Premier League

ရာသီကုန္ခ်ိန္မွာ ကာလတုိစာခ်ဳပ္သက္တမ္းတုိးဖို႔ ေဒးဗစ္ ေဆးလ္ဗား သေဘာတူညီ

မန္ခ်က္စတာစီးတီးအသင္းရဲ႕ အသင္းေခါင္းေဆာင္ ေဒးဗစ္ ေဆးလ္ဗားအေနနဲ႔ အသင္းနဲ႔ ဇြန္လကုန္မွာ စာခ်ဳပ္ကုန္ဆုံးမွာျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ ဆက္လက္ကစားရဦးမယ့္ ပြဲက်န္ေတြနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြအတြက္ ဆက္ကစားေပးဖို႔ သေဘာတူညီထားတယ္လို႔ ဆုိပါတယ္။

ဒီကစားသမားဟာ အသင္းရဲ႕ ဝါရင့္ကစားသမားေတြထဲက တစ္ဦးလည္းျဖစ္ၿပီး ေနာက္ခံလူ ဗင္းဆင့္ ကြန္ပနီအသင္းကေန ထြက္ခြာသြားခ်ိန္မွာ ကပၸတိန္လက္ပတ္ကို ရယူခဲ့သလို အသင္းအတြက္ ၿပဳိင္ပြဲစုံ ၄၂၃ ပြဲကစားခဲ့ၿပီးခ်ိန္မွာ ၇၃ ဂိုးသြင္းယူႏုိင္ခဲ့တဲ့ ဂႏၴဝင္တစ္ဦးအျဖစ္ သတ္မွတ္ရဖို႔ နီးစပ္ေနသူလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းအမ်ားဆုံးစံခ်ိန္ကို ပုိင္ဆုိင္ထားတဲ့ အလန္ ရွီးရားကေတာ့ ေဒးဗစ္ ေဆးလ္ဗားဟာ သူ႕ရဲ႕ မန္စီးတီးအသင္းေဖာ္ ဆာဂ်ီယို အေဂြ႐ို၊ မန္ခ်က္စတာယူႏုိက္တက္ဂႏၴဝင္ အဲရစ္ ကန္တိုနာနဲ႔ အာဆင္နယ္ဂႏၴဝင္ သီယာရီ အြန္နရီတုိ႔နဲ႔ တစ္တန္းတည္းထားရမယ့္သူျဖစ္ၿပီး သူ႕အတြက္ေတာ့ အေကာင္းဆုံးႏုိင္ငံျခားသားကစားသမားလုိ႔လည္း ခ်ီးက်ဴးထားပါတယ္။

မန္စီးတီးအသင္းအတြက္ ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္၊ အက္ဖ္ေအဖလား ၂ ႀကိမ္နဲ႔ လိဂ္ဖလား ၅ ႀကိမ္ရယူေပးႏုိင္ခဲ့တဲ့ အသက္ ၃၄ ႏွစ္ အရြယ္ စပိန္သားဟာ လာမယ့္ဇြန္လကုန္မွာ ထြက္ခြာဖို႔ စီစဥ္ထားေပမယ့္ အသင္းရဲ႕ ပြဲစဥ္ေတြ ကုန္ဆုံးခ်ိန္အထိေတာ့ ဆက္ကစားေပးသြားဖို႔ တာဝန္ရွိသူေတြနဲ႔ လက္ရွိမွာေတာ့ သေဘာတူညီႏုိင္ခဲ့ၿပီလည္းျဖစ္ပါတယ္။

အသင္းနဲ႔ ေနာက္ဆုံးရာသီမွာ မရဖူးေသးတဲ့ ဆုဖလားအတြက္ ေဆးလ္ဗားအေနနဲ႔ မန္စီးတီးနဲ႔အတူ ေနာက္ဆုံးအႀကိမ္ ႀကဳိးစားခြင့္ကို အေကာင္အထည္ေဖာ္သြားမလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ဗလင္စီယာကို ျပန္ဖို႔ နီးစပ္ေနတဲ့ စပိန္သားအေနနဲ႔ ေနာက္အသင္းမွာ မျဖစ္ႏုိင္ေတာ့မယ့္ ဆုဖလားအတြက္၊ ဂုဏ္သိကၡာအတြက္ ခ်န္ပီယံလိဂ္ကိုလည္း ပစ္မွတ္ထားေနဖြယ္ရွိတယ္လို႔ သိရွိရပါတယ္။

REF: ESPN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့ အသင်းခေါင်းဆောင် ဒေးဗစ် ဆေးလ်ဗားအနေနဲ့ အသင်းနဲ့ ဇွန်လကုန်မှာ စာချုပ်ကုန်ဆုံးမှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ဆက်လက်ကစားရဦးမယ့် ပွဲကျန်တွေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေအတွက် ဆက်ကစားပေးဖို့ သဘောတူညီထားတယ်လို့ ဆိုပါတယ်။

ဒီကစားသမားဟာ အသင်းရဲ့ ဝါရင့်ကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပြီး နောက်ခံလူ ဗင်းဆင့် ကွန်ပနီအသင်းကနေ ထွက်ခွာသွားချိန်မှာ ကပ္ပတိန်လက်ပတ်ကို ရယူခဲ့သလို အသင်းအတွက် ပြိုင်ပွဲစုံ ၄၂၃ ပွဲကစားခဲ့ပြီးချိန်မှာ ၇၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂန္ထဝင်တစ်ဦးအဖြစ် သတ်မှတ်ရဖို့ နီးစပ်နေသူလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို ပိုင်ဆိုင်ထားတဲ့ အလန် ရှီးရားကတော့ ဒေးဗစ် ဆေးလ်ဗားဟာ သူ့ရဲ့ မန်စီးတီးအသင်းဖော် ဆာဂျီယို အဂွေရို၊ မန်ချက်စတာယူနိုက်တက်ဂန္ထဝင် အဲရစ် ကန်တိုနာနဲ့ အာဆင်နယ်ဂန္ထဝင် သီယာရီ အွန်နရီတို့နဲ့ တစ်တန်းတည်းထားရမယ့်သူဖြစ်ပြီး သူ့အတွက်တော့ အကောင်းဆုံးနိုင်ငံခြားသားကစားသမားလို့လည်း ချီးကျူးထားပါတယ်။

မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ လိဂ်ဖလား ၅ ကြိမ်ရယူပေးနိုင်ခဲ့တဲ့ အသက် ၃၄ နှစ် အရွယ် စပိန်သားဟာ လာမယ့်ဇွန်လကုန်မှာ ထွက်ခွာဖို့ စီစဉ်ထားပေမယ့် အသင်းရဲ့ ပွဲစဉ်တွေ ကုန်ဆုံးချိန်အထိတော့ ဆက်ကစားပေးသွားဖို့ တာဝန်ရှိသူတွေနဲ့ လက်ရှိမှာတော့ သဘောတူညီနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

အသင်းနဲ့ နောက်ဆုံးရာသီမှာ မရဖူးသေးတဲ့ ဆုဖလားအတွက် ဆေးလ်ဗားအနေနဲ့ မန်စီးတီးနဲ့အတူ နောက်ဆုံးအကြိမ် ကြိုးစားခွင့်ကို အကောင်အထည်ဖော်သွားမလား စောင့်ကြည့်ရမှာဖြစ်ပြီး ဗလင်စီယာကို ပြန်ဖို့ နီးစပ်နေတဲ့ စပိန်သားအနေနဲ့ နောက်အသင်းမှာ မဖြစ်နိုင်တော့မယ့် ဆုဖလားအတွက်၊ ဂုဏ်သိက္ခာအတွက် ချန်ပီယံလိဂ်ကိုလည်း ပစ်မှတ်ထားနေဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

REF: ESPN
PHOTOS CREDIT TO OWNERS
SPORTS A2Z.