီးကွင်းလယ်လူအဖြစ်ကစားခဲ့တဲ့ ၂၀၀၁ ခုနှစ်က ယူနိုက်တက်ကွင်းလယ်လူ ရွိုင်ကိန်းရဲ့ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကြောင့် ပြင်းထန်တဲ့ ဒူးဒဏ်ရာကို ရရှိခဲ့ပြီး ကစားသမားဘဝ အဆုံးသတ်ခဲ့ရတယ်လို့ အဆိုရှိသလို နောက် ၂ နှစ်အကြာမှာပဲ ဘောလုံးလောကကနေ အနားယူသွားခဲ့ရပါတယ်။ ဒီကစားသမားဘဝက နားရတဲ့အထိ ဖျက်ထုတ်မှုနဲ့ ပတ်သတ်ပြီး ” ဆိုးရွားတဲ့ဒဏ်ရာရအောင်ပြုလုပ်ဖို့အထိတော့ ဆန္ဒမရှိခဲ့ပေမယ့် နာကျင်အောင် တမင်ရည်ရွယ်ချက်ရှိရှိ ဟန့်တားရိုက်ဖျက်တာဖြစ်ပြီး ဒီအတွက် ဘယ်တော့မှနောင်တမရဘူး”လို့ ရွိုင်ကိန်းက ထုတ်ပြောခဲ့ဖူးပါတယ်။

ဂျစ်ဘရယ်လ် ဆစ်စီ ၂၀၀၄
၂၀၀၄ ခုနှစ်က နာမည်ကျော်ကြားခဲ့သူ ဆစ်စီဟာ ဘလက်ဘန်းနဲ့ပွဲစဥ်မှာ ခြေဖျံရိုးနဲ့ ညှို့သကျည်းရိုးကို တပြိုင်တည်းကျိုးသွားခဲ့တာဖြစ်ပြီး အံအားသင့်စရာကောင်းစွာပဲ ၇ လအတွင်းမှာ ပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။ နောက်ထပ်နှစ်နှစ်အကြာမှာတော့ ပြင်သစ်အသင်းအတွက် ကစားရင်း ပုံစံတူဒဏ်ရာမျိုးထပ်ရခဲ့တာတော့ ဝမ်းနည်းစရာပါ။

ပီတာချက် ၂၀၀၆
၂၀၀၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဂိုးသမား ပီတာချက်ဘဝရဲ့ အဆိုးဆုံးဒဏ်ရာပါ။ ဒီဒဏ်ရာကြောင့်ပဲ ကစားသမားဘဝတလျှောက်လုံး ဦးခေါင်းအထိန်းအကာကို ဝတ်ဆင်ကစားသွားခဲ့ရသလို သူ့ရဲ့ဦးခေါင်းဟာ စတီဖင်ဟန့်ရဲ့ခြေထောက်နဲ့ ပြင်းထန်စွာ ထိခိုက်မိခဲ့တာဖြစ်ပြီး အရိုးအပိုင်းအစတွေဟာ ဦးခေါင်းရိုးထဲမှာ စိုက်မိသွားခဲ့ကာ ဦးခေါင်းခွံရိုးကျိုးပဲ့ဒဏ်ရာဖြစ်ခဲ့ရာမှာ ၃ လကြာ ကုသမှုခံယူခဲ့ပြီး ပြန်ကစားနိုင်ခဲ့ပါတယမ။

အက်ဒွာဒို ၂၀၀၈
၂၀၀၈ ခုနှစ်က အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား အက်ဒွာဒိုဟာ ဘာမင်ဂမ်စီးတီးနောက်ခံလူ မာတင်တေလာရဲ့ ရက်စက်တဲ့ဖျက်ထုတ်မှုကြောင့် ခြေထောက်သွင်သွင်ကျိုးသွားခဲ့ရတာဖြစ်ပြီး ခြေကျင်းဝတ်အဆစ်လည်သွားခဲ့ပါတယ်။ တနှစ်ကြာအနားယူခဲ့ရသလို သူ့အနေနဲ့ အဆိုပါနောက်ခံလူကို ကစားသမားဘဝကနေ တသက်တာပွဲပယ်ပြစ်ဒဏ်ခံရသင့်ကြောင်း တောင်းဆိုသွားခဲ့ဖူးပါတယ်။

အာရွန် ရမ်ဆေး ၂၀၁၀
ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးရဲ့အသင်းမှာ နောက်ထပ်အဆိုးရွားဆုံးဒဏ်ရာမှတ်တမ်းအဖြစ် စာရင်းဝင်ခဲ့ပြီး ကွင်းလယ်လူ အာရွန် ရမ်ဆေးဟာ ၂၀၁၀ ခုနှစ်က ရိုင်ယန် ရှောခရော့စ်ရဲ့ အလွန်အကျူးဖျက်ထုတ်မှုကြောင့် ခြေထောက်နှစ်ပိုင်းကျိုးသွားခဲ့တာဖြစ်ပြီး ကစားသမားဘဝ ကနေ ၈ လကြာအထိ အနားယူခဲ့ရပါတယ်။
အဲဒီလို ရက်စက်ရွံရှာစရာဖျက်ထုတ်တဲ့ အင်္ဂလန်သား ရိုင်ယန် ရှောခရော့စ်ကို ဒိုင်လူကြီးက အနီကတ်နဲ့ မထုတ်ခဲ့တာလည်း အံ့အောစရာတခုဖြစ်ခဲ့ပါတယ်။

ဟေတမ် ဘန်အာဖာ ၂၀၁၀
ရမ်ဆေးခံစားခဲ့ရတဲ့ဒဏ်ရာနဲ့ ဆင်တူတဲ့ ခြေထောက်နှစ်ပိုင်းကျိုးဒဏ်ရာမျိုးဖြစ်ပြီး ၂၀၁၀ ခုနှစ်ကပဲ ပရီးမီးယားလိဂ်မှာ ထပ်မံကြုံတွေ့ခဲ့ခြင်းဖြစ်သလို မန်ချက်စတာ စီးတီးကစားသမား နီဂျယ်လ် ဒီဂျောင်ရဲ့ မဆင်မခြင် လျှောထိုးဖျက်ထုတ်မှုမှာ ပြင်သစ်သားအနေနဲ့ ၈ လတာအနားယူခဲ့ရသေးတာပါ။

ရိုင်ယန် မေဆန် ၂၀၁၇
ချယ်လ်ဆီးအသင်းနဲ့ ဟားလ်စီးတီးတို့ ကစားခဲ့တဲဲ့ပွဲစဥ်မှာ ဂယ်ရီ ကာဟေးလ်နဲ့ ခေါင်းချင်းယှဥ်တိုက်ခဲ့တဲ့ ရိုင်ယန် မေဆန်ဟာ ဦးခေါင်းခွံရိုးကျိုးအက်သွားခဲ့တာဖြစ်ပြီး တသက်တာဘောလုံးပြန်မကစားနိုင်တော့ပါဘူး။ သူ့အတွက် ဘောလုံးကွင်းထဲပြန်ဝင်ဖို့ဆိုတာ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတဲ့အနေအထားဖြစ်နိုင်လို့ ၂၀၁၇ ခုနှစ်ကနေ အခုအချိန်ထိ မြက်ခင်းစိမ်းတွေကနေ ပျောက်ကွယ်ခဲ့ရသူပါ။

အန်ဒရေ ဂိုးမက်ဇ် ၂၀၁၉
ပြီးခဲ့တဲ့ လိဒ်စ်နဲ့ပွဲမှာ လီဗာပူးလ်ကွင်းလယ်လူ ဟာဗေး အီလီးယော့ကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာမျိုးဖြစ်သလို ၂၀၁၉ ခုနှစ်က စပါးစ်တိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ဖျက်ထုတ်မှုကြောင့် ဂိုးမက်ဇ်ဟာ ခြေကျင်းဝတ်အဆစ်လွဲဒဏ်ရာကြောင့် လေးလကြာအထိ အနားယူခဲ့ရသလို တောင်ကိုရီးယားသားဟာလည်း အနီကတ်နဲ့ထွက်ခဲ့ရဖူးပါတယ်။ VAR မတွင်ကျယ်ခင်က ဒီဖြစ်ရပ်ဟာ အနည်းငယ်ရှုပ်ထွေးပြီး ဆွန်ဟောင်မင်အစား အော်ရီယေးကို ပိုပြီးအနီကတ်ပြထုတ်သင့်တယ်လို့ ဆိုခဲ့ကြပါတယ်။ ကိုရီးယား ဆွန်ဟောင်မင်ကတော့ အခုလိုဖြစ်ရပ်ကြောင့် ကွင်းအတွင်း ငိုကြွေးတဲ့အထိဖြစ်ခဲ့ပြီး အန်ဒရေ ဂိုးမက်ဇ်ကိုလည်း စာပို့တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

ရာအူးလ် ဟီမီနက်ဇ် ၂၀၂၀
ဝုဗ်စ်တိုက်စစ်မှုး ဟီမီနက်ဇ်ရဲ့ ပြီးခဲ့တဲ့ရာသီက ဦးခေါင်းရိုးအက်တဲ့ ဒဏ်ရာကိုတော့ ပူပူနွေးနွေးမှတ်မိနေကြဦးမှာဖြစ်သလို ၂၀၂၀ နိုဝင်ဘာလမှာ အာဆင်နယ်ကစားသမား ဒေးဗစ် လုဇ်နဲ့ ခိုက်မိခဲ့တာပါ။ တရာသီလုံးလွဲချော်သွားခဲ့သလို ကုသမှုခံယူခဲ့ပြီး ၈ လအကြာမှာ ကွင်းထဲမှာ ပြန်လည်မြင်တွေ့ခဲ့ရတာကြောင့် ဝမ်းသာဖွယ်ရာကောင်းခဲ့ပြီး မေဆန်လိုမျိုး ဘောလုံးသမားဘဝမဆုံးရှူံးခဲ့ရတာက ဖြေသိမ့်ဖွယ်ရာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၄ မွာ အသက္ ၁၈ ႏွစ္သား လီဗာပူးလ္ကြင္းလယ္လူ ဟာေဗး အီလီးေယာ့ႀကဳံေတြ႕ခဲ့ရတဲ့ျဖစ္စဥ္က ရင္နာစရာေကာင္းခဲ့ၿပီး လိဒ္စ္ကစားသမား Pascal Struijk ရဲ႕ ဆိုး႐ြားတဲ့ဖ်က္ထုတ္မႈေၾကာင့္ ေျခက်င္းဝတ္အဆစ္လြဲခဲ့ရသလို လအေတာ္ၾကာ ျမက္ခင္းစိမ္းေတြေပၚကစားခြင့္လြဲေခ်ာ္သြားဖြယ္ရွိေနၿပီး အန္ဖီးလ္တပ္သားတေယာက္ အျမန္ဆုံးျပန္သက္သာလာဖို႔ ဆုေတာင္းေပးခံေနရခ်ိန္မွာ ကစားသမားအခ်ိဳ႕ရဲ႕ မဆင္မျခင္ ၾကမ္းတမ္းဆိုး႐ြာစြာ ဖ်က္ထုတ္မႈေၾကာင့္ ပရီးမီးယားလိဂ္သမိုင္းမွာ အဆိုး႐ြားဆုံး ဒဏ္ရာဒဏ္ခ်က္ရရွိသြားခဲ့ၾကရတဲ့ အျဖစ္အပ်က္ ၁၁ ခုကိုလည္း ပရိသတ္ေတြ သိရွိထားရေအာင္ စုစည္း တင္ဆက္ေပးခ်င္ပါတယ္။

ဂယ္ရီ မက္ဘတ္ ၁၉၉၃
၁၉၉၃ ခုႏွစ္က မ်က္လုံးတလုံးဆုံးရႉံးလုနီးနီးျဖစ္ခဲ့ၿပီး ၃ လၾကာေအာင္ ကုသမႈခံယူခဲ့ရပါတယ္။ စပါးစ္ေနာက္ခံလူေဟာင္းဟာ ဂြၽန္ဖာရွာႏူရဲ႕ တံေတာင္နဲ႔တြတ္ျခင္းကို ခံစားခဲ့ရတာျဖစ္ၿပီး သူ႔ရဲ႕ပါးမွာ သတၱဳျပားအစားထိုးခဲ့ရတဲ့အထိ ထိခိုက္ခံစားခဲ့ရတာပါ။ ႏွစ္နာရီၾကာ ခြဲစိတ္မႈခံယူရၿပီး မ်က္လုံးကို မဆုံးရႈံးခဲ့ရလို႔သာ ေတာ္ေသးတယ္လို႔ဆိုရမွာျဖစ္ၿပီး ၃ လအၾကာမွာေတာ့ အကာအကြယ္မ်က္ႏွာဖုံးတပ္ဆင္ၿပီး ကြင္းထဲမွာ ျပန္ကစားႏိုင္ခဲ့ပါတယ္။

ေဒးဗစ္ ဘတ္စ္ ၁၉၉၆
ပရီးမီးယားလိဂ္သမိုင္းရဲ႕ အဆိုး႐ြားဆုံးဒဏ္ရာတခုလို႔ ဆိုရမယ့္ ၁၉၉၆ ခုႏွစ္က ကြန္ဗန္ထရီစီးတီးကစားသမား ေဒးဗစ္ဘတ္စ္ရဲ႕ဒဏ္ရာက ေျခဖ်ံ႐ိုးက အေရျပားကို ေဖာက္ထြက္လာခဲ့တာျဖစ္ၿပီး အိုးထရက္ဖို႔ဒ္ကြင္းထဲမွာ ေသြးေတြစီးက်ေနခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ ကစားသမား ဒင္းနစ္ အိုင္ဝင္းနဲ႔ မက္ကလဲယားတို႔ ႏွစ္ေယာက္ညႇပ္ဖ်က္ထုတ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ငါးမန္းေတြကိုက္တာခံလိုက္ရတဲ့ ေဒးဗစ္ ဘတ္စ္ဆိုၿပီး အဲဒီအခ်ိန္က သတင္းေတြမွာ ေဖာ္ျပျခင္းခံခဲ့ရပါတယ္။ အဲဒီအခ်ိန္က ယူႏိုက္တက္ဂ်ာစီ စပြန္ဆာက SHARP ကို ရည္ၫႊန္းၿပီးေျပာခဲ့ၾကတာပါ။

အနီးအနားမွာ ျမင္ေတြ႕ခဲ့ရတဲ့ ဂိုးသမား ပီတာ ရွမိုက္ကယ္ေတာင္ ေအာ့အန္ခဲ့ရၿပီး ကစားသမားကေတာ့ ေနာက္ထပ္ေဘာလုံးျပန္ကစားႏိုင္ျခင္းမရွိေတာ့ပါဘူး။ သူ႔ေျခေထာက္ကို မျဖတ္ခဲ့ရတာသာ ကံေကာင္းေထာက္မခဲ့တယ္ ဆိုရမွာပါ။

အဲ့ဖ္-အင့္ဂ်္-ဟာလန္း ၂၀၀၁
တိုက္စစ္မႉး အာလင္ ဟာလန္းရဲ႕ဖခင္ျဖစ္သူဟာ မန္စီးတီးကြင္းလယ္လူအျဖစ္ကစားခဲ့တဲ့ ၂၀၀၁ ခုႏွစ္က ယူႏိုက္တက္ကြင္းလယ္လူ ႐ြိဳင္ကိန္းရဲ႕ ၾကမ္းတမ္းတဲ့ဖ်က္ထုတ္မႈေၾကာင့္ ျပင္းထန္တဲ့ ဒူးဒဏ္ရာကို ရရွိခဲ့ၿပီး ကစားသမားဘဝ အဆုံးသတ္ခဲ့ရတယ္လို႔ အဆိုရွိသလို ေနာက္ ၂ ႏွစ္အၾကာမွာပဲ ေဘာလုံးေလာကကေန အနားယူသြားခဲ့ရပါတယ္။ ဒီကစားသမားဘဝက နားရတဲ့အထိ ဖ်က္ထုတ္မႈနဲ႔ ပတ္သတ္ၿပီး ” ဆိုး႐ြားတဲ့ဒဏ္ရာရေအာင္ျပဳလုပ္ဖို႔အထိေတာ့ ဆႏၵမရွိခဲ့ေပမယ့္ နာက်င္ေအာင္ တမင္ရည္႐ြယ္ခ်က္ရွိရွိ ဟန႔္တား႐ိုက္ဖ်က္တာျဖစ္ၿပီး ဒီအတြက္ ဘယ္ေတာ့မွေနာင္တမရဘူး”လို႔ ႐ြိဳင္ကိန္းက ထုတ္ေျပာခဲ့ဖူးပါတယ္။

ဂ်စ္ဘရယ္လ္ ဆစ္စီ ၂၀၀၄
၂၀၀၄ ခုႏွစ္က နာမည္ေက်ာ္ၾကားခဲ့သူ ဆစ္စီဟာ ဘလက္ဘန္းနဲ႔ပြဲစဥ္မွာ ေျခဖ်ံ႐ိုးနဲ႔ ညႇိဳ႕သက်ည္း႐ိုးကို တၿပိဳင္တည္းက်ိဳးသြားခဲ့တာျဖစ္ၿပီး အံအားသင့္စရာေကာင္းစြာပဲ ၇ လအတြင္းမွာ ျပန္လည္ထူေထာင္ႏိုင္ခဲ့ပါတယ္။ ေနာက္ထပ္ႏွစ္ႏွစ္အၾကာမွာေတာ့ ျပင္သစ္အသင္းအတြက္ ကစားရင္း ပုံစံတူဒဏ္ရာမ်ိဳးထပ္ရခဲ့တာေတာ့ ဝမ္းနည္းစရာပါ။

ပီတာခ်က္ ၂၀၀၆
၂၀၀၆ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ ဂိုးသမား ပီတာခ်က္ဘဝရဲ႕ အဆိုးဆုံးဒဏ္ရာပါ။ ဒီဒဏ္ရာေၾကာင့္ပဲ ကစားသမားဘဝတေလွ်ာက္လုံး ဦးေခါင္းအထိန္းအကာကို ဝတ္ဆင္ကစားသြားခဲ့ရသလို သူ႔ရဲ႕ဦးေခါင္းဟာ စတီဖင္ဟန္႔ရဲ႕ေျခေထာက္နဲ႔ ျပင္းထန္စြာ ထိခိုက္မိခဲ့တာျဖစ္ၿပီး အ႐ိုးအပိုင္းအစေတြဟာ ဦးေခါင္း႐ိုးထဲမွာ စိုက္မိသြားခဲ့ကာ ဦးေခါင္းခြံ႐ိုးက်ိဳးပဲ့ဒဏ္ရာျဖစ္ခဲ့ရာမွာ ၃ လၾကာ ကုသမႈခံယူခဲ့ၿပီး ျပန္ကစားႏိုင္ခဲ့ပါတယမ။

အက္ဒြာဒို ၂၀၀၈
၂၀၀၈ ခုႏွစ္က အာဆင္နယ္အသင္းရဲ႕ ေတာင္ပံကစားသမား အက္ဒြာဒိုဟာ ဘာမင္ဂမ္စီးတီးေနာက္ခံလူ မာတင္ေတလာရဲ႕ ရက္စက္တဲ့ဖ်က္ထုတ္မႈေၾကာင့္ ေျခေထာက္သြင္သြင္က်ိဳးသြားခဲ့ရတာျဖစ္ၿပီး ေျခက်င္းဝတ္အဆစ္လည္သြားခဲ့ပါတယ္။ တႏွစ္ၾကာအနားယူခဲ့ရသလို သူ႔အေနနဲ႔ အဆိုပါေနာက္ခံလူကို ကစားသမားဘဝကေန တသက္တာပြဲပယ္ျပစ္ဒဏ္ခံရသင့္ေၾကာင္း ေတာင္းဆိုသြားခဲ့ဖူးပါတယ္။

အာ႐ြန္ ရမ္ေဆး ၂၀၁၀
ဂႏၴဝင္နည္းျပႀကီး အာဆင္ဝင္းဂါးရဲ႕အသင္းမွာ ေနာက္ထပ္အဆိုး႐ြားဆုံးဒဏ္ရာမွတ္တမ္းအျဖစ္ စာရင္းဝင္ခဲ့ၿပီး ကြင္းလယ္လူ အာ႐ြန္ ရမ္ေဆးဟာ ၂၀၁၀ ခုႏွစ္က ႐ိုင္ယန္ ေရွာခေရာ့စ္ရဲ႕ အလြန္အက်ဴးဖ်က္ထုတ္မႈေၾကာင့္ ေျခေထာက္ႏွစ္ပိုင္းက်ိဳးသြားခဲ့တာျဖစ္ၿပီး ကစားသမားဘဝ ကေန ၈ လၾကာအထိ အနားယူခဲ့ရပါတယ္။
အဲဒီလို ရက္စက္႐ြံရွာစရာဖ်က္ထုတ္တဲ့ အဂၤလန္သား ႐ိုင္ယန္ ေရွာခေရာ့စ္ကို ဒိုင္လူႀကီးက အနီကတ္နဲ႔ မထုတ္ခဲ့တာလည္း အံ့ေအာစရာတခုျဖစ္ခဲ့ပါတယ္။

ေဟတမ္ ဘန္အာဖာ ၂၀၁၀
ရမ္ေဆးခံစားခဲ့ရတဲ့ဒဏ္ရာနဲ႔ ဆင္တူတဲ့ ေျခေထာက္ႏွစ္ပိုင္းက်ိဳးဒဏ္ရာမ်ိဳးျဖစ္ၿပီး ၂၀၁၀ ခုႏွစ္ကပဲ ပရီးမီးယားလိဂ္မွာ ထပ္မံႀကဳံေတြ႕ခဲ့ျခင္းျဖစ္သလို မန္ခ်က္စတာ စီးတီးကစားသမား နီဂ်ယ္လ္ ဒီေဂ်ာင္ရဲ႕ မဆင္မျခင္ ေလွ်ာထိုးဖ်က္ထုတ္မႈမွာ ျပင္သစ္သားအေနနဲ႔ ၈ လတာအနားယူခဲ့ရေသးတာပါ။

႐ိုင္ယန္ ေမဆန္ ၂၀၁၇
ခ်ယ္လ္ဆီးအသင္းနဲ႔ ဟားလ္စီးတီးတို႔ ကစားခဲ့တဲဲ့ပြဲစဥ္မွာ ဂယ္ရီ ကာေဟးလ္နဲ႔ ေခါင္းခ်င္းယွဥ္တိုက္ခဲ့တဲ့ ႐ိုင္ယန္ ေမဆန္ဟာ ဦးေခါင္းခြံ႐ိုးက်ိဳးအက္သြားခဲ့တာျဖစ္ၿပီး တသက္တာေဘာလုံးျပန္မကစားႏိုင္ေတာ့ပါဘူး။ သူ႔အတြက္ ေဘာလုံးကြင္းထဲျပန္ဝင္ဖို႔ဆိုတာ အသက္အႏၲရာယ္ကိုပါ စိုးရိမ္ရတဲ့အေနအထားျဖစ္ႏိုင္လို႔ ၂၀၁၇ ခုႏွစ္ကေန အခုအခ်ိန္ထိ ျမက္ခင္းစိမ္းေတြကေန ေပ်ာက္ကြယ္ခဲ့ရသူပါ။

အန္ဒေရ ဂိုးမက္ဇ္ ၂၀၁၉
ၿပီးခဲ့တဲ့ လိဒ္စ္နဲ႔ပြဲမွာ လီဗာပူးလ္ကြင္းလယ္လူ ဟာေဗး အီလီးေယာ့ႀကဳံေတြ႕ခဲ့ရတဲ့ ဒဏ္ရာမ်ိဳးျဖစ္သလို ၂၀၁၉ ခုႏွစ္က စပါးစ္တိုက္စစ္မႉး ဆြန္ေဟာင္မင္ရဲ႕ဖ်က္ထုတ္မႈေၾကာင့္ ဂိုးမက္ဇ္ဟာ ေျခက်င္းဝတ္အဆစ္လြဲဒဏ္ရာေၾကာင့္ ေလးလၾကာအထိ အနားယူခဲ့ရသလို ေတာင္ကိုရီးယားသားဟာလည္း အနီကတ္နဲ႔ထြက္ခဲ့ရဖူးပါတယ္။ VAR မတြင္က်ယ္ခင္က ဒီျဖစ္ရပ္ဟာ အနည္းငယ္ရႈပ္ေထြးၿပီး ဆြန္ေဟာင္မင္အစား ေအာ္ရီေယးကို ပိုၿပီးအနီကတ္ျပထုတ္သင့္တယ္လို႔ ဆိုခဲ့ၾကပါတယ္။ ကိုရီးယား ဆြန္ေဟာင္မင္ကေတာ့ အခုလိုျဖစ္ရပ္ေၾကာင့္ ကြင္းအတြင္း ငိုေႂကြးတဲ့အထိျဖစ္ခဲ့ၿပီး အန္ဒေရ ဂိုးမက္ဇ္ကိုလည္း စာပို႔ေတာင္းပန္ခဲ့တယ္လို႔ သိရပါတယ္။

ရာအူးလ္ ဟီမီနက္ဇ္ ၂၀၂၀
ဝုဗ္စ္တိုက္စစ္မႈး ဟီမီနက္ဇ္ရဲ႕ ၿပီးခဲ့တဲ့ရာသီက ဦးေခါင္း႐ိုးအက္တဲ့ ဒဏ္ရာကိုေတာ့ ပူပူေႏြးေႏြးမွတ္မိေနၾကဦးမွာျဖစ္သလို ၂၀၂၀ ႏိုဝင္ဘာလမွာ အာဆင္နယ္ကစားသမား ေဒးဗစ္ လုဇ္နဲ႔ ခိုက္မိခဲ့တာပါ။ တရာသီလုံးလြဲေခ်ာ္သြားခဲ့သလို ကုသမႈခံယူခဲ့ၿပီး ၈ လအၾကာမွာ ကြင္းထဲမွာ ျပန္လည္ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ဝမ္းသာဖြယ္ရာေကာင္းခဲ့ၿပီး ေမဆန္လိုမ်ိဳး ေဘာလုံးသမားဘဝမဆုံးရႉံးခဲ့ရတာက ေျဖသိမ့္ဖြယ္ရာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.