La Liga Premier League Transfer News

ယူႏုိက္တက္နဲ႔ အက္သလက္တီကိုတုိ႔ၾကားမွာ ဆာအူးလ္အတြက္ သေဘာတူညီဖို႔ နီးစပ္လာ

မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ အက္သလက္တီကို မက္ဒရစ္တုိ႔ၾကားမွာ သူတုိ႔ရဲ႕ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္အတြက္ သေဘာတူညီမွဳ ရရွိဖို႔ နီးစပ္ေနၿပီလို႔ စပိန္သတင္းရပ္ဝန္းေတြက ဆုိခဲ့တယ္လို႔ အီးဗနင္း စတန္းဒတ္သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကြင္းလယ္လူကို မန္ခ်က္စတာယူႏိုက္တက္အသင္းက အလိုရွိေနခဲ့တာ လေပါင္းမ်ားစြာ ၾကာျမင္ခဲ့ၿပီျဖစ္ၿပီး လက္ရွိမွာေတာ့ ကစားသမားနဲ႔ ပုဂၢဳိလ္ေရးဆုိင္ရာ သေဘာတူညီခ်က္ေတြ ရဖို႔ နီးစပ္ေနသလို အသင္းနဲ႔လည္း ေျပာင္းေရႊ႕ေၾကး ညႇိႏွဳိင္းမွဳမွာ ေတာ္ေတာ္ေလး နီးစပ္ေနခဲ့ၿပီလို႔ ဆုိပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ ယူ႐ိုသန္း ၁၅၀ (ေပါင္ ၁၃၁ သန္း) ေလ်ာ္ေၾကးစာခ်ဳပ္ထည့္သြင္းထားတဲ့ ဆာအူးလ္အတြက္ေတာ့ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ယူ႐ိုသန္း ၈၀ (ေပါင္သန္း ၇၀) ေပးေခ်သြားရဖို႔ ရွိေနၿပီး ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကိုေတာ့ ေရာင္းခ်သြားဖို႔လည္း စီစဥ္ေနခဲ့ၿပီျဖစ္ပါတယ္။

စပိန္သတင္းရပ္ကြက္ဘက္ကေတာ့ ဆာအူးလ္အေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္ကစားသမားျဖစ္ဖို႔ အလြန္နီးစပ္ေနခဲ့ၿပီလို႔ ဆုိၿပီး စပိန္လက္ေရြးစင္အသင္းနဲ႔အတူ ၁၉ ပြဲကစားထားခဲ့တဲ့ ကစားသမားကိုေတာ့ ပရိသတ္ေတြအေနနဲ႔ အုိးလ္ထရက္ဖို႔ဒ္မွာ တစ္ခဲနက္ ႀကဳိဆိုႏုိင္ၾကဖို႔လည္း ရွိပါတယ္။

ဆာအူးလ္အတြက္ အက္သလက္တီကိုဘက္က ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္မားမားေတာင္းဆိုေနရတဲ့အေၾကာင္းကိုလည္း သတင္းဌာနေတြက ေဖာ္ထုတ္သြားခဲ့ၿပီး ကစားသမားရဲ႕ ၄၀ ရာခိုင္ႏွဳန္းပုိင္ဆုိင္ခြင့္ကို မန္ခ်က္စတာယူႏုိက္တက္ စီအီးအိုေဟာင္း ပီတာ ကင္ညြန္နဲ႔ ဆူပါေအးဂ်င့္ ေဂ်ာ့ခ်္ မန္ဒက္စ္တုိ႔ရဲ႕ ကုမၸဏီက ပုိင္ဆုိင္ထားလို႔ ေရာင္းရေငြနည္းမွာစိုးလို႔ျဖစ္တယ္လို႔လည္း သိရွိထားရပါတယ္။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အက်သလက်တီကို မက်ဒရစ်တို့ကြားမှာ သူတို့ရဲ့ ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်အတွက် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီလို့ စပိန်သတင်းရပ်ဝန်းတွေက ဆိုခဲ့တယ်လို့ အီးဗနင်း စတန်းဒတ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်လူကို မန်ချက်စတာယူနိုက်တက်အသင်းက အလိုရှိနေခဲ့တာ လပေါင်းများစွာ ကြာမြင်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရဖို့ နီးစပ်နေသလို အသင်းနဲ့လည်း ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုမှာ တော်တော်လေး နီးစပ်နေခဲ့ပြီလို့ ဆိုပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ယူရိုသန်း ၁၅၀ (ပေါင် ၁၃၁ သန်း) လျော်ကြေးစာချုပ်ထည့်သွင်းထားတဲ့ ဆာအူးလ်အတွက်တော့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ယူရိုသန်း ၈၀ (ပေါင်သန်း ၇၀) ပေးချေသွားရဖို့ ရှိနေပြီး ကွင်းလယ်လူ ပေါလ် ပေါ့ဘာကိုတော့ ရောင်းချသွားဖို့လည်း စီစဉ်နေခဲ့ပြီဖြစ်ပါတယ်။

စပိန်သတင်းရပ်ကွက်ဘက်ကတော့ ဆာအူးလ်အနေနဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်ဖို့ အလွန်နီးစပ်နေခဲ့ပြီလို့ ဆိုပြီး စပိန်လက်ရွေးစင်အသင်းနဲ့အတူ ၁၉ ပွဲကစားထားခဲ့တဲ့ ကစားသမားကိုတော့ ပရိသတ်တွေအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ တစ်ခဲနက် ကြိုဆိုနိုင်ကြဖို့လည်း ရှိပါတယ်။

ဆာအူးလ်အတွက် အက်သလက်တီကိုဘက်က ပြောင်းရွှေ့ကြေး မြင့်မြင့်မားမားတောင်းဆိုနေရတဲ့အကြောင်းကိုလည်း သတင်းဌာနတွေက ဖော်ထုတ်သွားခဲ့ပြီး ကစားသမားရဲ့ ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်ခွင့်ကို မန်ချက်စတာယူနိုက်တက် စီအီးအိုဟောင်း ပီတာ ကင်ညွန်နဲ့ ဆူပါအေးဂျင့် ဂျော့ချ် မန်ဒက်စ်တို့ရဲ့ ကုမ္ပဏီက ပိုင်ဆိုင်ထားလို့ ရောင်းရငွေနည်းမှာစိုးလို့ဖြစ်တယ်လို့လည်း သိရှိထားရပါတယ်။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.